Unicode
Part 152အပိုင်း ၁၁၄ (၂)
“သခင့်ကို ကြည့်လိုက်လေ။ သူက ဒီလို အပြုအမူမျိုး လုပ်စေချင်လို့ အခုလိုလုပ်နေတာ မဟုတ်ဖူးလား။”
ကျန်းယွမ်ရဲ့ လက်တွေက ရှောင်ရှို့ရဲ့ မျက်တောင်မွှေးတွေကို ထိအံ့ဆဲဆဲမှာပဲ ရှောင်ရှို့က ရုတ်တရက် မျက်လုံးဖွင့်လိုက်တယ်။ ကျန်းယွမ်က လန့်သွားပြီ သူမရဲ့ မျက်ဝန်းနဲ့ ရှောင်ရှို့ရဲ့ နက်မှောင်တဲ့ မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံသွားတယ်။ ရှောင်ရှို့ရဲ့ မျက်လုံးတွေက အေးစက်ပြီး အထီးကျန်နေပုံပေါ်ကာ သူ့ခံစားချက်က သူ့မျက်ဝန်းမှာ ထင်ထင်ရှားရှား ရေးထားတယ်။ အခုချိန်မှာ သူ့မျက်ဝန်းတွေက စိန်လေးတွေလို တောက်ပ နေပြီး ကျောက်တုံးလို နှလုံးသားရှိတဲ့သူတောင် သူ့မျက်လုံးတွေကို တွေ့မိရင် သူတို့လည်း စိတ်လှုပ်ရှားသွား နိုင်တယ်။
ကျန်းယွမ်က နည်းနည်း ကြောင်သွားတဲ့အချိန်မှာ ရှောင်ရှို့က ကျန်းယွမ်ကို ကြည့်နေတယ်။ ပုံမှန်စေ့ထားတဲ့ နှုတ်ခမ်းလေးနဲ့ လှောင်နေတဲ့ အကြည့်တွေက အခုအခါ တွေတွေကြီးဖြစ်နေပြီး သူမရဲ့ မျက်ဝန်းတွေက ကြည်လင်နေတယ်။ မိန်းမပျိုလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှုကို ခံစားရတယ်။ ရှောင်ရှို့က ရုတ်တရက် သူ့ရဲ့ ရင်ထဲမှာ ယားလာသလို ခံစားရပြီး ပုရွက်ဆိတ်တစ်ကောင် ထွက်လာသလို ခံစားလိုက်ရတယ်။ ကျန်းယွမ်က ကြောင်နေတုန်းမှာပဲ သူမရဲ့အကြည့်က သူ၏ နီရဲနေသော နားရွက်များဆီသို့ အကြည့်က ရောက်သွားသည်။
‘ဒီလူက တကယ်ပဲ အဲ့လောက် ဖြူစင်တဲ့ နှလုံးရှိပြီးတော့ အပြစ်ကင်းတာလား။’ သူမ တစ်ခစ်ခစ်ရယ်လိုက်တယ်။ ဒီရယ်သံက ရှောင်ရှို့ကို ကြောင်သွားစေပြီး သူက ချက်ချင်းပဲ ထ ထိုင်လိုက်တယ်။ ဒါပေမယ့်သူက သစ်ပင်ပေါ်မှာ ဆိုတာ မေ့သွားပြီး သူ့ရဲ့ လှုပ်ရှားမှုက သစ်ကိုင်းကို ကျိုးသွားစေတယ်။ သူတို့နှစ်ယောက်က စပြီး အောက်ကိုကျလာကြတယ်။ ကျန်းယွမ်က ကြောက်လန့်တကြား ရှောင်ရှို့ကို ဖက်လိုက်တယ်။ အဲ့သည်အချိန်မှာ သူတို့နှစ်ယောက်က တစ်ယောက်က အပေါ်မှာ၊ တစ်ယောက် က အောက်မှာ ဖြစ်နေတယ်။ ရှောင်ရှို့က ကျန်းယွမ်ပေါ်မှာ ခွထားပြီး သူ့ရဲ့ လက်တစ်ဖက်က သူမရဲ့ ခေါင်းကို ဖုံးထားပေးတယ်။ ပြီးတော့ သစ်ပင်ပေါ်က သစ်ရွက်တွေက သူတို့နှစ်ယောက်အပေါ် ကျလာခဲ့တယ်။
ပြီးတော့ လုကျူးနဲ့ ပိုင်ကျိတို့က သူတို့အသံတွေကို ကြားလို့ အပြင်ကို ထွက်လာခဲ့တော့ ဒီမြင်ကွင်းကို မြင်လိုက်ရတယ်။ ကျင်းရီက မျက်လုံးမှိတ်ထားချိန်မှာ ထျန်ကျူးက သူမရဲ့ အေးစက်တဲ့ ပုံစံမရှိတော့ပဲ သူမရဲ့ တံတွေးကို မြိုချလိုက်တယ်။
“သခင်၊ သခင်က အခုလိုမျိုးပုံစံ ရှိသေးတာလား။”
လန်ချောင်ကလည်း သူများတွေ ကြားသွားမှာစိုးပေမယ့် သူမက ဒေါသနဲ့ အမုန်းတရားကြားမှာ ကူးနေပြီး ရှောင်ရှို့ကို တွန်းလိုက်ပြီး ကျန်းယွမ်ကို ထူပေးလိုက်တယ်။ သူမက ကျန်းယွမ်ကို သူမနောက်မှာ ထားပေး လိုက်ပြီး ရှောင်ရှို့ကို လက်ညိုးထိုးပြီးပြောလိုက်တယ်။
“ရှောင်လူကြီးမင်းက ညလည်ခေါင်ကြီးမှာ ကျွန်မတို့ရဲ့ အိမ်တော်ထဲမှာ သခင်မလေးကို အခွင့်ကောင်းယူဖို့ အတွက် ခိုးဝင်လာခဲ့တာလား။”
လန်ချောင်က အမြဲ တည့်တိုးပြောပြီး သူမရဲ့ စကားတွေကလည်း တည့်တိုးဖြစ်တယ်။ ဒါ့ကြောင့် သူမက သူမစကားတွေကို ဂရုမစိုက်ဘူး။ ရှောင်ရှို့က မျက်မှောင်ကျုံ့လိုက်တယ်။
ဒါပေမယ့် ရှောင်ရှို့ကိုကြည့်နေရင်း သူက ရည်မှန်းချက်ကြီးတဲ့လူတစ်ယောက်ဆိုတာ သူမသိပြီး သူက ဒီထက်ပိုပြီး အောင်မြင်မှုရနိုင်လိမ့်မယ်ဆိုတာ သိတယ်။ ဒီလိုအေးစက်တဲ့လူက တခြားသူတွေနဲ့ ကွဲပြားစွာ ကျန်းယွမ်ကို ဆက်ဆံတယ်။ သူ့ကို သခင်အနေနဲ့ တော်ရရင် အရမ်းကောင်းမှာပဲ။ ကျန်းယွမ်က ကျင်းရင်ဝမ်ရဲ့ ဇနီးဖြစ်လာရင် အရမ်းကောင်းမှာပဲလို့ လုကျူး သူမရင်ထဲမှာတွေးလိုက်တယ်။ ဒါမှ ကျန်းအိမ်တော်က မကောင်းတဲ့သူတွေက ကျန်းယွမ်ကို ပြဿနာမရှာရဲမှာ ဖြစ်တယ်။
ကျန်းယွမ်က လုကျူးနဲ့ လန်ချောင်တို့ အထင်လွဲနေလို့ ခေါင်းကိုက်နေခဲ့ပေမယ့် ဒီကိစ္စက အရင်ညက ရှောင်ရှို့ ကျန်းအိမ်တော်ကို ညလည်ကြီး လာလည်ရာက ဖြစ်လာခဲ့ပြီး သူမကလည်း သူ့ကို မကြည့်ပဲမနေနိုင်ခဲ့ဘူး။ ဒါပေမယ့် သူမက သူမရဲ့ ပုံမှန် ညင်သာပြီး အေးစက်တဲ့ ပုံစံကို ဖယ်ရှားပြီး သူမဘေးက အရမ်းရင်းနှီးတဲ့ သူတွေတောင် မမြင်ဖူးတဲ့ သူမရဲ့ မူလပုံစံကို ရှောင်ရှို့ကို ပြလိုက်မိမယ်လို့ သူမ မထင်ထားခဲ့မိဘူး။ လန်ချောင်နဲ့ လူကျူးက သူမရဲ့ အပြုအမူတွေကို သတိထားမိသွားတော့ သူတို့က လုံးဝလန့်သွားပြီး ပြောစရာစကား ပျောက်သွားခဲ့တယ်။ ပြီးတော့ သူတို့က သူတို့ရဲ့ သခင်မလေးနဲ့ ကျင်းယင်ဝမ်တို့က ဒီထက်ပိုလိမ့်မယ်လို့ သူတို့ ကောက်ချက်ချခဲ့လိုက်တယ်။ ဒါကို မြင်တော့ ရှောင်ရှို့ရဲ့ မျက်ဝန်းထဲမှာ အလင်းရောင်တစ်ခု ဖြတ်သွားခဲ့တယ်။ ဒါပေမယ့် သူက ကျန်းယွမ်အတွက် ပြဿနာထပ်မရှာတော့ပဲ ပြောလိုက်တယ်။
“ပြဿနာတစ်ခုခုဖြစ်ရင် တုန်ဖန်းလိုကိုလာပြီး ကိုယ့်ကို လာရှာလိုက်ပါ။ အခု တော်တော် နောက်ကျနေပြီ ဆိုတော့ မင်းစောစောနားသင့်ပြီ။”
ပြောပြီးတာနဲ့ သူက နံရံကို ကျော်ပြီး အမှောင်ထဲမှာ ပျောက်ကွယ်သွားတော့သည်။
ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ကိစ္စက နိုင်ငံတော်ရဲ့ ကျင်းရီရဲမက် သုံးသိန်းကိုဦးဆောင်တဲ့လူက ပန်းသူခိုးလို နံရံတွေပေါ်ကို ကျော်သွားတယ်။ ရှောင်ရှို့က ကျက်သရေရှိစွာနဲ့ ထွက်သွားပြီးနောက် သူ့စကားတွေက နားထောင်တဲ့သူကို စိတ်ရှုပ်ထွေးသွားစေမယ်လို့ သူမထင်ခဲ့ဘူး။ ပြီးတော့ ဒီအချိန်မှာ ကျန်းယွမ်ရဲ့ အစေခံ နှစ်ယောက်ရဲ့ ရင်ထဲမှာ မုန်တိုင်းကြီးဖြစ်နေတယ်။ ဒါပေမယ့် ရှောင်ရှို့ရဲ့ ရုတ်တရက်ထွက်ပေါ်လာမှုကြောင့် ကျန်းယွမ်က ထပ်ပြီးတော့ ဒီနေ့ ရှယန်နဲ့ ပြောခဲ့တဲ့ စကားတွေကို မတွေးတော့ပဲ ကျန်းတန်ကို သူမအတွေးထဲကနေ ဖယ်ထားလိုက်တယ်။ သူမရဲ့စိတ်က ပိုပြီးတော့ သက်သာလာတယ်။ သူမ အိပ်ခန်းကိုပြန်ရောက်တာနဲ့ သူမက အတွေးတွေကို ဖယ်ရှားလိုက်ပြီး မီးကိုမှိတ်ပြီး အိပ်တော့တယ်။
နောက်တစ်ရက် ကျန်းယွမ် နန်းတွင်းကို မသွားခင် လုကျူးက အမြန် ပြေးဝင်လာပြီး အံ့အားသင့်စွာနဲ့ ပြောလိုက်တယ်။
“သခင်မလေး၊ အပြင်မှာ ပွက်လောရိုက်နေကြတယ်။ သူတို့က သခင်မက ဖောက်ပြန်ခဲ့ပြီး ကိုယ်ဝန်ပျက်ကျခဲ့တယ်လို့ ပြောနေကြပြီး သခင်မက သခင်မလေးကို ကိုယ်ဝန်ပျက်ကျတဲ့အတွက် မှားယွင်းစွာစွပ်စွဲခဲ့တယ်လို့ ပြောနေကြတယ်။ သာမန်လူတန်းစားတွေက သတင်းကို တောမီးလိုမျိုးဖြန့်နေကြတယ်။ သခင်ကြီးက ဖောက်ပြန်ခံရတာတောင်မှ သူ့မိန်းမကို မကွဲနိုင်သေးဘူးလို့ ပြောနေကြတယ်။”
လုကျူးက ပြန့်လာတဲ့ သတင်းတွေကို လာပြောပြတယ်။ ကျန်းယွမ်က တိတ်ဆိတ်စွာနဲ့ စဉ်းစားနေတယ်။ သူမက သတင်းကိုမဖြန့်ရသေးဘူး။ ဒီတော့ သတင်းက ဘယ်လိုလုပ်ပြီး အကုန်လုံးဆီကို ရောက်သွားတာလဲ။ ရှမိသားစုနဲ့ ကျန်းမိသားစုကလည်း ဒီလိုကိစ္စတွေကို ဖြန့်မှာမဟုတ်ဘူး။ ပြီးတော့ ရွှမ်းလီကလည်း သူ့ကိုယ်သူ ထိခိုက်အောင်တော့ လုပ်မှာ မဟုတ်ဖူး။ ပြီးတော့ သူမက မေးလိုက်တယ်။
“နင်ဒါကို ဘယ်ကနေကြားလာတာလဲ။”
“ကောလဟာလတွေက အဲ့သမားတော်ဆီကနေ စလာတာပဲ။”
လုကျူးက သူမပါးစပ်ကို ကာလိုက်ရင်း ရယ်လိုက်တယ်။
သူက အရက်ဆိုင်မှာ အရက်သောက်နေရင်း ဒီကိစ္စတွေကို ပြန်ပြီးတော့ ပြောလိုက်တယ်။ မြို့တော်ထဲမှာ ရယ်စရာတစ်ခု ဖြစ်လာပါသည်။ ကျန်းယွမ်က မျက်မှောင်ကျုံ့ပြီး ဘာအကျိုးကျေးဇူးမှ မရှိပဲနဲ့တော့ အဲ့လူက ဒီသတင်းကို ဒုက္ခအရောက်ခံပြီး ဖွမှာမဟုတ်ဘူး။ ရုတ်တရက် သူမစိတ်ထဲမှာ ပုံရိပ်တစ်ခု ပေါ်လာ တယ်။ရှောင်ရှို့က အရမ်းကို ဝင်စွက်ဖက်လွန်းနေတာ မဟုတ်ဖူးလား။ ဒါပေမယ့် သူ့ကို ဒီကိစ္စကို ကိုင်တွယ်ခိုင်း လိုက်တာက သူမ ရင်ဆိုင်ရမယ့်ကိစ္စနည်းသွားတာပေါ့။
“ရထားလုံးရောက်ပြီလား။”
ကျန်းယွမ်က နန်းတွင်းကို မြန်မြန်သွားဖို့ မေးလိုက်တယ်။
“အသင့်ဖြစ်ပါပြီ။ နန်းတော်ကိုသွားဖို့ စောင့်နေတယ်။”
ပိုင်ကျီက လှမ်းပြောလိုက်တယ်။ သူမ တံခါးရှေ့ရောက်တာနဲ့ ရုံးကိစ္စတွေ အမြန်လုပ်ပြီး အိမ်ကိုပြန်လာတဲ့ ကျန်းချွမ်နဲ့ တိုးတယ်။
ဒီမနက် ကောလဟာလတွေက အမြန်ပြန့်သွားပြီဖြစ်တယ်၊။ သူက မျက်နှာပျက်ပြီးတော့ ဂုဏ်သိက္ခာကျဆင်းခဲ့ရတယ်။ သူအိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်မှာလည်း လူတော်တော်များများက သူ့ကို အထင်သေးသလို ကြည့်ခဲ့တယ်။ ဒီကိစ္စကြောင့် သူက သူ့ဘဝကို သူ့နောက်ကွယ်မှာ အတင်းပြောနေတဲ့ လူတွေနဲ့ ဖြတ်သန်း ရတော့မှာ ဖြစ်တယ်။ သူ့ရင်ထဲက ဒေါသတွေက မြင့်တက်လာပြီး သူက ဒီကိစ္စရဲ့ တရားခံ ရှယန်ကို အသေသတ် ပစ်ချင်လောက်အောင် စိတ်တိုနေတယ်။ ဒါပေမယ့် သူက ကျန်းယွမ် အိမ်တော်ကနေ ထွက်သွားတော့မယ် ဆိုတာ သတိပြုမိတဲ့အခါ ရပ်ပြီး မေးလိုက်တယ်။
“မင်းဘယ်ကို သွားမှာလဲ။”
ကျန်းယွမ်က သူ့ကို အပြုံးလေးနဲ့ပြန်ပြောလိုက်တယ်။
“မယ်တော်ယိတျယ်က သမီးကို နန်းတွင်းကို လာဖို့ ဖိတ်ထားတယ်။ ဘာဖြစ်လို့လဲအဖေ။”
ကျန်းချွမ်က ချက်ချင်းပဲ ဘာမှပြောစရာ စကားမရှိတော့ပေ။ ကျန်းယွမ်က ကျွမ်းကျူးအဖြစ် ချီးမြှင့် ခံရပြီးကတည်းက သူနဲ့ မယ်တော်ယိတျယ်ရဲ့ ဆက်ဆံရေးက ပိုပြီးတော့ နီးကပ်လာခဲ့တယ်။ ပြီးတော့ အဖေတစ်ယောက်အနေနဲ့ သူမက သူ့ကို မယ်တော်ယိတျယ်လောက် မျက်နှာသာမပေးဘူးဆိုတာ ခံစားမိတယ်။ ပြီးတော့ သူက ဒါကို တွေးမိပြီးတော့ ဒေါသထွက်လာတယ်။ ပြီးတော့ သူ့အကြည့်က ကျန်းယွမ်ရဲ့ ပါးပေါ်ရောက်သွားတော့ ချက်ချင်းပဲလန့်သွားပြီး မေးလိုက်တယ်။
“ဒါက ဘာလဲ။”
သူမရဲ့ မျက်နှာပေါ်မှာ လက်ငါးချောင်းအရာ ထင်နေပြီး သူမကို အဲ့လိုဖြစ်အောင်လုပ်တဲ့ သူကလည်း သူမရှေ့မှာပင် ဖြစ်တယ်။ အဲ့တာက ရက်အတော်ကြာပြီဖြစ်ပေမယ့် လက်ဝါးရာက မပျောက်သေးပဲ သူမရဲ့ ကျောက်စိမ်းလို ဖြူဖွေးတဲ့ပါးက နီရဲပြီး လက်ရာထင်နေသေးတယ်။
ကျန်းယွမ်ကပြောလိုက်တယ်။
“ဒါဘာလဲ။ အဖေက မသိတော့ဘူးလား။”
ကျန်းချွမ်က ဒေါသ အရမ်းထွက်သွားတယ်။
“ဘယ်လိုလုပ်ပြီး မင်းဒီလိုပုံနဲ့ နန်းတွင်းကိုသွားပြီး တော်ဝင်မိသားစုကို သွားတွေ့မှာလဲ။ အဲ့တာက မယ်တော်ယိတျယ်ကို မလေးစားရာရောက်တယ်။ သွား၊ အမြန်အထဲဝင်ပြီး သွားဖုံးစမ်း။”
“ကျွမ်းကျု” ထျန်ကျူးက အချိန်ကိုက် လာပြောတယ်။
“အခုချိန် ရထားလုံးပေါ် တက်မှ ရပါမယ်။ မဟုတ်ရင် နန်းတွင်းကို သွားဖို့ နှောင့်နှေးပြီး မယ်တော်ယိတျယ်က ဝမ်းနည်းပြီး သခင်မလေးကို အပြစ်တင်ပါလိမ့်မယ်။”
ကျန်းယွမ်က ပြောလိုက်တယ်။
“အမှန်ပဲ။”
သူမက ကျန်းချွမ်ကို ကြည့်လိုက်တယ်။
“အဖေ၊ သမီးအခုသွားတော့မယ်။”
ကျန်းယွမ်က သူ့ရဲ့ စကားတွေအပေါ် မလေးစားတာကို မြင်တော့ ကျန်းချွမ်က နှလုံးပေါက်ထွက်တော့မလို ဒေါသတကြီးနဲ့ အော်လိုက်တယ်။
“ကျန်းယွမ်”
“အဖေ၊ မယ်တော်ယိတျယ်က သမီးကို သူမရဲ့ အသွေးအသားလို ဆက်ဆံတာဆိုတော့ သူမက ဒီလို ကိစ္စမျိုးကို ထည့်တွက်မှာမဟုတ်ပါဘူး။”
ကျန်းယွမ်ရဲ့ စကားတွေက ထေ့လုံး ငေါ့လုံးတွေပါနေပြီး သူမက ပြုံးပြီးပြောလိုက်တယ်။
“အဖေက ဒီကိစ္စကို မကျေနပ်ရင် သမီး နန်းတော်ကနေ ပြန်လာတဲ့အခါ အဖေ့ကို တောင်းပန်ပါ့မယ်။”
ဒါကို ပြောပြီးတော့ သူမက ထျန်ကျူးကို တံခါးပေါက်ကို ဖွင့်ခိုင်းလိုက်တယ်။ ကျန်းအိမ်တော်ရဲ့ တံခါးပေါက် တွေက ချက်ချင်းကို ပွင့်သွားပြီး အပြင်က သာမန်လူတန်းစားတွေက သူတို့ကို ကြည့်နေကြတယ်။ ကျန်းချွမ်က ဆက်ပြီး မနေချင်တော့ပေမယ့် သူ့ရဲ့နှလုံးသားက ဒေါသကြောင့် ပေါက်ကွဲ ထွက်တော့မလို ဖြစ်နေတယ်။ သူက အံကြိတ်လိုက်ပြီး သူမကို အော်ပြောလိုက်တယ်။
“တာဝန်မကျေတဲ့ သမီး”
ထျန်ကျူးက နောက်ကိုလှည့်လိုက်ကာ ကျန်းချွမ်ကို အထင်သေးစွာ ကြည့်လိုက်ပြီး ကျန်းယွမ်ကို ရထားလုံးပေါ် ကူပြီး မပေးလိုက်တယ်။ အပြင်က လူတွေက မျက်စိလျှင်ပြီး သူတို့က ကျန်းယွမ်ရဲ့ပါးပေါ်က အရာကို အလွယ်တကူ မြင်သွားကြတယ်။ သူတို့က ဒီမနက် ကောလဟာလတွေကိုလည်း ကြားထားတာ ဖြစ်ပြီး ဆက်စပ်မိကြတယ်။ ရှယန်ရဲ့ ကိုယ်ဝန်ပျက်ကျတာနဲ့ ကျန်းချွမ် ကျန်းယွမ်ကို ဘာအကြောင်းပြချက်မှ နားမထောင်ပဲ ပါးရိုက်လိုက်ကြောင်းကို ရှင်းပြစရာမလိုပဲ သူတို့က သိသွားကြတယ်။ တစ်ယောက်ပြီး တစ်ယောက်က ဒီကိစ္စကို စတင်ဆွေးနွေးလာကြတယ်။ ဟောင်အမ်းကျွမ်းကျုက ဒီလောက် ဆွဲဆောင်မှုရှိပြီး ကျော့ရှင်းတဲ့သူဖြစ်ပေမယ့် ဝန်ကြီးချုပ်ကျန်းက သူမကို ရိုက်ရဲတယ်။ အဲ့ဒီ အနီရောင် အမှတ်တွေကို ကြည့်ရုံနဲ့ လူတစ်ယောက်ရဲ့ နှလုံးသားကို ကြေကွဲစေတယ်။”
“မင်းဘာသိလို့တုန်း။ ဝန်ကြီးချုပ်ကျန်းက အမြဲတမ်း အရည်အချင်းရှိပြီး အားကိုးနိုင်တဲ့ ရှယန်ကိုပဲ သဘောကျပြီး သူမရဲ့ ကလေးနှစ်ယောက်ကိုပဲ ချစ်တာ။ အရင်တုန်းက အရင် ကျန်းသခင်မ ဆုံးသွားတာနဲ့ သူက ချက်ချင်းပဲ ဟောင်အမ်းကျွမ်းကျူကို ကျေးလက်က အိမ်ကို ပို့လိုက်တယ်။ ဒီတော့ပြောပါဦး။ ဘယ်လိုအဖေက ဒီလိုအရာကို လုပ်မှာလဲ။”
မိန်းမတစ်ယောက်က တံတွေးထွေးလိုက်တယ်။
“ထွီ ဘာကို အရည်အချင်းရှိပြီး အားကိုးရတဲ့ မိန်းမလဲ။ သူမက မိန်းမပျက်ပဲ မဟုတ်ဖူးလား။ တကယ်တော့အခု ဒုတိယ ကျန်းသခင်လေးနဲ့ ဒုတိယ ကျန်းသခင်မလေးက ဝန်ကြီးချုပ်ကျန်းရဲ့ ကလေးတွေမှ ဟုတ်ရဲ့လား မသိဘူး။ သူတို့က တခြားယောက်ျားနဲ့ ရလာမှန်းမှ မသိတာ။”
လူတွေက အမျိုးမျိုး မှတ်ချက်ပေးနေကြပြီး ဆွေးနွေးနေကြတယ်။ ဒီအချိန်မှာ သူတို့က ကျန်းစုစုနဲ့ ကျန်းချောင်ရဲ့ အဖေအရင်းကို သိချင်နေကြတယ်။ လုကျူးက ရထားလုံးရဲ့ လိုက်ကာထောင့်ကို မလိုက်ပြီး အပြင်က ဆွေးနွေးနေတာတွေကို ကြားလိုက်ရတယ်။
“သူတို့က တကယ်ပဲ မှန်းနိုင်ကြတာပဲ။ တကယ်လို့ ဒုတိယ သခင်မလေးနဲ့ ဒုတိယ သခင်လေးသာ ဒီအကြောင်းကို ကြားရင် သူတို့က အိမ်ထဲကနေ အိမ်ပြင်တောင်ထွက်မှာ မဟုတ်တော့ဘူး။”
လုကျူးက ပြောလိုက်တယ်။
ဒီကမ္ဘာပေါ်မှာ မပိတ်နိုင်ဆုံးအရာက ပါးစပ်ပေါက်တွေပဲ။ ပြီးတော့ အဲ့ကောလဟာလတွေက လူတစ်ယောက် ကို သေစေတဲ့အထိ ဖိအားပေးနိုင်တယ်။ သူမရဲ့ အတိတ်ဘဝက ပြီးပြည့်စုံတဲ့ ဥပမာပဲ မဟုတ်ဖူးလား။ အဲ့ဒီ ကောလဟာလတွေက တဆင့်ချင်းစီနဲ့ ဖြေးဖြေးချင်း ဖိအားပေးခဲ့ပြီး နောက်ဆုံးမှာ အဆုံးသတ်သွားခဲ့ရတာပဲ။ သူမကို ဒုတိယ အခွင့်အရေးအပေးခံရပြီဆိုတော့ သူမက နတ်သမီး ကျန်းစုစုနဲ့ ဂုဏ်ယူပြီး မောက်မာတဲ့ ကျန်းချောင်တို့ကို ကောလဟာလတွေရဲ့ စွမ်းအားကို မြည်းခိုင်းလိုက်တာ ဖြစ်တယ်။ ကျန်းချွမ်အတွက်ကတော့ သူအရမ်းချစ်ခဲ့ရတဲ့ ရှယန်ကို ဘယ်လောက်တောင် မုန်းနေပြီလဲ မသိဘူး။ သေချာတာကတော့ ကျန်းယွမ် နန်းတွင်းကိုရောက်တာနဲ့ မယ်တော် ယိကျယ်ကို တွေ့လိုက်ရတယ်။ မယ်တော်ယိကျယ်က ကျန်းယွမ်ရဲ့ မျက်နှာကို တွေ့လိုက်ရတာနဲ့ မျက်မှောင်ကျုံ့လိုက်တယ်။
“ဒါက ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်လာတာလဲ။”
ဘေးမှာ မတ်တပ်ရပ်နေတဲ့ ရန်ကုကုကလည်း ကျန်းယွမ်ရဲ့ မျက်နှာကို သတိပြုမိပြီး အပြင်မှာ ပြန့်နေတဲ့ ကောလဟာလတွေကို ပြန်သတိရသွားတယ်။ မယ်တော်ယိတျယ်က နန်းတွင်းရဲ့ အတွင်းပိုင်းမှာနေပြီး သူမက အပြင်မှာဖြစ်တဲ့ ကိစ္စတွေကို အာရုံသိပ်မစိုက်ဖူး။ ဒါကြောင့် သူမက ရှယန်နဲ့ ဖြစ်တဲ့ ကိစ္စတွေကို မသိတာ မဆန်းပါဘူး။
ကျန်းယွမ်က ပြုံးပြီးပြောလိုက်တယ်။
“ဘာမှ မဖြစ်ပါဘူး။”
မယ်တော်ယိကျယ်က သူမကို ကြည့်ပြီး ထျန်ကျူးဘက်ကို လှည့်ပြီး ပြောလိုက်သည်။
“မင်းငါကိုပြောစမ်း။”
တစ်ယောက်ယောက်ကို အမြဲ အစီအရင်ခံနေရတဲ့ သူတစ်ယောက်အနေနဲ့ ထျန်ကျူးက ဒီအခြေအနေကို ကောင်းကောင်း သဘောပေါက်နားလည်တယ်။ ထျန်ကျူးက ချက်ချင်းပဲ ဒူးထောက်ပြီး ပြောလိုက်တယ်။
“မယ်တော်ယိကျယ်ရဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ သခင်မလေးက သခင်ကြီးကြောင့် ဒဏ်ရာရခဲ့ တာပါ။ သခင်မက ကိုယ်ဝန်ပျက်ကျပြီး ကျွန်မတို့ရဲ့ သခင်မလေးကို စွပ်စွဲပြီးတော့ သခင်ကြီးက ဒေါသထွက်ပြီး သခင်မလေးကို ပါးရိုက်ခဲ့တာပါ။ ဒါ့အပြင် အဲ့အချိန်တုန်းက အရှင်မင်းသား မင်းသားရှစ်လည်း ရှိပါတယ်။”
ကျန်းယွမ်က စိတ်ထဲမှာတော့ ရယ်လိုက်တယ်။ ထျန်ကျူးက ရွှမ်းလီကိုတောင်မှ ဒီထဲကို ဆွဲခေါ်ခဲ့ပြီပဲ။ ချက်ချင်းပဲ မယ်တော်ကြီး ယိကျယ်က ဒီကိစ္စကို သဘောပေါက်သွားပြီး ဒေါသထွက်သွားတယ်။
“သူတို့က ပုန်ကန်ဖို့ ကြိုးစားနေကြတာလား။ သူတို့က ငါ့လူတွေကို ထိခိုက်အောင် လုပ်ရဲတယ်ပေါ့။ ဟောင်အန်း။ အဲ့ကောင် ရှစ်ယောက်မြောက်ကောင်က မင်းရဲ့ အိမ်တော်မှာ ဘာလုပ်နေတာလဲ။”
ကျန်းယွမ်က ခေါင်းမခါခင် သေချာစဉ်းစားလိုက်တယ်။ “ယွမ်နိုင်လည်း မသိပါဘူး။ သူက အထက်မှူးမတ်ရှနဲ့ အတူလာပြီး အဖေနဲ့ နိုင်ငံရေးဆွေးနွေးတာပဲ သိပါတယ်။”
မယ်တော်ယိတျယ်က မောင်းမဆောင်အတွင်း ပရိယာယ်တွေကို ကျွမ်းကျင်ရုံသာမက သူမက အထွဋ်အထိပ်ခေတ်မှာ ဧကရာဇ်အသစ်ကို နန်းတက်ဖို့လည်း ကူညီခဲ့ပြီး နိုင်ငံရေးမှာလည်း ပါဝင်ခဲ့တယ်။ ဒီတော့သူမက စကားတစ်ခွန်းကနေ ဆက်စပ်မိနိုင်တယ်။ လက်ရှိ မင်းသားရှစ်ရဲ့ ရည်ရွယ်ချက်ကလည်း ပိုပြီးသိသာလာပြီး မယ်တော်ယိကျယ်က မျက်မှောင်ကျုံ့လိုက်တယ်။ သူမက ကျန်းယွမ်ရဲ့ ပါးပေါ်က လက်ရာကိုကြည့်ပြီး ဒေါသအရမ်းထွက်သွားပြီး
“အဲ့ကျန်းအိမ်တော်က နေချင်စရာကို မကောင်းဘူး။ မင်းငါနဲ့ နောက်ထပ် ရက်အနည်းငယ်လောက် နေဦး။ မင်းအဖေက ဒီလိုမျိုး ရဲတင်းလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး။”
သူမက ဆက်ပြောတယ်။
“အဲ့ရှယန်ကရော ဘယ်လိုဖြစ်သွားပြီလဲ။”
ရန်ကုကုက ရယ်လိုက်ပြီး
“မယ်တော်ယိကျယ်၊ ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး။ ကျွန်မက ဒီကိစ္စကို နည်းနည်းသိတော့ ဘာလို့ ကျွမ်းကျုကို အရင်ဆုံးထိုင်ခိုင်းပြီး မနားခိုင်းတာလဲ။ အဲ့ဒီအချိန်မှာ ကျွန်တော်မျိုးမက မယ်တော့်ကို အခြေအနေကို တင်ပြပါ့မယ်။”Zawgyi
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...