Chapter //72//

6.8K 1.2K 17
                                    

UNICODE

အခန်း (၇၂) တိုက်ဆိုင်မှု

လုံးလုံးလျားလျား လျစ်လျူရှုခံလိုက်ရတဲ့ ခါမေလာခမျာ ဒေါသထွက်လွန်းလို့ လက်ထဲက ရှန်ပိန်ခွက်ကိုတောင် ပစ်ခွဲမိလုနီးပါးပင်။

"အိုးးး... သနားစရာကောင်းလိုက်တဲ့ ခါမေလာ။"

သူများကံဆိုးတာကို ပီတိတဖွားဖွားဖြာနေတဲ့ ပုလိုင်အာက အနားရောက်လာပြီး သူမနဲ့ ခွက်ချင်းတိုက်လိုက်တယ်။

ခြေလှမ်းကျဲကြီးတွေနဲ့ လှမ်းလာနေတဲ့ ယွီထန်ကို တွေ့တော့ လိလိစေးက သံကုန်အော်မိလို့မတတ်ဖြစ်သွားတာကို မနည်းအောင့်အီးထားလိုက်ရပြီး တီးတိုးပြောလိုက်တယ်။

"အိုး... ဘုရားသခင်။ အဲဒီအာရှသားအထက်တန်းလွှာသခင်လေးက ဒီဘက်ကို လာနေပြီ။ သူက ငါ့ကို အတူတွဲကဖို့ လာခေါ်တာများလားမသိ?"

စုန့်ရှောင်းက အခုလေးတင်ပဲ ကိတ်တစ်တုံးစားထားတာကြောင့် ခရင်တွေက သူ့နှုတ်ခမ်းပေါ်မှာ ရှိနေသေးတယ်။ ဘုမသိဘမသိနဲ့ မော့ကြည့်လိုက်ချိန်မှာတော့ ယွီထန်က သူ့ရှေ့မှာတောင် ရောက်နေပြီ ဖြစ်တယ်။

နှစ်ယောက်သားက တဒင်္ဂလောက် တစ်ယောက်ကိုတစ်ယောက် ငေးကြည့်နေမိကြတယ်။ တစ်ခုခုမူမမှန်သလို ခံစားလိုက်ရတဲ့ စုန့်ရှောင်းက လက်သုတ်ပဝါလေးနဲ့ နှုတ်ခမ်းသုတ်လိုက်တယ်။

"ဘာဖြစ်လို့လဲ?"

ယွီထန်က သူ့ပတ်လည်မှာ ရှိနေတဲ့ မိန်းကလေးတွေကို စွေကြည့်လိုက်တယ်။

"ကိုယ် မင်းကို အကသင်ပေးမယ်လေ။"

"အမ်?"

ကြောင်အမ်းအမ်းကြီး ဖြစ်နေတဲ့ စုန့်ရှောင်းခမျာ ယွီထန်ရဲ့ ခလုတ်တိုက်မတတ် ဆွဲခေါ်ခြင်းကို ခံလိုက်ရကာ ကိုင်ထားတဲ့ ကိတ်မုန့်ပန်းကန်ပြားကို ကမန်းကတမ်း ချထားလိုက်ရပြီး ယွီထန်ဆွဲခေါ်ရာနောက်လိုက်လို့ Dance-floorရှိရာ ပါသွားတော့တယ်။

"ဝါးဝိုးးးး!"

ကောင်ငယ်လေးနှစ်ယောက်တွဲပြီး Dance-floorပေါ် ခြေချလာတာကို မြင်လိုက်ရ‌တော့ လူတိုင်းက နောက်ကနေ သံယောင်လိုက်ပြီး ကြွေးကြော်လာကြတယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now