Chapter //113//

5.9K 1K 71
                                    

UNICODE

အခန်း (၁၁၃) လမ်းခွဲခြင်း

ယွီထိုက်ရှန်က ယွီထန်ကိုမြင်တာနဲ့ မျက်နှာပေါ်က အပြုံးရိပ်ကို တမုဟုတ်ချင်းဆိုသလို ပြန်ရုတ်သိမ်းလိုက်ပြီး အေးတိအေးစက်နဲ့ ဟမ့်ခနဲအသံတစ်ချက် ပြုလိုက်သည်။

"ဖုန်းပြောရုံနဲ့ မင်းကိုထိန်းမရတော့ အခု ငါကိုယ်တိုင်ပဲ လာခဲ့လိုက်ပြီ။ ဆိုတော့ကာ မင်းမှာ ပြောစရာဘာစကားတွေများ ရှိနေသေးလဲဆိုတာ နားထောင်ချင်စမ်းပါရဲ့။"

ယွီထန်က မသိမသာ ခေါင်းငုံ့လိုက်ပြီး အဖိုးဖြစ်သူရဲ့ပြောစကားကို အလွန်တရာမှ အလေးအနက်ထား နားထောင်နေဟန်ပြုလိုက်ကာ တိတိရဲ့နားရွက်လေးကို လမ်းကြုံလှမ်းဆွဲသွားလိုက်သေး၏။

"ကျွန်တော့်စိတ်ထင် ဖိုးဖိုးပြောတာ မှန်တယ်လို့ ထင်ပါတယ်။ ယွီမျိုးနွယ်စုက မျိုးဆက်ပြတ်သွားလို့ မဖြစ်ဘူး။"

ယွီလောင်ယယ်ကျစ်က ဒီစကားကိုကြားတော့ မျက်ဝန်းတွေက လက်ခနဲဖြစ်သွားပြီး စိတ်ထဲကနေ စဉ်းစားလိုက်မိသည်မှာ မြေးဖြစ်သူက ဒီလိုနဲ့ပဲ အလင်းဝင်သွားပြီလော? အကယ်၍ သူက စုန့်ရှောင်းနဲ့ အပျော်တွဲရုံလောက်သာဆိုလျှင် ပျော်ပါးလို့ဝသွားတာနဲ့ အမျိုးသမီးတစ်ယောက်ကို လိမ္မာသိတတ်စွာ လက်ထပ်မည်ဆိုလည်း ဖြစ်သည်ပင်။ ယွီမျိုးနွယ်စု၏ အနာဂတ်မျိုးနွယ်စုခေါင်းဆောင်က ယောက်ျားတစ်ယောက်ကို ချစ်ကြိုက်လို့ရပေမဲ့ ယောက်ျားတစ်ယောက်နဲ့ လက်ထပ်လို့တော့ မရပါချေ!

ယွီထန်က စကားရဲ့ဦးတည်ရာကို လမ်းလွှဲပစ်လိုက်မယ်လို့ ဘယ်သူက သိထားခဲ့မလဲလေ။

"ယွီမျိုးနွယ်စုမှာ အခုဆို ဆက်ခံသူယောက်ျားလေးတွေ ပေါလျှံနေတာပဲမို့ ဒါက တကယ်တော့လည်း လုံးဝစိုးရိမ်စရာမလိုပါဘူးဗျာ။"

ယွီလင်ကတော့ သူ့နားရွက်ကလေးနှစ်ဖက်ကို ကာထားရင်း ခေါင်းကလေးကိုမော့လို့ အခုထိ ခွန်းတုံ့ပြန်မလာသေးတဲ့ ဖိုးဖိုးကိုကြည့်လိုက်ပြီးနောက် ဦးရေပြားကိုတင်းတင်းထား*လို့ ဖိုးဖိုးဖြစ်သူရဲ့ ရင်ခွင်ထဲ တိုးဝင်လိုက်လေရဲ့။ ကောကောဖြစ်သူကို ရှောင်သလိုလို၊ ပုန်းသလိုလိုဟန်ဆောင်ပြီး ဖိုးဖိုးရဲ့အာရုံကို ဆွဲဆောင်လိုက်ခြင်းပင်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now