Chapter //66//

7.2K 1.2K 27
                                    

UNICODE

အခန်း (၆၆) အမှတ်မထင် တွေ့ဆုံခြင်း

ရုပ်ရှင်မြို့တော်က ကြီးမားကျယ်ဝန်းလှတယ်။ ချောင်ကုန်းကုန်းက ဝင်ခွင့်လက်မှတ်တွေ ဘိုကင်တင်ကတည်းက လျှပ်စစ်ဓာတ်အားသုံး ရှုခင်းကြည့်ကားလေးတစ်စီးကိုပါ တစ်ခါထဲ ငှားရမ်းလိုက်တယ်။

ပုံမှန်အတိုင်းဆို လျှပ်စစ်ဓာတ်အားသုံး ရှုခင်းကြည့်ကားတွေကို ပရော်ဖက်ရှင်နယ်ဝန်ထမ်းတစ်ယောက်ကသာ မောင်းနှင်ပေးတာ ဖြစ်ပေမဲ့ ဘက်စုံကျွမ်းကျင် အိမ်တော်ထိန်းတစ်ယောက်ဖြစ်တဲ့ ချောင်ကုန်းကုန်းက ဘယ်အရာမဆို လုပ်တတ်နေတာကြောင့် ဘယ်လိုလုပ်လိုက်တယ်မသိရပေမဲ့ Tour Guideဖြစ်သူက ငှားထားတဲ့ကားကို သူ့ထံ လက်လွှဲပေးလိုက်တယ်။

သူတို့တစ်တွေက အရင်ဆုံး ရှေးခေတ်ဥရောပကို အတွေ့အကြုံယူဖို့အတွက် ဝိတိုရိယဥယျာဉ်ကို သွားခဲ့ကြပြီး အဲဒီနောက်မှတော့ Star Wars ဆက်တင်တွေ ပြင်ဆင်ထားတဲ့ 'အာကာသအတွင်း ကြယ်အစုအဝေး' အပိုင်းကို သွားလိုက်ကြတယ်။

ရှေးခေတ်ကလာခဲ့တဲ့ တောသားမြို့တက်လေး စုန့်ရှောင်းကတော့ လိုက်လည်ကြည့်ရင်း သဘောတွေကျနေတော့တယ်။ ဒီအရာတွေအားလုံးက သူ့အတွက်တော့ ပြောမပြတတ်လောက်အောင်ကို မှော်ဆန်လွန်းနေပေတယ်။

သူ့မိသားစုရဲ့ ဇာတ်သဘင်အဖွဲ့ကသာ ဒီလိုမျိုးတွေ လုပ်နိုင်မယ်ဆို အရမ်းကောင်းမှာပဲ။

ရုပ်ရှင်မြို့တော်မှာ သူတို့တွေက ရုပ်ရှင်ဆက်တင်တွေကို ဝင်ရောက်ဖန်တီးကြည့်ခဲ့ကြတဲ့အပြင် ရုပ်ရှင်နောက်ခံ အပျော်စီးဆော့စရာတွေကိုပါ တက်စီးခဲ့ကြသေးတယ်။

ယွီထန်က စုန့်ရှောင်းကို ကြယ်အစုအဝေး လိုဏ်ခေါင်းတစ်ခုစီ ဆွဲခေါ်သွားတယ်။ ဒီရိုလာကိုစတာကြီးက အလွန်အမင်းကို ရှည်လျားလှပြီး ဂြိုဟ်တွေကြားထဲကိုရော၊ အာကာသတွင်းနက်ကြီးတွေကိုပါ ဖြတ်သန်းသွားမှာ ဖြစ်တယ်။ အာကာသယာဉ်ကြီးကို မောင်းနှင်ရင်း စကြဝဠာတစ်ခွင် ဝဲပျံနေကြရသလိုပင်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now