Chapter 180: Super Alternative

2.6K 217 3
                                        

Unicode

ရှောင်ကျင့်ထျင်သည် ကျောက်စိမ်းဆွဲသီးနေရာမှ ထွက်လာပြီး ရွှီမုရန် တစ်ယောက်တည်း ရှိနေသည်ကို မြင်လိုက်ရသည်။

"သူတို့ဘယ်မှာလဲ?" ရှောင်ကျင့်ထျင်က မေးသည်။

"သူတို့အားလုံး နတ်ဆိုးသားရဲတွေ အမဲလိုက်ဖို့ သွားကြတယ်။ ရှောင်ကျင့်ရော ပါသွားတယ်" ရွှီမုရန် ပြုံးလိုက်သည်။

"သူတို့အဆင်ပြေပါ့မလား?" ရှောင်ကျင့်ထျင်က ရေရွတ်လိုက်သည်။

ရွှီမုရန်က လျစ်လျူရှုသလိုဖြင့် "သူတို့ကို လျှော့မတွက်ပါနဲ့။ သူတို့အားလုံးက ရွှေအမြုတေအဆင့်ကို ရောက်နေကြပြီ။ မင်းရဲ့ အကာအကွယ်ကို မလိုအပ်တော့ဘူး။ သူတို့က မင်းကိုတောင် ထောက်ပံ့ပေးနိုင်ပြီ"

ရှောင်ကျင့်ထျင်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး တွေးမိသည်။ 'ဒီကလေးတွေကို ပျိုးထောင်ခဲ့ရတာ ထိုက်တန်ပါတယ်' သူတို့သည် နတ်ဆိုးသားရဲများကို ရောင်းချပြီး ရရှိခဲ့သော ဝိညာဉ်ကျောက်တုံးအချို့ကို သူတို့အတွက်သူတို့ သိမ်းထားခဲ့ပြီး ကျန်သည်များကို ရှောင်ကျင့်ထျင်အား ပေးခဲ့သည်။ လူငယ်လေးတွေရဲ့ ထောက်ပံ့မှုကို ရရှိသည့်အတွက် သူဝမ်းသာသလို ရှက်လည်းရှက်မိ၏။

"ဘယ်လောက်တောင် အလုပ်လုပ်လိုက်တဲ့ကောင်လေးတွေလဲ!" ဖခင်တစ်ယောက်အနေနဲ့ အလုပ်မလုပ်ဘဲ ထိုင်နေသည်ကို အနည်းငယ် ရှက်ရွံ့မိသည်။

"ဒီနှစ်တွေမှာ သူတို့ နာမည်တစ်ခုရခဲ့တယ်" ဟုရွှီမုရန်က ပြောသည်။

"ဘာနာမည်လဲ?" ရှောင်ကျင့်ထျင်က စိတ်ဝင်တစား မေးသည်။

"ချောမောသော ဘုရင်လေးပါးတဲ့" ရွှီမုရန်က ပြောသည်။

ရှောင်ကျင့်ထျင်က "အိုး၊ ကောင်းသားပဲ..." သူ၏သားများ ကြီးပြင်းလာပြီးနောက် သူတို့ဟာ ပို၍ချောမောလာကြသည်။ ချန်ရွှိနှင့် လဲ့ရွှမ်တို့သည်လည်း အလွန်ကြည့်ကောင်းသည်။

"ဒါက ကောင်းတယ်၊ ပြီးတော့ နောက်ထပ် နာမည်တစ်ခုလည်း ရှိသေးတယ်" ဟု ရွှီမုရန်က ဆိုသည်။

ရှောင်ကျင့်ထျင်က "အဲဒါကရော ဘာလဲ?"

ရွှီမုရန် - "လေဆင်နှာမောင်း ဘုရင်လေးပါး"

ဝိညာဥ်​ရေးရာအပင် ဆရာသခင်အဖြစ် ကူး​ပြောင်းလာခြင်းTahanan ng mga kuwento. Tumuklas ngayon