Chapter //11//

11.9K 2K 54
                                    

UNICODE

အခန်း (၁၁) သမိုင်းကြောင်း

အဖွဲ့ခေါင်းဆောင်တစ်ယောက်စီက ဖောင်စာရွက်တွေကို သွားထ,ယူပေးပြီး လူတိုင်းကို လိုက်ဝေပေးခဲ့တယ်။ ကျောင်းသားသမဂ္ဂထဲ အဖွဲ့ဝင်ချင်တဲ့သူတွေက ဖောင်စာရွက်မှာ ကိုယ်ရေးအချက်အလက်တွေ ရေးဖြည့်နိုင်သလို သမဂ္ဂထဲ မဝင်ချင်တဲ့သူတွေကတော့ အဲဒီစာရွက်ကို အကြမ်းချရေးတဲ့ အကြမ်းစာရွက်အဖြစ် သုံးလိုက်နိုင်တယ်။

ပထမဆုံးကျောင်းသားသမဂ္ဂအတွက် ပထမနှစ်ကျောင်းသားတွေသာမက ဒုတိယနှစ်ကျောင်းသားတွေပါ တစ်ချိန်တည်း လျှောက်ထားနိုင်ပြီး အဖွဲ့ဝင်ရွေးချယ်ခြင်းက သူတို့ရဲ့ အဆင့်တွေပေါ် မူတည်ခြင်း မရှိပေ။ ဒါကြောင့်လည်း ကျောင်းသားအများကြီးက ဝင်ရောက်လျှောက်ထားလိုကြတယ်။ ယွီထန်က စုန့်ရှောင်းကို တင်သွင်းလာသမျှ လျှောက်လွှာတွေကို စာရင်းပြုစုဖို့ တာဝန်ပေးလိုက်တယ်။

နန်းတွင်းညီလာခံမှာတုန်းကဆိုလည်း စုန့်ရှောင်းက ယွီထန်ရဲ့ အမိန့်ပေးစေခိုင်းချက်တွေကို ဆောင်ရွက်ပေးနေကျ ဖြစ်တာမို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မခံစားရပေမယ့် သူ့အစား သူတို့အရှေ့ခုံမှာထိုင်တဲ့ အဖွဲ့ခေါင်းဆောင်ဖြစ်သူ လျှိုလုကတော့ ဆက်ပြီး သည်းမခံနိုင်တော့ပေ။

"ဒီမှာ.. အတန်းခေါင်းဆောင်... ငါ တစ်ခုလောက် ပြောမယ်။ နင် စုန့်ရှောင်းကို အမြဲတမ်း အနိုင်ကျင့်နေလို့ မရဘူးလေ။ ဘာကိစ္စဖြစ်ဖြစ် သူချည်းပဲ ကိုင်တွယ်ပေးနေရတာ။ ဘယ်သူကမှ အတန်းခေါင်းဆောင်အစစ်လဲ?"

ချန်ကျားဟွေ့က သူ့ရဲ့ ထိုင်ခုံဖော်ကို ဆက်မပြောတော့ဖို့ တံတောင်နဲ့တွတ်ပြီး အချက်ပြလိုက်တယ်။

ငါကိုယ်တော်မြတ်ရဲ့ အိမ်သူသက်ထားက ငါကိုယ်တော်အတွက် နာမည်စာရင်းတစ်စောင် ကူးရေးပေးတာ ဘာမှားလို့လဲ?

ယွီထန်က အေးတိအေးစက်နဲ့ နှာမှုတ်လိုက်ပြီး စုတ်ချက်တစ်ချက်စီကို ခက်ခက်ခဲခဲ ရေးသားနေရရှာတဲ့ စုန့်ရှောင်းကို လှမ်းကြည့်လိုက်တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now