Chapter 182: Being Provoked

2.7K 205 3
                                        

Unicode

"ဖေဖေ၊ သားကို ပြိုင်ပွဲဆီ ခေါ်သွားမှာလား?" ရှောင်ရှောင်ကျင့်သည် ရှောင်ကျင့်ထျင်၏လက်ကို ကိုင်ထားရင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

ရှောင်ကျင့်ထျင်က ခေါင်းညိတ်ပြီး "ဟုတ်တယ်!" သူကအားလုံးကို ခေါ်ဆောင်သွားချင်သော်လည်း၊ ၎င်းတို့အားလုံးသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများဖြစ်သောကြောင့် သူ့ကို ထုတ်ဖော်ပြသလိုက်သကဲ့သို့ ဖြစ်သွားစေမည်ဖြစ်သည်။

"ဖေဖေ၊ သားက အသန်မာဆုံးမလို့ ဖေဖေရဲ့ကိုယ်ရံတော်လုပ်ခိုင်းတာမလား?" ရှောင်ရှောင်ကျင့်က မျက်နှာလေးနီရဲလျက် မေးလိုက်၏။

ရှောင်ရှောင်ကျင့်၏ စိတ်လှုပ်ရှားနေသော မျက်နှာလေးကို ကြည့်လိုက်ပြီး ရှောင်ကျင့်ထျင်သည် ကူကယ်ရာမဲ့စွာဖြင့် "ဟုတ်တယ်၊ မင်းကအတော်ဆုံးပါပဲ"

'ဒီအရူးလေးက အတွေးလွန်လွန်းတယ်'

ရှောင်ရှောင်ကျင့်က စိတ်လှုပ်ရှားစွာဖြင့် "အစ်ကိုကြီးတွေကို ပြောပြရမယ်။ ဖေဖေ့မှာ ထက်မြက်တဲ့ မျက်လုံးတွေရှိတယ်။ သားက ရွှေအမြုတေအဆင့်ကို နောက်ဆုံးမှတက်ခဲ့ပေမယ့်လည်း သားက သူတို့ထက် ပိုတော်တယ်"

ရှောင်ကျင့်ထျင်က စိတ်ရှည်ရှည်နှင့် "ရှောင်ကျင့်၊ အဲဒါက ထုတ်ပြောဖို့မကောင်းဘူး"

'ရှောင်ကျင့်က သူ့အစ်ကိုတွေဆီက ထုထောင်းခံချင်နေတာလား?'

ရှောင်ကျင့်ထျင် ရင်တွင်းမှ သက်ပြင်းချလိုက်သည်။ ရှောင်ရှောင်ကျင့်သည် သူတို့နှင့်အတူ အမြဲရှိနေသော်လည်း သူသည် အချိန်အများစုတွင် ကျင့်ကြံနေသောကြောင့် ကမ္ဘာကြီးအကြောင်းကို အနည်းငယ်သာ သိပြီး ကလေးဆန်သည်။

"ဒါပေမဲ့ ဒုတိယအစ်ကိုက သားရှေ့မှာ လာလာထုတ်ပြောတတ်တယ်" ရှောင်ရှောင်ကျင့်က ပြောသည်။

"သူကဘာတွေထုတ်ပြောတာလဲ?" ရှောင်ကျင့်ထျင်က မေးသည်။

ရှောင်ရှောင်ကျင့်က ခဏလောက်စဉ်းစားပြီးနောက်

"သူက အစာစားချင်စိတ်ကြီးပြီး မြင်းတစ်ကောင်ကို တစ်ထိုင်တည်း စားနိုင်တယ်လို့ ကြွားလုံးထုတ်ခဲ့တယ်"

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းOnde histórias criam vida. Descubra agora