Part 116(1)

2.2K 204 7
                                    

Unicode

Part 155
အခန်း(၁၁၆)(က)

အိမ်ရှေ့စံက ‘အရည်အချင်း မရှိတဲ့မင်းသား ’လို့ ခေါ်ခံရပေမဲ့ သူကကျန်းယွမ်စကားတွေရဲ့ နောက်ကွယ်က အဓိပ္ပာယ်ကို မသိရလောက်အောင် မတုံးလွန်းဘူး။ သူကမျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်။
“မင်းဘာပြောတာတုန်း ဘယ်လိုလုပ်ပြီး လေးယောက်မြောက် အဘိုးနဲ့ ရှစ်ယောက်မြောက်မြေးနဲ့ အဆက်အသွယ် ရှိမလဲ။ ”
ကျန်းယွမ်က သူတို့ရဲ့ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်တယ်။
“အရှင်မင်းသား ကျွန်မ ပိယွမ်အဆောင်တော်ကို စာအုပ်အချို့ သွားရှာမလို့။ တကယ်လို့ အရှင်မင်းသားအားရင် အရှင်မင်းသားနဲ့ ကျွန်မအတူ သွားလို့ရတယ်။ ”
ပိယွမ်အဆောင်တော်က ကွဲပြားတဲ့ စာအုပ်ပေါင်း များစွာရှိတယ်။ သာမာန်နေ့တွေမှာဆို မယ်တော်ကြီး ယိကျယ်နဲ့ အခြားတော်ဝင် ကိုယ်လုပ်တော်တွေက သူ့ရဲ့အစေခံတွေကို အဲ့ကိုသွားပြီး စာအုပ်သွားရှာစေတယ်။ အိမ်ရှေ့စံက ခဏလောက်တွေးပြီး ပြောလိုက်တယ်။
“ကောင်းပြီ ဒီမင်းသားကလည်း အဲ့ကိုသွားပြီး စာအုပ်ရှာမယ်လို့ စဉ်းစားထားတယ်။ ”
အိမ်ရှေ့စံဘေးက အငယ်တန်းမိန်းမဆိုးက အံ့အားသင့်သွားတယ်။ ဘာလို့လည်းဆိုတော့ အိမ်ရှေ့စံက စာဖတ်ရတာ မုန်းတယ်ဆိုတာ တစ်နန်းတော်လုံး သိတဲ့အတွက်ကြောင့် ဖြစ်တယ်။ တကယ်လို့ အိမ်ရှေ့စံက ပိယွမ်အဆောင်တော်ကို ဒီနေ့ကျန်းယွမ်နဲ့ လမ်းလျှောက်ဖို့ သွားမယ်ဆိုရင် ဒါကနန်းတော်ထဲမှာ နောက်တစ်ရက်ကျရင် ကြီးမားတဲ့ ကောလဟာလတစ်ခု ဖြစ်သွားမှာဖြစ်တယ်။ ဒါပေမဲ့ အိမ်ရှေ့စံက အမြဲတမ်း သူကြိုက်တာ လုပ်တဲ့လူဖြစ်ပြီး ဒီလိုမျိုးအရာတွေကို ဂရုမစိုက်ဘူး။ ဒါ့အပြင် ကျန်းယွမ်ကလည်း မယ်တော်ကြီးယိကျယ်ရဲ့ ထောက်ခံမှုကို ရရှိထားတယ်။ ဒါကြေင့် သူမကလည်း ဂရုမစိုက်ဘူး။ ဒီလိုနဲ့ သူတို့နှစ်ယောက်က ပိယွမ်အဆောင်တော်ကို သွားလိုက်ကြတယ်။
ဒီလိုအချိန်မျိုးမှာ နန်းတော်က လူသူကင်းမဲ့နေတယ်။ အိမ်ရှေ့စံက ပိယွမ်အဆောင်တော်ရဲ့ ဒုတိယထပ်မှာ စာအုပ်ရှာနေတဲ့အချိန်မှာ အိမ်ရှေ့စံက ကျန်းယွမ်ကို အဖော်ပြုပေးနေရင်း မေးလိုက်တယ်။
“မင်းခုနကပြောလိုက်တာ ဘာကိုဆိုလိုတာလဲ။ ”
ကျန်းယွမ်က စာအုပ်စင်ကို ဂရုတစိုက်ကြည့်နေရင်း သူမကပြောလိုက်တယ်။
“အရှင်မင်းသားက နားမလည်ဘူးဆိုတာ ဖြစ်နိုင်လို့လား။ ”
အိမ်ရှေ့စံက ဘာမှဆက်မပြောခဲ့ဘူး။ ကျန်းယွမ်က သူ့ကိုဘာမှ မပြောရင်တောင် သူ့ရင်ထဲမှာ မသက်မသာ ခံစားချက်မျိုး ရနေတယ်။ သံသယမျိုးစေ့တွေကို ပြန့်ကြဲပြီးတာနဲ့ သူတို့က ထိန်းချုပ်မှုမရှိ ကြီးထွားလာမှာဖြစ်တယ်။ ကျန်းယွမ်က အိမ်ရှေ့စံကို အရင်ဘဝကလို သူ့ရဲ့ယုံကြည်မှုကို ရဖို့အတွက် လုပ်ဆောင်မှာဖြစ်ပေမဲ့ ဒါကဒီဘဝမှာတော့ မဖြစ်နိုင်တော့ဘူး။ တကယ်လို့ အိမ်ရှေ့စံက စုံစမ်းကြည့်ရင် ကျန်းယွမ်နဲ့ မင်းသားရှစ်ကြားက ဆက်ဆံရေးကို တွေ့ဖို့က ခက်ခဲမှာမဟုတ်ဘူး။
“မင်းကဘာလို့ ရှစ်ယောက်မြောက်ညီလေးကို ဒီလောက်တောင် မုန်းတာလဲ။ ”
အိမ်ရှေ့စံက မေးလိုက်တယ်။ သူကနန်းတော်ထဲကလူ အကုန်လုံးက ရွမ်းလီကိုဘာကြောင့် ချစ်လဲဆိုတာ နားမလည်ဘူး။ သူကလူတွေကို ကြင်နာတဲ့ အပြုအမူနဲ့ ဆက်ဆံတယ်။ အရည်အချင်းရှိပြီး မွန်မြတ်တယ်။ ဒါပေမဲ့ ကျန်းယွမ်ကတော့ သူ့ကို သူကအဆိပ်ပြင်းတဲ့ မြွေတစ်ကောင် ဒါမှမဟုတ် တောရိုင်းတိရိစ္ဆာန်လို သတ်မှတ်ထားတယ်။
ကျန်းယွမ်ကပြောတယ်။
“မင်းသားရှစ်က ထူးချွန်ပေမဲ့ သူကအမြဲတမ်း ကျွန်မကို ကျွန်မရဲ့ ဒုတိယညီမနဲ့ တူတယ်လို့ ခံစားရစေတယ်။ ပြီးတော့ကျွန်မက သူမလိုလူမျိုးတွေကို အမုန်းဆုံးပဲ။ ”
အိမ်ရှေ့စံက သူမကို ကြည့်လိုက်တယ်။ သူကစိတ်ဝင်တစားနဲ့ ပြောလိုက်တယ်။
“မင်းရဲ့ဒုတိယညီမက ဘယ်လိုလူမျိုးလဲ။ ”
“သူမက ရက်စက်ပြီး အကြင်နာကင်းမဲ့တယ်။ သူမရဲ့ ပါးစပ်ထဲမှာ ပျားရည်လို ချိုမြိန်တဲ့စကားတွေနဲ့ သူမက ရှင့်ရဲ့ဗိုက်ကို ထိုးစိုက်လိမ့်မယ်။ သူမက သူမကိုသူမ ထက်မြတ်တယ်လို့ တွေးနေပေမဲ့ သူမက ငတုံးတစ်ယောက်နဲ့ ဘာမှမကွာဘူး။ ”
အိမ်ရှေ့စံက ဒီမထိန်းချုပ်နိုင်တဲ့ ဝေဖန်ချက်ကြောင့် လန့်သွားတယ်။ သူက ကျန်းယွမ်ကို ဂရုတစိုက်နဲ့ စမ်းစစ်လိုက်ပြီး ပြောလိုက်တယ်။
“ရှောင်ရှုံးက မင်းကိုသဘောကျတာ မင်းရဲ့သဘာဝ အလှတရားကြောင့်လို့ ငါအစက ထင်ခဲ့ပေမဲ့ အခုဒီနေ့မှာတော့ ငါတွေ့ခဲ့ရသလောက်တော့ မင်းမှာလဲ သတ္တိရှိတာပဲ။ ”
သူက ကျီစယ်စွာရယ်လိုက်ရင်း ပြောလိုက်တယ်။
“ငါမင်းကို စိတ်ဝင်စားပြီးတော့ ငါ့ရဲ့ကြင်ယာတော်အဖြစ် လုပ်ဖို့အတွက် စိတ်ဝင်စားလာပြီလို့ ငါပြောနိုင်တယ်။ ”
“တကယ်လို့အိမ်ရှေ့စံက ဒီလိုမျိုး အရည်အချင်းရှိရင် ကျွန်မက ဘာမှပြောစရာ မရှိပါဘူး။ ”
ကျန်းယွမ်က သူမလိုချင်တဲ့ စာအုပ်ရွေးပြီးတာနဲ့ အောက်ထပ်ကို ဆင်းသွားတယ်။ ခန်းမထဲမှာ နှင်းဆီပုံ စားပွဲကြီးတစ်လုံးရှိပြီး အဲ့စားပွဲပေါ်မှာ စုတ်တံ၊မှင်၊မှင်တုံးနဲ့ စာရွက်တွေရှိတယ်။ ကျန်းယွမ်က အဲ့ကိုခဏသွားလိုက်ပြီး သူမက မှင်ကထိပ်တန်းအရည်အသွေးဖြစ်တဲ့ မက်မွန်ပွင့်မှင်ဆိုတာကို သူမတွေ့သွားပြီး ခဏရပ်သွားတယ်။
ဒါကိုတွေ့တော့ အိမ်ရှေ့စံက သူမကို စလိုက်တယ်။
“မင်းက ငယ်ငယ်ကတည်းက ကျေးလက်ကအိမ်တော်ကို ပို့ခံလိုက်ရပြီး မင်းရဲ့အမေက မျိုးရိုးစဉ်ဆက် စစ်တပ်မိသားစုကလို့ ဟဲရီပြောခဲ့တာ ငါကြားဖူးတယ်။ ဒါကြောင့် မင်းရဲ့လက်ရေးက မကျော့ရှင်းလောက်ဘူး။ ပြီးတော့မင်းက ဆွဲဆောင်မှုရှိတဲ့ အဆိုတော်တွေလို သီချင်းဆိုတတ်ပြီး ကပဲကတတ်တယ်လို့ ငါထင်တယ်။ ”
သူက ကျန်းယွမ်ရဲ့ တုန့်ပြန်မှုကို သုံးသပ်တာဖြစ်ပေမဲ့ ကျန်းယွမ်က သူပြောတဲ့စကားတွေကို မကြားချင်ယောင် ဆောင်ထားပြီး သူမရဲ့မျက်နှာထားက နည်းနည်းလေးတောင် ပြောင်းမသွားဘူး။ မင်းသမီးဟဲရီ သူမအပေါ်ထားတဲ့ အမုန်းတရားက အရိုးထဲထိ စွဲနေပြီဖြစ်ပြီး သူမက ကျန်းယွမ်ရဲ့နာမည်ကို နန်းတော် အပြင်ဘက်ထိကို စွန်းထင်းသွားစေချင်တယ်။ ဒါပေမဲ့ ကျန်းယွမ်က မင်းသမီးဟဲရီနဲ့ အငြင်းပွားဖို့ကို သူမက မထိုက်တန်ဘူးလို့ သတ်မှတ်ထားတယ်။ နန်းတော်ထဲက ဒီမက်မွန်ပွင့် မှင်ကပဲသူမကို သူမရဲ့အရင်ဘဝကို ပြန်ပြီးသတိရစေခဲ့ပြီး အဲ့တုန်းက ရွမ်းလီကသူမကို လက်ရေးလှ ကျင့်ဖို့အတွက် ကိုယ်တိုင်စိတ်ရှည်စွာနဲ့ စေ့စေ့စပ်စပ် လမ်းညွှန်ပေးခဲ့တာဖြစ်တယ်။ အခုအခြေအနေနဲ့ အရင်တုန်းက အခြေအနေက လုံးဝကွဲပြားနေတာဖြစ်ပြီး သူမချစ်ခဲ့တဲ့လူကတော့ အခုသူမရဲ့ ရန်သူဖြစ်နေပေမဲ့ ဒီမက်မွန်ပွင့်မှင်ကတော့ အရင်ကရနံ့အတိုင်းပဲ။
သူမက စုတ်တံကို ဖြေးညှင်းစွာ မလိုက်ပြီး အိမ်ရှေ့စံက သူမကို စိတ်ဝင်တစား ကြည့်နေတယ်။ ကျန်းယွမ်က သူမနဲ့ပတ်သတ်ပြီး ထူးဆန်းမှုများစွာရှိပြီး ပုံမှန်အေးစက်ပြီး တစ်သီးတစ်ခြားနေတဲ့ ရှရှဲက သူမကို ကွဲပြားတာဆက်ဆံတာ အရမ်းထူးခြားတယ်။ အိမ်ရှေ့စံဖြစ်တဲ့ သူကိုယ်တိုင်တောင်မှ သူမကိုနည်းနည်း စိတ်ဝင်စားလာတယ်လို့ ခံစားလိုက်ရတယ်။
ကျန်းယွမ်က စုတ်တံထိပ်ကို မှင်နဲ့စွတ်လိုက်ပြီး သူမအရင်ဘဝက သင်ခဲ့တဲ့ပုံစံနဲ့ စာလုံးရေးဖို့ စုတ်တံကို ဖြေးညှင်းစွာရွှေ့လိုက်တယ်။ စုတ်တံက စာရွက်ပေါ်မှာ အသံမဲ့စွာလှုပ်သွားပြီး ရနံ့အနည်းငယ်ကပဲ ကျန်ရစ်ခဲ့တယ်။ စုတ်ချက်တွေက ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပြီး မထိန်းချုပ်ထားပေမဲ့ အန္တရာယ်ရှိမှုကို ဖုံးကွယ်ထားပုံပေါ်တယ်။ စုတ်ချက်တိုင်းက ဖော်မပြနိုင်တဲ့ စိတ်ဓာတ်နဲ့ သဘာဝဆွဲဆောင်မှုရှိတယ်။
“ကောင်းမှုက ထင်းရှုးပင်လို ဖြစ်နေတဲ့အချိန်မှာ မကောင်းမှုက ပန်းတစ်ပွင့်လိုပဲ။ ထင်းရှုးပင်က အေးစက်ပြီး ဂရုမစိုက်စွာနေပြီး ပန်းကတော့ အဲ့လိုမဟုတ်ဘူး။ ဒါပေမဲ့တစ်နေ့မှာ ထူထဲတဲ့နှင်းတွေ ကျတဲ့အချိန်မှာ ထင်းရှုးပင်က ကျန်ရစ်ခဲ့ပြီး ပန်းကတော့ ပျောက်ကွယ်သွားခဲ့တယ်။ ”
သူ့ရဲ့ရှု့ထောင့်ကနေကြည့်ရင်း အိမ်ရှေ့စံက စာရွက်ပေါ်ကစာလုံးတွေကို ကျယ်လောင်စွာ ရွတ်လိုက်တယ်။ သူ့ရဲ့အသံထဲမှာ အံ့အားသင့်မှုပါပြီး သူကပြောလိုက်တယ်။
“မင်းရဲ့လက်ရေးလှက ညီလေးရှစ်ရဲ့ လက်ရေးလှနဲ့ နည်းနည်းတူတယ်။ ”
သူတို့က ဆင်တူပေမဲ့ လုံးဝကွဲပြားတဲ့ ခံယူချက်ရှိတယ်ဆိုတာ ထင်ရှားတယ်။ သူကစာရွက်ပေါ်က စာလုံးတွေကို ကြည့်ရင်းပြုံးပြီး ပြောလိုက်တယ်။
“ငါဟောင်အန်းရဲ့ တကယ်ပုံစံအမှန်ကို မမြင်နိုင်သေးဘူးပဲ။ ”
‘တကယ်ပုံစံအမှန်လား။’ ကျန်းယွမ်က အေးစက်စွာ ပြုံးလိုက်တယ်။ သူမရဲ့အရင်ဘဝမှာ သူမက တကယ်ပဲဒီလိုမျိုး တွေးခဲ့ပြီး ကောင်းမွန်တဲ့လူတစ်ယောက်က ကောင်းချီးတွေကို လွယ်လွယ်ကူကူနဲ့ ရလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ကောင်းမှုတွေ ရိုးသားမှုနဲ့သီလ……..။ သူမအတွက် ဘယ်လိုမျိုး အဆုံးသတ်မျိုး ယူလာပေးနိုင်လဲ။ ဒီဘဝမှာတော့ သူမကသေချာပေါက် ထပ်ပြီးတော့ သူမအရင်ဘဝက လျှောက်ခဲ့တဲ့ အဆုံးသတ်မျိုးကို လိုက်လျှောက်မှာ မဟုတ်ဘူး။ အဲ့ဒါထက်ကို သူမက အကုန်လုံးရဲ့ မျက်လုံးထဲမှာ မကောင်းတဲ့လူတစ်ယောက် ဖြစ်ရတာ ပိုပြီးကောင်းအုံးမယ်။ ဒီတော့ တကယ်လို့သူမက နိုင်ငံကိုဖျက်ဆီးတဲ့ မကောင်းဆိုးဝါးမလို့ သရုပ်ပြခံရရင်တောင် ဘာဖြစ်လဲ။ နောက်ဆုံးအထိသူမက သူမရဲ့မျက်လုံးတွေကို ဖွင့်ထားနိုင်ပြီး သူမကာကွယ်ချင်တဲ့ လူတွေကို ကာကွယ်နိုင်သေးတယ်။
အိမ်ရှေ့စံက ရုတ်တရက် ကျန်းယွမ်ရဲ့အကြည့်တွေက ပိုပြီးအေးစက်လာတယ်လို့ ခံစားလိုက်ရပြီး သူမပြောချင်ခဲ့ပေမဲ့ သူမပြောခင်မှာပဲ ကျန်းယွမ်က သူမရွေးထားတဲ့ စာအုပ်တွေကို ထပ်လိုက်ပြီး သူ့ကိုပြောလိုက်တယ်။
“တကယ်လို့ အရှင်မင်းသားက စာအုပ်ထပ်ရွေးချင်တယ်ဆိုရင် ကျေးဇူးပြုပြီး အချိန်ယူလိုက်ပါအုံး။ ကျွန်မစီနင်နန်းတော်ကို ပြန်သွားဖို့လိုလို့ ကျွန်မမစောင့်တော့ဘူး။ ”
ကျန်းယွမ်ထွက်သွားပြီးတော့ အိမ်ရှေ့စံက သူ့ရဲ့အကြည့်ကို စားပွဲပေါ်က စာရွက်တစ်ရွက်ပေါ်က စာလုံးတွေကို ကြည့်နေတယ်။ စာလုံးတွေက ကောင်းကောင်းရေးထားပြီး လက်ရေးလှရေးရတာကို မကြိုက်တဲ့ သူတောင်မှ ခွန်အားအပြည့် ပါဝင်တယ်ဆိုတာကို သိနိုင်တယ်။ ကျန်းယွမ်က စာရွက်ကို သူမနဲ့အတူ ယူသွားဖို့ ဆန္ဒမရှိဘူးဆိုတာကို သေချာတယ်။ အိမ်ရှေ့စံက ခဏလောက်တွေးပြီး သူ့ဘေးက အငယ်တန်းမိန်းမဆိုးကို စာရွက်ကိုသိမ်းလိုက်ဖို့ အမိန့်ပေးလိုက်တယ်။ ပြီးတော့ ပိယွမ်အဆောင်တော်ကနေ ထွက်လာခဲ့တယ်။ တော်ဝင်ကြင်ယာတော်ချန်က အိမ်ရှေ့စံနဲ့ ကျန်းယွမ်တို့ ပိယွမ်အဆောင်တော်ကို အတူတူသွားတယ်ဆိုတာကို သိသွားတော့ နည်းနည်းထူးဆန်းတာကို တွေ့သွားပြီး ပြောလိုက်တယ်။
“သူမက အိမ်ရှေ့စံနဲ့ ဘယ်တုန်းကဒီလောက် ရင်းနှီးသွားတာလဲ။ ”
သူမရဲ့အစေခံက ပြောလိုက်တယ်။
“ကြည့်ရတာ သူတို့နှစ်ယောက်က စာအုပ်ရွေးဖို့ပဲ သွားခဲ့ပြီး အချိန်ခဏလေးအတွင်းမှာ ထွက်လာခဲ့ပြီး တစ်ယောက်တစ်လမ်းဆီ ပြန်သွားခဲ့တယ်။ တော်ဝင်ကြင်ယာတော်ချန်က သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်တယ်။ အခုချိန်မှာသူမက ကျန်းယွမ်ကို အထင်သေးလို့ မရတော့ဘူး။ အဲ့တုန်းကကျန်းယွမ်က ကံကောင်းမှုတစ်ချို့နဲ့ သမီးကြီးတစ်ယောက်ပဲလို့ တွေးခဲ့တယ်။ ဒါပေမဲ့အခုတော့ သူမက ကျန်းယွမ်ရဲ့အကြံတွေကို တွေ့ပြီးတော့ လေးလေးနက်နက် မတွေးဘဲ မနေနိုင်ခဲ့ဘူး။ အဲ့တုန်းကသူမက တစ်ချက်တည်းနဲ့ တော်ဝင်ကြင်ယာတော်ချန်ရဲ့ လက်ထပ်မှုကို ငြင်းပယ်ပြီး သူမက ဟောင်ကျွမ်ဆိုတဲ့ဘွဲ့ကို ရရှိခဲ့တယ်။ မယ်တော်ကြီးယိကျယ်က သူမကို အဲ့ဘွဲ့ကိုယ်တိုင် အပ်နှင်းခဲ့တယ်။ ဒါက အရာရှိမိသားစုရဲ့ သာမာန်သမီးကြီးတစ်ယောက် လုပ်နိုင်တဲ့အရာ မဟုတ်ဘူး။ သူမကကျန်းရိရိနဲ့ ကျန်းယွမ်တို့က အဲ့တုန်းက နန်းတော်ဂုဏ်ပြု ညစာစားပွဲမှာ သူမကို ဆန့်ကျင်ပြောခဲ့တာကို မမေ့နိုင်သေးဘူး။ ”
ကျန်းယွမ်သေချာပေါက် သာမာန်လူမဟုတ်ဘူး။
“တော်ဝင်ကြင်ယာတော်ချန်က ပျင်းရိစွာ ခြေလှမ်းလှမ်းလိုက်ပြီး ပြောလိုက်တယ်။ သူမကဆက်ပြီး စောင့်ကြည့်ထား။ ”
“ကောင်းပါပြီ။ ”
နန်းတွင်းအစေခံက သူမရဲ့အမိန့်ကို နာခံပြီး ထွက်သွားခဲ့တယ်။
အိမ်ရှေ့စံက ကျန်းယွမ်ရဲ့ လက်ရေးလှကိုယူပြီးတော့ သူကအရှေ့နန်းတော်ကို ချက်ချင်းပြန်မသွားခင် သူကခုနင်နန်းတော်ကို ဧကရီနဲ့ ခဏလောက်စကားပြောဖို့ သွားခဲ့တယ်။ သူကကျန်းယွမ်ရဲ့ စာရွက်ကိုဖြန့်လိုက်ပြီး သူအဲ့ဒါကို ပိုကြည့်လေလေ အဲ့စာလုံးတွေက ကောင်းကောင်းရေးထားတယ် ဆိုတာကို ခံစားရလေလေ သူပိုခံစားရလေလေပဲ။ သူကဒီစာရွက်ကို ဘယ်မှာချိတ်ရမှန်းမသိ ဖြစ်နေတယ်။ တကယ်လို့သူက ဒီစာရွက်ကိုဘောင်ခတ်ပြီး နံရံမှာချိတ်ထားမယ်ဆိုရင် အသေးအဖွဲလေးကို ကိစ္စအကြီးကြီး လုပ်နေတယ်လို့ ထင်မှာဖြစ်ပြီး တကယ်လို့သူက အဲ့ဒါကို ဆက်မသိမ်းထားရင်လည်း အဲ့ဒါက တကယ်နှမြောစရာကောင်းတယ်။ ဒီလိုဖြစ်နေတဲ့အချိန်မှာ အပြင်ကနေ တစ်ယောက်ယောက်ရဲ့ ခြေသံကို ကြားလိုက်ရတယ်။ အဲလူက အစိမ်းရောင်ဝတ်စုံ ဝတ်ထားပြီး ကျောက်စိမ်းခါးပတ် ပတ်ထားတယ်။ သူ့ဘေးမှာဝတ်ရုံက တဖြတ်ဖြတ်လွင့်နေတယ်။ သူ့အမူအရာက မောက်မာပြီး တသီးတခြား ဖြစ်နေတဲ့ပုံပေါ်တယ်။ အိမ်ရှေ့စံက ဒီပုံရိပ်ကို တွေ့လိုက်တာနဲ့ ချက်ချင်းပဲ သူ့မျက်လုံးက အရောင်တောက်သွားပြီး သူမခေါ်လိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now