Chapter 186 : Fame

3.3K 265 11
                                        

Unicode

ရှောင်ကျင့်ထျင်သည် ယဲ့မိသားစု၏ ထိုင်ခုံပေါ်တွင် သပ်ရပ်စွာ ထိုင်ချလိုက်ပြီး လူတိုင်း၏ အကြည့်များအောက်တွင် နှစ်လိုဖွယ်အပြုံးကို ထိန်းသိမ်းထားသည်။

ယဲ့ကျင်းလန်က သူ့ကို အံ့ဩနေဖို့ အချိန်မရှိဘဲ မျက်နှာတည်တည်ဖြင့် မေးလိုက်၏။

"ကျင့်ကြံသူရှောင် အဲဒီ မှော်အစီအရင်ပြားတွေက..."

"တစ်ခုကို အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်ရာတန်တယ်။ မင်းဘယ်လောက်လိုချင်လဲ?" ရှောင်ကျင့်ထျင်က ပြုံးပြီး မေးလိုက်သည်။

"ဆယ်ခု" ဟု ယဲ့မီက ဖြေသည်။

ရှောင်ကျင့်ထျင်သည် မှော်အစီအရင်ပြားဆယ်ခုကိုထုတ်ကာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတစ်ထောင်ဖြင့် ယဲ့မီအား ရောင်းချလိုက်သည်။

ရှောင်ကျင့်ထျင်က စိတ်ထဲတွင် တွေးလိုက်၏။

'ဒီလူတွေက အရမ်းချမ်းသာတယ်! ကြယ်တိမ်တိုက်ကျွန်းရဲ့ ကျင့်ကြံဆင့်က တိမ်တိုက်ကြီးထက်နိမ့်ပေမယ့် ဝိညာဉ်ကျောက်တုံး အရင်းအမြစ်က ပိုမိုကြွယ်ဝတယ်။ တိမ်တိုက်ကြီးကိုမပြန်ခင် ငါ ဝိညာဉ်ကျောက်တုံးတွေ ရှာသွားရမယ်'

ရှောင်ကျင့်ထျင်သည် ယဲ့မီအား မှော်အစီအရင်ပြား ဆယ်ခုပေးသည်ကို ဟုန်မိသားစု အကြီးအကဲက မြင်သောအခါ မျက်လုံးထဲတွင် မနာလိုမှုများ တောက်ပလာသည်။

"ကျင့်ကြံသူရှောင်.. ဒီလောက်ကောင်းတဲ့ပစ္စည်းတွေ ရှိတာကို ဘာလို့ စောစော‌ မပြောခဲ့တာလဲ?" ယဲ့ကျင်းလန်က မေးသည်။

ရှောင်ကျင့်ထျင်က ပြုံးပြီး ဘာမှမထူးခြားသလိုဖြင့် "မိန်းကလေးယဲ့ မင်းမှ ငါ့ကို မမေးခဲ့တာ"

ကိုယ်တိုင်တင်ပြသော အခွင့်အလမ်းသည် တန်ဖိုးမရှိပါ။ သူ ယဲ့အိမ်ကို ရောက်ကတည်းက မိသားစုက သူ့ကို အလေးအနက်မထားခဲ့ပါချေ။ ရှောင်ကျင့်ထျင်သည် စိတ်သဘောထား ကျယ်ပြန့်သော်လည်း သူသည် တွန်းအားပေးသူမဟုတ်ပေ။ သူ့ကို ပေါ့ပေါ့တန်တန် မှတ်ယူသည့်အတွက် သူကလည်း မှော်အစီအရင်င်ပြားများအကြောင်းကို ပြောပြမှာ မဟုတ်ပါချေ။

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းOnde histórias criam vida. Descubra agora