Unicode
Part 121
အခန်း - ၉၉ အပိုင်း(၁)
ယုပင်းခန်းမက သခင်မတွေနဲ့ သခင်မလေးတွေ ပြည့်နေပြီးတော့ သူတို့ထဲက အများစုက အဆင့်မြင့်အရာရှိတွေနဲ့ မြင့်မြတ်တဲ့သူတွေရဲ့ အမျိုးတွေဖြစ်တယ်။ အဲ့မှာ မြင့်မြတ်တဲ့သူတွေ အများကြီး ရှိနေတော့ လူတိုင်းက မာနကြီးလွန်းတယ် ဒါမှမဟုတ် မာနကြီးပုံ မပေါ်အောင် သူတို့ရဲ့ နှုတ်ဆက်သံကို တိုးတိုးလေးနဲ့ ပြောနေကြတယ်။
ဧကရီက အလယ်က ထိုင်ခုံမြင့်ပေါ်မှာထိုင်နေပြီးတော့ သူမရဲ့ ညာဘက်မှာ တော်ဝင်ကြင်ရာ တော်လေးယောက်က သူတို့ရဲ့ အဆင့်အတိုင်း သူတို့နေရာမှာ ထိုင်နေကြတယ်။ သူမက သခင်မတွေကို ကြည့်နေပြီးတော့ ပျော်ရွှင်စရာတွေ ဖလှယ်နေကြတဲ့ အောက်က သခင်မလေးတွေကို ပြုံးပြပြီးတော့ အရမ်းကြည့်ကောင်းနေတယ်။
မိန်းမစိုးလေးက ကျယ်လောင်စွာနဲ့ အစဉ်အတိုင်း ကြေညာနေတယ်။
“ဝန်ကြီးချုပ်ကျန်းအိမ်တော်ရဲ့ သခင်မ ရောက်လာပါပြီ။”
အကုန်လုံးရဲ့ မြင်ကွင်းတွေက တံခါးဘက်ကို ပြိုင်တူရောက်သွားကြတယ်။
ကာကွယ်ရေးဝန်ကြီးချုပ်ကျန်းချွမ်က အခုတလော မြို့တော်ထဲမှာ နာမည်ကြီးနေတယ်။ အကြောင်းကတော့ မြို့တော်ကို မကြာသေးခင်ကမှ ရောက်လာတဲ့ အကြီးဆုံးသခင်လေးကျန်းက လွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ သူက အခု ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ထဲမှာ အမြန်ဆုံး ရာထူး တိုးခံရပြီး အငယ်ဆုံး လက်ထောက်ဗိုလ်ချုပ်ပဲလေ။ ဒါ့အပြင် သူက သူပြန်လာတာနဲ့ မကြာသေးဘူး ချီးမွမ်းထိုက်တဲ့ အလုပ်တွေ အများကြီး လုပ်ဆောင်ခဲ့တယ်။ တစ်ဆင့်စကားတွေအရ အရှင်မင်းကြီးက သူ့ကို အရမ်းသဘောကျလို့ သူက တောက်ပတဲ့ အနာဂတ်ရှိမှာ ဖြစ်ပြီးတော့ အရာရှိလောကထဲကို ဝင်ဖို့ အတားအဆီးမဲ့ပဲဖြစ်တယ်။ တက်ရောက်ကြတဲ့ သခင်မတွေက သူတို့ ယောက်ျားတွေ သူ့အတွက် မကြာခဏ ပြောပေးတာကို ကြားရတယ်။ အဲ့မှာ လက်ထပ်နိုင်တဲ့အရွယ် ရောက်နေတဲ့ သခင်မလေးတွေ အများကြီးရှိပြီးတော့ သူတို့ထဲက တချို့က ကျန်းမိသားစုထဲကို လက်ထပ်ချင်နေကြတယ်။ ဒီတော့ အခု သူတို့က ဝန်ကြီးချုပ်ကျန်းရဲ့ မိသားစု ရောက်လာပြီဆိုတာကို ကြားတော့ သူတို့က သူတို့ရဲ့ အကြည့်ကို ကျန်းမိသားစုဆီကို လွှဲလိုက်တယ်။
ရှယန်နဲ့ သူ့နဲ့အတူ လိုက်ပါလာတဲ့ သခင်မလေးတွေက အဲ့သခင်မတွေ သူမတို့ကို ကြည့်နေကြတယ်လို့ တကယ်ထင်နေကြတာဖြစ်တယ်။ သူမက သူမရဲ့ ကျောကို ပိုပြီးတော့တောင် မတ်လိုက်ပြီးတော့ သူမရဲ့ ညင်သာပြီး သိက္ခာရှိတဲ့ အပြုံးနဲ့ လျှောက်လာတယ်။
လူအုပ်က တိတ်ဆိတ်စွာနဲ့ ကြည့်နေကြတယ်။ ရှယန်နဲ့ ကျန်းစုစုတို့ နှစ်ယောက်လုံးက နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိတယ်။ ကျန်းလီက သွက်လက်ပေမဲ့ နည်းနည်း ပေါ့ပြက်ပြက်နိုင်သလိုပဲ။ ကျန်းတန်က သိမ်မွေ့ပြီး ရှက်တတ်တဲ့ အသွင်အပြင် ရှိပေမဲ့ ဒီမြင်ကွင်းထဲမှာ မပါခဲ့ဘူး။ ပြီးတော့ ရှယန်နောက်က ကျန်းယွမ်ဖြစ်တယ်။ သူမက သူမရဲ့ နှုတ်ခမ်းတွေပေါ်မှာ အပြုံးလေးနဲ့ တည်ငြိမ်စွာ လျှောက်လာတယ်။ တောက်ပပြီး ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးနဲ့ သူမရဲ့ လှုပ်ရှားမှုတိုင်းက နန်းတွင်းထဲမှာနေထိုင်တဲ့သူ တစ်ယောက်ရဲ့ မြင့်မြတ်တဲ့ ကျက်သရေရှိမှုကို ပြသတယ်။
ဒါကို မြင်တော့ အကုန်လုံးက ရှယန်က ကျန်းရှင်းကျီရဲ့ အမေအရင်းမဟုတ်တာကို သိရသွားကြတယ်။ ဒါပေမဲ့ ကျန်းယွမ်နဲ့ ကျန်းရှင်းကျီတို့ကတော့ တကယ့် မောင်နှမတွေလေ။ တကယ်လို့ ကျန်းရှင်းကျီက ရာထူးတိုးပြီးတော့ အနာဂတ်မှာ ချမ်းသာခဲ့ရင် မြင့်တက်လာတဲ့ ဒီရေက လှေတွေကို သယ်ဆောင်လာသလိုပဲ ကျန်းယွမ်က နောက်ကနေ လိုက်ပါလာမှာဖြစ်တယ်။ သူတို့ကလည်း ကျန်းယွမ်မှာ သင့်လျောတဲ့ အမူအကျင့်တွေရှိတာကို မြင်ခဲ့ရပြီးပြီဖြစ်တယ်။ အထက်အရာရှိတွေ ရှေ့မှာ ဘယ်လို ရှေ့သွားရတယ် ဒါမှမဟုတ် ဘယ်လိုနောက်ဆုတ်ရတယ်ဆိုတာ သိပြီးတော့ ဒီနန်းတွင်းဂုဏ်ပြု ညစာစားပွဲလို ပွဲကြီးကို ပထမဆုံး တက်ရောက်တာဖြစ်ပေမဲ့ စိတ်လှုပ်ရှားမှုကို မပြခဲ့ဘူး။ သူမက ကျေးလက်ကနေလာတဲ့ သူတစ်ယောက်နဲ့ တစ်စက်မှ မတူဘူး။ သခင်မ အချို့ဆိုရင် တခြားအတွေးတွေ စပြီးတော့ တွေးနေကြပြီဖြစ်တယ်။ သူတို့က အိမ်ကို အမြန်ပြန်ပြီးတော့ ဒီအကြီးဆုံးကျန်းသခင်မလေး အပေါ်ကို စောနိုင်သမျှစောစော တင်ထားဖို့ တွေးနေကြပြီဖြစ်တယ်။
ရှယန်နဲ့ တခြားသူတွေက ရှေ့ကို လာပြီးတော့ ဧကရီနဲ့ မြင့်မြတ်သူတွေကို အရိုအသေပေးသွားကြတယ်။ ဧကရီက အသက်လေးဆယ်ကျော်ပြီဖြစ်ပေမဲ့ သူမက ကျန်းမာနေပြီးတော့ နုပျိုနေတုန်းပဲ။ သူမက ရာထူးမြင့်မှာ နှစ်အတော်ကြာထိုင်ခဲ့ပေမဲ့ သူမရဲ့ ကရုဏာကြီးမားကြောင်းကို သတင်းတစ်စက်မှ မထွက်ခဲ့ဘူး။ သူမက သဘောကျတာ မခံခဲ့ရဘဲ ဧကရာဇ်ရဲ့ သားတော် အိမ်ရှေ့စံ ရိုသေတာပဲ ခံရတယ်။ ဒါ့ကြောင့် တစ်ချက်ကြည့်လိုက်တာနဲ့ သူမက သာမာန်အရာရှိရဲ့ သခင်မနဲ့ သိပ်မခြားသလိုပဲ။ ဧကရီက ရှယန်နဲ့ တခြားသူတွေ ထဖို့ အမိန့်ပေးပြီး ပြုံးပြလိုက်တော့ အရမ်းရိုးသားပြီး ကြင်နာတဲ့ ပုံပေါ်တယ်။
တော်ဝင်ကြင်ရာတော်ရှန်းက နည်းနည်းငယ်တယ်။ သူမက ဆွဲဆောင်မှုရှိပြီး ဟန်ဆောင်မှုကင်းပြီး အပြစ်ကင်းပုံ တစ်မျိုးနဲ့ ရိုးပုံပေါ်တယ်။ ဒါ့ကြောင့် သူမက မင်းသားလေး ရွှမ်းလန်လို သာမညောင်ညသားမျိုးကို မွေးဖွားခဲ့တာ မဆန်းပါဘူး။ တော်ဝင်ကြင်ရာတော်ဒီက အသက်ကြီးတယ်။ သူမက သိက္ခာရှိတဲ့ပုံစံနဲ့ ထိုင်နေပြီးတော့ ‘မွန်မြတ်တယ်’ ဆိုတဲ့ ဘွဲ့နဲ့ ထိုက်တန်တယ်။ နန်းတွင်းထဲမှာ မင်းသားငါး ရွှမ်းဟွာက ယုံကြည်အားထားရတဲ့သူ၊ သစ္စာရှိပြီး သတ္တိရှိပြီးတော့ ပြတ်သားတယ်သလို တာဝန်လည်းကျေတယ်လို့ နာမည်ရတယ်။ အနည်းဆုံးတော့ မွန်မြတ်တဲ့သူလို့ သတ်မှတ်ခံထားရတယ်။
တော်ဝင်ကြင်ရာတော်ရှုက လှပပြီး ပရောပရည် လုပ်တတ်တယ်။ တကယ်လို့ ကြင်ရာတော်ချန်က ကျန်းနန်က အုံ့ဆိုင်းနေတဲ့မိုးဆိုရင် ကြင်ရာတော်ရှုက အရောင်အသွေး စုံစုံလင်လင်နဲ့ မြက်ခင်းပြင်ပေါ်က တောက်ပတဲ့ အရောင်တွေလိုပဲ။ သူမရဲ့ စိတ်ထားကလည်း ခေါင်းမာပြီး စိတ်လှုပ်ရှားလွယ်တယ်။ မင်းသမီးဟဲရီက သူမရဲ့ အလှနဲ့ စိတ်ထားကို အမွေရထားပြီးတော့ တဇွတ်ထိုးလုပ်ပြီး ဗိုလ်ကျတယ်။
ဧကရီက ဘေးမှာ ထိုင်နေပြီး အလှပဆုံးနဲ့ အသိမ်မွေ့ဆုံးဖြစ်တဲ့ တော်ဝင်ကြင်ရာတော်ချန်ဖြစ်တယ်။ တကယ်လို့ ဧကရီနဲ့ တခြားကြင်ရာတော်တွေက နန်းတွင်းမြင့်မြတ်သူတွေရဲ့ ကြော့ရှင်းတဲ့ ကိုယ်ဟန်ရှိရင် သူမက သာမာန် အမျိုးသမီးတစ်ယောက်လိုပဲ။ အရောင်တင်ထားမှု တစ်စက်မှ မရှိဘဲ သူမက နန်းတွင်းနဲ့ သဟဇာတဖြစ်ပုံ ပေါ်တယ်။ သူမကို ကျန်းနန်ရဲ့ အုံ့မှိုင်းနေတဲ့မိုးကို ဒီနေရာထိ ခေါ်ဆောင်လာသလိုပဲ။
ကျန်းယွမ်က အပြုံးလေးနဲ့ အရိုအသေပေးလိုက်ပေမဲ့ သူမရဲ့ နှလုံးသားက ဒီအချိန်မှာ ရပ်နေသလိုပဲ။ ထိပ်မှာထိုင်နေတဲ့သူတွေက သူမရဲ့ အတိတ်ဘဝက မိတ်ဆွေဟောင်းတွေဖြစ်ပေမဲ့ သူမရဲ့ နေရာက အရမ်းနိမ့်ကျလွန်းလို့ သူမက တော်ဝင်ကြင်ရာတော်တွေကို မကြာခဏ မတွေ့ခဲ့ရဘူး။ ဒါပေမဲ့ တော်ဝင်ကြင်ရာတော်ချန်ကတော့ ခြွင်းချက်ပေါ့။
သူမကို တခြား တော်ဝင်ကြင်ရာတော်တွေလို လှောင်ပြောင်ပြီးတော့ သိမ်ငယ်စေတဲ့အစား သူမက သူမကို စီမန်နန်းတွင်းထဲကို မကြာခဏခေါ်ပြီးတော့ စကားပြောတယ်။ တော်ဝင်ကြင်ရာတော်ချန်က အမြဲတမ်း သိမ်မွေ့တဲ့ စိတ်ထားရှိပြီးတော့ သူမက ရွှမ်းလီရဲ့ အမေအရင်းဖြစ်ပြီးတော့ သူမရဲ့ အရင်ဘဝမှာ ကျန်းယွမ်က သူမကို သူမရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း ဒါမှမဟုတ် အေးတိအေးစက်နိုင်တဲ့ နန်းတွင်းထဲက ယုံကြည်ရတဲ့ ဆွေမျိုး- အဒေါ်လို့မျိုး သတ်မှတ်ခဲ့တယ်။
ဒါပေမဲ့ တော်ဝင်ကြင်ရာတော်ချန်က သူမရဲ့ နောက်မှာ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အရာက သူမကို အရာအားလုံးက ဟာသတွေလို ခံစားရစေတယ်။ သူမက အန္တရာယ်များတဲ့ မြွေမလိုပဲ၊ သူမရဲ့ သိမ်မွေ့မှုနောက်မှာ သေစေနိုင်တဲ့ ထောင်ချောက်ကို ဖွက်ထားတယ်။ တော်ဝင်ကြင်ရာတော်ချန်နဲ့ ရွှမ်းလီတို့က အတူတူပဲ။ အတွင်းထဲကနေ အေးစက်ကြတာဖြစ်တယ်။ သူတို့ နှစ်ယောက်လုံးက လူတွေကို ကောင်းကောင်းအသံးချပြီးတော့ သူတို့ရဲ့ သားကောင်တွေက အသုံးမဝင်တော့ရင် သူတို့က ချက်ချင်းပဲ စွန့်ပစ်လိုက်ကြပြီး သတ်လိုက်ကြတာဖြစ်တယ်။
တော်ဝင်ကြင်ရာတော်ချန်က ရှယန်နဲ့ တခြားသူတွေကို ကြည့်လိုက်ပြီးတော့ ရုတ်တရက် သူမက ပြောလိုက်တယ်။
“မင်းက အကြီးဆုံးသခင်မလေး ကျန်းဖြစ်ရမယ်။ လာပါဦး ဒီကြင်ရာတော် မင်းကို ကြည့်ပါရစေ။”
ဧကရီက လန့်သွားပြီးတော့ ကျန်းယွမ်ကို လေးလေးနက်နက် ကြည့်လိုက်တယ်။ ကျန်းလီက ကျန်းယွမ်ကို ဆန္ဒမရှိစွာ ကြည့်လိုက်ပြီးတော့ မနာလိုမှုကို မဖုံးကွယ်နိုင်ခဲ့ချိန်မှာ ကျန်းလီက ခေါင်းငုံ့ထားပြီးတော့ မကြည့်ရဲဘူး။ ကျန်းစုစုက မယုံကြည်နိုင်သလိုပဲ သူမရဲ့ မျက်နှာ ခက်ထန်သွားတယ်။ ကျန်းယွမ်က ဖြည်းညင်းစွာ ခေါင်းမော့လိုက်တယ်။ သူမရဲ့ ခေါင်းကို မော့လိုက်တာနဲ့ သူမက အပြုံးကို ပြန်ရုပ်သိမ်းလိုက်ပြီးတော့ ဂရုမစိုက်တဲ့ ပုံစံထားလိုက်တယ်။
တော်ဝင်ကြင်ရာတော်ချန်က ကျန်းယွမ်ရဲ့ မပျော်ရွှင်တဲ့ ပုံစံကို မမြင်သလိုမျိုး သူမကို ဂရုတစိုက် အကဲခတ်နေတယ်။ အပြုံးလေးနဲ့ သူမက ပြောလိုက်တယ်။
“လှလိုက်တဲ့ ကောင်မလေး။”
ဒီမြင်ကွင်းကို မြင်တော့ သူတို့နားက သခင်မတွေက တိုးတိုး တိုးတိုး နဲ့ စပြောလာကြတယ်။ သူတို့ဘေးမှာ ထိုင်နေတဲ့ တုန်ရင်းအာက နည်းနည်း မသက်မသာခံစားလာရတယ်။ သူမက သူမရဲ့ အမေပြောတာကို ပြန်သတိရသွားတယ်။ တော်ဝင်ကြင်ရာတော်ချန်က မင်းသားရှစ်အတွက် ကြင်ရာတော် ရွေးပေးဖို့ ရည်ရွယ်ထားတယ်တဲ့။ ဒီတော့ သူမက ကျန်းယွမ်အတွက် ချွေးစေးမပြန်ပဲ မနေနိုင်ခဲ့ဘူး။
ကျန်းယွမ်က ဂရုမစိုက်စွာ ဖြေလိုက်တယ်။
“ကြင်ရာတော်ရဲ့ လွန်ကဲတဲ့ချီးမွမ်းမှုအတွက် ကျေးဇူးတင်ပါတယ်။ တော်ဝင်ကြင်ရာတော်။ ယွမ်နိုင်က မထိုက်တန်ပါဘူး။”
သူမရဲ့ စကားလုံးတွေက ဂရုမစိုက်သလို ပြောရုံတင်မက အဲ့ထဲမှာ နွေးထွေးမှု မရှိသလို အခြေခံလေးစားမှုတောင် မရှိဘူး။ သူမရဲ့ သဘောထားက တော်ဝင်ကြင်ရာတော်ကို ခဏလောက်ရပ်သွားစေတယ်။ ခဏကြာတော့ သူမက ပိုကြင်နာစွာ ပြုံးပြီ။
“ကျန်းသခင်မ အကြီးဆုံးကျန်းသခင်မလေးက စေ့စပ်ထားတာ ရှိပြီလား။”
ရှယန်တောင့်သွားတယ်။ သူမရဲ့ ရင်ထဲမှာ ရုတ်တရက် ဒေါသထွက်လာတယ်။ ကျန်းယွမ်၊ ထပ်ပြီး ကျန်းယွမ်ပဲ။ ဒီတော်ဝင်ကြင်ရာတော်ချန်က လက်ရှိ နန်းတော်ထဲမှာ ဧကရာဇ်ရဲ့ သလောအကျဆုံး မိန်းမဖြစ်ပြီးတော့ ကျန်းစုစုအကြောင်း မဟုတ်ဘဲ ကျန်းယွမ်အကြောင်း မေးနေတယ်။ ဒီလူတွေက ကန်းနေတာလား။ ကျန်းယွမ်က ကောက်ကျစ်တဲ့ မြေခွေးမျက်နှာရှိတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ သူမက ထိန်းမနိုင်သိမ်းမရဆိုတာ သိနိုင်တယ်။
ဒီအတွေးက သူမစိတ်ထဲမှာ အကြိမ်ပေါင်းတစ်ထောင်လောက် လှည့်နေပေမဲ့ သူမရဲ့ မျက်နှာပေါ်မှာ အရိပ်အယောင်တောင် ပေါ်မလာဘူး။ သူမက နိမ့်ကျစွာ ပြန်ဖြေလိုက်တယ်။
“တော်ဝင်ကြင်ရာတော်ချန်ကို ပြန်ဖြေရမယ်ဆိုရင် ယွမ်နိုင်က ငယ်သေးပြီးတော့ ဘယ်သူ့ကိုမှ ကတိမပေးရသေးပါဘူး။”
“အား အဲဒါ ကောင်းတာပေါ့။”
တော်ဝင်ကြင်ရာတော်ချန်ရဲ့ အပြုံးက ပိုပြီးတော့တောင် စိတ်ရောကိုယ်ပါ ဖြစ်လာတယ်။ သူမရဲ့ အပြစ်ကင်းပြီး ဖြူဖွေးတဲ့ မျက်နှာက မြူနည်းနည်းဖုံးသွားပုံ ပေါ်တယ်။ အဲ့အချိန်မှာ သူမရဲ့ စိတ်ကို ခန့်မှန်းဖို့ ခက်ခဲတယ်။ သူမက အံ့အားသင့်စွာ ပြောလိုက်တယ်။
“ဒီလို ငယ်ရွယ်ပြီး ချစ်စရာကောင်းတဲ့ ကောင်မလေးကို လက်လွတ်စပယ် လက်မထက်ပေးသင့်ဘူး။ ဒီကြင်ရာတော်က အကြီးဆုံးကျန်းသခင်မလေးကို အရမ်းသဘောကျတယ်။ အဲ့တာကြောင့် ဒီကြင်ရာတော်က သူမရဲ့ စေ့စပ်မှုကို ကိုယ်တိုင် စီစဉ်ပေးချင်တယ်။”
သူမရဲ့ စကားတွေက အရမ်းပေါ်တင်ဖြစ်နေတယ်။ သခင်မတွေက အံ့အားသင့်စွာနဲ့ နားလည်သွားပြီး စိတ်ရှုပ်ထွေးမှုကို မပြဘဲ မနေနိုင်ခဲ့ကြဘူး။ တော်ဝင်ကြင်ရာတော်ရှန်းက ကျန်းယွမ်ကို စိတ်ဝင်တစား ကြည့်လိုက်တယ်။ တော်ဝင်ကြင်ရာတော်ဒီက မျက်တောင်မခတ်ဘူး။ ဧကရီက ပြုံးနေတဲ့အချိန်မှာ တော်ဝင်ကြင်ရာတော်ရှုက ပြောလိုက်တယ်။
“မမချန် အဲဒါက လက်ထပ်ဖို့ ကိစ္စဆိုတော့ သခင်မလေး ကြိုက်တဲ့သူအပေါ်မှာလည်း မူတည်တယ်။ မမက အသက်ကြီးလာပြီဆိုတော့ အတွဲတွဲပေးချင်လာတာလား။”
တော်ဝင်ကြင်ရာတော်ရှုနဲ့ တော်ဝင်ကြင်ရာတော်ချန်က အမြဲတမ်း ဆန့်ကျင်ဘက်ဖြစ်နေတာဖြစ်တယ်။ တော်ဝင်ကြင်ရာတော်ရှုက သေမျိုးဘဝရဲ့ လိုအင်ဆန္ဒတွေကို ဖယ်ရှားချင်နေသလိုမျိုး နိမ့်ကျတဲ့ ပုံစံယူနေတဲ့ တော်ဝင်ကြင်ရာတော်ချန်ရဲ့ အသွင်အပြင်ကို မကြိုက်ဘူး။ ဒါ့ပေါ့ ပိုအရေးကြီးတာက တော်ဝင်ကြင်ရာတော်ချန်ရဲ့ ထက်မြက်ပြီး အရည်အချင်းရှိတဲ့ သား ရွှမ်းလီကို သူမက မနာလိုတာဖြစ်တယ်။ မမျှော်လင့်စွာနဲ့ သူမ ဗိုက်ထဲက ထွက်လာတာက သမီးဖြစ်နေတော့ သူမက ဘယ်လောက်ပဲ သဘောကျခံနေရပါစေ သူမဆီမှာ ထီးနန်းကို ဆက်ခံဖို့ သားမရှိဘူးဖြစ်နေတယ်။ မင်းသားငါးက နာမည်ကျော်ကြားပြီးပေမဲ့ တော်ဝင်ကြင်ရာတော်ဒီက သိပ်ပြီး သဘောကျမခံရဘူး။ ပြီးတော့ သူမက သိုသိုသိပ်သိပ်နေတယ်။ ယှဉ်ကြည့်ရင် တော်ဝင်ကြင်ရာတော်ရှုက တော်ဝင်ကြင်ရာတော်ချန်ကို ပိုပြီးတော့ စိတ်အနှောင်အယှက်ဖြစ်စေတယ်။ ကြင်ရာတော်ချန်က တစ်ခုခုပြောတိုင်း သူမက တစ်ခုခုနဲ့ ပြန်ချုပ်တယ်။
တော်ဝင်ကြင်ရာတော်ချန်က တော်ဝင်ကြင်ရာတော်ရှုရဲ့ ဒေါသမပါတဲ့ ပြန်ပြောတာကို နားထောင်လိုက်တယ်။ သူမက ကျန်းယွမ်ကို အပြုံးနဲ့ ကြည့်လိုက်ပြီးတော့ ဘာမှမပြောခဲ့ဘူး။ သူမရဲ့ မျက်နှာက နဂိုကတည်းက သိမ်မွေ့ပြီးတော့ သူမက ကျန်းယွမ်ကို ဒီလိုသိမ်မွေ့တဲ့ အပြုံးနဲ့ ကြည့်တဲ့အချိန်မှာ သူမက ကျန်းယွမ်ကို တကယ်ချစ်တဲ့ပုံ ပေါ်ပြီးတော့ သူမနဲ့ မခွဲချင်သလိုပဲ။
ကျန်းယွမ်ရဲ့ အကြည့်တွေက နိမ့်ထားတယ် ဒီတော့မှ သူမက ကြင်ရာတော်ချန်ရဲ့ အကြည့်နဲ့ မဆုံမှာဖြစ်တယ်။ အပြင်လူတွေက သူမကို ရှက်တယ်လို့ မြင်ကြပေမဲ့ သူမက အခု အမုန်းတရားတွေနဲ့ ပြည့်နေတယ်ဆိုတာကို ဘယ်သူမှ မသိဘူး။ ခဏလောက် သူတို့က ကျွမ်းကျင်သူတွေက အပြန်အလှန် ထိုးနှက်နေကြသလိုပဲ။ အဲ့မှာ ရှိနေကြတဲ့ သခင်မတွေနဲ့ သခင်မလေးတွေက ဘာမှမမြင်နိုင်ကြဘူး။ ကျန်းယွမ်ပဲ သူမလက်ရှိမှာ ဘာတွေးနေလဲဆိုတာ သိတယ်။ တော်ဝင်ကြင်ရာတော်ချန်ရဲ့ အကြည့်က သိမ်မွေ့တယ်လို့ ဘယ်သူပြောတာလဲ။ အဲဒါသားကောင်ကို မျက်စိကျနေတဲ့ မြွေပွေးတစ်ကောင်ရဲ့ ပုံစံဆိုတာ ထင်ရှားနေတာကို။
မြွေပွေးမ။ သူမက အဲဒါနဲ့ ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခုရှိတယ်။
ရှယန်က တော်ဝင်ကြင်ရာတော်ချန်ရဲ့ ကျန်းယွမ်အပေါ် ‘အရမ်းစိတ်ပူတာ’ ကို မြင်ရတော့ အရမ်း စိတ်မချမ်းမြေ့ဖြစ်နေတယ်။ ဒါ့ကြောင့် သူမရဲ့ အဖြေကနည်းနည်း ဝတ်ကျေတမ်းကျေပဲ ဖြစ်ပြီးတော့ သူမရဲ့ သဘောမတူမှုကို ပြသနေသေးတယ်။ အတိတ်တုန်းက ဘုန်းတော်ကြီးဟွိုင်က ကျန်းယွမ် ကျိန်စာသင့်ကြယ်အောက်မှာ မွေးဖွားလာတာ မဟုတ်တာကို ရှင်းခဲ့လို့ လူတွေက သူမရဲ့ ကောင်းမွန်တဲ့ အကျင့်နဲ့ စေတနာကောင်းမှုကို စတင်ပြီး သံသယရှိလာကြတယ်။ အခု သူမရဲ့ ပြုမူနေထိုင်ပုံကို မြင်တော့ အကုန်လုံးက ကာကွယ်ရေးဝန်ကြီးချုပ်ရဲ့ မိန်းမက တကယ်ပဲ ချစ်စရာကောင်းတဲ့ မျက်နှာရှိပေမဲ့ ရက်စက်တဲ့ အသည်းနှလုံးရှိတဲ့သူ ဆိုတာ ပိုသေချာသွားကြတယ်။ မဟုတ်ရင် ဘာလို့ သူမက ပီတမဖြာဘဲနဲ့ တော်ဝင်ကြင်ရာတော်ချန်က အထူးသဖြင့် ကျန်းယွမ်အကြောင်း မေးတဲ့အချိန်မှာ မကျေမနပ်ဖြစ်နေတဲ့ ပုံပေါ်နေတာလဲ။
တော်ဝင်ကြင်ရာတော်ချန်က မေးခွန်းနည်းနည်းထပ်မေးပြီးတော့ ဧကရီက ကျန်းယွမ်ကို သွားဖို့ လက်ယမ်းပြလိုက်တယ်။ ကျန်းယွမ်က ရှယန်နောက်ကို လိုက်ပြီး ထိုင်လိုက်တာနဲ့ တုန်ရင်းအာက ကျန်းယွမ်နားကို လာထိုင်တယ်။ သူမက တိုးတိုးပြောလိုက်တယ်။
“အခုလေးတင် အစ်မက ညီမလေးကို အရမ်းစိတ်ပူနေတာ။ ညီမလေး အဆင်ပြေရဲ့လား။”
ပြီးတော့ သူမက လေးစားမှုတချို့နဲ့ ပြောလိုက်တယ်။
“ညီမလေးယွမ် ညီမလေးက အရမ်း သတ္တိရှိတာပဲ။ ညီမလေးက တော်ဝင်ကြင်ရာတော်ချန်ကို စကားပြောနေတုန်းမှာ စိတ်မလှုပ်ရှားဘူးပဲ။ တကယ်လို့ အစ်မသာဆိုရင် အစ်မက စကားပြောဖို့ အရမ်းကြောက်နေမှာ။”
ကျန်းယွမ်က ပြုံးလိုက်တယ်။
“ကြောက်စရာမလိုပါဘူး။ ညီမလေး ဘာမှမလုပ်ထားတော့ ညီမလေး အပြစ်ပေးခံရမှာ မဟုတ်ဘူး။”
တုန်ရင်းအာက ခဏလောက် တုံ့ဆိုင်းသွားတယ်။
“ဒါပေမဲ့… တောင်ဝင်ကြင်ရာတော်ချန်က ညီမလေးကို အရမ်းသဘောကျနေပုံပဲ။ သူမက ညီမဘေးကို မင်းသားရှစ်ကို လက်ထပ်ပေးချင်နေတာလား မသိဘူး။”
သူမရဲ့ စကားက နည်းနည်း စည်းကျော်သွားတာကို သတိထားမိသွားပြီးတော့ တုန်ရင်းအာက ကျန်းယွမ်ကို မသက်မသာစွာ ကြည့်လိုက်တယ်။ ကျန်းယွမ်ရဲ့ မျက်နှာက မပြောင်းလဲတာကို မြင်တော့ သူမက တစ်နည်းနည်းနဲ့ စိတ်သက်သာရာရသွားပြီးတော့ ပြောလိုက်တယ်။
“တော်ဝင်ကြင်ရာတော်ချန်က တခြားသူတွေကို အာရုံစိုက်တာ အရမ်းရှားတယ်။ ဒါပေမဲ့ သူမက ဒီနေ့ ညီမလေးကို အကြာကြီး စကားပြောတယ်။ ညီမလေးယွမ် အစ်မကို သံသယရှိတဲ့အတွက် စိတ်မဆိုးပါနဲ့နော်။ ဒီမှာရှိတဲ့ သခင်မတွေကလည်း အစ်မနဲ့ အတွေးတူတူပဲ ရှိနေမှာစိုးတယ်။ တကယ်လို့ အဲဒါက တကယ်ဆိုရင် ညီမလေး ဘာလုပ်မလဲ။”
“အဲ့တာဘာလို့တုန်း။”
ကျန်းယွမ်က ပြန်ဖြေတဲ့အနေနဲ့ မေးလိုက်တယ်.
“အဲ့လိုဖြစ်မှာ မဟုတ်ပါဘူး။”
သူမရဲ့ အသံက သိမ်မွေ့သလို မဟုတ်သလို ပုံမှန်လိုလည်း မဟုတ်ဘဲ အေးစက်မှု နည်းနည်းပါနေတယ်။
အဲဒါကိုကြားတဲ့ အချိန်မှာ တုန်ရင်းအာရဲ့ နှလုံးသားက ဆတ်ဆတ်တုန်သွားတယ်။ ကြည့်ရတာ ကျန်းယွမ်က စိတ်မတိုတဲ့ ပုံပဲ ပြီးတော့ မင်းသားရှစ်ကိုလည်း လက်မထပ်ချင်တဲ့ ပုံပဲ။ သူမက အမြန်ပြောလိုက်တယ်။
“သိပ်စိတ်မပူပါနဲ့။ အဲဒါတွေ အကုန်လုံးက မှန်းပြောတာတွေပါပဲ။ တော်ဝင်ကြင်ရာတော်ချန်က ညီမလေးကို ရိုးရိုးလေးပဲ သဘောကျတာ နေမှာပါ။ ညီမလေးက ငယ်သေးတယ်။ တကယ်လို့ အဲဒါက တကယ်ဆိုရင်တောင် မဆင်မခြင်လုပ်စရာ မလိုပါဘူး။”
သူမရဲ့ နှစ်သိမ့်မှုက အရမ်းအားနည်းလွန်းပြီးတော့ တုန်ရင်းအာက အပြစ်ရှိသလို ခံစားလိုက်ရတယ်။ အစကနေ အဆုံးထိ ကျန်းယွမ်က ထင်ရှားတဲ့ ခံစားချက်မပြလို့ဖြစ်တယ်။ သူမက အဲဒါက တစ်ယောက်ယောက်ရဲ့ ကိစ္စလိုပဲ အရမ်းဘေးဖယ်နေနေသလိုပဲ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...