part 101(1)

2.7K 294 1
                                    

Unicode

Part 125

အခန်း - ၁၀၁(က)

ပထမဆုံး ငြင်းဆိုတာက တကယ်ပဲ မယ်တော်ယိတျယ်ဖြစ်တယ်။
ဘာမှ မပြောရသေးတဲ့ ရွှမ်းလီက ခဏလောက် ရပ်ပြီးတေ့ာ သူ့မျက်နှာပေါ်က နွေးထွေးတဲ့ အပြုံးက တင်းမာသွားတယ်။ တိတ်တဆိတ် စိတ်သက်သာရ ရသွားတဲ့ ကျန်းရှင်းကျီက လွဲပြီးတော့ အကုန်လုံးက စိတ်ရှုပ်သွားကြတယ်။ ဧကရာဇ်တောင် မယ်တော်ယိတျယ်ရဲ့ စကားတွေကို လွယ်လွယ်နဲ့ မငြင်းဆိုရဲဘူး။ တကယ်လို့ တော်ဝင်ကြင်ရာတော်ချန်က သဘောကျခံရရင်တောင် ဧကရာဇ်က မယ်တော်ယိတျယ်ကို သူမအတွက်နဲ့ အာခံရဲမှာ မဟုတ်ဘူး။
တော်ဝင်ကြင်ရာတော်ချန်က ပုံမှန်ဆိုရင် နန်းတွင်းထဲမှာ ငါးတစ်ကောင်လိုပဲ မယ်တော်ယိတျယ်နဲ့ အငြင်းပွားမှု ဖြစ်ခဲပြီးတော့ သူမကို လူတိုင်းကလည်း မြတ်နိုးတယ်။ မယ်တော်ယိတျယ်ကလည်း ဧကရီကလွဲပြီး ဘယ်တော်ဝင်ကြင်ရာတောနဲ့မှ မရင်းနှီးတော့ သူမရဲ့ ဘဝက ငြိမ်းချမ်းတယ်။ ဒီနေ့မှာ ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ အလေးစားရဆုံး အမျိုးသမီးက ပြည်သူပြည်သား ရာကျော်နဲ့ စစ်တပ်အရာရှိတွေ ရှေ့မှာ သူမကို ရက်စက်စွာနဲ့ ဆန့်ကျင်နေမယ်လို့ ဘယ်သူကမှ မျှော်လင့်မထားဘူး။ တကယ်လို့ မယ်တော်ယိတျယ်က ငြင်းတာက ထားလိုက်ပါတော့။ ဘာလို့ ကျန်းယွမ်က ငြင်းရတာလဲ။
သူမရဲ့ နှုတ်ခမ်းတွေပေါ်မှာ အပြုံးလေးနဲ့ တော်ဝင်ကြင်ရာတော်ချန်က ကျန်းယွမ်ကို ထပ်စစ်ဆေးလိုက်တယ်။ တစ်ချက်ကြည့်လိုက်တာနဲ့ ကျန်းယွမ်က သူမကိုယ်သူမ တော်တော်ငြီးငွေ့နေပြီးတော့ ကြီးပြင်းလာတုန်းမှာ သဘောကျမခံရတဲ့ သမီးနဲ့ မတူသလိုပဲ။ ရွှမ်းလီရဲ့ တွက်ချက်မှုနဲ့အညီဆိုရင် သူမက ထက်မြက်တဲ့သူတစ်ယောက်ပုံ ပေါ်ရမှာဖြစ်တယ်။ ဒါပေမဲ့ အခုကြည့်ရတာ သူမက ထက်မြက်ရုံတင် မကဘဲ အရမ်းလည်း သတ္တိရှိတယ်။ တော်ဝင်ကြင်ရာတော်ချန်ရဲ့ မျက်ဝန်းထဲမှာ အပြုံးတွေရှိနေပြီးတော့ ကျန်းယွမ်က ယဉ်ကျေးပြီး တည်ငြိမ်စွာနဲ့ နွေးထွေးတဲ့ အပြုံး ပြန်ပြုံးပြလိုက်တယ်။ သူမရဲ့ မျက်ဝန်းတွေက အရမ်းထူးခြားဆန်းကြယ်တဲ့ ခံစားချက်တွေနဲ့ ပါဝင်ပြီးတော့ တော်ဝင်ကြင်ရာတော်ချန်က ခဏလောက် ကြက်သေသေသွားတယ်။ သူမက ဒီလို ခံစားချက်မျိုး သူမအပေါ်ထားတာကို အရင်က တစ်ခါမှ မမြင်ဖူးဘူး။
ဒါက…. ရန်စမှုပဲ။
အဲဒါက ရန်စရုံတင်မဟုတ်ဘဲ အနိုင်ရလိုတဲ့ ဆန္ဒလည်း ပြည့်ဝနေတယ်။
မယ်တော်ယိတျယ် ရုတ်တရက် ပြောတဲ့စကားလုံးတွေက ရှောင်ရှို့ကို သူမတ်တပ်ရပ်လိုက်မယ့် အပြုအမူကို ရပ်လိုက်တယ်။
မော့ချောင်က သိချင်သွားတယ်။
“ဟင် အဘွားကြီးယိတျယ်က ပုံမှန်ဆိုရင် ဒီအရေးမပါတဲ့ ကိစ္စတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ဖူးဘူး။ အကြီးဆုံးကျန်းသခင်မလေးက အရမ်းချစ်စရာကောင်းလို့ မယ်တော်ယိတျယ်ကိုတောင် သူမကို ကွဲပြားစွာ ဆက်ဆံစေတာလားမသိဘူး။”
ရှောင်ရှို့ကလည်း အတွေးထဲမှာ နစ်မြောသွားတယ်။ သူ့ရဲ့ နက်မှောင်တဲ့ မျက်ဝန်းတွေက ကျန်းယွမ်ကိုပဲ ကြည့်နေတယ်။ ကျန်းယွမ်က မသေချာတာကို ဘယ်တုန်းကမှ မလုပ်ဖူးလို့ သူမက မယ်တော်ယိတျယ်က ငြင်းမယ်ဆိုတာကို သိလောက်တယ်။ ဒါပေမဲ့ ဘယ်လိုသိတာလဲ။
တက်ရောက်ကြတဲ့ သူတိုင်းကလည်း စိတ်ရှုပ်သွားကြပေမဲ့ ဘယ်သူကမှ မမေးရဲကြဘူး။ ကျန်းယွမ်ရဲ့ အကြည့်တွေက အေးစက်နေတယ်။ သူမက ဘာလို့လဲဆိုတာကို သိတယ်။
တော်ဝင်ကြင်ရာတော်ချန်က သူမကိုယ်သူမ တန်ဖိုးမဖြတ်နိုင်ဘူးလို ထင်ထားလို့ ပြည်သူပြည်သားပေါင်း တစ်ရာနဲ့ စစ်တပ်အရာရှိတွေ ရှေ့မှာ မင်းသားရှစ်ရဲ့ အိမ်တော်ထဲကို သူမကို ရဲရဲတင်းတင်း ဖိတ်ခေါ်ရဲတာဖြစ်တယ်။ ဒါပေမဲ့ ဒီနေ့ ကျန်းယွမ်က မင်းသမီးရွှမ်ရုံလို ခေါင်းကနေခြေထိ ဆင်တူဝတ်ဆင်ခဲ့တာဖြစ်တယ်။ တကယ်လို့ အဲဒါက တခြားကိစ္စတွေဆိုရင် အဆင်ပြေမှာဖြစ်ပေမဲ့ သူတို့က လက်ထပ်တဲ့ ကိစ္စကို ထုတ်ပြောလာခဲ့တယ်။ ဒီအခြေအနေမျိုးမှာ မယ်တော်ယိတျယ်က ဘယ်လိုလုပ်ပြီးတော့ မင်းသမီးက အဲ့နှစ်မှာ တိုင်းတစ်ပါးနိုင်ငံထဲကို အတင်းလက်ထပ်ခဲ့ရတာကို မမှတ်မိဘဲ နေမှာလဲ။
သူမက ငြင်းဆိုဖို့ ရှက်ရွံ့တဲ့ပုံစံနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ အဲဒါတွေကို မယ်တော်ယိတျယ်ကို ကြီးမြတ်တဲ့ ကျင်းနိုင်ငံတော်ရဲ့ လက်ရှိ တည်ငြိမ်မှုအတွက်နဲ့ သူမရဲ့ ပျော်ရွှင်မှုကို စတေးလိုက်ရတဲ့ မင်းသမီးရွှမ်ရုံရဲ့ အကြောင်းကို ပြန်သတိပေးဖို့ ဆွဲထုတ်လိုက်တယ်။ ဒါ့ကြောင့် မယ်တော်ယိတျယ်အတွက် သူမရှေ့မှာ အတင်းလက်ထပ်ခိုင်းတာ ဖြစ်နေတာကို ဂရုမစိုက်ဘဲ နေဖို့က မဖြစ်နိုင်ဘူး။
မယ်တော်ယိတျယ်က သူမကို ကိုယ်ချင်းစာမှာ ဖြစ်ပြီးတော့ တစ်ချိန်တည်းမှာပဲ သူမက သူမရဲ့ ရင်ထဲမှာ တော်ဝင်ကြင်ရာတော်ချန်ကို မုန်းတီးသွားမှာဖြစ်တယ်။
ဒီနည်းနဲ့ တော်ဝင်ကြင်ရာတော်ချန်က ဘယ်လောက်ပဲ သဘောကျခံရခံရ နန်းတော်ထဲမှာ ဒီလို မြင့်မြတ်တဲ့ အမျိုးသမီးကို ဆန့်ကျင်ပြီးရင် သူမက အနာဂတ်မှာ တူညီတဲ့နည်းလမ်းနဲ့ ဆက်ပြီးတော့ မြင့်တက်ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူမရဲ့ ဘဝက အရမ်း တန်ဖိုးရှိလို့ သူမက စက္ကန့်တိုင်းမှာ တွက်ချက်တယ်။ ဘယ်လိုလုပ်ပြီးတော့ သူမက တော်ဝင်ကြင်ရာတော်ချန် စီစဉ်တဲ့ ဒီလက်ထပ်မှုကို ညှိနှိုင်းနိုင်မှာလဲ။
တော်ဝင်ကြင်ရာတော်ချန်က ဘာမှမပြောဘဲ ဧကရာဇ်ကိုပဲ မြူတစ်လွှာနဲ့ ဖုံးအုပ်ထားတဲ့ လှပတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လိုက်ပြီးတော့ စိတ်ထိခိုက်ပြီး ဝမ်းနည်းနေပုံပေါ်တယ်။ အဲဒါက သူမကို ကြည့်မိတဲ့သူတိုင်းကို တစ်ချက်ကြည့်ရုံနဲ့ ဝမ်းနည်းစေတယ်။
တကယ်ပဲ ဧကရာဇ်က မေးလိုက်တယ်။
“မယ်တော် ဘာလို့ ဒီလိုပြောရတာပါလဲ။”
“ဒီနေ့ မယ်တော်က ကျန်းမိသားစုရဲ့ အကြီးဆုံးသမီးကို ဆုချချင်တယ်။ ဒါပေမဲ့ တော်ဝင်ကြင်ရာတော်ချန် အဆိုပြုတာက ဆုချတာမဟုတ်ဘဲ လုယူတာပဲ။”
မယ်တော်ယိတျယ်က ပေါ့ပါးစွာ ပြောလိုက်တယ်။ သူမရဲ့ စကားလုံးတွေထဲမှာ ဆူးတချို့ပါတယ်။ သူမက ဆက်ပြောလိုက်တယ်။
“ကျန်းမိသားစုရဲ့ အကြီးဆုံးသမီးက ဗိုလ်ချုပ်ကျန်းရဲ့ ရတနာလေးပဲ ဘယ်လိုလုပ်ပြီးတော့ သူက သူ့ညီမကို ဒီလောက်စောစော လက်ထပ်ပေးချင်မှာလဲ။”
ကျန်းရှင်းကျီက နည်းနည်း လန့်သွားပေမဲ့ မယ်တော်ယိတျယ်ကိုလည်း ကျေးဇူးတင်သွားတယ်။ တခြားအရာတွေကို ဂရုမစိုက်တော့ဘဲ သူက မတ်တပ်ရပ်လိုက်ပြီးတော့ သူမကို အရိုအသေပေးလိုက်တယ်။
“မယ်တော်ယိတျယ်ရဲ့ နားလည်မှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်။ ဒီဗိုလ်ချုပ်က သူ့ညီမရဲ့ ဘေးကနေ မထွက်သွားချင်သေးပါဘူး။”
ခန်းမထဲမှာ သက်ပြင်းချသံက ပြန့်သွားတယ်။ မယ်တော်ယိတျယ်က ဘာပြောပြော သူမရဲ့ အဆင့်အတန်းနဲ့ ဘယ်သူကမှ ကန့်ကွက်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကျန်းရှင်းကျီကတော့ ဧကရာဇ်ရဲ့ အချစ်ဆုံး ကြင်ရာတော်ကို မကြာခင်ကမှ ဂုဏ်သတင်းရထားတာကို ငြင်းဆိုခဲ့တယ်။ ဒီမောင်နှမက အရမ်း ရူးမိုက်စွာ ပြုမူပြီးတော့ အဲဒါက အဓိပ္ပာယ်မရှိတာပဲ။
ပုံမှန်ဆိုရင် ရှယန်က ဝမ်းသာမှာဖြစ်တယ်။ သူမက အဲ့နှစ်ယောက် ဧကရာဇ် ဒေါသအရမ်းထွက်ပြီး သူတို့ကို သေဒဏ်ပေးတဲ့အထိ တောင်ဝင်ကြင်ရာတော်ချန်ကို ဆက်ပြီး ဆန့်ကျင်နေပါစေလို့ပဲ ဆုတောင်းနေတယ်။ တစ်ဖက်မှာလည်း ကျန်းစုစုက နည်းနည်းဒေါသထွက်နေတယ်။ တော်ဝင်ကြင်ရာတော်ချန်က ကျန်းယွမ်ကို မင်းသားရှစ်ရဲ့ ကြင်ရာတော်ဖြစ်စေချင်တယ်လို့ သူမစကြားတုန်းက သူမက မေ့လဲတော့မလိုပဲ။ ဘာလို့ ဒီလို ညင်သာပြီး ကြော့ရှင်းတဲ့ ယောကျာ်းတစ်ယောက်က ကျန်းယွမ်လို ကြမ်းကြုတ်ရက်စက်တဲ့သူကို သူ့ရဲ့ ကြင်ရာတော်မင်းသမီး ဖြစ်စေချင်မှန်း သူမ အဖြေရှာလို့မရဘူး။ မယ်တော်ယိတျယ်က ကြင်းဝင်မှပဲ သူမက ဖြည်းဖြည်းချင်း သတိပြန်ဝင်လာတယ်။
ကျန်းလီက အရမ်းကို မနာလိုဖြစ်နေတာကိုတော့ ပြောစရာမလိုလောက်ဘူး။ သူက ကျန်းယွမ်ရဲ့ ကံကောင်းမှုကို အားကျနေပြီးတော့ သူမမှာ ဒီအဆင့်ထိ ကြီးမားတဲ့ ဂုဏ်ပြုထိုက်တဲ့ အလုပ်တွေ လုပ်ခဲ့တဲ့ အစ်ကို တစ်ယော်ကမရှိတာကို မုန်းတီးနေတယ်။ ကျန်းတန်က ခေါင်းငုံ့နေပြီးတော့ သူမရဲ့ လက်သည်းတွေကို ကြည့်နေတယ်။ သူမကို ကြည့်ရတာ အရမ်း စိတ်လှုပ်ရှားနေပုံပဲ။
ကျန်းရှင်းကျီရဲ့ စကားတွေက သူ့ကို လန့်သွားစေခဲ့တဲ့အချိန်မှာ ကျောက်ကွမ်းက ခေါင်းငုံ့နေတယ်။
ကွမ်လင်းဟန်က မျက်မှောင်ကြုတ်လိုက်ပြီး ရေရွတ်လိုက်တယ်။
“ဒီစောက်ရူးကောင်လေးကတော့ကွာ။ သူမကို ဒီလို ကာကွယ်ပေးနေတာ တခြားသူတွေက သူမကို သူ့ရဲ့ သမီးလို့ ထင်ကြတော့မှာပဲ။”
ဧကရာဇ်ကတောင် မကျေမနပ်ဖြစ်မှုရဲ့ အရိပ်အယောင်ကို ပြလာတယ်။ ကျန်းရှင်းကျီက အောင်မြင်မှုတွေရရှိတာ မှန်ပြီးတော့ သူက သူ့လို ရဲရင့်တဲ့ လူငယ်ကို လိုလားပေမဲ့ ဒါက သူက ကျန်းရှင်းကျီ တော်ဝင်ကြင်ရာတော်ကို လေးစားမှုမရှိတာကို သည်းခံလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ဘူး။ တကယ်လို့ သူက နန်းတွင်းအာဏာကို မလေးစားရင် သူက အရည်အချင်း ဘယ်လောက်ပဲ ရှိရှိ နန်းတွင်းမှာ နေနိုင်မှာ မဟုတ်ဘူး။
ဒီတင်းမာတဲ့ လေထုကြားမှာ ကျန်းယွမ်က ကျန်းရှင်းကျီကို အပြုံးလေးနဲ့ ကြည့်လိုက်တယ်။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ဒီဘဝမှာ သူမရဲ့ ဘေးမှာ ကျန်းရှင်းကျီက အမြဲတမ်းရှိနေမှာဖြစ်တယ်။ သူက တစ်ကမ္ဘာလုံးကို ဆန့်ကျင်ရမယ်ဆိုရင်တောင် သူက သူမကို သံသယမရှိဘဲ သူမနဲ့ အတူနေမှာဖြစ်တယ်။ သူက အမြဲတမ်း တုံ့ဆိုင်းခြင်းမရှိဘဲ သူမကို ကာကွယ်ပေးမှာဖြစ်တယ်။
ကျန်းရှင်းကျီက ကျန်းယွမ်ပြုံးနေနိုင်သေးတာကို မြင်တော့ သူနည်းနည်း စိတ်သက်သာရာရသွားတယ်။
မယ်တော်ယိတျယ်ရဲ့ စကားတွေကို ကြားပြီးတော့ တော်ဝင်ကြင်ရာတော်ချန်က ရယ်လိုက်တယ်။
“အဲဒါ အမှန်ပဲ။ ဒီကြင်ရာတော်က တကယ်မေ့သွားတာ။ လက်ထောက်ဗိုလ်ချုပ်ကျန်း မင်းသူမကို ဘယ်လောက်ပဲ ချစ်ချစ် အနာဂတ်မှာ အကြီးဆုံးကျန်းသခင်မလေး လက်ထပ်မယ့်နေ့ တစ်နေ့က ရှိဦးမှာပဲမလား။”
သူမက ကျန်းယွမ်ကို ကျင်းနန်ရဲ့ နွေဦးမိုးလို ပျော့ပျောင်းတဲ့ အကြည့်နဲ့ ကြည့်ပြီးတော့ လူတွေရဲ့ ရင်ထဲကို ဖြည်းဖြည်းချင်းစိမ့်ဝင်သွားတဲ့ အေးစက်စေတဲ့ နှင်းစက်တွေလိုပဲ။ သူမက ပြောလိုက်တယ်။
“အကြီးဆုံးကျန်းသခင်မလေး မင်းရော လက်မခံဘူးလား။”
“ယွမ်နိုင်ရဲ့ အဆင့်အတန်းက နိမ့်ကျပြီးတော့ အရှင်မင်းသားကို မယှဉ်နိုင်ပါဘူး။ ဒီကောင်မလေးက ရှက်မိပါတယ်။”
ကျန်းယွမ်က ခေါင်းငုံ့လိုက်ပြီးတော့ သူမရဲ့ လေသံကလည်း အရမ်းစစ်မှန်နေတယ်။
ရွှမ်းလီက ဒီအပြုအမူကို ခဏလောက် မယုံကြည်နိုင်ဖြစ်သွားတယ်။ ဘယ်လိုလုပ်ပြီး ကျန်းယွမ်က ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတဲ့သူ ဖြစ်နိုင်မှာလဲ။ ဘာလို့ ဒီလိုကောင်မလေးက အမြဲတမ်း သူ့အပေါ်မှာ ရန်လိုနေတာလဲ ဆိုတာကို သူလည်း သိချင်နေတာဖြစ်တယ်။ ရွှမ်းလီက သူ့ကိုယ်သူ နွေးထွေးပြီးတော့ ဖော်ရွေတဲ့လူအဖြစ်နဲ့ သတ်မှတ်ထားတာဖြစ်ပြီးတော့ မရေမတွက်နိုင်တဲ့ မိန်းမပျိုလေးတွေက သူ့ရဲ့ ညင်သာတဲ့ ကျောက်စိမ်းလို မျက်နှာထားကို လေးစားကြတာဖြစ်တယ်။ ကျန်းယွမ်က ငယ်ပြီးတော့ ယောကျာ်းနဲ့ မိန်းမတွေကြားက ကိစ္စတွေကို နားမလည်သင့်သေးဘူး။ ဒါဆို ဘယ်ကနေ ရန်လိုမှုက ရောက်လာတာလဲ။ သူအရင်က ကျန်းယွမ်ရှေ့မှာ ဘာအမှားများ လုပ်မိလို့လဲ။ အဲဒါက ကျန်းစုစု ကြောင့်များလား။
ဒီအထိ တွေးကြည့်ပြီးမှာ သူက ဖြည်းဖြည်းချင်း စိတ်သက်သာရာရသွားတယ်။ တကယ်လို့ အဲဒါက ကျန်းစုစုကြောင့်ဆိုရင် သူမရဲ့ ယုံကြည်မှုကို ရဖို့က ရိုးရှင်းမှာဖြစ်တယ်။
တော်ဝင်ကြင်ရာတော်ချန်က ညင်သာစွာ သက်ပြင်းချလိုက်တယ်။
“ကလေး ဘယ်လိုလုပ်ပြီး ဒါက ကြိုတင်ပြီး အသေးစိတ် ပြင်ဆင်ထားတာ ဖြစ်နိုင်မှာလဲ။ တကယ်လို့ မင်းသားရှစ်လေးကိုယ်တိုင် အဲဒါကို မတောင်းဆိုခဲ့ရင် ဘာလို့ ကြင်ရာတော်က အဲဒါကို ရုတ်တရက်ကြီး ထုတ်ပြောမှာလဲ။”
အကုန်လုံးက ကြည့်လိုက်ကြတယ်။ အဲဒါ တကယ်ပဲ မင်းသားရှစ် ပြောစေချင်တာလား။
ရွှမ်းလီက သူ့ရဲ့ အပြုံးကို ထိန်းထားပြီး သူ့ကိုယ်သူ စိတ်ထိန်းပြီးတော့ ခန်းမရဲ့ အလယ်ကို လျှောက်လာတယ်။ တော်ဝင်မိသားစုအတွက် မြင့်မြတ်တဲ့ စိတ်ထားက တစ်မူထူးပြီး သူက ခန့်ညားပြီး ကြော့ရှင်းတယ်။ တည်ကြည်တဲ့ မျက်နှာထားနဲ့ သူက ပလ္လင်ရှေ့မှာ ဒူးထောက်လိုက်တယ်။
“ခမည်းတော် အဲဒါတွေက တကယ်ပဲ သားတော်ရဲ့ အကြံတွေပါ။”
သူ ကျန်းယွမ်ကို ကြည့်လိုက်တော့ နွေဦး‌ ရောက်သွားသလိုပဲ သူ့ရဲ့ မျက်နှာက တောက်ပနေတယ်။
“သားတော် အကြီးဆုံးကျန်းသခင်မလေးကို လင်းလောင်လှေပေါ်မှာ တွေ့လိုက်ကတည်းက သားတော်က သူမရဲ့ ခမ်းနားမှု ဖမ်းစားတာခံလိုက်ရပြီးတော့ သူမ အကြောင်းကို နေ့တိုင်းတွေးမိပါတယ်။ အကြီးဆုံးသခင်မလေးက ကျွန်တော့်ကို ကျွန်တော့်ရဲ့ ဒီ စိတ်မြန်လက်မြန်လုပ်တဲ့ အပြုအမူအတွက် အပြစ်ဆိုမှာစိုးလို့ ကျွန်တော် မယ်တော်ကို ဒီလပ်ထက်မှုကို ကျွန်တော့်ကိုယ်စား တောင်းဆိုခိုင်းတာပါ။ ကျွန်တော် အကြီးဆုံးကျန်းသခင်မလေးကို ကျွန်တော်ရဲ့ ဇနီးအဖြစ် တာဝန်ယူပြီးတော့ သူမကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်ချင်ပါတယ်။”
သူက ကျန်းယွမ် ဘက်ကို လှည့်ပြီးတော့ ဖြည်းညင်းစွာနဲ့ တစ်လုံးချင်းစီ ပြောခဲ့တယ်။
“မိန်းကလေးကျန်း မင်းကိုယ့်ရဲ့ ဇနီးမယားဖြစ်ချင်ပါသလား။”
ဒီလို ခန့်ညားတဲ့ လူငယ်က သူ့ရဲ့ သဘောကျမှုကို အရာရှိတွေ အများကြီးရှေ့မှာ ရဲရင့်စွာ ပြသနေတာကိုက အာရုံအတော်လေး အစိုက်ခံနေရပြီ။ ပြောနေတဲ့သူက သိမ်မွေ့ပြီး ကျော်ကြားတဲ့ မင်းသားရှစ်ဖြစ်နေတော့ ပြောစရာကို မလိုဘူး။ မရေမတွက်နိုင်တဲ့ မိန်းမပျိုလေးတွေက သူတို့ရင်ထဲက တစ်ပြိုင်နက်ထဲဖြစ်ပေါ်တဲ့ အချစ်နဲ့ အမုန်းနဲ့ ကြည့်နေကြတယ်။ ကြင်နာရမှာကို မကြောက်တဲ့ ထူးချွန်တဲ့ လူငယ်အတွက် ချစ်ခဲ့ပြီး သူတို့က ကျန်းယွမ်နေရာမှာ ရှိရလောက်အောင် ကံမကောင်းတဲ့အတွက် မုန်းခဲ့တယ်။
မင်းသားရှစ်ရဲ့ စကားတွေကို ကြားတော့ ကျန်းစုစုရဲ့ တစ်ကိုယ်လုံး ယိမ်းထိုးသွားတယ်။ ခုနက သူမရဲ့ ပျော်ရွှင်မှုတွေက ချက်ချင်းပဲ နက်ရှိုင်းတဲ့ အမုန်းတရားနဲ့ အစားထိုးသွားတယ်။ သူမ ကျန်းယွမ်ကို အခုအချိန်ထက်ပိုပြီး မနာလိုတဲ့ အချိန်မရှိဘူး။ ရူးသွပ်တဲ့ အဆင့်အထိကို မနာလိုသွားတယ်။ ဘယ်လိုလုပ် ကျန်းယွမ်က သူမရဲ့ ကျန်းအိမ်တော်ရဲ့ အကြီးဆုံးသမီးဆိုတဲ့ ဘွဲ့ကို ခိုးရဲပြီးတော့ သူမ ချစ်တဲ့သူကို ခိုးရဲတာလဲ။ သူမ သတ္တိတွေ ရှိနေတယ်ပေါ့။
ကျန်းယွမ် ရွှမ်းလီကို ဂရုမစိုက်စွာ ကြည့်လိုက်တယ်။ သူမ ပြန်ဝင်စားကတည်းက သူမက သူ့ကို အမြဲတမ်း ရှောင်ခဲ့တယ်။ ဒါက သူ သူမနဲ့ အနီးဆုံးရှိနေတဲ့ အချိန်ပဲ။ သူက ပေါ့ပေါ့ပါးပါးနဲ့ ပြောတာမဟုတ်တာ ထင်ရှားပြီးတော့ သူ့ရဲ့ စကားတွေက ကရုဏာထားစေလောက်ပြီးတော့ စစ်မှန်သလိုပဲ။ သူမက ပြန်မဝင်စားခင် အတိတ်ကို ပြန်တွေးကြည့်မိတယ်။ နင်ရွှေ့တောင်ကြားရဲ့ မက်မွန်ပင်ပေါ်က မက်မွန်ပန်းတွေ ပွင့်နေတာက အရမ်းရပ်သပ်ရှုမောဖွယ် ကောင်းတယ်။ အဲ့အချိန်မှာ သူမက ဘာလုပ်လို့ရမှန်း မသိဖြစ်နေချိန်မှာ ရွှမ်းလီက မက်မွန်ပင်အောက်မှာ မတ်တပ်ရပ်ပြီး သိမ်မွေ့ပြီး ကြင်နာတဲ့ အပြုံးနဲ့ ပြောခဲ့တယ်။
“ယွမ်အာ ကိုယ်မင်းကို တကယ် သဘောကျတာပါ။”
‘ကိုယ်မင်းကို တကယ် သဘောကျတာပါ’ ကြားရတာ ဘယ်လောက်တောင် ကရုဏာထားစေနိုင်သလဲ။ သူက ‘သဘောကျတယ်’ လို့ ပြောခဲ့ပေမဲ့ လက်ထပ်ဖို့ ခွင့်မတောင်းခဲ့ဘူး။ သူက သူမကို တရားဝင်အဆင့်အတန်း မပေးနိုင်ဘူးလို့ ပြောခဲ့ပြီးတော့ သူမကလည်း ယုံကြည်ခဲ့ပြီးတော့ သူ့ရဲ့ အခက်အခဲတွေကိုတောင် ထောက်ထားခဲ့တယ်။ အဲ့ဘဝတုန်းက ရွှမ်းလီဆီကနေ ‘မင်းကိုယ့်ရဲ့ ဇနီးဖြစ်ချင်သလား။’ ဆိုတဲ့စကားကို ဘယ်လောက်တောင် သူမ နားနဲ့ ကြားချင်ခဲ့သလဲ။
သူ့ရဲ့ ဇနီးဖြစ်ဖို့၊ သူ့ရဲ့ အချစ်နဲ့ ထိုက်တန်ဖို့၊ သူမက ကျန်းစုစုအစား လူသတ်မှုတွေရှိတဲ့ နက်ရှိုင်းတဲ့ နန်းတွင်းထဲဝင်ခဲ့ရတယ်။ သူမက စော်ကားခံခဲ့ရတယ်၊ မှားယွင်းစွပ်စွဲခံခဲ့ရတယ်၊ အလှောင်ခံရပြီးတော့ နောက်ဆုံးမှာ ဖုန်မှုန့်အဖြစ် အပိုင်းပိုင်း နင်းချေခံခဲ့ရတယ်။
ဘယ်လိုလုပ်ပြီးတော့ သူက မသိဘဲ နေမှာလဲ။ သူမက အသုံးမဝင်တော့တဲ့ အချိန်မှာ သူက သူမကို ပြည်ဖျက်မလို့ ကြေညာပြီးတော့ သူမက ခန်းမထဲမှာ မျက်တွင်းချော်ချောင်နဲ့ မတ်တပ်ရပ်နေရချိန်မှာ သူက အဲ့နေ့က နင်ရွှေ့တောင်ကြားက မက်မွန်ပင်အောက်မှာ သူပြောခဲ့တာတွေကို မှတ်မိသင့်တယ်။
“ယွမ်အာ ကိုယ်မင်းကို တကယ် ချစ်တယ်။”
ဒီဘဝမှာ သူမက နောက်ဆုံးတော့“မင်း ကိုယ့်ရဲ့ ဇနီးဖြစ်ချင်လား။” ဆိုတဲ့စကားတွေကို ကြားခဲ့ရပြီ။ ကြားရတော့လည်း ဘာဖြစ်လည်း သူမက အဲ့စကားတွေကို မလိုချင်တော့ဘူး။
သူမက လက်ခံမယ်လို့ ယုံကြည်ချက်အပြည့်နဲ့ ရွှမ်းလီ ကျန်းယွမ်ကို တိတ်တဆိတ် ကြည့်လိုက်တယ်။ ကျန်းယွမ်ရဲ့ အမေက အသေစောခဲ့ပြီးတော့ အဲ့ကတည်းက သူမက သူမအဖေဆီကနေ နည်းနည်းပဲ သဘောကျခံရပြီးတော့ သူမက ကျေးလက်က အိမ်တော်မှာ လွန်ခဲ့တဲ့ ငါးနှစ်လုံးနေခဲ့ရတယ်။ ဒီလိုလူမျိုးက ကြင်နာမှု သေးသေးလေးအတွက်ဆိုရင်တောင် အရမ်းကျေးဇူးတင်နေမှာဖြစ်တယ်။ သူမရဲ့ နှလုံးသားကို ကိုင်လှုပ်ဖို့က အရမ်းလွယ်လွန်းတယ်။
ဒါပေမဲ့ သူ ကျန်းယွမ်ကို ကြည့်လိုက်တာနဲ့ သူ့အပြုံးက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားတယ်။
ဘယ်လိုမျက်ဝန်းတစ်စုံပါလိမ့်။ သူတို့က တောင်ကျရေတွေလို ကြင်လင်ပေမဲ့ ဆိတ်ငြိမ်တဲ့မြေပေါ်က အနက်ရောင် ဘိန်းပင်တွေလိုပဲ အေးမြပေမဲ့ အတွင်းခံစားချက်တွေက ပြင်းထန်ပေမဲ့ ငြိမ်သက်မှုလည်း ရှိနေတယ်။ သူတို့က ဘာကျေးဇူးတင်ခြင်း ဒါမှမဟုတ် လေးစားမှု မပါဝင်ဘူး။ အဲဒါက ချစ်ခြင်းတရားမဟုတ်ဘူး အမုန်းတရားပဲ။
ရွှမ်းလီ ခဲသွားတယ်။ အဲဒါက အမုန်းတရားပဲ။ အရိုးထဲထိတောင် စိမ့်ဝင်နေတဲ့ အမုန်းတရားမျိုးဖြစ်ပြီးတော့ သူမက သူ့ရဲ့ အသားကို စားပြီးတော့ သူ့သွေးကို စောက်ချင်နေတဲ့ အမုန်းတရားမျိုးပဲ။ ပြီးတော့ အဲ့မှာ စက်ဆုပ်မှုလည်းရှိနေပြီးတော့ သူက ပုပ်သိုးနေတဲ့ အရာလိုပဲ။
သူရဲ့ မျက်နှာထားက ဖြည်းညင်းစွာနဲ့ တင်းမာသွားတယ်။ ဘာလို့လဲ။
ဒီလို တင်းမာတဲ့ ခံစားချက်တွေအောက်မှာနဲ့ အဲ့ရှုပ်ထွေးတဲ့ အကြည့်။ ရွှမ်းလီရဲ့ စိတ်က နက်မှောင်လာပြီးတော့ သူက နောက်ထပ် ဘာလုပ်ရမှန်း မသိဖြစ်သွားတယ်။ သူက ဒီလို ကျန်းယွမ်နဲ့ ရင်ဆိုင်ရတာကို အနည်းငယ် ကြောက်ရွံ့လာတာကိုတောင် ခံစားလိုက်ရတယ်။
ဘာလို့ ဒီလိုဖြစ်နေတာလဲ။
သူက အဲဒါကို ခက်ခက်ခဲခဲ ကြိုးစားပြီး ရှာဖွေချင်ပေမဲ့ သူ့ရှေ့က ကြင်နာသနားတတ်တဲ့ ကောင်မလေးက သူ့ကို အေးစက်တဲ့ လှောင်ပြောင်မှုနဲ့ ထေ့လုံးတချို့နဲ့ ပြောနေတာကိုပဲ တွေ့ရတယ်။
“ကျွန်မ မဖြစ်ချင်ပါဘူး။”
သူမရဲ့ မေးကို မောက်မာစွာ မော့လိုက်ရင်း ကျန်းယွမ်ရဲ့ အသံက ယဉ်ကျေးနေပေမဲ့ သူမရဲ့ မျက်နှာထားက အမြင့်မြတ်ဆုံး မင်းသမီးတစ်ပါးလိုပဲ။
“ဒီကျွန်တော်မျိုးမက အရှင်မင်းကြီးရဲ့ ကြင်နာမှုကို ကျေးဇူးတင်ပေမဲ့ လက်မခံရဲပါဘူး။ အရှင်မင်းကြီးရဲ့ စကားလုံးတွေက ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုးမအတွက် အရမ်းများလွန်းပါတယ်။”
ဒီလိုပြောပြီးတော့ သူမ ချက်ချင်းပဲ ဧကရာဇ်ကို အရိုအသေပေးလိုက်တယ်။
“အရှင်မင်းကြီးရဲ့ ဆုတောင်းတွေ ပြည့်ပါစေ။”

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now