part 83(1)

3.4K 414 18
                                    

unicode

Part 90

အခန်း - ၈၃ အပိုင်း(၁)

ကျန်းရှင်းကျီက တစ်ယောက် ငါးယောက်ဖြစ်နေတယ်။ ဒါပေမဲ့ သူက အချိန်တိုအတွင်းမှာ သူ့ကို ပစ်တဲ့သူတွေနောက်မှာ နောက်ကျမကျန်ခဲ့ဘူး။ ဒီအချိန်မှာ သူ့ရဲ့ ရန်သူတွေက သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ အံ့အားသင့်မှုတွေ ရှိနေတယ်။ သူတို့က စစ်မြေပြင်မှာ ကျင်လည်ခဲ့တဲ့ ကျန်းရှင်းကျီကို အရင်လေ့လာဖို့ ပြောခံခဲ့ရတယ်။ ဒါပေမဲ့ သူက ကျန်းမိသားစုက ပညာတော်သင် ကျောင်းသားဖြစ်ပြီး အားနည်းတဲ့ သခင်လေးလို့ လူပြောသူပြောနဲ့ ကွဲပြားသူဖြစ်တယ်။

ဒီအချိန်အတွင်းမှာ ဒီရန်သူ လက်တစ်ဆုပ်စာက သူနဲ့ အနည်းငယ် တိုက်ပြီးတော့ သူတို့ရဲ့ ခွန်အားကို ထပ်တိုးလိုက်ကြတယ်။ ပြီးတော့ တစ်ယောက်က လေးနက်တဲ့ အမူအရာကို နောက်တစ်ယောက်ကို ပြလိုက်ပြီးတော့ နောက်တစ်စက္ကန့်မှာပဲ ဒီနှစ်ယောက်က အသစ်တဖန် ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကို ချလိုက်ကြတယ်။ တစ်ဆင့်ချင်း သူတို့ရဲ့ အသက်က အဲ့အပေါ်မှာ မူတည်နေသလို တစ်ယောက်က ကျန်းရှီကျီနဲ့ နောက်ကို သွားပြီးတော့ မြင်းရဲ့ခြေထောက်ကို ခုတ်လိုက်တဲ့ အချိန်မှာ နောက်တစ်ယောက်က ပြင်းပြင်းထန်ထန်ဖိလိုက်တယ်။

"ဟီးဟီးဟီးဟီးဟီး"

ဟေးဖန်က ရှည်လျားစွာ အော်လိုက်ပြီးတော့ သူ့ရဲ့ ခြေထောက်တွေက ဓားချက်တွေကြောင့် ဒဏ်ရာရသွားတယ်။ အဲတာနဲ့ သူ့ရဲ့ ရှေ့ခြေနှစ်ချောင်းက ဒူးထောက်သွားတယ်။ ကျန်းရှင်းကျီက မြင်းပေါ်ကနေ ခုန်လိုက်တယ်။ သူက ဒီလိုလုပ်လိုက်တာနဲ့ လူနှစ်ယောက်က အခွင့်အရေးကို အရယူပြီးတော့ သူ့ကို တိုက်ခိုက်ကြတယ်။ ကျန်းရှင်းကျီက သူ့ရဲ့ ခန္ဓာကိုယ်ကို လှိမ့်ချလိုက်ပေမဲ့ သူက မြေပြင်ကို ထိပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် အထဲကို နစ်သွားသလို ခစားလိုက်ရတယ်။ ထင်ထားသလိုပဲ သူက နစ်ဝင်သွားပြီးတော့ နွံထဲမှာ သူရုန်းကန်လေ ပိုပြီး နစ်လေပဲ။

ရန်သူ အများအပြားက သူတို့ရဲ့ ဓားတွေကို ကျန်းရှင်းကျီရဲ့ အောက်ပိုင်းကို ချိန်ထားကြတယ်။ ခဏလေးနဲ့ နွံက သူ့ကို ခါးအထိ ဆွဲသွားပြီဖြစ်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now