Chapter //114//

5.8K 1K 19
                                    

UNICODE

အခန်း (၁၁၄) နေမကောင်းဖြစ်ခြင်း

လည်တိုင်အစပ်ပေါ် ဖိတင်ထားတဲ့ ခေါင်းကလေးက ပိုပိုပြီးပူတက်လာတာကို ယွီထန်သတိထားလိုက်မိသည်နှင့် စုန့်ရှောင်းကို ချီထားရင်း ဓာတ်လှေကားရှိရာသို့ ခြေလှမ်းကြဲကြီးများဖြင့် လျှောက်လှမ်းသွားလိုက်သည်။

"ဆရာဝန်တစ်ယောက်ယောက် သွားခေါ်လာခဲ့။"

ကားနောက်ခန်းကနေ ခုန်ဆင်းလာတဲ့ တူကူးအန့်က တုံ့ပြန်သံတစ်ချက်ပြုလိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း လှစ်ခနဲ ပျောက်သွား၏။

သူတို့နှစ်ယောက်ရဲ့ အသိုက်ငယ်လေးထဲ ပြန်ရောက်တော့ ယွီထန်က ရင်ခွင်ထဲက လူသားလေးကို တစ်ဝက်ချီထားရင်း တံခါးဖွင့်လိုက်ပြီးနောက် ထပ်ပြီး ပွေ့ချီမလိုက်ပြန်ကာ အိပ်ရာထက် ညင်ညင်သာသာလေး ချပေးလိုက်ပြီး သေချာစောင်ခြုံပေးလိုက်သည်။

စုန့်ရှောင်းက မူးတူးရီဝေစွာနဲ့ အိပ်ရာပေါ် ချပေးခံလိုက်ရ၏။ အနည်းငယ်အေးစိမ့်နေတဲ့ ခေါင်းအုံးက သူ့အား တဒင်္ဂခန့် သက်တောင့်သက်သာဖြစ်သွားစေသည်။ ငြီးသံလေးတစ်ချက်ပြုလိုက်ပြီးနောက် မျက်လုံးဖွင့်ကြည့်လိုက်တော့ အမြင်အာရုံက အတန်ငယ်ဝေဝါးနေတာကြောင့် မျက်တောင်နှစ်ချက်လောက်ခတ်လိုက်မှ ကြည်ကြည်လင်လင် မြင်ရတော့သည်။

ယွီထန်က မျက်မှောင်ကြုံ့သွား၏။ ဆေးသေတ္တာကို သွားယူကာ သူ့နဖူးပေါ်၌ ကိုယ်ပူလျှော့ကပ်ခွာလေးတစ်ခု ကပ်ပေးလာသည်။ သာမိုမီတာကို လှန်လှောရှာထုတ်လာပြီးနောက် သူ့ကို အဖျားတိုင်းလိုက်တော့ တကယ်လည်း ကိုယ်အပူချိန်က သုံးဆယ့်ရှစ်ဒီဂရီကျော်နေ၏။

"ကိုယ်ပေါ်မှာ ကိုက်ခဲနေသေးလား?"

"ငါ ရေသောက်ချင်တယ်။"

စုန့်ရှောင်းက မျက်ဝန်းတွေ နေရခက်လောက်အောင် ပူနေတာကို ခံစားလိုက်ရတာကြောင့် မျက်ဝန်းတွေကို မှေးစင်းထား၏။ စကားပြောလိုက်တော့ နှာသံလေးပေါက်နေတာမို့ ကြားရသည်မှာ အတော်လေးအက်ရှရှနိုင်လျက် ဖျော့တော့နေပေသည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now