part 79(2)

3.3K 373 9
                                    

unicode

Part 84

အခန်း-၇၉ အပိုင်း(၂)

ကျောက်ရီက လူလေးယောက်ကို ဗိုလ်ချုပ်အိမ်တော်ရဲ့ ပင်မခန်းမထဲကို ခေါ်သွားတယ်။  ကျန်းအိမ်တော်နဲ့ စာရင် ဗိုလ်ချုပ်အိမ်တော်က ပိုပြီးတော့ စည်းကမ်းတင်းကြပ်ပြီးတော့ ခမ်းနားတယ်။  တစ်ချက်ကြည့်လိုက်ရုံနဲ့ အိမ်တော်ထဲက ရဲမက်တွေက အရမ်း ရဲရင့်ပြီးတော့ ခွန်အားကြီးတယ်။  ကျန်းယွမ်နဲ့ သူအစေခံတွေ ဖြတ်လျှောက်လာရင်း သူမက သူတို့ကို ခိုးမကြည့်ဘဲ မနေနိုင်ခဲ့ဘူး။

လန်ချောင်နဲ့ ပိုင်ကျီတို့က စိတ်လှုပ်ရှားနေပေမဲ့ ကျိုးမော့မော့ရဲ့ ခန္ဓာကိုယ်က သူတို့ အိမ်တော်ထဲကို ရောက်တာနဲ့ အဆက်မပြတ် တုန်ရင်နေတယ်။  သူမရဲ့ ရင်ထဲမှာ ကျန်းယွမ်က မျှော်လင့်ထားတဲ့ အတိုင်း ကျောက်ကွမ်းက သူမ ရောက်လာတာကို ပြင်ဆင်ထားလို့ စိတ်ထဲမှာ ရယ်နေကို မရပ်နိုင်ခဲ့ဘူး။  ဒီမှာ ရှိတဲ့ အစောင့်တွေက သူမကို ဆက်ဆံတဲ့ပုံက ကြီးမားတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရသလိုပဲ တကယ်လို့ သူမတို့ကသာ ဒုက္ခပေးမယ့်ပုံပေါ်ရင် အစောင့်တွေက ပိုပြီးတော့ လုပ်ဆောင်နိုင်စွမ်းရှိမှာပဲလို့ သူမ တွေးမိတယ်။ 

သူတို့ ပင်ခန်းမထဲကို ရောက်တာနဲ့ ကျောက်ရီက အထဲကို ခေါ်သွားတယ်။  အလယ်မှာကျောက်ကွမ်းက ထိုင်နေပြီးတော့ ဗိုလ်ချုပ်တစ်ယောက်ရဲ့ အငွေ့အသက်ကို ထုတ်လွှတ်နေတယ်။  ဒါက သူကြုံတွေ့ခဲ့ရတဲ့ တိုက်ပွဲတွေကနေ ကျင့်ကြံခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အငွေ့အသက်ဖြစ်တယ်။  အဲဒါက သူတို့ကို မကြောက်စေဘဲ အနေနိုင်ခဲ့ဘူး။  ကျောက်ယွမ်ဂျာ၊ ကျောက်ယွမ်ပင်း၊ ကျောက်ယွမ်ဖန်းတို့ သုံးယောက်က သူ့ဘေးနှစ်ဖက်မှာ ထိုင်နေကြတယ်။  ကျောက်ယွမ်ဂျာက ဖြောင့်မတ်ပြီး ရိုးသားတယ်၊ ကျောက်ယွမ်ပင်းက ထက်မြက်ပြီးတော့ အမြော်အမြင်ရှိပုံပေါ်ပြီးတော့ ကျောက်ယွမ်ဖန်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီးတော့ လွတ်လပ်ပြီး အထိန်းအကွပ်မဲ့ပုံပေါ်တယ်။  တစ်ချက်ကြည့်လိုက်တာနဲ့ ဒီကျောက်မိသားစုရဲ့ သားသုံးယောက်က တကယ်ပဲ ထူးခြားတဲ့ အရည်အချင်းရှိတဲ့ ယောက်ျားတွေ ဖြစ်ပုံပေါ်တယ်။ 

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now