Chapter //49//

8.4K 1.3K 36
                                    

UNICODE

အခန်း (၄၉) သမိုင်းကြောင်း

ယွီထန်က သူ့ညီဝမ်းကွဲလေးရဲ့ သတိပေးချက်ကို လျစ်လျူရှုလိုက်ပြီး စာကြည့်ခန်းတံခါးကို တွန်းဖွင့်လိုက်ကာ အခန်းထဲ ဝင်သွားလိုက်တယ်။

စာကြည့်ခန်းထဲမှာ ယွီထန်ရဲ့ အဖေ ယွီဖုက ဦးလေးခုနစ်နဲ့ စကားပြောနေခဲ့တယ်။

"... ယွီမိသားစုရဲ့ ပါရမီရှင်လေးလို့ ခေါ်ထိုက်ပါပေတယ်။"

"မဟုတ်ရပါဘူးဗျာ... မဟုတ်ရပါဘူး။"

ဦးလေးခုနစ်က ပြုံးရွှင်စွာနဲ့ လက်ယမ်းပြလိုက်တယ်။ ယွီဖုနဲ့ တစ်မျိုးတစ်ဖုံ ဆင်တူနေတဲ့ ဦးလေးခုနစ်ရဲ့ မျက်နှာက ဂုဏ်ယူဝင့်ကြွားမှုတို့နဲ့ ပြည့်နှက်နေခဲ့တယ်။

"ရှောင်ထန်လည်း အံ့အားသင့်ဖွယ်ရာလေးပဲ မဟုတ်ဘူးလားဗျာ? သူ့အရွယ်လေးနဲ့ ကုမ္ပဏီတစ်ခုကို ဘယ်လိုစီမံရမလဲတောင် သိနေပြီကို။"

ဦးလေးခုနစ်က စကားပြောနေရင်း တာ့ယွီငွေကြေးရဲ့ ရှင်းဟိုင်အင်တာတိန်းမန့်ထ်နဲ့ ပတ်သက်တဲ့ သုံးသပ်ချက်အစီရင်ခံစာကို စားပွဲပေါ် ပြန်နေရာချထားလိုက်တယ်။

ယွီထန်တို့ မိသားစုရဲ့ သီးသန့်ပိုင်ဆိုင်မှုဖြစ်တဲ့ တာ့ယွီသားဖွားဆေးရုံနဲ့ မတူပဲ တာ့ယွီငွေကြေးက ယွီမိသားစုဝင်အားလုံးနဲ့ သက်ဆိုင်နေပြီး ရုံးခွဲတွေကိုလည်း ကမ္ဘာအနှံ့အပြားမှာ တွေ့နိုင်ပေတယ်။ ယွီမိသားစုရဲ့ အာဏာသက်ရောက်တဲ့ ဘယ်နေရာမှာမဆို ယွီမိသားစုဝင်တွေက တာ့ယွီငွေကြေးရဲ့ လှုပ်ရှားမှုတွေကို သိရှိနိုင်တယ်။

ဒီအကြောင်းကို စကားစ,လိုက်တာနဲ့ ယွီဖုတစ်ယောက် မျက်မှောင်ကြုံ့မိသွားတယ်။ ခေါင်းမော့လိုက်ချိန်မှာပဲ အခန်းထဲဝင်လာတဲ့ ယွီထန်ကို တွေ့လိုက်ရတော့ သူက ဒေါသထွက်လာပြန်တယ်။ သူက အေးစက်ခက်ထန်နေတဲ့ မျက်နှာထားနဲ့ စားပွဲပေါ်က သုံးသပ်ချက်အစီရင်ခံစာကို ယွီထန်ဆီ ပစ်ပေးလိုက်တယ်။

"ဒါက ဘယ်လိုတွေ ဖြစ်နေရတာလဲကွ?"

ယွီထန်က လက်တစ်ဖက်ကို မြှောက်လိုက်ပြီး လွင့်ပျံလာတဲ့ အစီရင်ခံစာကို အေးဆေးပဲ ဖမ်းလိုက်တယ်။ သူက အဲဒီစာရွက်စာတမ်းတွေကို အကြမ်းဖျင်း လှန်လှောဖတ်ကြည့်လိုက်ပြီး သူ့အဖေရဲ့ စားပွဲရှိရာကို အေးအေးလူလူပဲ လျှောက်လှမ်းလာလိုက်ကာ အစီရင်ခံစာကို စားပွဲပေါ် ပြန်ချထားပေးလိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now