part65

3.6K 357 3
                                    

unicode
Part-55

အခန်း -၆၅

ကျန်းစုစုကို ရထားလုံးထဲကို အရင်တင်လိုက်ပြီးတော့ ရထားလုံးက ပြတင်းပေါက်နားမှာ ရပ်နေတဲ့ ကုရီက ကျန်းယွမ်ကို နီရဲနေတဲ့ မျက်နှာနဲ့ ကြည့်နေတယ်။

ကျန်းယွမ်က သွားပြီးတော့ သိမ်မွေ့စွာ စကားပြောလိုက်တယ်။

"သခင်လေးကုရီကို ကျေးဇူးအထူးတင်ရှိပါတယ်။ ယွမ်နိုင် သခင်လေးကုကို ပြောစရာတစ်ခု ရှိပါတယ်။ တကယ်တော့ ယွမ်နိုင်ဆီမှာ တောင်းဆိုစရာလေး တစ်ခုရှိပါတယ်။ "

အစက ကုရီ အံ့အားသင့်သွားပြီးတော့ အရမ်း စိုးရိမ်သွားတယ်။

"မိန်းကလေးကျန်းဆီမှာ ပြသနာ တစ်ခုခုရှိလို့လား၊ ဖြေရှင်းနိုင်တဲ့ နည်းလမ်း တစ်ခုခုရှိရင် ကုရီ ကူညီဖို့ အစွမ်းကုန် ကြိုးစားပါ့မယ်။ "

သူထင်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ ဒှလူ ကုရီက သိမ်မွေ့ပြီးတော့ မိန်းကလေးတွေ အပေါ်မှာ ကာကွယ်ပေးလိုစိတ်ရှိတယ်။ ကျန်းယွမ်က ခေါင်းကို ညင်သာစွာ ညိတ်လိုက်ပြီးတော့

"သခင်လေးကုက ယွမ်နိုင်ရဲ့ အိမ်မှာ ဖြစ်ခဲ့တဲ့ အရာတချို့ကို သိတယ်လို့ ယူဆရလို့ပါ။ တကယ်တော့ ဒီစကားက မပြောသင့်ပါဘူး။ ဒါပေမဲ့ သခင်လေးကုရဲ့ အစွမ်းကုန်ကြိုးစားပေးလိုစိတ်နဲ့ အရမ်းကြင်နာပြီး ရိုးသားတဲ့ စိတ်ထားကြောင့် ကျွန်မ ဒီကိစ္စကို သခင်လေး ကူညီနိုင်တယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့် ယွမ်နိုင်က ဒီကစ္စကို သခင်လေးကို အကူအညီတောင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ "

သူမဆီကနေ ဒီလို ချီးမွမ်းစကားတွေ ကြားလိုက်ရတော့ ကုရီက လေထဲကိုမြောက်သွားတယ်။ ပြီးတော့ သူက ကျန်းယွမ်ကို ပိုသဘောကျလာပြီးတော့ အလိုလိုက်လာတယ်။ သူက ကျန်းယွမ် အနိမ့်သံလေးနဲ့ ပြောတာကို နားထောင်လိုက်တယ်။

"လွန်ခဲ့တဲ့ ငါးနှစ်က ယွမ်နိုင်ရဲ့ အစ်ကိုကြီးက အိမ်တော်ကနေ ထွက်သွားပြီး စစ်တပ်ထဲကို ဝင်သွားတယ်။ အဲ့အချိန်ကနေစပြီးတော့ ကျွန်မက သူနဲ့ အဆက်အသွယ်ပြတ်သွားတယ်။ ယွမ်နိုင်ရဲ့ အမေကလည်း စောစောဆုံးသွားပြီးတော့ အစ်ကိုကြီးက ကမ္ဘာပေါ်မှာ ယွမ်နိုင်ရဲ့ တစ်ဦးတည်းသော ဆွေမျိုးသားချင်းပဲ။ ဒီနှစ်တွေ အတွင်းမှာ ယွမ်နိုင်က သူအကြောင်းကို မေးချင်ပေမဲ့ ဘာသတင်းမှ မရှိဘူး ဖြစ်နေတယ်။ "

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now