unicode
Part 97
အခန်း - ၈၇ အပိုင်း(၁)
အမွှေးတိုင် တစ်ချောင်းကို မီးရှို့တဲ့ အချိန်တစ်ခုစာ ကြာသွားပြီးတော့ ကျန်းရှင်းကျီက ဂရုစိုက်ခြင်း မရှိဘဲ ထွက်သွားပြီးတော့ ဒေါသထွက်နေတဲ့ ကျန်းချွမ်ကို ထားခဲ့ရတာက ဘာမှမဖြစ်သလိုပဲ။ ကံမကောင်းစွာနဲ့ ကျန်းရှင်းကျီက ဒီနေ့ စစ်တပ်ကနေ ချီးမြှင့်ထိုက်တဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပြီးတော့ သူ့ရဲ့ စိတ်ထားကလည်း အရမ်းပြောင်းလဲသွားတယ်။ သူက လွယ်လွယ်နဲ့ ကိုင်တွယ်လို့ မရတော့ဘူး။ ဒါပေမဲ့ ကျန်းစုစုက မီးထဲကို မီးစာထပ်ထည့်လိုက်တယ်။
“အဖေ မမကို ကြည့်ပါဦး….”
“တိတ်စမ်း။” ကျန်းချွမ်က စိတ်တိုနေတုန်းပဲ။ ကျန်းစုစုက အားနည်းနေပြီး သူလည်း မကူညီနိုင်တာကို မြင်ရတော့ သူက ပိုပြီး စိတ်တိုလာပြီး ပြောလိုက်တယ်။
“တကယ်လို့ နင် မကောင်းတဲ့ ဝိညာဉ်ဝင်ကပူးထားတာ ခံထားရရင်လည်း လျှောက်သွားမနေနဲ့။ ကိုယ့်ခြံထဲကို ကိုယ်သွား။”
ပြောပြီးတော့ သူက ကျန်းချောင်ကို စိုက်ကြည့်ပြီးတော့ ထွက်သွားတယ်။
ကျန်းစုစုက ကျန်းချွန်ထွက်သွားတာကို အံ့အားသင့်စွာနဲ့ ကြည့်နေရုံပဲ တတ်နိုင်ချိန်မှာ ကျန်းချောင်ရဲ့ မျက်ဝန်းထဲမှာ အမုန်းတရား အရိပ်အယောင် ဖြတ်သွားတာကို တွေ့လိုက်တယ်။ မောင်နှမနှစ်ယောက်က တိတ်ဆိတ်နေပေမဲ့ အဲ့အချိန်မှာ သူတို့က ကျန်းရှင်းကျီနဲ့ ကျန်းယွမ် နှစ်ယောက်လုံးကို မုန်းသွားကြတယ်။
* * *
ငြိမ်းချမ်းတဲ့ ညနေလေး အပြီး နောက်တစ်နေ့မှာ နေပွင့်တဲအချိန်မှာ ကျန်းယွမ်က ထလာတယ်။ လုကျူးက နှင်းဆီမုန့်တွေ ယူလာတယ်။
“မိုးက စဲလာပြီ။ ကြည့်ရတာ ရပ်တော့မလိုပဲ။”
သူမက စိုးရိမ်နေပုံပေါ်ပြီးတော့ ကျန်းယွမ်ရဲ့ အကြံအကြောင်းကို နည်းနည်းသိတယ်။ မိုး အခုချိန်မှာ ရပ်သွားရင် ဘယ်လောက်တောင် ကောင်းလိမ့်မလဲ။
ကျန်းယွမ်က ပြုံးပြီး ပြတင်းပေါက် အပြင်ကို ကြည့်လိုက်တယ်။ မိုးပေါက်တွေက ဖြည်းဖြည်းချင်း စဲလာတယ်။ တံစက်မြိတ်ကနေ ကျလာတဲ့ ရေက ပိုနှေးလာတယ်။ လေကပိုပြီး သိမ်မွေ့လာပြီးတော့ အရင်ရက်တွေက အမဲရောင်တိမ်တိုက်တွေကို အဝေးကို တွန်းသွားတယ်။ ကြည့်ရတာ မိုးကောင်းကင်က မကြာခင်မှာ ကြည်လင်သွားမယ့်ပုံပဲ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...