မုန်းမာန်ဖွဲ့ရန်ငြိုး
အခန်း-၁ ထောင့်တစ်ထောင့်မှာ တိတ်ဆိတ်စွာ
မှောင်မိုက်နေတဲ့ ညမှာ အေးစက်နေတဲ့လေ ရုတ်တရက် တိုက်ခတ်လာတော့ ပျက်စီးနေပြီးသား အိမ်တံခါးကို ပိုလို့ ဆွေးမြေ့စေပြီး အသံမြည်နေစေတယ်။
ဝါရင့်အစေခံတချို့က ခြံဝန်းကို ဖြတ်သန်းပြီး အလျင်စလို သွားနေတယ်။ တခြားအစေခံတွေထက် သိသာထင်ရှားတဲ့ အရှိန်အဝါနဲ့ အစိမ်းဝတ်ရုံဝတ်ထားပြီး အင်္ကျီလက်စကို လက်မောင်းအထိ လိပ်တင်ထားတဲ့ အစေခံက ဦးဆောင်လာတယ်။ သူမ လက်ထဲမှာ စားစရာခြင်းတောင်းကို ကိုင်ထားပြီး အတွင်းခန်းထဲကို ဦးတည်နေတယ်။
ထူးဆန်းတဲ့ အနံ့အသက်က အိမ်တစ်ခုလုံးကို ပျံ့နှံ့နေလေရဲ့။ အသက်နည်းနည်း ပိုငယ်တဲ့ အစေခံက ဦးဆောင်သွားတဲ့ အစေခံနောက်ကနေ ကပ်လိုက်ပြီးတော့ တိုးတိုး ပြောလိုက်တယ်။
“အနံ့က တကယ်ဆိုးတာပဲ။ သခင်က အဲဒါကို ဘာလို့ ဒီမှာ ထားထားတာလဲ မသိဘူး။ အဲဒါက တကယ်ကြောက်ဖို့ ကောင်းတာပဲ”
သူမက ဒီနေရာကို ရောက်လာပြီးနောက် မအော်ဘဲ မနေနိုင်တဲ့အထိ အံ့သြသွားပြီး သူမထက် ပိုရင့်ကျက်တဲ့ အစေခံအနောက်ကို တိုးကပ်ပြီးတော့ တီးတိုးပြောလိုက်မိတယ်။
“အဲလိုတော့ မဖြစ်နိုင်..”
“ဝမ် စကားကို လျှော့ပြော”
အစိမ်းရောင်ဝတ်အစေခံက စိတ်အနှောင့်အယှက် နည်းနည်း ဖြစ်သွားတယ်။
“ငါတို့နားက တစ်ယောက်ယောက်သာ ကြားသွားရင် မင်းကို သက်ညှာပေးမှာ မဟုတ်ဘူး”
ဝမ်က ခပ်မြန်မြန် နှုတ်ဆိတ်သွားတယ်။
တံခါးဝကို ရောက်တဲ့အခါ မျက်နှာဝိုင်းဝိုင်းနဲ့ အစေခံက ထွက်လာပြီး အိမ်ထဲ ပြန်မဝင်မီ အစားအစာ ခြင်းတောင်းကို ယူသွားတယ်။ ခဏအကြာမှာ သူမက ခြင်းအလွတ်ကို ယူပြီး ပြန်ထွက်လာတယ်။ အစိမ်းဝတ်အစေခံက ခြင်းတောင်းကို ယူလိုက်ပြီး မျက်နှာဝိုင်းဝိုင်း အစေခံကို ပြောလိုက်တာပေါ့။
“သခင်က အဲလူကို အခန်းထဲကနေ ခေါ်လာဖို့ ငါတို့ကို အမိန့်ပေးလိုက်တယ်”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...