Chapter //68//

7.3K 1.3K 18
                                    

UNICODE

အခန်း (၆၈) စကားများကြခြင်း

ဖုန်းထဲမှာ ကောင်းအောင့်ပြောတာကို နားထောင်ပြီး စုန့်ရှောင်း မျက်မှောင်ကြုံ့မိသွားတော့တယ်။ 

ဒီအခန်းဖော်က ရည်ရွယ်ချက်ရှိရှိ သူ့ရဲ့ တည်နေရာကို လိုက်ပြီး ထောက်လှမ်းနေတာပဲ။

ကြည့်ရတာ သူက ဖုံးကွယ်ထားချင်ပေမဲ့ ဟန်ဆောင်နေဖို့ကိုလည်း စိတ်မရှည်ဖြစ်နေပုံ ရတယ်။ ဒါက စုန့်ရှောင်းကို စိတ်ရှုပ်လာစေတော့တယ်။ 

သူ့ကို ထောက်လှမ်းဖို့ ကောင်းအောင့်ကို ခိုင်းတာ ဘယ်သူများလဲ... ဒီလောက် သိသာနေတဲ့ ပြစ်ချက်ကြီးကိုတောင် လှစ်ဟပြနေပြီးတော့လေ?

ယွီထန်က အဝတ်အစား လဲပြီးသွားတော့ စုန့်ရှောင်းကို ပရင့်ထုတ်ထားတဲ့ စာရွက်တစ်ရွက် ကမ်းပေးလာခဲ့တယ်။ စာရွက်ပေါ်မှာ အိုင်ပီလိပ်စာတချို့ ရောပါနေတဲ့ ကုဒ်နံပါတ်တွေနဲ့ ပြည့်နေခဲ့တယ်။

"ဒါက ဘာကြီးလဲ?"

စုန့်ရှောင်း ဒီစာရွက်ကို အတန်ကြာအောင် ကြည့်ပြီးသွားတာတောင်မှ တစ်ခုခု ထူးဆန်းနေတာမျိုးကို ရှာမတွေ့ပေ။

"ကိုယ် မင်းအခန်းဖော်ရဲ့ လက်ပ်တော့ပ်ကို စစ်ဆေးဖို့ လူတစ်ယောက် ရှာထားတာ။ အဲဒီအခန်းဖော်က အီးမေးလ်လိပ်စာ တစ်ခုနဲ့ နေ့တိုင်း စာအဆက်အသွယ် ရှိနေတာကို ရှာတွေ့လိုက်ရတယ်။"

ယွီထန်က သူ့ဘေးမှာ ထိုင်ချလာခဲ့ပြီး စာရွက်ပေါ်က ကုဒ်နံပါတ်တွေနဲ့ ရောနေတဲ့ အိုင်ပီလိပ်စာကို ထောက်ပြလာခဲ့တယ်။

"ဒါက အီးမေးလ်လိပ်စာ တစ်ခုတည်းပဲ။ ဒါ့အပြင်ကို အဲဒီလိပ်စာကလည်း တရုတ်ပြည်မှာ မှတ်ပုံတင်ထားတာ။"

စုန့်ရှောင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားတယ်။

"ပြည်တွင်းက သူငယ်ချင်းတစ်ယောက်ယောက်လည်း ဖြစ်နေနိုင်တာပဲလေ။"

"မင်းက သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရင် အီးမေးလ်ကို သုံးတာလား?"

ယွီထန်က စုန့်ရှောင်းရဲ့ နှာခေါင်းလေးကို တစ်ချက် ကိုက်လိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now