Part 32
အခန်း ၄၂
ဒီတော့ နင်က ကျန်းယွမ်လား
ရှန်းမင်ကျန်းက အံ့ဩသွားတယ်။ သူမက ကျန်းယွမ်နောင်တရနေတဲ့
အကြောင်းတွေကို သူမ ကြားဖူးတယ်။ သူက ကျန်းစုစုနဲ့ ရင်းနှီးပြီး လွန်ခဲ့တဲ့
ရက်အနည်းငယ်က ကျန်းအိမ်တော်က ကျန်းယွမ်ရဲ့ တရားရုံးမှာ ဖြစ်ခဲ့တဲ့
ကိစ္စက လူကြားထဲမှာ ပျံ့နှံ့ခဲ့လို့ ကျန်းစုစုရဲ့ ပုံမှန် လှပပြီး သိမ်မွေ့တဲ့
အသွင်အပြင်နဲ့ ပုံစံကို အနည်းငယ် ပျက်စီးသွားစေခဲ့တယ်။ ရှန်းမင်ကျန်းရဲ့
မျက်လုံးထဲမှာ ကျန်းယွမ်က ရိုင်းစိုင်းပြီး အရည်အချင်းမရှိတဲ့
တောသူတစ်ယောက်သာသာ အပြင်မပိုဘူး။ ဒါပေမဲ့ ကျန်းယွမ်ကို
ဒီနေ့တွေ့ပြီးတော့ သူမက နန်းတော်ကအရာရှိတွေလို မြင့်မြတ်တဲ့
အမူအရာရှိတယ်။ သူမရဲ့ အသွင်အပြင်က ကျန်းစုစုနဲ့ ယှဉ်ရင် ပိုပြီးတော့တောင် တက်ကြွနေသေးတယ်။
ကျန်းယွမ်က ခေါင်းငြိမ့်လိုက်တယ်။ ကျန်းလီက ပြုံးပြီး ပြောလိုက်တယ်။
ညီမလေး မင်ကျန်း ဒါက မမရဲ့ မမလေ။ သူက နယ်ဘက်ကအိမ်တော်ကနေ အခုမှ
ပြန်လာတာဆိုတော့ မြို့တော်က အရာတွေနဲ့ သိပ်ပြီး မရင်းနှီးသေးဘူး။ ဒါ သူ ညီမလေးရဲ့ အိမ်တော်ကို ပထမဆုံးအကြိမ် လာတာပဲ
ကျန်းလီပြောလိုက်တဲ့ စကားက ရှန်းမင်ကျန်းရဲ့ မျက်လုံးကို အထင်သေးတဲ့ပုံနဲ့
အရောင်လက်လာစေတယ်။ သူမက ပြောလိုက်တယ်။
မြို့တော်နဲ့ ကျေးလက်က အိမ်တော်နဲ့ က အရမ်းခြားနားတယ်။
သခင်မလေးကျန်း ဂရုစိုက်သင့်တယ်
လုကျူးနဲ့ လန်ချောင်က သူတို့ မျက်နှာပေါ်မှာ စိတ်တိုတဲ့ အမူအရာ ပေါ်မလာအောင် ထိန်းနေရတယ်။ အမျိးသမီး
နှစ်ယောက်က စကားများနေပေမဲ့ ရှယန်က ရှန်းသခင်မကြီးနဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောနေပြီး ဘာဖြစ်လို့ ဖြစ်နေမှန်းတောင် သိပုံမရဘူး။ ဒါပေမဲ့ သူမက
![](https://img.wattpad.com/cover/292713070-288-k936220.jpg)
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...