unicode
Part-45
အခန်း - ၅၅
ညနေစောင်းရောက်တော့ ကျန်းအိမ်တော်က မိန်းမပျိုလေးတွေ မီးပုံးပွဲတော်ကို သွားဖို့ အချိန်တန်ပြီဖြစ်တယ်။
ကျန်တဲ့ ကျန်းအိမ်တော်ကလူတွေကလည်း သူတို့နဲ့ သွားမှာဖြစ်ပေမဲ့ သူတို့က လင်းလောင်လှေပေါ်ကို တက်ခွင့်ရမှာမဟုတ်ဘဲ သူတို့က ကမ်းစပ်က စားသောက်ဆိုင်တွေကနေ မီးပုံးတွေ လွှတ်တင်တာကိုပဲ ကြည့်ရမှာဖြစ်တယ်။
မြင်းရထားသမားက အပေါက်ဝမှာ စောစောရောက်နေတယ်။ ကျန်းစုစုက အရင် ရထားလုံးထဲကို ဝင်သွားပပြီး ကျန်းယွမ်နဲ့ အခြားသူတွေကို ဝင်လာဖို့ ပြောလိုက်တယ်။ ကျန်းလီနဲ့ ကျန်းတန်တို့က ကျန်းယွမ်နဲ့ ကျန်းစုစုတို့ရဲ့ရထားလုံးနဲ့ အတူတူပဲ။ ကျန်းအိမ်တော်က ရဲမက်တွေ အများကြီးက သူတို့ကို လင်းလောင်လှေ ဆိုက်ကပ်ထားတဲ့ ယုံတင်းမြစ်ဆီကို လိုက်ပို့ကြတယ်။
လင်းလောင်လှေက မြို့တော်ရဲ့ မြင့်မြတ်တဲ့ အမျိုးသမီးတွေပဲ စီးခွင့်ရတာဆိုပေမဲ့ တကယ်က အများစုက နန်းတွင်းမှာ မွေးတဲ့သူတွေပဲ။ ဧကရီကြောင့် မဟုတ်ပေမဲ့ လက်ရှိ နှစ်သက်ခံရပြီး အထိမခံဖြစ်နေတဲ့ မင်းသားရှစ်ရဲ့ မိခင်ဖြစ်တဲ့ ရှုဖေးမယ်မယ် ကြောင့်ဖြစ်တယ်။ ရှုဖေးက ဧကရာဇ်ရဲ့ သဘောကျခြင်းကို ခံနေရလို့ နန်းတွင်းထဲမှာ သူမရဲ့ အဆင့်အတန်းက ဧကရီတောင် သူမကို အတိုင်းအတာ တစ်ခုအထိ ကြောက်ရတယ်။ သူမရဲ့ မိသားစုကလည်း ချမ်းသာပြီးတော့ မာနကြီးတယ်။ ပြီးတော့ သူမကနှစ်တိုင်း လင်းလောင်လှေနဲ့ ကျင်းဆောင်းလှေကို အလှဆင်တဲ့ နေရာမှာ သဘောထားကြီးစွာနဲ့ အကုန်အကျခံခဲ့တယ်။ သူမက စိတ်လှုပ်ရှားစရာကောင်းတာကို ရှာဖွေနေတယ်လို့ပြောပေမဲ့ အဲဒါက သူမမှာ ဘယ်လို ရည်ရွယ်ချက် ရှိလဲဆိုတာ မသိဘူး။
ရထားလုံးက မြို့တော်ရဲ့ လမ်းတစ်လျှောက် ဆက်ပြီး ရွေ့နေတယ်။ ကျန်းလီနဲ့ ကျန်းတန်တို့က အငယ်တွေဆိုတော့ ဒါက သူတို့ မီးပုံးပွဲတော်ကို တက်ရောက်ရတာ ပထမဆုံးပဲ။ ကျန်းတန်က အောက်ကို ရှက်ရွံ့စွာကြည့်နေရင်း နှုတ်ဆိတ်နေတယ်။ ကျန်းလီရဲ့ မျက်နှာထားက သူမရဲ့ စိတ်မရှည်မှုကို သစ္စာဖောက်နေတယ်။ မဟုတ်ရင် သူမက ကျန်းယွမ်နဲ့ ကျန်းစုစု ဘယ်လို တုံ့ပြန်မလဲဆိုတာ မသိဘူး။ သူမက လိုက်ကာကိုမပြီး ဘေးကိုပဲ လှည့်ကြည့်နေခဲ့တယ်။
ကျန်းယွမ်က မျက်စိမှိတ်လိုက်နေတုန်း ကျန်းစုစု မေးတာကို ကြားလိုက်ရတယ်။
"မမက ဘာအရည်အချင်းကို ပြသမှာလဲဟင်"
ထင်ထားသလိုပဲ။ ကျန်းယွမ်က စိတ်ထဲမှာ ရယ်လိုက်ပေမဲ့ သူမက သူမရဲ့ အသံကို တည်ငြိမ်စွာထားလိုက်ပြီး သူမကို ကြည့်ပြီးတော့ ဖြေလိုက်တယ်။
"မမက ဘာမှ ပြသစရာ မရှိဘူး။ ဘာလို့ ညီမလေးက ဒီလိုမေးတာလဲ"
"မမ အဲ့လောက် နှိမ့်ချစရာ မလိုပါဘူး"
စိတ်တိုချင်ယောင်ဆောင်လိုက်ပြီး ကျန်းစုစုက ပြောလိုက်တယ်။
"ညီမလေးတို့က တစ်မိသားစုထဲကို မမ ရှက်နေစရာလိုသေးလို့လား။ ဒါမှမဟုတ် မမက သတိမထားမိတာနေမှာ။ နှစ်တိုင်း မီးပုံးပွဲတော်ကျင်းပရင် လင်းလောင်လှေပေါ်မှာ မိသားစုတစ်စုတိုင်းက သမီးပျိုတွေက သူတို့ရဲ့ အရည်အချင်းတွေကို ဘယ်သူက အတော်ဆုံးလဲဆိုတာကို ဆုံးဖြတ်ချက်ချဖို့ အကောင်းဆုံးပြသရမှာ ဖြစ်တယ်။ ပြီးတော့ နိုင်တဲ့သူက လှေပေါ်မှာ အလှဆုံးမီးအိမ်ကို ဆုအဖြစ် ချီးမြင့်ခံရမှာ"
ကျန်းယွမ် ခေါင်းငုံ့လိုက်ပြီး ပြောလိုက်တယ်။
"ကြားရတာ စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ မမက တကယ် ဘာမှ ပြသစရာ အရည်အချင်းမှ မရှိတာ"
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်းစုစုက ပြောလိုက်တယ်။
"မမရဲ့ အမေရှိတုန်းက ကုချင်း၊ စစ်တုရင်၊ လက်ရေးလှရေးတာနဲ့ ပန်းချီဆွဲတာတွေကို မမရဲ့ အမေက ကျွမ်းကျင်တယ်။ အဲဒါတွေကို မမ မသင်ခဲ့ရဘူးဆိုတာကို ညီမလေး မယုံဘူး"
သူမရဲ့ အသံက အပြစ်ကင်းစင်ပြီး ပွင့်လင်းသလိုပဲ။ ပြီးတော့ သူမက အမျိုးသမီးငယ်လေးဖြစ်လို့ ဘယ်သူကမှ သူမရဲ့ စကားတွေကို မဆန့်ကျင်ရဲဘူး။ ကျောက်မိန် ကျန်းအိမ်တော်ကို စစချင်း လာတုန်းက အကုန်လုံးက သူမကို လေးစားစရာကောင်းတဲ့ ဗိုလ်ချုပ်မိသားစုကဆိုတာကို သိပေမဲ့ ကျန်းချွမ်အတွက် အဲ့ပညာရပ်လေးရပ်ကို သင်ယူခဲ့တယ်ဆိုတာကို မသိခဲ့ကြဘူး။ ဒါပေမဲ့ သူမက ကျန်းချွမ် သငဘောကျတာ မခံခဲ့ရဘူး။ ဒါ့အပြင် သူမက အဲ့ပညာရပ်တွေကို ကျန်းချွမ်အတွက် အတင်း သင်ယူခဲ့ပေမဲ့ ကျန်းချွမ်က ရှယန်ကိုပဲ ပိုသဘောကျပြီး သူမကိုပဲ အချိန်ပေးခဲ့တယ်။ ဒီတော့ သူမရဲ့ ကျက်သရေက ကျောက်မိန်ရဲ့ ရက်စက်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်လာတယ်။ အနည်းဆုံးတော့ ဒါက လူတွေရဲ့ အမြင်မှာ မြင်ခဲ့တာပဲ။
ကျန်းစုစုရဲ့ ထေ့လုံးတွေက သူမ ကျောက်မိန် ပညာလေးမျိုးကို ကျွမ်းကျင်တယ်ဆိုတာကနေ စတာပဲ။
"ညီမလေးပြောတာ မှားမှာစိုးတယ်"
ကျန်းယွမ်က ပြုံးပြီး ပြောလိုက်တယ်။
"ညီမလေးက အမေသင်ပေးတာ မခံရဘူးလား။ တကယ်ဆိုရင် ဒါက ကိစ္စမဟုတ်ပါဘူး။ အဖေက ညီမလေးအတွက် ဆရာတွေ ခေါ်ပေးမှာပါ။ ဒါပေမဲ့ မမက ကျေးလက်မှာဆိုတော့ ဘယ်ဆရာမှာ ခေါ်သင်လို့ မရဘူး"
ကျန်းစုစုက အသက်ရှူကျပ်သွားပြီး မပြောခင် ခဏလောက်ရပ် သွားတယ်။
"ဒါပေမဲ့က အဲ့လောက်ထက်မြက်တာ ဘာအရည်အချင်းမှ မရှိတဲ့သူတစ်ယောက်တော့ မဖြစ်နိုင်ပါဘူးနော်။ ပြီးတော့ ဒီအခြေအနေက ညီမလေးတို့ ကျန်းအိမ်တော်ကို ဂုဏ်သတင်းတက်အောင် လုပ်ပေးနိုင်တယ်။ မမ အဲ့ကိစ္စကို ဘာလို့ နည်းနည်းလောက် တွေးမကြည့်တာလဲ။ မမမှာ အရည်အချင်းတစ်ခုခုရှိရင် ပြသလိုက်ပါ"
"ညီမလေးရဲ့ အမြင်မှာ မမ ဘာလုပ်နိုင်တယ် ထင်လဲ"
ကျန်းယွမ်က မေးလိုက်တယ်။
ကျန်းစုစုက သူမကို သံသယရှိတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ ဒါပေမဲ့ ကျန်းယွမ်ရဲ့ အကြည့်က တည်ငြိမ်ပြီးတော့ သူမက ကျန်းစုစုရဲ့ ထင်မြင်ချက်ကို တကယ်လိုချင်တဲ့ ပုံပဲ။ ဒါ့ကြောင့် သူမက ပြောလိုက်တယ်။
"လက်ရေးလှရေးတာနဲ့ ပန်းချီဆွဲတာ အချိန် နည်းနည်းလေးနဲ့ မကျင့်နိုင်ဘူး။ ပြီးတော့ မမ ကုချင်း ဘယ်လို တီးသင့်လဲ ဆိုတာကိုလည်း မသင်သင့်ဘူး။ မမ သီချင်းတစ်ပုဒ်နဲ့ ကရင်ရော။ ကျေးလက်မှာဆိုရင်တောင် အဲ့မှာ အက ဖျော်ဖြေပွဲတွေရှိမှာပဲ။ မမ အဲ့က ကကွက်နည်းနည်းကို ကနိုင်ရင် ရပြီ"
ကျန်းယွမ်က ခေါင်းညိတ်လိုက်တယ်။
"ဒါက တကယ်ကောင်းတဲ့ အကြံပဲ။ ညီမလေးရဲ့ အမြင်က တကယ် အကူအညီရတာပဲ"
ဘေးမှာ ထိုင်နေတဲ့ ကျန်းလီက လှောင်လိုက်တယ်။
"တကယ်ကျွမ်းတဲ့သူတွေ ရှေ့မှာတော့ ကိုယ့်ကိုယ်ကို သွားပြီးအရူး မလုပ်မိစေနဲ့ပေါ့"
ဒါတွေက သူမရဲ့ စကားလုံးတွေ ဆိုပေမဲ့ သူမရဲ့ မျက်ဝန်းက ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဘေးမှာထိုင်နေတဲ့ ကျန်းတန်ကတော့ ကျန်းယွမ်ကို ရှက်ပြုံးလေး ပြုံးပြလိုက်တယ်။
ကျန်းယွမ် နောက်လှည့်လိုက်ပြီး
"ဒီလိုဆိုရင်လည်း မမ ဘယ်လို ကရမလဲဆိုတာ သေချာစည်းစားလိုက်ဦးမယ်"
"မမက လူတိုင်းကို အံ့အားသင့်အောင် လုပ်နိုင်မယ်ဆိုတာ ညီမလေးယုံကြည်တယ်"
ကျန်းစုစုက ပြုံးပြီး ပြောတယ်။
ကျန်းယွမ် မျက်စိမှိတ်ထားပြီး သေချာတွေးနေပုံပေါ်ပေမဲ့ သူမက ရုတ်တရက် တကယ်တော့ စိတ်ကို ရှင်းနေတာ ဖြစ်တယ်။
မြင့်မြတ်တဲ့ မိသားစုက အမျိုးသမီးငယ်တွေ အကုန်လုံးက လှေပေါ်မှာ ဖြစ်ပြီးတော့ သူတို့ရဲ့ အရည်အချင်းတွေက ထူးခြားတယ်။ ကျန်းစုစုက သူမကို ကျေးလက်က အကကို ဒီမှာ ကသင့်တယ်လို့ အကြံပေးနေတယ်။ တကယ်လို့ သူမ ကပြခဲ့ရင် နောက်နေ့ညကျရင် သူမက တစ်မြို့လုံးရဲ့ ရယ်စရာဖြစ်နေမှာ ဖြစ်တယ်။
ကျန်းစုစုက ကျန်းယွမ်ရဲ့ အရင်ဘဝက နည်းတွေပဲ သုံးနေတုန်းပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ သူမက သူမ လိုချင်တဲ့ အရာကို ထိခိုက်ခံမှာ မဟုတ်တော့ဘူး။
အတိုင်းအတာ တစ်ခုလောက် သွားပြီးတော့ အပြင်က မြင်းရထားသမား အော်နေတာကို သူတို့ ကြားလိုက်ရတယ်။ ပြီးတော့ ရထားလုံးက ရပ်သွားတယ်။ အစေခံ အချို့က အပြင်မှာ စောင့်နေပြီး ရထားလုံးက လိုက်ကာတွေကို ဖယ်လိုက်တယ်။ ပြီးတော့ အထဲက ခရီးသည်တွေက ဖြည်းဖြည်းချင်း ထွက်လာကြတယ်။
ကျန်းယွမ်က ရထားလုံးထဲကနေ နောက်ဆုံးမှ ထွက်လာတာဖြစ်တယ်။ သူမက သူမ မျက်စိရှေ့က မြင်ကွင်းကို ကြည့်လိုက်ပြီး မူးဝေသွားတယ်။ ဒီခရီးအတွင်းမှာ မှောင်ရိပ်ပျိုးလာတယ်။ မရေတွက်နိုင်တဲ့ မီးအိမ်တွေ အဖြစ် ကြယ်လေးတွေက ကောင်းကင်ထက်မှာ တလက်လက် တောက်ပနေတယ်။ မြို့တော်ကလည်း ခမ်းနားထည်ဝါနေတယ်။ စီးဆင်းနေတဲ့ ရေပြင်ကလည်း သူတို့ရဲ့ ခြေထောက်အောက်မှာ နိမ့်လိုက်ကျလိုက်ဖြစ်နေတယ်။ မီးအိမ်မျိုးစုံက မြစ်ရေပြင်ပေါ်မှာ ထွန်းညှိထားပြီးတော့ တစ်ချက်ကြည့်ရုံနဲ့ သူတို့ကို ရွေ့လျားနေတဲ့ အလင်းရောင်တစ်ခုလို တွေ့ရစေတယ်။ လှေနှစ်စင်းက နဂါးတွေနဲ့ ဖီးနစ်ငှက်ပုံတွေ ထွင်းထားတယ်။ ပြီးတော့ ဈေးကြီးတဲ့ မီးအိမ်တွေနဲ့ အလှဆင်ထားတယ်။ သာယာနာပျော်ဖွယ် စကားသံတွေနဲ့ ရယ်မောသံတွေက ပြည့်နှက်နေတယ်။
ဒီလှေတွေက ကျင်းဆောင်းလှေနဲ့ လင်းလောင်လှေပဲ။ ကျန်းယွမ် အသက်ဝဝရှူလိုက်ပြီး အစေခံကောင်းလေးတစ်ယောက် အော်သံကို ကြားလိုက်ရတယ်။
"ကျန်းအမျိုးသမီးငယ်လေးတွေ ရောက်ရှိလာပါပြီ"
ရယ်မောသံတွေနဲ့ စကားပြောသံတွေက ရပ်တန့်သွားတယ်။ လှေနှစ်စင်းလုံးပေါ်မှာ အရပ်မျက်နှာ အားလုံးကနေ လူတွေက နောက်ကျမှ ရောက်လာတဲ့ အမျိုးသမီးငယ်လေးတွေ ရှိတဲ့ နေရာကို မဆုံခင်အထိ ပြတင်းပေါက် အကြီးကြီးတွေဆီကို လှည့်ကြည့်နေကြတယ်။
ကျန်းစုစုက မြို့တော်မှာ အရည်အချင်းရှိပြီး အလှဆုံး အမျိုးသမီးဖြစ်တယ်။ သူမက နဂိုကတည်းက လူတွေ အာရုံစိုက်တာ ခံရတယ်။ ဒီနေ့ သူမက ငွေရောင် အင်္ကျီနဲ့ အဖြူရောင် ဇီးပွင့်လေးတွေပါတဲ့ ငွေရောင် ဂါဝန်လေးဝတ်ထားတယ်။ သူမရဲ့ ဆံပင်က လွင့်နေတဲ့ တိမ်ပုံစံ ထိုးထားပြီး အဖြူရောင်ကျောက်စိမ်း ဆံထိုးနဲ့ ထိုးထားတယ်။ သူမ လမ်းလျှောက်တာနဲ့ သူမရဲ့ အဖြူရောင် အပေါ်ရုံက လေပြေနဲ့ လွင့်မျောနေတယ်။ သူမက အရမ်း လှပသိမ်မွေ့ပြီး ကမ္ဘာမြေပေါ်ကို ဆင်းသက်လာတဲ့ နတ်သမီးလေးလိုပဲ။
ဒါပေမဲ့ လူတွေရဲ့ အကြည့်က သူမနောက်က လျှောက်လာတဲ့ အမျိုးသမီးငယ်လေးအပေါ်မှာပဲ ရှိနေတယ်။
အမျိုးသမီးငယ်ရဲ့ တစ်ကိုယ်လုံးကို ကြိုးကြာပုံပါတဲ့ ကြက်သွေးရောင် အပေါ်ရုံနဲ့ ခြုံထားပြီး သူမရဲ့ ကျောက်စိမ်းလို ဖြူဖျော့ပြီး ချောမွေ့တဲ့ အသားအရည်နဲ့ ဆန့်ကျင်ဘက်ပဲ။ ဒါက လူတွေကို ကြက်သွေးရောင် အပေါ်ရုံခြုံထားတဲ့ အမျိုးသမီးအပေါ်ကို စည်းကမ်းမဲ့ပြီး စိတ်ကူးယဉ်တတ်တဲ့ အတွေးတွေကိုဖြစ်ပေါ်လာစေတယ်။ သူမရဲ့ မျက်ဝန်းတွေက စိမ့်စမ်းရေလိုပဲ။ သူမရဲ့ မျက်တောင်တွေက မှင်နက်ရောင် စုတ်ချက်တွေလိုပဲ။ မီးရောင်တွေအောက်မှာ သူမရဲ့ အမူအရာက သိမ်မွေ့ပြီး ယဉ်ကျေးတယ်။ သူမရဲ့ မျက်ဝန်းတွေက အေးစက်နေတဲ့ အရိပ်အရောင်တွေ ရှိပြီး သူမမှာ အနီရောင် နှုတ်ခမ်းလေးရှိတယ်။ သူမရဲ့ နက်မှောင်တောက်ပတဲ့ဆံကေသာကို ဆံထုံးအသေးလေး တစ်ခုထုံးထားပြီး ကျန်တာတွေကို ဘေးမှာ ချထားတယ်။ သိမ်မွေ့ပြီး နတ်သမီးဆန်တာနဲ့ ဆန့်ကျင်ဘက်ပဲ သူမက ဆွဲဆောင်မှုရှိတယ်၊ တောက်ပတယ်၊ ဣန္ဒြေရရပြုမူပြီးတော့ သူမဆီမှာ တော်ဝင်မျိုးနွယ်ဝင်အဖြစ် မွေးဖွားလာတဲ့ အငွေ့အသက်ရှိတယ်။ သူမက သူမရဲ့ ဆွဲဆောင်မှုရှိတာကို သတိပြုမိပံဒမရဘူး။ သူမ လူအုပ်ရှေ့ကို တစ်လှမ်းချင်းလျှောက်လာပြီး သူမကို ကြည့်နေတဲ့သူတွေက အသက်ရှူဖို့တောင် မေ့နေကြပြီး ဒီအမျိုးသမီးငယ်လေးက အိမ်မက်လား တစ်ကယ်လားဆိုတာတောင် မခွဲခြားနိုင်ကြတော့ဘူး။
သူမ အရမ်းလှပနေတာက ကြောက်စရာ အရမ်းကောင်းနေတယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...