Chapter //93//

6.5K 1.2K 13
                                    

UNICODE

အခန်း (၉၃) အတန်းဖော်များ

စုန့်ရှောင်းက အမျိုးသားတက္ကသိုလ်ကိုပဲ ပြန်သွားပြီး ပညာသင်ဖို့လျှောက်လွှာကို လွှဲပေးလိုက်သည်။ မူလတည်းက ဖက်စပ်ပညာရေးပရိုဂရမ်ဖြစ်တာကြောင့် နိုင်ငံပြန်ပြီး စာဆက်သင်မှာကို တားဆီးမယ့်လူ တစ်ယောက်မှမရှိပေမဲ့ ကျောင်းဘက်ကနေ ဒီလိုလုပ်ငန်းစဉ်မျိုးကို ဆောင်ရွက်ပေးရတာ ပထမဆုံးအကြိမ်ဖြစ်တာမို့ အနည်းနဲ့အများတော့ အံ့အားသင့်ကုန်ကြသည်။

"တကယ်လို့ ကျောင်းလခနဲ့ပတ်သက်ပြီး အခက်အခဲရှိတာကြောင့်မို့လို့ဆိုရင် ကျောင်းဘက်ကနေ မင်းကို ငွေကြေးပိုင်းဆိုင်ရာ အကူအညီရဖို့ ကူရှာပေးနိုင်တယ်။"

ကျောင်းကလောင်ရှီးကတော့ နောက်တစ်ကြိမ်ထပ်ပြီး ဖြောင်းဖျပြောလာသည်၊ ယခုလိုအခွင့်အရေးမျိုးက ရှားပါးသည်လေ။

"အိမ်မှာပြသနာလေးရှိလို့ အဝေးမှာနေလို့ မရတော့လို့ပါ။"

စုန့်ရှောင်းက ခေါင်းခါပြလိုက်သည်။ သူ့အတွက်ကမူ မည်သည့်နေရာ၌ ပညာသင်ရပါစေ ကိစ္စမရှိပေ၊ ယွီထန်နှင့်အတူ ရှိနေနိုင်ဖို့သာ လိုအပ်သည်။

လောင်ရှီးလည်း ဖြောင်းဖျလို့မရနိုင်မှန်း မြင်လိုက်ရတော့ သက်ပြင်းသာချလို့ သူ့လျှောက်လွှာမှာ လက်မှတ်ထိုးပေးလိုက်ရုံသာ တတ်နိုင်တော့သည်။

ပြည်တွင်းတက္ကသိုလ်ရဲ့ သင်ရိုးကတော့ သိသိသာသာကို ပိုလွယ်ကူ၏၊ မည်သို့ပင်ဖြစ်စေ ရင်းနှီးနေပြီးသား ဘာသာစကားဖြစ်ပြီး အကြောင်းအရာတော်တော်များများကလည်း အဆင်ပြေသည်။ အိတ်စ်ချိန်းအဖြစ် သွားကြတဲ့ အတန်းဖော်တွေက ပြန်ရောက်မလာကြသေးတာမို့ စုန့်ရှောင်းက ဒီအချိန်အတောအတွင်း အခြားအတန်းတစ်တန်းမှာ နေရာချထားပေးခံရသည်။

ပုံမှန်အချိန်တွေမှာလည်း စာတမ်းထပ်ဖို့၊ အသိအမှတ်ပြုလက်မှတ် ထုတ်ယူဖို့၊ ရထားလက်မှတ်တွေ ဘိုကင်ထပ်ဖို့ စတဲ့အချင်းအရာတွေမှာ အတန်းထဲက အဆင့်သတ်မှတ်ချက်တွေ လိုအပ်တာကြောင့် ဒီအတန်းက စုန့်ရှောင်းတစ်ယောက်တည်းအတွက်နဲ့ အတန်းအစည်းအဝေးခေါ်လိုက်သည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now