Chapter //103//

6.8K 1.1K 55
                                    

UNICODE

အခန်း (၁၀၃) သက်သေ

အဲဒီရှယ်ယာတစ်ရာခိုင်နှုန်းကို နောက်ဆုံးမှာတော့ ယွီထန်ကနေ အဆုံးစွန်ထိ နှိမ်ထားတဲ့ဈေးနဲ့ ဝယ်လိုက်နိုင်ခဲ့သည်။ ယွီထန်ဝယ်ချင်နေမှန်း ကြားသိလိုက်ကြရတော့ နဂိုက လက်လျှိုဝင်ချင်တဲ့သူတွေအများကြီးကလည်း ဝင်မလုရဲကြတော့ချေ။ အမေရိကားဘက်က ဖိအားပေးနေတာကလည်း တင်းကြပ်လွန်းနေပြန်တာကြောင့် ဘယ်လိုမှ ရွေးချယ်စရာမရှိတော့ပဲ အနိမ့်ဈေးနဲ့ ရောင်းလိုက်ရုံသာ တတ်နိုင်တော့သည်။

စုန့်ကျန်း ရှယ်ယာတွေကို ရောင်းလိုက်တဲ့အကြောင်း စုန့်ဇီချန် ကြားသိလိုက်ရတော့ ပိုလို့တောင် ဒေါသူပုန်ထလာတော့သည်။ ပြောရရင် ဒါက သူပေးမယ့် အားလုံးသော ကလေးပျိုးထောင်စရိတ်ဖြစ်တာမို့ နောက်ပိုင်းဆို ခြူးတစ်ပြားတောင် ထပ်ပေးတော့မည်မဟုတ်။

ယွဲဟန့်(ဂျွန်)ဘက်ကလည်း လက်ထဲရှိသမျှ သက်သေတွေအကုန်လုံး ချိုးမင်ယန့်ထံ လွှဲပေးလိုက်ပြီဖြစ်ကာ သူတို့ကြားမှာ ပတ်သက်စရာ ဘာအကြောင်းမှ မရှိတော့တာကြောင့် ချိုးမင်ယန့်ရဲ့ ရင်ထဲက ကျောက်စိုင်ကြီးတစ်စိုင်ကို တမုဟုတ်ချင်း မြေခသွားစေတော့သည်။

စုန့်ကျန်းက ရှယ်ယာတွေလည်း မရှိတော့တာမို့ ကုမ္ပဏီမှာ ရာထူးကျသွားလေပြီ။ အရင်တုန်းကတော့ ရှိသမျှလူအကုန်လုံးကနေ မျက်နှာသာပေးချင်ခဲ့တယ်ဆိုတာ သူမက စုန့်မိသားစုရဲ့ သမီးမျက်ရှုလေး ဖြစ်နေတာကြောင့်မဟုတ်ပဲ အဲဒီရှယ်ယာတွေကြောင့်သာ ဖြစ်သည်။ ရှယ်ယာတစ်ရာခိုင်နှုန်းလောက် ပိုင်ဆိုင်ထားပြီဆိုတာနဲ့ ရှယ်ယာရှင်တစ်ဦးအဖြစ် ရှယ်ယာရှင်အစည်းအဝေးတွေကို တက်ရောက်နိုင်ပြီဖြစ်သလို အမှုဆောင်ဒါရိုက်တာတွေရဲ့ ဆုံးဖြတ်ချက်ကိုလည်း ကန့်ကွက်ပိုင်ခွင့်ရှိသည်လေ။ အခုကတော့ မတူတော့ပေ၊ သူမက စုန့်မိသားစုရဲ့ တိတ်တိတ်ပုန်းသမီးဆိုတာထက် မပိုတော့ပေ။

မန်နေဂျာလည်း အပြောင်းခံလိုက်ရပြီး အလုံးစုံသော အရင်းအမြစ်တွေကလည်း ထပ်ပြီး သူမထံကိုပဲ ဦးတည်ထားခြင်း မရှိတော့ချေ။ တစ်ဖန် ကုမ္ပဏီကလည်း လုံးဝဥဿုံဆန်းသစ်ပြင်ဆင်လိုက်တဲ့ လူသစ်ပျိုးထောင်ရေးစနစ်ကို အကောင်အထည်ဖော်နေပြီဖြစ်ပြန်ရာ သူမခမျာ လူသစ်အုပ်စုထဲ ပစ်ထည့်ခံလိုက်ရကာ သူတို့နဲ့အတူ လေ့ကျင့်ရေးဆင်းပြီး တန်းတူအရည်အချင်းစစ်ခံနေရတာမို့ အလွန်အမင်းကို ဒုက္ခခံနေရလေသည်။

ပြဿနာရှာတော်မမူစမ်းပါနဲ့ ဧကရာဇ်အရှင်ရေ || မြန်မာဘာသာပြန် ||Where stories live. Discover now