part 89(2)

3.4K 324 1
                                    

Unicode
Part 102

အခန်း - ၈၉

လွန်ခဲ့တဲ့ ရက်အတွင်းမှာ ကျန်းရှင်းကျီက ကွမ်လင်းဟန်ကို မြို့တော်ထဲကို အောင်မြင်မှုနဲ့ အတူ ပြန်လာခဲ့ပြီးတော့ နောက်တစ်ကြိမ် သူက ထပ်ပြီးတော့ နာမည်ကောင်းရပြန်ပြီဖြစ်တယ်။
ကွမ်လင်းဟန်ရဲ့ သီးသန့် တပ်တွေကို တပ်ဖြန့်တာက တရားမဝင်ဖြစ်ပြီးတော့ ဧကရာဇ်ရဲ့ အမိန့်ကို လွန်ဆန်တာ ဖြစ်ပေမဲ့ လူတွေရဲ့ အသက်တွေက ပိုအရေးပါတာ ဖြစ်တယ်။ ဒါ့ကြောင့် ဒီအခြေအနေကို ပါဝင်တာက ကြီးမားတဲ့ ဦးစားပေးဖြစ်တယ်။ အင်ပါယာရုံးတော်က ဧကရာဇ်ရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ ပတ်သက်တဲ့သူတွေကို အပြစ်ပေးတဲ့ အမိန့်ကို မထုတ်ပြန်သေးဘူး။ ဒီ ‘ရာဇဝတ်မှု’ က ချီးမွမ်းထိုက်တဲ့ လုပ်ရပ်ကို မကျော်လွန်သေးဘူး။
ကွမ်လင်းဟန်က စစ်ပွဲပေါင်းများစွာရဲ့ ဝါရင့်စစ်ပြန် တစ်ယောက်ဖြစ်ပြီးတော့ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်မှာ ‘စစ်နတ်ဘုရား’ လို့တောင် လူသိများတယ်။ ဒါ့ကြောင့် ဒီကိစ္စတွေက သူ့အတွက် အရမ်း အရေးမကြီးဘူး။ ဒါပေမဲ့ ကြီးမားတဲ့ အောင်မြင်မှုနဲ့ ဘယ်ကမှန်းမသိ ပေါ်လာတဲ့ ကျန်းရှင်းကျီအတွက်တော့ အဲဒါက ကွဲပြားတဲ့ ကိစ္စဖြစ်တယ်။ သူက ငယ်ငယ်လေးနဲ့ လက်ထောက်ဗိုလ်ချုပ် အဖြစ် ရာထူးတိုးခံလိုက်ရပြီဖြစ်ပြီးတော့ ဒီအခြေအနေက အချိုပေါ် သကာလောင်းခြင်း ဖြစ်တယ်။ ဒီလို ကိစ္စတွေမှာ စိတ်ဝင်စားတဲ့သူတွေက ကျန်းရှင်းကျီရဲ့ အရာရှိလုပ်ငန်းက အနာဂတ်မှာ တစ်ဟုန်ထိုး အောင်မြင်မယ်ဆိုပြီးတော့ ယူဆထားကြတယ်။ အဲ့ ကျန်းမိသားစုက အရပ်ဘက် အရာရှိ လောကမှာ မျိုးဆက်တွေကို မွေးထုတ်ပေးသလို ကျန်းရှင်းကျီက မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်တွေကို စတင်မယ်ဆိုတာ ဘယ်သူကမှ မျှော်လင့်မထားကြဘူး။
ဒါ့အပြင် ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာ အဆုံးမရှိတဲ့ ရေစီးကြောင်း တစ်ခုလို ရထားလုံးတွေက ကျန်းအိမ်တော် အရှေ့မှာ ရောက်နေပြီးတော့ ကျန်းချွမ်ကို လာပြီး လည်ကြတာဖြစ်တယ်။
ကျန်းချွမ်က တိတ်တဆိတ် မျက်မှောင်ကြုတ်လိုက်တယ်။ မဟာကောင်စီဝင်အိမ်တော်က လူတိုင်းက အကျဉ်းချခံထားရတာဖြစ်ပြီးတော့ အခြေအနေက လုံးဝ ဘေးဒုက္ခပဲ။ တကယ်လို့ ကြက်ကန်းဆန်အိုးတိုးပြီး လီမိသားစုက နောက်ဆုံးမှာ လွတ်မြောက်သွားရင်တောင် သူတို့က သူတို့ရဲ့ အရင် ကျက်သရေနဲ့ သဘောကျခံရမှာ မဟုတ်ဘူး။ ဒါ့အပြင် မင်းသားရှစ်ရဲ့ အာဏာနဲ့ ဩဇာက ထိခိုက်ခံထားရတယ်။ ဒီအချိန်မှာ အင်ပါယာရုံးတော်ထဲက ဘယ်သူကမှ သူတို့ရဲ့ အဆင့်က ဘာနေနေ အလောတကြီး ပြုမူရဲမှာ မဟုတ်ဘူး။ ရှမိသားစုကတောင် တိတ်ဆိတ်နေတယ်။
ကျန်းမိသားစုက ရွှမ်းလီ အပေါ်မှာ မူတည်နေတဲ့ ရှမိသားစုအပေါ်မှာ မူတည်နေတယ်။ တကယ်လို့ ပြဿနာတွေက ရွှမ်းလီနဲ့ အတူတက်ခဲ့ရင် ကျန်းမိသားစုကလည်း အနာဂတ်ရှိမှာ မဟုတ်တာ သေချာတယ်။ ကျန်းချွမ်က ဒါကို နက်နက်ရှိုင်းရှိုင်း စိုးရိမ်နေတာဖြစ်ပေမဲ့ ကျန်းရှင်းကျီက ရုတ်တရက်ကြီး မိုးခြိမ်းသံလို ထွက်ပေါ်လာပြီးတော့ သူ့ကို အံ့အားသင့်စေခဲ့တယ်။ ကျန်းအိမ်တော်က ပြိုလဲကာနီးနေပြီးတော့ ရုတ်တရက် ထပြီး ကြီးပွားတိုးတက်တဲ့ အခြေအနေကို ရောက်လာတာဖြစ်တယ်။
သူ့ဆီကို အရင်ကလာလည်တဲ့ လုပ်ဖော်ကိုင်ဘက်တွေ အပေါ် သူ့ရဲ့ ခံစားချက်တွေနဲ့ သူ့ကို လူထုက သူ့ကို အသေးစိတ် သဘောကျတာက ရှုပ်ထွေးတယ်။ တကယ်လို့ အဲဒါသာ ကျန်းမိသားစုကို ဂုဏ်ကျက်သရေ ယူဆောင်လာတဲ့ ကျန်းချောင်ဖြစ်ရင် အဲဒါက အဆင်ပြေမှာဖြစ်ပေမဲ့ ကျန်းရှင်းကျီဖြစ်နေတယ်။ လက်ရှိမှာ ကျန်းရှင်းကျီကကျန်းမိသားစုကို တကယ်ပဲ အကျိုးကျေးဇူးများစွာ သယ်ဆောင်လာပေးနေပေမဲ့ သူက အရမ်း မောက်မာပြီးတော့ အိမ်တော်ကို ပြန်လာတဲ့ အပေါ်မှာ အထက်စီးဟန်ဆန်နေတယ်။ တကယ်လို့ သူက တကယ်ပဲ ဧကရာဇ် သဘောကျတာ ခံရရင် အနာဂတ်မှာ ကျန်းအိမ်တော်ကို မဆန့်ကျင်လောက်ဘူးလား။ ကျန်းချွမ်က ဒီသားကြီးကို တစ်ခါမှ ဂရုမစိုက်ဖူးပေမဲ့ သူက သူ့ကိုယ်သူ တစ်ရက်ပြီးတစ်ရက် ပိုပြီး လုပ်ဆောင်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသနေတယ်။ တကယ်လို့ အနာဂတ်မှာ ကျန်းမိသားစုရဲ့ အမွေတွေအကုန် သူ့လက်ထဲ ရောက်သွားရင် ကျန်းချောင်နဲ့ ကျန်းစုစုတို့အတွက် နေရာရှိမှာ မဟုတ်တော့ဘူး။ သူ ဒီအကြောင်းကို တွေးကြည့်ရင် ကျန်းချွမ်ရဲ့ မျက်ဝန်းထဲမှာ မှုန်မှိုင်းမှု အရိပ်အယောင် ထွက်ပေါ်လာတယ်။
ကျန်းချွမ်က သူ့ရဲ့ ရှုပ်ထွေးတဲ့ ခံစားချက်တွေကို ရှင်းထုတ်နေတဲ့ အချိန်မှာ သူ့ထက်ပိုဆိုးတဲ့ အခြေအနေရှိတဲ့ သူတွေတောင် ရှိသေးတယ်။ ဘောင်ချန်းရေလှောင်ကန် ပြိုကျသွားပြီးကတည်းက ရန်ဟွယွမ်နဲ့ စုရှင်းယွမ်ထဲမှာ အခွဲခံရတဲ့ ပန်းကန်တွေနဲ့ လက်ဖက်ရည်ပန်းကန်ပြား အရေအတွက်က တဖြည်းဖြည်း များလာတယ်။ ရှယန်က အအေးမိလို့ အိပ်ရာထဲ လဲနေပေမဲ့ အိမ်တော်ထဲကလူတွေက သူမရဲ့ အဖျားက ကျန်းရှင်းကျီရဲ့ နာမည်ကောင်းကြောင့် ဖြစ်တာဆိုပြီးတော့ တီးတိုးပြောဆိုနေကြတယ်။
တီးတိုးပြောတာတွေက ပိုပြန့်လာပြီးတော့ တစ်နည်းနည်းနဲ့ မြို့တော်ထဲက လမ်းတွေနဲ့ လမ်းကြားတွေထဲပါ ပြန့်သွားတယ်။ လျှာတွေက မြို့တော်တစ်လျှောက် လှုပ်သွားနေပြီးတော့ အရင်တုန်းက အရည်အချင်း အရှိဆုံး မိန်းမ ရှယန်က အိမ်တော်ထဲကို ဝင်တာနဲ့ သဘောထားသေးသိမ်ပြီး၊ မနာလိုတဲ့ အမျိုးသမီးဖြစ်လာတာကို မရှောင်လွှဲနိုင်ခဲ့ဘူးပဲ။ သူတို့က သူမရဲ့ ပုံမှန် သိက္ခာရှိပြီးတော့ ခံ့ညားတဲ့ ရောင်ဝါနဲ့ သူမရဲ့ သဘောထားကြီးတာက ဟန်ပြပဲ။ မဟုတ်ရင် ဘယ်လိုလုပ်ပြီးတော့ သူမက အကြီးဆုံးကျန်းသခင်လေး ဒီလို ကြီးမားတဲ့ နာမည်ကောင်းရတဲ့ အချိန်မှာ ဖျားလိမ့်မလဲ။
ဒီကောလဟာလက မြို့တော်ထဲမှာ ပြန့်နေပြီးတော့ ကျန်းအိမ်တော်ကို ပြန်ရောက်လာတယ်။ နောက်ရက်ကျတော့ ရှယန်က သူမရဲ့ နေမကောင်းမှုကနေ ပြန်ကောင်းလာတယ်။
ရှယန် ပြန်ကောင်းလာပေမဲ့ ကျန်းချောင်က ထပ်ဖျားပြန်တယ်။ သူက သူ့ကိုယ်သူ သူ့ရဲ့ ခြံထဲမှာ ပိတ်ထားပြီးတော့ အပြင်ထွက်ဖို့ ငြင်းခဲ့တယ်။
ပင်မအိမ်တော်က ဒီလို လေထုအဖြစ် ခံခဲ့ရတယ်။ ရလာဒ်အနေနဲ့ ကျန်းအိမ်တော်က ကိုယ်လုပ်တော်တွေနဲ့ တခြားသမီးတွေက ကျန်းယွမ်ကို တွေ့ရင် သူတို့က သူမကို တဗူးအနေနဲ့ ဆက်ဆံကြတယ်။
ကျန်းအိမ်တော်က လူတွေရဲ့ သဘောထားတွေက ဘယ်လိုပဲဖြစ်ဖြစ် ကျန်းရှင်းကျီနဲ့ ကျန်းယွမ်တို့က ပျော်နေပြီးတော့ တင်းတိမ်ကြတယ်။ တကယ်လို့ အဲ့မှာ အိမ်တော်ထဲမှာ ပျော်နေတဲ့သူ ထပ်ရှိနေသေးရင် အဲဒါ ကျန်းသခင်မကြီးပဲ ဖြစ်လောက်တယ်။
ကျန်းသခင်မကြီးက အိပ်ရာထဲမှာ လဲနေတယ်။ သူမကလည်း အသက် ခြောက်ဆယ်ဝန်းကျင် ရောက်နေပြီပဲလေ။ သူမ ဖျားရင် အမြဲတမ်း ပြင်းထန်ပြီးတော့ သူမရဲ့ ပြန်ကုသနိုင်စွမ်းကလည်း အရမ်းနှေးတယ်။ သူမက ကျန်းရှင်းကျီ လက်ထောက်ဗိုလ်ချုပ်အဖြစ် ရာထူးတိုးခံလိုက်ရပြီး အိမ်တော်ကို ပြန်လာပြီလို့ ကြားတော့ သူမက အရမ်းပျော်ခဲ့တယ်။ ဒါပေမဲ့ ကျန်းရှင်းကျီ မြို့တော်ကို ပြန်လာကတည်းက သူက စစ်တပ်ကိစ္စတွေနဲ့ အလုပ်များနေပြီးတော့ ကျန်းသခင်မကြီးကလည်း ထပြီး လမ်းလျှောက်ဖို့ကို သူမရဲ့ ခန္ဓာကိုယ်က ပျော့ညံ့နေခဲ့တယ်။ ဒါ့ကြောင့် စိတ်ရှည်စွာနဲ့ သူမက ကျန်းရှင်းကျီနဲ့ ကျန်းယွမ်တို့ကို သူမဆီ လာလည်ဖို့ ခေါ်လိုက်ရတယ်။
ကွမ်လင်းယွမ်မှာ ကျန်းသခင်မကြီးက သူမရှေ့က ထူးခြားတဲ့ လူငယ်တွေကို ကျေနပ်မှုနဲ့ အကဲခတ်နေတယ်။ သူမက အသက်ကြီးနေပြီဖြစ်ပြီးတော့ သူမ အရင်က ကျန်းချောင်ကို သဘောကျခဲ့ပေမဲ့ သူက သူမကို ငယ်ငယ်ကတည်းက အကြိမ်ကြိမ် စိတ်ပျက်စေခဲ့တယ်။ တစ်ဖက်မှာ ဒီကျန်းရှင်းကျီက မြို့တော်ကို ကြီးမားတဲ့ အောင်မြင်မှုနဲ့ ပြန်လာပြီးတော့ သူမကို ထိုင်စေခဲ့ပြီးတော့ သူ့ကို သဘောကျစေခဲ့တယ်။
ကျန်းသခင်မကြီးရဲ့ နွေးထွေးပြီး ရင်းနှီးတဲ့ အပြုအမူကြောင့် ကျန်းရှင်းကျီက ယဉ်ကျေးပေမဲ့ ခွကျပြီးတော့ ခပ်တန်းတန်းဖြစ်နေတယ်။ သူက ယဉ်ကျေးပျူငှာစွာ ပြသပေမဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး နည်းနည်းပဲ ရှိတယ်။ အချိန်ကြာလာတာနဲ့အမျှ ကျန်းသခင်မကြီးက ကျန်းရှင်းကျီရဲ့ သဘောထားကို တွေ့ရပြီးတော့ တဖြည်းဖြည်း ရည်မွန်မှု နည်းပါးလာတယ်။
ဒါ့အပြင် ကျန်းရှင်းကျီက သူ့ရဲ့ စစ်တပ်အတွေ့အကြုံတွေ အကြမ်းခံနိုင်အောင် လေ့ကျင့်ပေးတာ ခံခဲ့ရတာဖြစ်တော့ သူက ကျန်းသခင်မကြီးရဲ့ တမင် တိတ်ဆိတ်နေတာကို တည်ငြိမ်စွာနဲ့ လျစ်လျူရှူထားတယ်။ ကျန်းယွမ်က ဘာမှမပြောဘဲနဲ့ တိတ်ဆိတ်စွာနဲ့ စကားတစ်ခွန်းမှ မပြောဘဲ ထိုင်နေတယ်။ ကျန်းသခင်မကြီးက သူ့ကို ကျန်းမိသားစုကို ကူညီရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်းနဲ့ သွယ်ဝိုက်စွာ သတိပေးခဲ့တယ်။ တကယ်လို့ သူကူညီနိုင်ရင် သူ ကျန်းချောင်ကိုလည်း ကူညီသင့်ကြောင်း သူက ကျန်းအိမ်တော်ရဲ့ အမွေဆက်ခံမယ့်သူ ဖြစ်နိုင်ချေ များတာကြောင့်နဲ့ ကျန်းချောင်က ကောင်းကောင်းဆိုးဆိုး သူ့ညီလေး ဖြစ်ကြောင်း ပြောပြနေတယ်။
ကျန်းရှင်းကျီက တည်ငြိမ်နေပြီးတော့ အခြေအနေကို ထိန်းကျောင်းခဲ့တယ်။ ဒီတော့မှ စကားတွေက သူ ကတိမပေးဘဲနဲ့ သူ့ဘက် ပြန်မလာမှာဖြစ်တယ်။
သူမရဲ့ တစ်ဘဝလုံး ကျန်းသခင်မကြီးက အံ့ဩဖွယ်ရာ လာဘ်မြင်ခဲ့တာဖြစ်တယ်။ သူမက ကျန်းယွမ်နဲ့ ကျန်းရှင်းကျီတို့က ဒီလောက် ခေါင်းမာနေတာကို သတိမူမိတော့ သူမက မကျေမနပ် ဖြစ်သွားတာတော့ အမှန်ပဲ။ သူမက သမာရိုးကျ နှုတ်ဆက်မှုနဲ့ စကားနည်းနည်းပြောလိုက်ပေမဲ့ သူမရဲ့ အပြုအမူက ချက်ချင်းပဲ အအေးစက်သွားတယ်။ နောက်ဆုံးမှာတော့ သူမက သူမ မောလာပြီဆိုပြီးတော့ သူတို့ကို နှင်လွှတ်လိုက်တယ်။
သူတို့ ထွက်သွားတော့ သူမက သူဘေးက ချိုက်ကျွဲ့ကို ပြောလိုက်တယ်။
“သူက တန်ဖိုးရှိတဲ့ ရတနာလို့ ငါထင်ခဲ့ပေမဲ့ သူက အချိန်တွေကို နားမလည်နိုင်ဘဲနဲ့ လိုလိုလားလား လက်မခံနိုင်ဘူးဖြစ်နေတယ်။”
“အကြီးဆုံး သခင်လေးက သခင်မအပေါ်ကို မကျေနပ်ချက် တချို့ရှိတယ်။ ဒီမကျေနက်ချက် ပြီးဆုံးသွားတာနဲ့ သူက အဆင်ပြေသွားမှာပါ။ ဘာပဲဖြစ်ဖြစ် သူက မိသားစုဝင် ဖြစ်နေပါသေးတယ်။”
ချိုက်ကျွဲ့က ဖြောင်းဖျတဲ့ အနေနဲ့ ပြောလိုက်တယ်။
“ဘာမကျေနပ်ချက်လဲ အဲဒါ မုန်းတီးခြင်းဆိုတာ အသိသာကြီးကို။”
ကျန်းသခင်မကြီးက သက်ပြင်း အရှည်ကြီးချလိုက်ပြီးတော့ ပြောလိုက်တယ်။
“ကောင်းပြီ။ သူတို့ကို နောက်မှပဲ သူတို့ ကြိုက်သလို အချင်းချင်း နှိပ်စက်ပလေ့စေ။ ရှယန်လည်း ခံစားသင့်တယ်။”
သူမက ကျန်းချောင်ကို သဘောကျပေမဲ့ သူမက သူ့အပေါ်ကို တကယ် မပုံအောထားခဲ့ဘူး။ အဆုံးမှာ ကျန်းချွမ်က သူမရဲ့ ကလေး မဟုတ်ဘဲနဲ့ သူမက ကျန်းအိမ်တော်ရဲ့ ဂုဏ်သိက္ခာအတွက် စောင့်ရှောက်ခဲ့တာဖြစ်တယ်။ သူမရဲ့ ခံယူချက်ထဲမှာ အနာဂတ်မှာ အိမ်တော်ရဲ့ ဦးစီးသူက ကျန်းချောင် ပဲဖြစ်ဖြစ် ကျန်းရှင်းကျီပဲ ဖြစ်ဖြစ် ခြားနားမှု မရှိဘူး။
ကျန်ူယွမ်နဲ့ ကျန်းရှင်းကျီတို့ ကွေးလန်ယွမ်ကနေ ထွက်လာတော့ ကျန်းယွမ်က ပြောလိုက်တယ်။
“အဘွားက ကိုကြီးကို စိတ်တိုနေလောက်တယ်။”
“ကိုကြီး ကျန်းအိမ်တော်ရဲ့ နေရာအကြောင်းကို စောက်ဂရုမစိုက်ဘူး။”
ကျန်းရှင်းကျီက အနိမ့်သံနဲ့ ပြောလိုက်တယ်။
“အိမ်တော်ကို ကူညီဖို့ဆို ပိုဆိုးသေး။”
“ကိုကြီး ကူညီစရာ မလိုရင် အကောင်းဆုံးပဲ။”
ကျန်းယွမ်က အပြုံးလေးနဲ့ ပြောလိုက်တယ်။
ဘာလို့လဲဆိုတော့ ကျန်းအိမ်တော်က တစ်နေ့မှာ လုံးဝပြိုလဲသွားမှာ ဖြစ်လို့ဖြစ်တယ်။ သေမယ့်လူတွေအတွက် သူတို့ အသက်ရှင်နေတုန်းမှာ လှပတဲ့ အရာတွေ နဲ့ ချမ်းသာမှုအတွက်ရော အချိန်ရော အားအင်ရော ဖြုန်းတီးစရာလိုလို့လား။
သူမက ဒါကို ပြောလိုက်တာနဲ့ ဉယျာဉ်ထဲက အဝတ်စ ထွက်လာတာကို သတိထားမိတယ်။ ကျန်းယွမ်က ပြုံးလိုက်ပြီးတော့ အမြန် သူမရဲ့ အသံကို မြှင့်ပြီးတော့ ပြောလိုက်တယ်။
“အဘွားက ကိုကြီးကို ကျန်းအိမ်တော်ရဲ့ အမွေဆက်ခံသူ အဖြစ် အသိအမှတ်ပြုမှတော့ ဒါက သူမရဲ့ စိတ်ထဲကနေ ဖြစ်စေချင်တာ ဖြစ်ရမယ်။ ကိုကြီး အဲဒါကို လေးလေးနက်နက် စဉ်းစားရမယ်နော်။”
ကျန်းရှင်းကျီက ခဏကြောင်သွားပေမဲ့ ကျန်းယွမ်ရဲ့ မျက်နှာထားကို ကြည့်လိုက်တော့ အခြေအနေကို နားလည်သွားပုံ ပေါ်သွားတယ်။ သူက သူမနဲ့အတူ ပြုံးလိုက်ပြီးတော့ ပြောလိုက်တယ်။
“အမှန်ပဲ။”
အဝတ်စခါနေတာက အမြန် ပျောက်သွားတယ်။ ကျန်းယွမ်နဲ့ ကျန်းရှင်းကျီတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီးတော့ ရယ်လိုက်ကြတယ်။
ဒီကျန်းအိမ်တော်ရဲ့ မောင်နှမနှစ်ယောက်က ကိစ္စတွေကို အေးအေးဆေးဆေး ကိုင်တွယ်နေကြပေမဲ့ ဒီလို စိမ်ပြေနပြေမျိုးကို မခံစားရတဲ့ သူတွေ ရှိတယ်။ ဉပမာအနေနဲ့ မဟာကောင်စီဝင်အိမ်တော်က အသိမ်းခံလိုက်ရပြီးတော့ ရှာဖွေခံခဲ့ရတယ်။ လီမိသားစုကလည်း အကျဉ်းချခံထားရတယ်။
မဟာကောင်စီဝင် အိမ်တော်ထဲက လူတွေအကုန် အကျဉ်းချခံထားရပြီးတော့ လီမိသားစုရဲ့ ဒုတိယသခင်လေး လီအန်း တစ်ယောက်တည်း ရာဇဝတ်မှု ကျူးလွန်သူ အနေနဲ့ အဖမ်းခံရမှာစိုးလို့ ထွက်ပြေးနေတယ်။ တစ်မြို့လုံး အရှေ့ အနောက် ပတ်ပြီး ရှာနေပေမဲ့ ဘယ်သူကမှ သူ့ရဲ့ အရိပ်ကိုတောင် မတွေ့မိကြဘူး။ ဒါက မြို့တော်ထဲမှာ ပင်မအဖြစ်အပျက် ဖြစ်ပြီးတော့ လူတွေကိုလည်း နေ့တိုင်း ဘိလစ်စာရေးတွေနဲ့ ရှာနေကြတယ်။
လီမိသားစုရဲ့ ဒုတိယသခင်လေးက အမြဲတမ်း အရမ်းထက်မြက်လို့ ဘယ်သူမှ သူဘယ်မှာ ပုန်းနေလဲဆိုတာ မသိဘူး။ သူက အရမ်းလည်း သတိရှိလို့ သူ့ကိုဖမ်းဖို့က ခက်လောက်တယ်။
မြို့တော်ရဲ့ ဆင်းရဲသား ရပ်ကွက်ထဲမှာ ညစ်ပတ်ပြီး ယိုယွင်းနေတဲ့ တည်းခိုခန်းရှိတယ်။ မစဲသေးတဲ့ မိုးက အမိုးကနေ ယိုစိမ့်ကျလာပြီးတော့ လေကလည်း တိုးနေတယ်။ တည်းခိုခန်းက နောက်တစ်စက္ကန့်မှာပဲ ပြိုတော့မယ့်ပုံ ပေါက်နေတယ်။
မီးခိုးဝတ်ရုံနဲ့ လူတစ်ယောက်က ဝင်လာတယ်။ တည်းခိုခန်း ပိုင်ရှင်က အဲ့အချိန်မှာ အိပ်ဖို့ စားပွဲပေါ် ခေါင်းတင်ထားတုန်းဖြစ်ပြီးတော့ ဒီအချိန်မှာ ဘယ်သူမှ ဝင်မလာဘူးလို့ ထင်နေတာဖြစ်တယ်။ သူက အမြန် ရည်ရည်မွန်မွန်နဲ့ ဧည့်သည်ကို ဧည့်ခံလိုက်ပြီး ပြောလိုက်တယ်။
“လူကြီးမင်း ဒီမှာ နေဖို့လား ဒါမှမဟုတ် လာစားတာပါလား။”
“ငါ အလယ်က အခန်းတစ်ခန်း လိုချင်တယ်။”
မီးခိုးဝတ်ရုံနဲ့ လူက ပဲ့နေတဲ့ ငွေပြားကို ထုတ်လိုက်ပြီး ပြောလိုက်တယ်။
“ဒုတိယက ငါ့အခန်းထဲကို အစားအစာ လာပို့ပေး။”
ဒါကို ပြောပြီးတော့ သူ အအပေါ်ကို တက်သွားတယ်။ တည်းခိုခန်းက အိုနေပြီဖြစ်ပြီးတော့ အချိန်အကြာကြီး ပစ်ထားလို့ ယိုယွင်းနေတာ ဖြစ်တယ်။ အဲဒါက ဆင်းရဲသား ရပ်ကွက်က လမ်းကြားမှာ ရှိနေလို့ လူချမ်းသာတွေက ဒီလိုနေရာမှာ လာနေဖို့ ရည်ရွယ်မှာမဟုတ်သလို ဆင်းရဲသားတွေကလည်း ပိုက်ဆံမရှိလို့ လာနေကြမှာ မဟုတ်ဘူး။ ဒါ့ကြောင့် တည်းခိုခန်းကို လာတဲ့ ဧည့်သည်က အရမ်းနည်းတယ်။
တည်းခိုခန်းပိုင်ရှင်က ပြုံးပြီးတော့ သဘောတူလိုက်ပြီးတော့ အပေါ်ထပ်ကို သွားပြီးတော့ ဒီမီးခိုးရောင် ဝတ်ရုံနဲ့ ဧည့်သည်အတွက် အခန်းတစ်ခန်း ရှာပေးလိုက်တယ်။
သူ့ကို အခန်းထဲ လမ်းပြပေးပြီးတော့ တည်းခိုခန်း ပိုင်ရှင်က အောက်ကို ပြန်သွားတဲ့ အချိန်မှာ မီးခိုးရောင် ဝတ်ရုံနဲ့ လူက တံခါးကို ပိတ်လိုက်တယ်။ သူက ဖြည်းညင်းစွာနဲ့ သူ့ရဲ့ အထည်စအလွှာကို ချွတ်လိုက်ပြီးတော့ မီးခိုးရောင် အပြင်ဝတ်ကနေ ကြော့ရှင်းတဲ့ မျက်နှာ ထွက်ပေါ်လာတယ်။ သူ့ရဲ့ မျက်နှာထားကတော့ ယုတ်မာပုံ ပေါ်ပြီးတော့ မှုန်မှိုင်းနေတယ်။
အဲဒါက လီအန်းက လွဲပြီး ဘယ်သူဖြစ်ဦးမှာလဲ။
အရမ်းထက်မြက်ပြီးတော့ မောက်မာတဲ့ လီအန်းက လမ်းဘေးခွေးသာသာ နိမ့်ကျသွားပြီးတော့ အာဏာရှိတဲ့ သူတွေ ဖမ်းတာကနေ လွတ်အောင် ဖြစ်နိုင်တဲ့ ထောင့်တိုင်းမှာ ပုန်းနေတယ်။ ငယ်ငယ်ကတည်းက လူတွေက အမြဲတမ်း သူ့ကို ချီးမွမ်းကြပြီးတော့ သူ့ကို မဟာကောင်စီဝင် အိမ်တော်ရဲ့ မျှော်လင့်ချက်လို့ပြောကြတယ်။ သူက ညစ်ပတ်ပြီး ယုတ်မာတဲ့ လီရန်ကို လုံးဝ မထီမဲ့မြင်ပြုပြီး ပျော်ရွှင်မှု ပဓာနဝါဒီ နေထိုင်မှုပုံစံရှိတဲ့ လီတုန်းကိုလည်း မကျေနပ်ခဲ့ဘူး။
သူက တခြားသူတွေ သူတို့ရဲ့ ကြည့်ညိုလေးစားတဲ့ အကြည့်တွေရဲ့ ဆရာ ဖြစ်ချင်တာ ဖြစ်တယ်။ တကယ်တော့ သူက ဒါကို ရယူပြီးပြီဖြစ်လို့ တစ်နေ့ကျ သူက ဒီလို ဆိုးရွားတဲ့ ကျရှုံးမှုကို ခံစားရမယ်လို့ မမျှော်လင့်ထားတာဖြစ်ပြီးတော့ အထူးသဖြင့် ဒီလိုမိန်းမပျိုလေးရဲ့ လက်ထဲမှာပေါ့။
ပြီးခဲ့တဲ့ ရက်‌တွေအတွင်းမှာ သူက ဂရုတစိုက် သူ့စိတ်ထဲက နောက်ဆက်တွဲ အဖြစ်အပျက် တစ်ခုလုံးကို ဖြေရှင်းပြီးပြီဖြစ်တယ်။ နောက်ဆုံးမှာတော့ သူက ဒါက ကျန်းယွမ် ကြိုးကိုင်ထားတယ်ဆိုတဲ့ ကောက်ချက်ကို ချခဲ့တယ်။ သူက သူ့ရဲ့ အံ့အားသင့်မှုကို မဖုံးကွယ်နိုင်ခဲ့ဘူး။ ကျန်းယွမ်က လီရန်ကို သင်းကွပ်ခဲ့တဲ့ အချိန်ကတည်းက အဲဒါက သူမက လီမိသားစုကို ပစ်မှတ်ထားပြီးတော့ တစ်လှမ်းချင်း ကြံနေသလိုပဲ။ ဒါပေမဲ့ သူမရဲ့ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ဒီလို ဗြောင်ရန်စတာက မဟာကောင်စီဝင်အိမ်တော်ကို ကြီးကြီးမားမား ဆုံးရှုံးစေခဲ့တယ်။ ဘယ်လိုလုပ်ပြီး လီအန်းက ဒါကို ဒီတိုင်းထားနိုင်မှာလဲ။
အဲဒါတွေအပြင် ရုတ်တရက်ကြီး ဈေးထဲမှာ သတင်းတွေက ပြန့်ခဲ့ပြီးတော့ ဧကရာဇ်က မဟာကောင်စီဝင်အိမ်တော်ထဲမှာ နိုင်ငံတော် ဘဏ္ဍာတိုက်ထက် ပိုပြီးတော့ များတဲ့ မရေမတွက်နိုင်တဲ့ အဖိုးတန်တဲ့ ပစ္စည်းတွေနဲ့ တန်ဖိုးရှိ ကျောက်မျက်ရတနာတွေကို တွေ့ခဲ့တယ်။ ဧကရာဇ်က အရမ်း ဒေါသထွက်ပြီးတော့ လူသတ်ချင်တဲ့ စိတ်ရိုင်းတွေနဲ့ ပြည့်သွားခဲ့ပြီးတော့ တစ်မိသားစုလုံးကိ သတ်ချင်ခဲ့ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို နောက်ရက်တွေ အတွင်း သိမ်းယူခဲ့တယ်။
ဒါက ကောလဟာလ တစ်ခုပဲ ဆိုပေမဲ့ အဲဒါက နန်းတွင်းကနေ လာတာဖြစ်တယ်။ ဘယ်သူကမှ အမှားကနေ အမှန်မပြောနိုင်ပေမဲ့ လီအန်းကိုယ်တိုင်က အဲဒါကို သေချာနေပြီးတော့ တကယ်လို့ နိုင်ငံတော် ဘဏ္ဍာတိုက်ကို ဖြည့်ဖို့ အကြောင်းတစ်ခုတည်း မဟုတ်ရင် ဧကရာဇ်က မဟာကောင်စီဝင် အိမ်တော်က လူတွေရဲ့ အသက်တွေကို တောင်းဆိုဖို့က ဖြစ်နိုင်ဖို့ ပိုများတယ်။
ဒါပေမဲ့ တကယ်လို့ ဒါဖြစ်ခဲ့ရင် မဟာကောင်စီဝင်အိမ်တော်က လုံးဝ ကံကောင်းမှုကို ပြင်ဖို့ ဖြစ်နိုင်ချေကို ဆုံးရှုံးမှာဖြစ်တယ်။
ဒါက လက်ခံနိုင်စရာမဟုတ်ဘူး။ သူ တစ်ခုခု လုပ်ရမယ်။ သူက ဒီတိုင်းထိုင်နေပြီးတော့ သေမှာကို စောင့်မနေနိုင်ဘူး။ သူက ရေလှောင်ကန်ပြိုတဲ့ ကိစ္စေသေးသေးလေးကြောင့် မဟာကောင်စီဝင် အိမ်တော် ပြိုလဲမှာကို ကြည့်မနေနိုင်ဘူး။
သူက လိုအပ်ချက်တစ်ချို့ကို ပြင်ဆင်ပြီးပြီဖြစ်ပြီးတော့ အဲဒါကို တွေ့သွားတော့ သည်းနေတဲ့ မိုးက မရပ်တော့ မြို့တော်ထဲက ချမ်းသာတဲ့ မိသားစုတွေ အများကြီးက ကျော်ကြားတဲ့ ဘုရားကျောင်း ဘောင်ကွမ်းဘုရားကျောင်းမှာ မကြာခဏ သွားသွား ဆုတောင်းကြတယ်။
ဒါ့အပြင် သဘက်ခါကျရင် ကျန်းယွမ်က ကျန်းအိမ်တော်က တခြား မိန်းမပျိုလေးတွေနဲ့ အမွှေးတိုင်တချို့အတွက် ပိုက်ဆံတချို့ သွားလှူမှာဖြစ်တယ်။
ဘောင်ကွမ်းဘုရားကျောင်းက မြို့တော်နဲ့ အရမ်းဝေးတဲ့ ရှူရီတောင်ကုန်းပေါ်မှာ တည်ရှိတာဖြစ်တယ်။ တော်တွေက မြင့်မားပြီး ချိုင့်ဝှမ်းတွေက နက်ပြီးတော့ ခရီးက ရှည်လျားတယ်။ ဒီအကြောင်းကြောင့် အမွှေးတိုင်(သတ္တိရှိတဲ့သူတွေ လာလှူတဲ့)တွေက သူတို့ရဲ့ နှလုံးသားထဲက စိတ်ရောကိုယ်ပါ လုပ်တာဆိုတာကို သက်သေပြတာဖြစ်လို့ ပိုပြီး အစွမ်းထက်တယ်။
ကျန်းအိမ်တော်က မိန်းမပျိုလေးတွေ အကုန်လုံးက ဘောင်ကွမ်းဘုရားကျောင်းကို လည်တာက အခွင့်ကောင်းဆိုတာ သေချာတယ်။
သူက ဧကရာဇ် မဟာကောင်စီဝင် အိမ်တော်ကို စီရင်ချက်မချခင်မှာ ကစားပွဲကို ပြောင်းပြန် ဖြစ်အောင် လုပ်ရမယ်။ ဒါက သူ ကျန်းယွမ်ကို အရင် ရရမယ်လို့ ဆိုလိုတာဖြစ်တယ်။ ဒါပေမဲ့ အခုတလော သူက လူမြင်ကွင်းမှာ မပေါ်နိုင်ရုံတင် မကဘဲ သူက သူမနားကို ကပ်ဖို့အတွက် နည်းလမ်းရှာဖို့လိုတယ်။
သူမကို ဖမ်းဖို့က တစ်ခုတည်းသောနည်းလမ်းနဲ့ သူမကို အဲဒါတွေ အကုန်လုံးက လုပ်ကြံဇာတ်ဆိုတာ ဝန်ခံခိုင်းရမယ်။
လီအန်းက အမြဲတမ်း လူတွေကို ဒုက္ခပေးဖို့ ပရိယာယ်တွေ အပေါ်မှာ မှီခိုနေတာ ဖြစ်ပြီးတော့ ဘယ်တုန်းကမှ ဒီလို တိုက်ရိုက် လှုပ်ရှားမှု မလုပ်ဖူးဘူး။ ဒါပေမဲ့ လက်ရှိမှာ ဒီနည်းလမ်းက တစ်ခုတည်းသော နည်းလမ်းပဲ။
ဒါက သူ ပထမဆုံး အကြိမ် တာဝန်တစ်ခုကို ကိုယ်တိုင်ယူတာဖြစ်ပြီးတော့ ကျန်းယွမ် လွတ်ဖို့ နည်းလမ်းမရှိဘူးလို့ သူယုံကြည်တယ်။
သူ့ရဲ့ အဝတ်ထဲက ကြေးဆုပြားလေးနဲ့တူတဲ့ အရာတစ်ခုကို သူဖြည်းညင်းစွာ ထုတ်လိုက်တယ်။ အဲဒါက သူ့ရဲ့ လက်ဖဝါးအရွယ်လောက်ရှိပြီးတော့ အထူးပြုလုပ်ထားတာဖြစ်တယ်။ လီအန်းက အဲဒါကို သူ့ရဲ့ လက်ထဲမှာ တင်းကျပ်စွာ ကိုင်လိုက်ပြီးတော့ ဖြေးဖြေးချင်း ရယ်လိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now