part 104(2)

2.7K 318 7
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြိုး

Part 133

အခန်း ၁၀‌၄ အပိုင်း( ၂ခ)

တော်ဝင်ဉယျာ်ဉ်ထဲမှာ မင်းသမီးဟဲရီက သူမရှေ့က ခွက်ကို ဟိုကြည့်သည်ကြည့် ကြည့်နေတယ်။
“အစ်ကိုငါး နင် တွေးပြီးပြီလား။”
ငါးယောက်မြောက်မင်းသားရွှမ်းဟွာရဲ့ ခန့်ညားတဲ့မျက်နှာက အဲ့အချိန်မှာ မှုန်မှိုင်းသွားတယ်။
“ဆယ်ယောက်မြောက်ညီမလေး မင်း မင်းရဲ့ အစ်ကိုငါးက မင်းအသုံးချစရာလို့ ထင်နေတာလား။”
“အစ်ကိုငါး အဲဒါကို ပစ်မထားသင့်ဘူး။”
မင်းသမီးဟဲရီရဲ့ လှပတဲ့ မျက်နှာပေါ်မှာ အပြုံးလေး ပေါ်လာပေမဲ့ သူမရဲ့ အကြည့်က မြွေတစ်ကောင်လိုပဲ။ ဟောင်အန်းကျွမ်းကျူ့က သာမာန်လူတစ်ယောက် မဟုတ်ဘူး။ တကယ်လို့ အစ်ကိုငါးက သူမကို လက်ထပ်နိုင်ရင် ကျန်းရှင်းကျီက စစ်တပ်သုံးခုကို အမိန့်ပေးနိုင်တဲ့သူ၊ ကျောက်ကွမ်း၊ အဲ့အဘိုးကြီးကလည်း အစ်ကိုငါးနောက်ကို ပါလာမှာ ဖြစ်ပြီးတော့ မယ်တော်ယိတျယ်ရဲ့ အထောက်အပံ့လည်းရှိတယ်။ နင် မလိုချင်ဘူးလား။”
ရွှမ်းဟွာရဲ့ မျက်လုံးက တောက်ပသွားတယ်။
“မင်းက တော်တော်အပြောကြီးတာပဲ။ အဲဒါက အရမ်း အန္တရာယ်များလွန်းတယ်။”
“ရဲရင့်ခြင်းကို ကံတရားက သဘောကျတယ်။”
မင်းသမီးဟဲရီက အပြုံးနဲ့ ပြောလိုက်တယ်။
“တကယ်လို့ အစ်ကိုရှစ်က သဘောမတူလည်း ဘာမှမဖြစ်ဘူး။ အစ်ကိုရှစ်နဲ့ ရှအိမ်တော်က ဆက်ဆံရေးကောင်းမွန်ပြီးတော့ သူနဲ့ ကျန်းအိမ်တော်ရဲ့ ဆက်ဆံရေးကလည်း အရမ်းဆိုးမှာ မဟုတ်ဘူး။ နင့်ရဲ့ ညီမလေးက အစ်ကိုရှစ်က ဟောင်အန်းကျွမ်းကျူ့ကို သဘောကျနေတယ်ဆိုတာ တွေ့နေရတယ်။ ကျွတ်ကျွတ် ငါ့ရဲ့ အမြင်မှာ ဟောင်အန်းကျွမ်းကျူ့က လက်ထပ်နိုင်တဲ့ အရွယ်ရောက်နေပြီးတော့ သူက ဟောင်အန်းကျွမ်းကျူ့ကို တရားဝင်လက်ထပ်ခွင့်တောင်းဖို့ သိပ်မကြာတော့ဘူး။ အဲ့ကျရင် ကျောက်မိသားစုနဲ့ ကွမ်မိသားစုတို့က အစ်ကိုရှစ်ဆီ ရောက်သွားကြမှာပဲ။”
ရွှမ်းဟွာရဲ့ မျက်နှာထားက ရှုံ့မဲ့သွားပေမဲ့ သူက ပြောလိုက်သေးတယ်။
“ဒီတော့ဘာဖြစ်လဲ။ အရင်တုန်းက ဟောင်အန်းကျွမ်းကျူ့က နန်းတွင်းဂုဏ်ပြုညစာစားပွဲမှာ လက်ထပ်ပွဲကို ငြင်းခဲ့တယ်။ အခု ဖခမည်းတော်က သူမကို သူမရဲ့ လက်တွဲဖော်ကို သူမကို ရှာခွင့်ပေးထားတယ်။ သူမက ညီလေးရှစ်ကို ရွေးမှာမဟုတ်ဘူး။”
“အစ်ကိုငါး နင် ဘာလို့ ဒီလောက်တုံးရတာလဲ။”
မင်းသမီးဟဲရီက သက်ပြင်းချလိုက်တယ်။
“ညီမလေးက အစ်ကိုငါးကို ဒီနည်းလမ်းပြောပြီးပြီပဲ။ တကယ်လို့ အစ်ကိုငါးက လက်မခံရင် ငါ အစ်ကိုရှစ်ကိုပဲ သွားပြောတော့မယ်။ အစ်ကိုငါးက ငြင်းပေမဲ့ အစ်ကိုရှစ်ကတော့ လက်ခံမှာဆိုတော့ ဟောင်အန်းကျွမ်းကျူ့က အစ်ကိုရှစ်ကို အတင်းလက်ထပ်ရတော့မှာပေါ့။”
“မင်း ငါ့ကို ခြိမ်းခြောက်နေတာလား။”
ရွှမ်းဟွာ စိတ်တိုသွားတယ်။
“အစ်ကိုငါးကို သတိပေးတာပါ။”
မင်းသမီးဟဲရီက ပြုံးလိုက်တယ်။
“ငါ့ရဲ့ အမေနဲ့ တော်ဝင်ကြင်ရာတော်နဲ့ မတည့်ကြတော့ ငါသူ့ကို မကူညီချင်ဘူး။ အခု ငါ အစ်ကိုငါးနား ရောက်နေပြီပဲ မဟုတ်လား။ အဲဒါက အရန်အကြံအစည်ပဲ ရှိသေးတယ်။ ဒီတော့ အစ်ကိုငါး နင် သေချာ စဉ်းစားသင့်တယ်။ အဲ့ဟောင်အန်းကျွမ်းကျူ့က အံ့အားသင့်စရာကောင်းတဲ့ သူနော်။ သူမကို လက်ထပ်ရင် အစ်ကိုငါး ဆုံးရှုံးစရာ ဘာမှမရှိဘူး။”
ကျန်းယွမ်ရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာက ရုတ်တရက် ရွှမ်းဟွာရဲ့ စိတ်ထဲမှာ ပေါ်လာပြီးတော့ သူ့ရဲ့ အသက်ရှုသံက မြန်လာတယ်။ အဲဒါ မှန်တယ်။ ယောက်ျားတစ်ယောက်အနေနဲ့ သူမရဲ့ အံ့အားသင့်စရာကောင်းတဲ့ အလှမျိုးကြောင့် စိတ်မလှုပ်ရှားဘူးလို့ ပြောတာက အလိမ်အညာတစ်ခုပဲ ဖြစ်မှာဖြစ်တယ်။ ဒါ့အပြင် ကျန်းယွမ်ရဲ့ နောက်ခံက လျှော့တွက်လို့ရတဲ့သူ မဟုတ်ဘူး၊ သူနဲ့ ရွှမ်းလီရဲ့ ရန်ပွဲက လွန်ခဲ့တဲ့ သုံးနှစ်က စပြီးတော့ ပြင်းထန်လာတာဖြစ်တယ်။ သူတို့က ညီအစ်ကိုတွေလို နေနေကြပေမဲ့ တစ်ကယ်တော့ သူတို့က တစ်ယောက်ကိုတစ်ယောက် သတ်ဖို့ မစောင့်နိုင်ကြဘူး။ တကယ်လို့ သူက ကျန်းရှင်းကျီနဲ့ ကျောက်မိသားစုကို သူ့ဘက်မှာထားနိုင်ခဲ့ရင် သူက ချက်ချင်းပဲ အားသာချက်တွေ အများကြီးရလာမှာဖြစ်တယ်။ အဲ့ထဲမှာ ဟောင်အန်းကျွမ်းကျူ့ကို အရမ်းချစ်တဲ့ မယ်တော်ယိတျယ်လည်း ပါတယ်။ တကယ်လို့ ဖြစ်နိုင်ရင် သူက သူမကို သူ့ဘက်မှာ ချည်ထားချင်တယ်။
ရွှမ်းဟွာက လှောင်လိုက်တယ်။
“ဆယ်ယောက်မြောက်ညီမ မင်းအစ်ကိုကို မြှောက်မပေးနဲ့။ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။”
“လွယ်ပါတယ်။”
မင်းသမီးဟဲရီရဲ့ လှပတဲ့ မျက်နှာအမူအရာက ရုတ်တရက် ရှုံ့မဲ့သွားတယ်။
“ငါ အဲ့ခွေးမကို ပျက်စီးစေချင်တယ်။”
ရွှမ်းဟွာက စိတ်တိုစွာနဲ့ အော်ပြောလိုက်တယ်။
“မင်းဘာပြောတာလဲ အဲ့ငါ့ရဲ့ အိမ်တော်သခင်မ ဖြစ်ရမယ့်သူကို ဖျက်ဆီးရမယ် ဟုတ်လား။”
“ပုံကြီးချဲ့ မပြောပါနဲ့ ငါးယောက်မြောက်အစ်ကို။ ဟောင်အန်းကျွမ်းကျူ့က လူတွေ အာရုံစိုက်တာ ခံနေရချိန်မှာ နင် အခု ချက်ချင်း အလျင်စလို လက်ထပ်ပွဲ စီစဉ်လိုက်ရင် ကျန်းရှင်းကျီနဲ့ ကျောက်မိသားစုတို့က အဲဒါကို ဒီတိုင်းထားမှာ မဟုတ်ဘူး။ အခု သူမရဲ့ လက်ထပ်မှုကို ကိုယ်တိုင် စီစဉ်ခွင့်ရတဲ့ ကျန်းယွမ်ဆို ပြောစရာကိုမလိုဘူး။ ဒါ့ကြောင့် ကျန်းယွမ် အစ်ကိုငါးကို ချဉ်းကပ်မယ့် နည်းလမ်းကို ရှာတာက ပိုကောင်းတယ်။ အစ်ကိုငါးကို စွဲမက်စေပြီးတော့ သူမကိုယ်တိုင် စလှုပ်ရှားစေရင် ပိုမကောင်းပေဘူးလား။ ပြီးတော့မှ နေ့ခင်ကြောင်တောင်မှာ တကယ်လို့ တားဆီးပြီးတော့ ကျန်းယွမ်ကိုယ်တိုင် လက်ထပ်ဖို့ကို ငိုပြီးတော့ ငြင်းရင်တောင် မဖြစ်နိုင်တော့ဘူး။ တော်ဝင်မိသားစုက ဒီလို တစ်ယောက်ယောက်ရဲ့ လက်ထဲကို ရောက်သွားပြီးသား အရှက်မရှိတဲ့ မိန်းမကို သည်းခံမှာ မဟုတ်ဘူး။ ဒါ့ကြောင့် အစ်ကိုငါးက ဖွင့်ပြောပြီးတော့ နင် သူမကို လက်ထပ်ချင်တယ်လို့ ပြောလိုက်ရင် ကျန်းရှင်းကျီနဲ့ ကျောက်မိသားစုတို့က ပျော်မသွားနိုင်ပေဘူးလား။ အစ်ကိုငါးလည်း ကောင်းတဲ့အရာတွေ ရပြီးတော့ ဟောင်အန်းကျွမ်းကျူ့က သူတို့ ထင်ရသလောက် လေးစားစရာ မကောင်းဘူးလို့ ကြီးမြတ်တဲ့ကျင်းနိုင်ငံတော်က သိမသွားနိုင်ဘူးလား။ ဒါက နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေပဲ။”
ရွှမ်းဟွာက မင်းသမီးဟဲရီကို ခဏလောက်ကြည့်လိုက်ပြီးတော့ ရုတ်တရက် ပြုံးလိုက်တယ်။
“မိန်းမတစ်ယောက်ရဲ့ နှလုံးသားက အဆိပ်အရှိဆုံးလို့ ပြောကြတာပဲ။ ဒါပေမဲ့ ဆယ်ယောက်မြောက်ညီမလေးက ဒီလောက် လိမ္မာပါးနပ်တာကို ငါပထမဆုံး မြင်ရတာပဲ။”
မင်းသမီးဟဲရီက သရော်ပြုံးပြုံးလိုက်တယ်။
“သူမက သေသင့်တယ်။”
ရွှမ်းဟွာက ဘယ်လိုလူမျိုးလဲ ဟုတ်လား။ သူက မရေမတွက်နိုင်တဲ့ ကိုယ်လုပ်တော်တွေ ရှိပြီးတော့ သူ့ရဲ့ အိပ်တဲ့အချိန်မှာ ခေါ်တဲ့ အစေခံတွေကလည်း ခြံဝန်းတစ်ခုစာ ရှိတယ်။ အဲ့မိန်းမတွေက ကျန်းယွမ် မင်းသားငါးရဲ့ အိမ်တော်ကို ဝင်တာနဲ့ သေချာပေါက် ညှာမှာ မဟုတ်ကြဘူး။ သူမရဲ့ ဂုဏ်သတင်းက ကျသွားတာနဲ့ မယ်တော်ယိတျယ်က သူမကို အရင်ကလို နွေးနွေးထွေးထွေး ဆက်ဆံမှာ မဟုတ်ဘူး။ ပြီးတော့ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်က လူတွေက အဲ့လိုမိန်းမတွေကို အမုန်းဆုံးဖြစ်ပြီးတော့ သူမက အနာဂတ်မှာ အိမ်ပြင်ကို ခြေတစ်လှမ်းလှမ်းဖို့ကို ရုန်းကန်နေရမှာဖြစ်တယ်။ ရွှမ်းဟွာက သူမကို ဆော့ပြီးရင် တန်းပြီးတော့ ရှင်းပစ်မှာဖြစ်တယ်။
“ကောင်းပြီ။”
ရွှမ်းဟွာက လက်ခံလိုက်တယ်။
“ငါ လူအင်အားပဲလိုပြီးတော့ ကိစ္စက အရေးမကြီးဘူး။ အနာဂတ်မှာ ငါ နင့်ကို ပြန်ပြီးတော့ ကျေးဇူးဆပ်မယ် ဆယ်ယောက်မြောက် ညီမလေး။”
မင်းသမီးဟဲရီက နည်းနည်းပြုံးလိုက်တယ်။
“ဒါဆိုရင် ငါးယောက်မြောက်အစ်ကိုကို ကျေးဇူးအများကြီးတင်ပါတယ်။”
 * * *
ကျန်းယွမ်က လမ်းပြတဲ့ နန်းတွင်းအစေခံနောက်ကို လိုက်လာတုန်း မရင်းနှီးတဲ့ အစေခံနှစ်ယောက်က သူတို့ကို ကြားကနေ ဖြတ်တားတယ်။ သူတို့ရဲ့ အသေးစိတ်စီစဉ်ထားတဲ့ အဝတ်တွေကနေ သူတို့က သာမာန်အစေခံတွေ မဟုတ်မှန်း သူမပြောနိုင်တယ်။ ကျန်းယွမ်ကို တွေ့တော့ သူတို့က နည်းနည်းပါးပါး အရိုအသေပေးပြီးတော့ ပြောကြတယ်။
“သခင်မလေးကျန်း ကျွန်မတို့ မင်းသမီးက သခင်မလေးကို လာပြီးတော့ ခဏလောက် စကားပြောဖို့ ဖိတ်လိုက်ပါတယ်။”
သူတို့က ပြောလိုက်ပေမဲ့ သူတို့ရဲ့ အသံတွေက နည်းနည်းလေးမှ မယဉ်ကျေးဘဲ သူတို့ရဲ့ အကြည့်တွေက တိုင်းတာနေကြတယ်။ ကျန်းယွမ်က ပြုံးလိုက်တုန်းမှာ သူမရဲ့ လမ်းပြက အမြန်ပြောလိုက်တယ်။
“ညီအစ်မတို့ ငါ သခင်မလေးကျန်းကို နန်းတော်ကနေ ကျန်းအိမ်တော်ကို မယ်တော်ယိတျယ်ရဲ့ အမိန့်နဲ့ ပြန်ပို့မလိုပဲရှိသေးတယ်။”
“ကျွန်မတို့ မင်းသမီးက သခင်မလေးကျန်းနဲ့ ဆွေးနွေးစရာ အရေးကြီးကိစ္စတစ်ခုရှိလို့ သခင်မလေးကျန်းက မင်းသမီးရဲ့ ကြင်နာမှုကို လျစ်လျူမရှူဘူးလို့ မျှော်လင့်ပါတယ်။”
အစေခံတွေထဲက တစ်ယောက်က ရယ်လိုက်တယ်။
ဒါက သူမကို အတင်းသွားခိုင်းနေတာလား။
မင်းသမီးဟဲရီက ပုံမှန်ဆိုရင် နန်းတွင်းထဲမှာ သောင်းကြန်းဖို့ ကြင်ရာတော်ရှုကိုပဲ အားကိုးတာဖြစ်တော့ နန်းတွင်းအစေခံကလည်း တုံ့ဆိုင်းနေတယ်။ သူမကို ဆန့်ကျင်ဖို့က ဘယ်နန်းတွင်းအစေခံ အတွက်ကိုမဆို မလုပ်အပ်တဲ့ အရာဖြစ်တယ်။
နန်းတွင်းအစေခံနှစ်ယောက်က ကျန်းယွမ်ကို ငေးကြည့်လိုက်တယ်။ ကြည့်ရတာ သူမက မငြင်းရဲပုံပဲ။ ဧကရီက သူမကို အလိုလိုက်ထားလို့ မင်းသမီးဟဲရီက ဗိုလ်ကျနေတာဖြစ်တယ်။ ဒီတော့ အကုန်လုံးက သူမရဲ့ စိတ်ကူးပေါက်ရာတွေကို ဖြည့်ဆည်းပေးနေကြရတာ ဖြစ်တယ်။ ကျန်းယွမ်က မြို့တော်ကို ပြန်ရောက်တုန်းရှိသေးတော့ သူမက မင်းသမီးကို မဆန့်ကျင်ရဲလောက်ဘူး။
ကျန်းယွမ်က သူတို့ကို ဘာမှမပြောဘဲ အပြုံးနဲ့ ကြည့်လိုက်တယ်။ သူမက စိုးရိမ်ပုံမပေါ်ဘူး။ ခဏကြာတော့ ကျန်းယွမ်က မလှုပ်ပေမဲ့ အစေခံတွေထဲက တစ်ယောက်က စိတ်မရှည်ဖြစ်လာတယ်။ သူမက မေးလိုက်တယ်။
“သခင်မလေးကျန်းက ကျွန်မတို့ကို အခက်ကြုံရအောင် လုပ်နေတာလား။”
“အတင့်ရဲလိုက်တာ။”
ကျန်းယွမ်က ဆူလိုက်တယ်။ ခုနက နွေးထွေးမှု အရိပ်အရောင် မပါဘဲ သူမက အေးစက်စွာ ပြောလိုက်တယ်။
“မင်းတို့ကို ဘယ်သူက ဒီလို သတ္တိတွေ ရှိစေတာလဲ။ ဒီကျွမ်းကျူ့ကို လာအော်ရဲတယ်ပေါ့။”
“ဒီကျွမ်းကျု့က မယ်တော်ယိတျယ်ကိုယ်တိုင် တောင်းဆိုထားလို့ အရှင်မင်းကြီး ချီးမြှင့်ထားတာဖြစ်တယ်။ ဒါပေမဲ့ မင်းတို့နှစ်ယောက်က ဒီကျွမ်းကျူ့ကို ‘သခင်မလေးကျန်း’လို့ နှုတ်ဆက်သေးတုန်းပဲ။ မင်းတို့ နန်းတော်က အစေခံတွေက ဒီကျွမ်းကျူ့က ဘယ်သူလဲဆိုတာကို မသိကြသေးတာလား။ ဒါမှမဟုတ် မင်းတို့က မင်းသမီးဟဲရီကိုပဲ မင်းတို့ရဲ့ သခင်မလို့ အသိအမှတ်ပြုတာလား။”
ဦးဆောင်လာတဲ့ နန်းတွင်းအစေခံကလည်း လန့်သွားတယ်။ သူမက ကျန်းယွမ်က မယ်တော်ယိတျယ် အရမ်းချစ်တာ ခံရပေမဲ့ မင်းသမီးဟဲရီက နန်းတွင်းထဲမှာ သူမကို မုန်းတီးနေမှာစိုးနေတာဖြစ်တယ်။ မင်းသမီးဟဲရီကို ကျန်းယွမ်အတွက်နဲ့ ဆန့်ကျင်တာက မထိုက်တန်ဘူး။ ဟောင်အန်းကျွမ်းကျူ့ရဲ့ မပြောင်းလဲတဲ့ အပြုံးက တည်သီးပျော့တစ်ခု ဖြစ်ရတဲ့ ခံစားချက်ကို ပေးစွမ်းတယ်။ ကျန်းယွမ်က ဒီအချိန်မှာ ပြောလိမ့်မယ်လို့ မထင်ထားပေမဲ့ အခု ကျန်းယွမ်က အနိုင်ကျင့်ဖို့ မလွယ်ဘူးဆိုတာ သူမ သတိပြုမိလိုက်တယ်။ ဒီတော့ သူမက ခါးကို မတ်မတ်ထားလိုက်ပြီး ပြောလိုက်တယ်။
“ဟုတ်ကဲ့ပါ။ ညီအစ်မတို့ ဘာလို့ ကျွမ်းကျူ့ကို ကျကျနန မနှုတ်ဆက်ကြတာလဲ။”
နန်းတွင်းအစေခံနှစ်ယောက်က လန့်သွားကြပြီးတော့ အံကြိတ်လိုက်ကြပြီး ကျန်းယွမ်ကို ကျွမ်းကျု့တစ်ယောက်ကို အရိုအသေ ပေးရတဲ့ ပုံစံနဲ့ အရိုအသေပေးလိုက်ကြတယ်။
“ကျွန်တော်မျိုးမတို့ အစေခံနှစ်ယောက်က ရိုးပြမိသွားတာပါ။ ဒါပေမဲ့ ဟောင်အန်းကျွမ်းကျူ့ ကျွန်မတို့ မင်းသမီးက မင်းသမီးကို စောင့်နေပါသေးတယ်။ တကယ်လို့ မင်းသမီး ဒီလို ပြုမူနေရင် အဲဒါက နည်းနည်း….”
“ဒီတော့ ငါ မသွားရင်ရော။”
ကျန်းယွမ်က သူတို့ကို အထက်စီးကနေ ကြည့်လိုက်တယ်။ အဲ့အကြည့်အောက်မှာ သူတို့နှစ်ယောက်က ပုရွက်ဆိတ်နှစ်ကောင်လို့ ခံစားလိုက်ရပြီးတော့ သူတို့ကို ကြည့်လိုက်တယ်ဆိုတာကတောင် သူမရဲ့ စေတနာကို ပေးနေသလိုပဲ။ 
“ဒီကျွမ်းကျူ့နဲ့ မင်းသမီးဟဲရီတို့က အဆင့်အတန်းချင်း တူတူပဲ။ သူမကတောင် ဒီကျွမ်းကျူ့ကို အမိန့်ပေးဖို့ အရည်အချင်း မပြည့်မှီတာ။ မင်းတို့က အစေခံတွေပဲ။ မင်းတို့ရဲ့ သခင်က မင်းတို့ကို နန်းတွင်းစည်းကမ်းတွေကို မသင်ပေးထားဘူးလား။ ဒါမှမဟုတ် ဒီကျွမ်းကျူ့က အနိုင်ကျင့်လို့ လွယ်တဲ့ပုံ ပေါ်နေလို့လား။”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now