Chapter //20//

11.9K 2.1K 86
                                    

UNICODE

အခန်း (၂၀) လူကုံထံအသိုင်းအဝိုင်းဝယ် အဆက်အသွယ် ဖန်တီးခြင်း

နေ့လည်စာစားပြီးတော့ စုန့်ရှောင်းတစ်ယောက် ကားနောက်ခန်းမှာ ငိုက်မြည်းစွာနဲ့ ထိုင်လိုက်လာရင်း နေ့လည်ပိုင်းမှာ ဘယ်သွားကြမလဲဆိုတာ ယွီထန်ကို မေးလိုက်တယ်။

ယွီထန်က မျက်လွှာပင့်လိုက်ပြီး ရှေ့ခုံမှာ ထိုင်နေတဲ့ တူကူးအန့်ထံကို အဓိပ္ပာယ်အပြည့်နဲ့ အကြည့်တစ်ချက် ပို့လွှတ်လိုက်တယ်။ အလိုက်သိလွန်းလှတဲ့ တူကူးအန့်ကလည်း ချက်ချင်းလက်ငင်းဆိုသလို သူ့လက်ထဲက စာအုပ်လေးကို ဧကရာဇ်အရှင် လှမ်းကြည့်တော်မူနိုင်ရန် အလို့ငှာ မြှောက်ပြလာခဲ့တယ်။

"ရုပ်ရှင်သွားကြည့်ကြတာပေါ့။"

ယွီထန်က အမူအရာ ပြောင်းလဲခြင်း အလျဉ်းမရှိ ပြန်ဖြေလာခဲ့တယ်။

ဒီလိုနဲ့ပဲ သူတို့တစ်တွေ မြို့လယ်ခေါင်က အကြီးဆုံး ရုပ်ရှင်ရုံကြီးဆီကို ရောက်ရှိလာခဲ့ကြတယ်။ နွေရာသီကျောင်းပိတ်ရက်က ကုန်လွန်သွားခဲ့ပြီ ဖြစ်ပေမယ့် အဲဒီရက်တွေအတွင်း ဝက်ဝက်ကွဲ လူကြိုက်များခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုတော့ ရုံတင်ထားဆဲ ဖြစ်တယ်။ အထူးသဖြင့် ယောက်ျားလေးတွေ အကြိုက်ဖြစ်တဲ့ ပြိုင်ပွဲဇာတ်လမ်းတွေ၊ Mecha ဇာတ်ကားတွေပဲ ဖြစ်တယ်။ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားတွေနဲ့ ပြည့်နှက်နေတဲ့ စခရင်ကို ကြည့်လိုက်ပြီး ယွီထန်က 'ငါ မင်းကို ချစ်တယ်လေ... မင်း ဘာလို့ ငါ့ကို မချစ်တာလဲ?' ဆိုတဲ့ သာမန်စိတ်ကူးယဉ်အချစ်ဇာတ်ကားလေးကို ပြတ်သားစွာနဲ့ ရွေးချယ်လိုက်တယ်။

'အချစ်လမ်းညွှန်စာအုပ်'ထဲမှာ ပြောထားတယ်။

ရုပ်ရှင်သွားကြည့်တဲ့ အခါ သည်းထိပ်ရင်ဖို ဇာတ်လမ်းမျိုးကို ရွေးရမယ်... ဒီလိုမှသာ ချစ်သူလေးက ထိတ်လန့်တကြားနဲ့ သူ့ရင်ခွင်ထဲ ဝင်လာရင် ပွေ့ဖက်ထားပေးလို့ ရမှာတဲ့။ ဒါမှမဟုတ်ရင် ပျင်းစရာအချစ်ဇာတ်ကားတစ်ကားကို ရွေးရမယ်... အဲဒီလိုဆို ချစ်သူလေးက ရုပ်ရှင်ကြည့်ရင်း အိပ်ငိုက်လာပြီး သူ့ပုခုံးပေါ်ကို မှီကျလာမှာတဲ့။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now