အခန်း-၂၂
ဒီနေ့ အရှေ့လမ်းက ထူးထူးခြားခြား လူစည်ကားနေတယ်။ အကြောင်းက တရားသူကြီးက အမှုတစ်ခုကို စစ်ဆေးနေလို့ ဖြစ်တယ်။ ပင်မစံအိမ်ကနေ ကျေးလက်ဘက်ကို ပို့ခံလိုက်ရတဲ့ မိန်းကလေးက အစေခံတစ်ယောက်ကို သတ်ပြီးတော့ အလောင်းကို ခြောက်သွေ့နေတဲ့ ရေတွင်းထဲကို စွန့်ပစ်ခဲ့တယ်တဲ့။ ပြီးတော့ အမှုရဲ့ မျက်မြင်သက်သေက အိမ်တော်ထိန်းရဲ့သား ဖြစ်နေတယ်။ ဒီကိစ္စက မျက်မြင်သက်သေနဲ့ ပစ္စည်းသက်သေတွေပါ ရှိတယ်။ လူသတ်သမား မိန်းကလေးက ရက်စက်ကြမ်းကြုတ်တဲ့ နှလုံးသား ရှိတယ် ဆိုပြီးတော့ လူတွေကြားမှာ ပြန့်နှံ့နေတယ်။ တစ်နည်းနည်းနဲ့ အဲ့အစေခံက သူမကို အမှတ်တမဲ့ စိတ်အနှောက်အယှက် ပေးခဲ့တယ်ထင်တယ်။ အချို့က မိန်းကလေးက အစေခံကို ဒီလိုမျိုး လုပ်တာ သူမရဲ့ အဆင့်အတန်းနဲ့ ဆန့်ကျင်ဘက်ပဲ လို့ ရဲရဲတင်းတင်း ပြောနေကြတယ်။ လူတစ်ယောက်ရဲ့ အသက်ကို သက်ညှာမှုမပေးတာ ဘယ်မိသားစုက မိန်းကလေးက ဒီလောက် အထက်စီးဆန်မှန်း ဘယ်သူသိမှာလဲ။
ဒီအချိန်မှာ တရားသူကြီးရဲ့ ရုံးခန်းမှာ ဗိုက်ရွှဲကြီးနဲ့ သက်လတ်ပိုင်းလူတစ်ယောက်က အလယ်ကခုံမှာ ထိုင်နေတယ်။ အစိမ်းရောင် ပိုးထည်အင်္ကျီ ချန်ပေါင်းကို ဝတ်ထားပြီး သူ့ခါးမှာ ကျောက်စိမ်းခါးပတ်က ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်ကြောင့် နည်းနည်းတင်းနေတယ်။ ရွှေချထားတဲ့ ကျောက်စိမ်းလက်စွပ်ကို သူ့ရဲ့လက်မမှာ ဝတ်ထားတယ်။ ဒီဝဖိုင့်ဖိုင့်လူကြီးက တရားသူကြီး ချန်းဝမ်လီ ဖြစ်တယ်။
ဘယ်ဘက်မှာထိုင်နေသူက ချန်းဝမ်လီလောက် ချမ်းသာပြီး ဩဇာညောင်းတဲ့ပုံ မပေါ်ဘူး။ အခြားတစ်ဖက်က ကြည့်ရင် သူက ကြမ်းထော်နေတဲ့ ပိတ်စနဲ့ ချုပ်ထားတဲ့ ရိုးရိုးအင်္ကျီပဲ ဝတ်ထားတယ်။ ခေါင်းကနေ ခြေဖျားအထိ ဆင်းရဲတဲ့ အသွင်အပြင်နဲ့ သူက ငွေကြေးကြွယ်ဝတဲ့ အထက်တန်းလွှာတွေ ပြည့်နှက်နေတဲ့ ခန်းမနဲ့ မလိုက်ဖက်ဘူး။
ချန်းဝမ်လီက ဒီရိုးရှင်းစွာ ဝတ်ထားတဲ့ ဧည့်သည်ကို လေးစာပြီး အဲဒါက အချိန်အတိုင်းအတာ တစ်ခုအထိပဲ မြှောက်ပင့်ပြီး ပြောတာဖြစ်တယ်။ သူ့ရဲ့ လေးစားရတဲ့ ဧည့်သည်တော်အတွက် သူ့လက်အောက်ငယ်သားတွေကို လက်ဖက်ရည်ပူပူလေး တစ်ခွက်ငှဲ့ပေးဖို့ ညွှန်ကြားရင်း ချန်းဝမ်လီက ပြုံးလိုက်တယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...