Chapter //83//

6.5K 1.1K 8
                                    

UNICODE

အခန်း (၈၃) လျှို့ဝှက်ကြံစည်ခြင်း

ရှင်းဟိုင်အင်တာတိန်းမန့်ထ်ကနေ ဒီတစ်ခေါက် မုရှားကို နိုင်ငံတကာစင်မြင့်ထက် တွန်းပို့တဲ့လုပ်ရပ်ကို စုန့်ရှောင်းကတော့ အမြော်အမြင်မရှိဘူးလို့ပဲ ထင်မြင်မိတယ်။ အရင်တုန်းကလည်း ဒီလမ်းကို မလျှောက်ဖူးတဲ့ ကြယ်ပွင့်တွေ မရှိတာမျိုးတော့ မဟုတ်ပေ။ ထုတ်လုပ်ရေးထဲကို ဝင်ရောက်ပြီး အသေးစားဇာတ်ကောင်နေရာလေး တစ်နေရာလောက်ကို ရရှိနိုင်ဖို့အတွက် ကိုယ့်ပိုက်ဆံကိုယ် သုံးစွဲခဲ့ကြပြီးနောက် ပြည်တော်ပြန်ပြီး အကြီးအကျယ် ဖြန့်ချီခဲ့ကြတယ်။ နောက်ဆုံးမှ သိလိုက်ရတာကတော့ နိုင်ငံခြားမှာ ရုံတင်တဲ့ ရုပ်ရှင်ထဲ အဲဒီတရုတ်ကြယ်ပွင့်လေးရဲ့ ဇာတ်ဝင်ခန်းက တစ်ခန်းလေးတောင် ပါမနေခဲ့ချေ။ ပြည်တွင်းရုံတင်တဲ့ဆီမှာတောင် လုံးဝကို တိုတောင်းလွန်းတဲ့ မိနစ်ပိုင်းစာလောက်လေးသာ ပါဝင်နေခဲ့တယ်။

ဒီလိုရယ်စရာကောင်းတဲ့ လှည့်ကွက်မျိုးက အနုပညာရှင်တစ်ယောက်ရဲ့ပုံရိပ်ကို အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်တယ်ဆိုပေမဲ့လို့ ရေတိုအတွက်သာဖြစ်ပြီး ကြည့်ရှုသူပရိသတ်တွေကလည်း ငတုံးတွေမဟုတ်ပေ။ ဒီလိုမျိုး အနုပညာရှင်တွေကလည်း တိုးတက်ခြင်းမရှိ၊ ဒုံရင်းကဒုံရင်းပဲဖြစ်နေခဲ့ပြီး လှပတဲ့မျက်နှာလေးရှိတာကလွဲ ဘာမှဖြစ်ထွန်းမလာခဲ့ချေ။

ဒါပေမဲ့ မုရှားကတော့ အဆင်းသာရှိပြီး အချင်းမရှိတဲ့ အဲဒီပန်းအိုးအလွတ်တွေနဲ့ မတူပေ။ သူမက ရုပ်ရှင်ဘုရင်မတစ်ပါးဖြစ်သလို တရုတ်ပြည်ရဲ့ မျက်နှာစာလည်းဖြစ်တယ်။ ဒီလိုတန်ဖိုးမျိုးရှိထားလျက်နဲ့ ကိုယ့်ကိုယ်ကို နှိမ့်ချနေရတာမျိုးက အမြော်အမြင်မရှိပေ။

ဘေးက အမွှေစိန်ဧကရာဇ်အရှင်ကို တွန်းထုတ်နေရင်း စုန့်ရှောင်းက မုရှားရဲ့မန်နေဂျာကို ဖုန်းခေါ်လိုက်တယ်။

"တကယ်လို့ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့ကလူတွေ မင်းတို့ကို ပြန်လာပေးဖို့ တောင်းဆိုလာရင် သဘောမတူလိုက်နဲ့။"

"ကောင်းပါပြီ။"

မန်နေဂျာက တစ်ချက်ကြောင်သွားပေမဲ့ မဆိုင်းမတွ အဖြေပေးတုံ့ပြန်လိုက်တယ်။ အစတုန်းကတော့ ရှန်းမူ(ဆမ်)တို့ဘက်ကနေ တောင်းပန်လာခဲ့ရင် မုရှားကို ပြန်သွားခိုင်းလိုက်မယ်လို့ စဉ်းစားထားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခွင့်အရေးရဖို့က ခက်ခဲတယ်လေ။ ဒါပေမဲ့လည်း စုန့်ရှောင်းက ဒီလိုပြောလာမှတော့ စုန့်ရှောင်းပြောတာကိုပဲ နားထောင်မှာပင်။ ဒီတစ်ခေါက်ကိစ္စမှာ ဒီသခင်လေးက သူ့ဖေဖေထက်ပိုပြီး လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သူ့ကို သိမြင်သွားစေခဲ့တယ်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now