unicode
Part 100
အခန်း - ၈၈ အပိုင်း(၂က)
မင်းသားရှစ်ရဲ့ အိမ်တော်မှာ ရွှမ်းလီက နဂါးကိုးကောင် ပုံဖော်ထားတဲ့ လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်ကို ကြမ်းတမ်းစွာ ပစ်ခွဲလိုက်ပြီးတော့ လက်ဖက်ရည်ခွက်က အစိတ်အပိုင်းများစွာ အဖြစ် ကွဲသွားတယ်။ သူ့ရဲ့ ကြွက်သားတွေက တောင့်တင်းအားနဲ့ တင်းနေပြီးတော့ သူ့ရဲ့ ပုံမှန် သိမ်မွေ့ပြီး ပျော့ပျောင်းတဲ့ အသွင်အပြင်က လုံးဝပျောက်ကွယ်သွားပြီးတော့ ဒေါသက အရိုးထဲထိ စိမ့်ဝင်နေတဲ့ ပုံနဲ့ အစားထိုးနေတယ်။
“ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားတာလဲ။ ဆည်က ဘာမှ မဖြစ်ဘူးလို့ သူတို့ မပြောခဲ့ဘူးလား။ တကယ်လို့ အဲ့မှာ ဘာမှ မဖြစ်ရင် ဘယ်လိုလုပ်ပြီးတော့ ဆည်က ကျိုးသွားမှာလဲ။”
သူက သူနဲ့ အနီးဆုံးမှာ ရပ်နေတဲ့ အကြံပေးကို လက်ထဲက စာအုပ်နဲ့ ပစ်လိုက်တယ်။
အကြံပေးက ကြောက်လွန်းလို့ အသက်တောင် မရှုရဲဘူး။ ဒါက အမြဲတမ်း သိမ်မွေ့တဲ့ မင်းသားရှစ် ပထမဆုံးအကြိမ် စိတ်အရမ်းတိုတာ ဖြစ်ပြီးတော့ သူက အမြဲတမ်း သူ့ရဲ့ ခံစားချက်တွေကို ကျွမ်းကျင်စွာ ထိန်းချုပ်ထားတာဖြစ်တယ်။ တကယ်လို့ သူက တစ်ယောက်ယောက်ကို အရမ်းမုန်းတီးနေတယ်ဆိုရင်တောင် သူက သူ့ရဲ့ ရန်သူကို သူတို့နှစ်ယောက်က သာယာတဲ့ ပတ်ဝန်းကျင်မှာ နွေဦးလေပြေကို ခံစားနေသလို ပြုံးပြမှာဖြစ်တယ်။
အခုအချိန် ရွှမ်းလီရဲ့ ရင်ထဲမှာ ဘယ်လောက် ဒေါသထွက်နေလဲဆိုတာ ဘယ်သူမှ မသိဘူး။
ဘာလို့ ဒီတစ်ကြိမ်မှ ဖြစ်ရတာလဲ။
သူက နောက်ဆုံးတော့ သူလိုချင်တာကို ရကာနီးမှပဲ။ သူက လူတွေကြားမှာ ကျော်ကြားပြီးတော့ သူက ဧကရာဇ် သဘောကျတာ ခံခဲ့ရတာတွေ အကုန်လုံးက ဒီနောက်ဆုံး ကူညီမှပဲ အကုန်လုံးက ပျောက်ကွယ်သွားတယ်။ ပြီးတော့ သူ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ မျက်လုံးထဲမှာ ပိုပြီး တောက်တောက်ပြောင်ပြောင် နေနိုင်မှာကလည်း ပျောက်ကွယ်သွားတယ်။ အရာရှိတွေထဲက ရာထူးကြီးတဲ့ သူတွေ သူ့ကို ထောက်ခံလာကြပြီးတော့ လူတွေ အများကြီး သူ့လက်ဖဝါးထဲမှာ ရှိနေပြီးတော့ သူက ပိုဩဇာ ရှိပြီးတော့ အနာဂတ်မှာ အာဏာပိုရှိလာမှာဖြစ်တယ်။

YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...