Chapter //36//

10.1K 1.7K 84
                                    

UNICODE

အခန်း (၃၆) တစ်ညအိပ်

မာမားယွီတစ်ယောက် သူမရဲ့ သားတော်မောင်ကို အံ့အားသင့်စွာနဲ့ ကြည့်လိုက်မိတယ်။

"ဒါပေါ့... ပေးနေလို့ ရတာပေါ့ကွယ်...။ ဒါပေမယ့် သူ့မိသားစုက သဘောတူရဲ့လားဆိုတာ သား အရင်ကြည့်ရအုံးမယ်လေ။"

သူမ သားလေးက ငယ်ငယ်တုန်းက အော်တစ်ဇင်ဝေဒနာကို ခံစားခဲ့ရပြီး ဘယ်သူနဲ့မှ ပေါင်းသင်းဆက်ဆံတာမျိုး မရှိခဲ့ဘူးပေ။ အော်တစ်ဇင်ဖြစ်တဲ့သူအများစုက သိသိသာသာ အိုင်ကျူမြင့်တယ်လို့ ပြောကြတယ်။ ဒီကလေးကလည်း ပြန်ကောင်းသွားပြီးနောက်မှတောင် သူ့ရဲ့ မြင့်မားလှတဲ့ အိုင်ကျူက ဆက်ရှိနေတုန်းပဲ။ ဒါကတော့ သေချာပေါက်ကို ကောင်းတဲ့ အရာပဲလေ။ ဒါပေမယ့်လည်း သူ့အိုင်ကျူက ရွယ်တူတွေထက်ကို အပုံကြီး သာလွန်မြင့်မားနေတာကြောင့် သူငယ်ချင်းအပေါင်းအသင်း မရနိုင်တဲ့ အဖြစ်ကို ဦးတည်နေဆဲပင်...။

ယွီထန်က တစ်စုံတစ်ယောက်ကို ဒီလောက်ထိ ဂရုစိုက်ပေးနေတာမျိုးကို သူမအနေနဲ့ ပထမဆုံး မြင်ဖူးတာပဲ။ သူ့သူငယ်ချင်းလေးကို အိမ်ခေါ်လာပြီး တစ်နေ့လည်လုံး ကစားပြီးတာတောင် မလုံလောက်သေးပဲ တစ်ညအိပ်တောင် နေသွားစေချင်နေလိုက်သေးတယ်တဲ့။ ဒီလိုအပြုအမူမျိုးကတော့ သေချာပေါက်ကို အားပေးထောက်ပံ့ပေးရမှာပေါ့လို့!

ယွီထန်က စုန့်ရှောင်းကို အောက်ထပ်ခေါ်လာတဲ့ အချိန်တုန်းက စုန့်ရှောင်းက အိမ်ပြန်ဖို့ ပြင်နေပုံပေါ်တာကြောင့် မာမားယွီက သူ့ကို တစ်ညအိပ် နေလိုက်ဖို့ စိတ်လက်တက်ကြွစွာနဲ့ တိုက်တွန်းတော့တယ်။

"အခုက မှောင်နေပြီရယ်... ပြီးတော့ ဒီနေရာက မြို့ထဲနဲ့လည်း အတော်လေးကို ဝေးသေးတာ.. အာ့ကြောင့် ကားမောင်းပြန်ဖို့ဆိုတာက အန္တရာယ်ရှိတယ်လေကွယ်။ သား ဒီညတော့ ဒီမှာပဲ နေသွားလိုက်ရင်ကော? သားတို့နှစ်ယောက်လုံး မနက်ဖြန်လည်း အိမ်စာဆက်လုပ်လို့ ရသွားတာပေါ့...။"

စုန့်ရှောင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားလေပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်တုန်းကဆို လမ်းပန်းဆက်သွယ်ရေးက အဆင်မပြေတာကြောင့် သူငယ်ချင်းအိမ်မှာ ဧည့်သည်တစ်ယောက်အဖြစ် ညအိပ်ညနေ နေတာမျိုးက ဖြစ်နေကျပင်။ ဒါကြောင့်လည်း စုန့်ရှောင်းအနေနဲ့ အိမ်ရှင်ဖြစ်သူက သူ့ကို ညအိပ်နေသွားဖို့ ပြောတာနဲ့ ပတ်သက်ပြီး မသင့်တော်ဘူးဘာညာ မထင်မိပေမယ့် သူကတော့ ယဉ်ယဉ်ကျေးကျေးလေး ငြင်းဆိုဖို့ ကြိုးစားနေဆဲပင်...။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now