Chapter //17//

11.5K 2K 34
                                    

UNICODE

အခန်း (၁၇) ပေါက်ကွဲလွယ်သော စွပ်စွဲချက်များ

စုန့်ဇီချန် စာဖတ်ခန်းထဲကို ကတိုက်ကရိုက် ဝင်သွားလိုက်တယ်။ စေးတာ့ရှု ပို့ထားတာက ဝက်ဘ်ဆိုက်လင့်ခ်တစ်ခုနဲ့ ဝါကျတစ်ကြောင်းသာ ဖြစ်တယ်။

"သူဌေး... စုန့်ကျန်းရဲ့ ပုံတွေ ပေါက်ကြားသွားပြီ။"

စုန့်ဇီချန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးမှ ဝက်ဘ်ဆိုက်ကို ဖွင့်ကြည့်လိုက်တယ်။ ဖွင့်ဖွင့်ချင်းမှာပဲ နီရဲရဲစာလုံးကြီးတွေနဲ့ သတင်းခေါင်းစဉ်က သူ့မျက်လုံးထဲ မြှားတစ်စင်းလို ထိုးစိုက်သွားတော့တယ်။

စခရင်ပေါ် ပေါ်လာတာကတော့ 'ဟိုင်းကျောင် အစုအဝေး'လို့ ခေါ်ကြတဲ့ အမည်မသိ ဖိုရမ်တစ်ခု ဖြစ်တယ်။ စုန့်ကျန်းအကြောင်း တင်ထားတဲ့ ပို့စ်ကို ဒီဖိုရမ်မှာ စ,တင်လိုက်တာဖြစ်ပြီး အခုချိန်မှာတော့ ဖိုရမ်ရဲ့ Hot Topicအဖြစ် နီရဲရဲသတင်းခေါင်းစဉ်ကြီးက ထိပ်ဆုံးမှာ ပေါလောပေါလောနဲ့ ရပ်တည်နေခဲ့တယ်။

'ချိုးမင်ယန့် အမြှောင်မယားအဖြစ် ရှင်သန်ခဲ့သည့် နှစ်ကာလများကို ဖော်ထုတ်ခြင်း'

ပို့စ်တင်သူက အားမာန်အပြည့်နဲ့ အတွင်းလူတစ်ယောက် ဖြစ်ပြီး ဓာတ်ပုံတစ်ပုံကို သေချာ ရှင်းပြထားတယ်။ အဲဒီပုံကတော့ ချိုးမင်ယန့်နဲ့ စုန့်ကျန်းတို့ အတူတူ ရှော့ပင်းထွက်နေတာကို ခိုးရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံပဲ ဖြစ်တယ်။

OP : ဓာတ်ပုံထဲမှာ နေကာမျက်မှန်တပ်ထားတဲ့သူက ကိုယ်တွေရဲ့ ငွေဥဩဆုရှင်ကြီး ချိုးမင်ယန့်ဖြစ်ပြီး သူမဘေးက ကောင်မလေးကတော့ သူမရဲ့ သမီးဖြစ်သူပါပဲခင်ဗျာ။ ဒီငွေဥဩဆုရှင်ကြီးဟာ 'သူမရဲ့ ကလေးကို ကာကွယ်ချင်တယ်။ သူမ သမီးကို ဘယ်တော့မှ လူကြားထဲ ထုတ်ပြမှာ မဟုတ်ဘူး'ဆိုပြီး သန်မာတဲ့ တစ်ကိုယ်တော်မိခင်တစ်ယောက်ရဲ့ ပုံရိပ်ကို လူတိုင်းကို ပြသ,ခဲ့ပြီး ဖြစ်တယ်။ ဒါပေမယ့်ကွာ... မင်းတို့ကောင်တွေကို ဒီက OPဖြစ်သူမှ တင်ပြပါရစေ။ သူမရဲ့ သမီးလေးကို လူမြင်မခံဝံ့တဲ့ တကယ့် အကြောင်းရင်း အစစ်အမှန်က ဘာလဲဆိုတော့... ဒီကောင်မလေးက  သူမ! အမြှောင်မယား! ဖြစ်ခဲ့တယ်ဆိုတဲ့! သက်သေ! မို့လို့ပဲကွ!

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now