unicode
Part 36
အခန်း - ၄၆
ရှန်းအိမ်တော်က အရမ်းကျယ်တာပဲ။ နာမည်မသိတဲ့ အစေခံမလေးကို
ရှာဖို့ တော်တော်ခက်ခဲမှာပဲ။ ကျန်းယွမ်ရဲ့ အဖြေက
အကျိုးအကြောင်းသင့်လျော်ပေမဲ့ ရှန်းမင်ကျန်းကို ရန်စခဲ့သလို ဖြစ်ပြီး သူမကို
ပြောစရာ စကားမရှိ ဖြစ်စေခဲ့တယ်။ ရှန်းမင်ကျန်းက ကျန်းလီကို ဆဲလိုက်ပြီး
ကျန်းယွမ်ကို မျက်စောင်းထိုးလိုက် ပြီးတော့ သူမ မကျေမနပ် ဖြစ်ပြီး
ထိုင်ချလိုက်တယ်။
ကျန်းစုစုက ပြုံးလိုက်ပြီး လက်ဖက်ရည်ကို ဖြည်းဖြည်းလေး
သောက်လိုက်တယ်။ သူမရဲ့ အကြည့်တွေက မျက်နှာ တချက်မှ မပျက်ဘဲ ပြောနေတဲ့
ကျန်းယွမ်ဆီမှာ ရှိနေတုန်းပဲ။ လက်ဖက်ရည်ခွက်က ရေငွေ့တွေက သူမရဲ့ လှပတဲ့
မျက်နှာကို ရေငွေ့လာရိုက်တာက တစ်ယောက်ယောက်က ပန်းပွင့်ကို ကျော်ပြီး
ဖားကို လှမ်းကြည့်နေသလိုပဲ။ သူမရဲ့ ခံစားချက်တွေက သိဖို့ ခက်တယ်။
ကျန်းစုစုရဲ့ စိတ်ထဲမှာ နာကြည်းသွားပြီး သူမက စိတ်မသက်မသာ
ဖြစ်လာတယ်။ သူ့ဘေးနားက အမျိုးသမီးငယ်လေးတွေနဲ့ စကားပြောရင်းနဲ့
သူဘာမှမဖြစ်သလို ဟန်ဆောင်ခဲ့တယ်။
ကျန်းယွမ် ဘာမှမဖြစ်ဘဲ ရောက်လာတာက ကျန်းလီ
ဘာအကျိုးကျေးဇူးမှ မရလိုက်ဘူးလို့ ဆိုလိုတာပါပဲ။ ရှန်းမင်ကျန်းက
အခြားအစေခံတစ်ယောက်ကို လာဖို့ လက်ဟန်ခြေဟန်ပြလိုက်တယ်။ အဲ့အစေခံက
သူမပြောတာကို နားထောင်ပြီး မြန်မြန်ထွက်သွားတယ်။ ခဏကြာတော့ကျန်းလီနဲ့ ရှောင်စွေ့တို့က ကျန်းယွမ်ဘေးကနေ ဖြတ်လာခဲ့တယ်။ ကျန်းလီရဲ့
မျက်နှာက နီရဲနေပြီး သူက ကျန်းယွမ်ရှေ့မှာ ရပ်ပြီး ဒေါသတကြီး
မေးလိုက်တယ်။
“နင် ဘယ်လိုလုပ်ပြီး အရင်ပြန်လာတာလဲ”
လင်ဇီရှန်းက သူမရှေ့မှာ ရှိတဲ့ မြင်ကွင်းကို ဆက်ပြီး
သည်းမခံနိုင်တော့ဘူး။ ကျန်းယွမ် ပြန်ပြောမှာကို မစောင့်တော့ဘဲ သူမက
အထင်သေးတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
“အခု အခြေအနေက ဘာပဲဖြစ်ဖြစ် ကျန်းအိမ်တော်က အရာရှိတွေထဲမှာ
အိမ်သူအိမ်သားတွေကို စည်းကမ်းတင်းတင်းကြပ်ကြပ် လုပ်ထားနိုင်တယ်လို့
ပြောကြတယ်။ ခုတော့ ဘယ်လိုလုပ်ပြီး ဒီနေရာမှာ လူမှုရေး မသိတတ်တဲ့သူတွေ
ရှိနေတာလဲ။ အငယ်ဆုံး ညီမက အကြီးဆုံး အမကို ဒီလို မလေးမစား ဆက်ဆံဖို့
သင်ထားတာလား”
သူမက ညင်သာတဲ့ လေသံနဲ့ ပြောတာ မဟုတ်လို့ ဘေးနားက အရာရှိ
မိသားစုက သခင်မတွေက သူတို့ကို လှည့်ကြည့်ကြတယ်။ ကျန်းလီရဲ့ မျက်နှာက
နီရဲသွားပြီး ဒေါသပိုထွက်သွားတယ်။ သူမက ကျန်းယွမ်ပြုံးပြီး ပြောတာကို
ကြားလိုက်ရတယ်။
“အဲဒါ ဘာမှမဟုတ်ပါဘူး။ ကျွန်မရဲ့ ညီမက လူတွေအများကြီး
စကားပြောနေတာကို သတိမထားမိဘူး။ လီနိုင်က နည်းနည်း
စိုးရိမ်မိတာပါ ဒါပါပဲ”
လင်ဇီရှန်း မျက်မှောင်ကြုတ်လိုက်တယ်။
“ဒီလိုသာ ငါ့အိမ်တော်ထဲမှာ ဖြစ်ခဲ့ရင် အဲ့လူက ပြင်းပြင်းထန်ထန်
အပြစ်ပေးခံရမှာ”
ဒီတစ်ခါတော့ ကျန်းယွမ်က ဘာမှမပြောဘဲ ပြုံးပဲပြုံးနေလိုက်တယ်။
သူမရဲ့ မျက်နှာပေါ်မှာ ဒေါသထွက်တာကို မတွေ့ရပေမဲ့ အချို့လူတွေက သူမရဲ့
ရည်ရွယ်ချက်ကို သတိပြုမိတယ်။ ကျန်းစုစုက မတ်တပ်ရပ်ပြီး ရယ်လိုက်ပြီးတော့
ပြောလိုက်တယ်။“ဘာတွေဖြစ်နေတာလဲ။ မမက နယ်က စံအိမ်ကနေ ရောက်လာတာ
မကြာသေးဘူးဆိုတော့ အချို့အရာတွေကို မသိသေးလို့ပါ။
တတိယညီမလေးကလည်း ငယ်သေးတယ် မမ သူ့ကို စ စရာ မလိုပါဘူး”
ကျန်းစုစုက ဒီအခြေအနေကို သူမရဲ့ ကောင်းကျိုးအတွက်
အသုံးချသင့်တယ်လို့ ကျန်းယွမ် မထင်ဘူး။ ဒါပေမဲ့ အဲဒါက ကျန်းယွမ်ရဲ့
အပြစ်လို့ ထင်တာပဲ။ ဘေးက သခင်မအချို့နဲ့ အမျိုးသမီးငယ်အချို့က
ကျန်းယွမ်ကို ထူးဆန်းတဲ့ အကြည့်တွေနဲ့ ကြည့်ပြီး ကျန်းယွမ်က သူ့ညီမအပေါ်
ရက်စက်တယ်လို့ ထင်နေကြတယ်။
ကျန်းယွမ် ပြုံးလိုက်ပြီး ကျန်းစုစုကို မျက်တောင်မခတ်ပဲ ကြည့်လိုက်တယ်။
ကျန်းယွမ်ရဲ့ ညို့ယူတဲ့ အကြည့်က ကျန်းစုစုကို ထုံသွားစေပြီး သူမကို
ကျောချမ်းစေတယ်။ သူမရဲ့ စိတ်ထဲမှာ ကျန်းယွမ်က
နာကြည်းစွာရယ်လိုက်တယ်။ ကျန်းစုစုက သူမကိုယ်သူ နတ်သမီးနဲ့ တူတဲ့
အပြင်ပန်း ပေါ်အောင် အမြဲတမ်း ကောင်းတဲ့ကိစ္စတွေ လုပ်တယ်။ သူမရဲ့
အတိတ်ဘဝမှာ သူမ နောက်ဆုံးထွက်သက်မတိုင်ခင် တိုင်းပြည်ကို
ဖျက်ဆီးတယ်ဆိုပြီး အကျဉ်းမကျခင်မှာ ကျန်းစုစုက သူမကို အမြဲတမ်း
နှစ်သိမ့်ပြီး သည်းခံပြီး စိတ်ရှည်ဖို့ အကြံပေးခဲ့တယ်။ သူမက ဒီဘဝမှာ ဘယ်လိုလုပ်
ဒီလောက် ကွဲပြားသွားပြီး ကျန်းယွမ်ကို နယ်က အိမ်တော်ကနေ အခုမှ
ပြန်လာခဲ့တယ်ဆိုပြီး လူတွေ သူမကို ဝေးဝေးရှောင်အောင် ပြောနေရတာလဲ။
သူမရဲ့ အကျင့်က ဒီဘဝမှာ ကွဲပြားသွားတာများလား။ ကျန်းစုစုရဲ့
အကျင့်က ပြောင်းလဲ သွားတာမျိုးလား။ ဒါမှမဟုတ် ကျန်းစုစုက အမြဲ
ဒီလိုပဲလား။ ပြီးတော့ သူမရဲ့ အယုံလွယ်တဲ့ အကျင့်ကြောင့် ကျန်းစုစုရဲ့
သေစေနိုင်တဲ့ စကားလုံးတွေနဲ့ ရည်ရွယ်ချက်တွေကို မျက်ကွယ်ပြုမိခဲ့တာလား။
လင်ဇီရှန်းက ကျန်းစုစုကို အေးစက်စွာ ကြည့်လိုက်တယ်။ သူမရဲ့
ပြောဆိုပုံက မောက်မာနေပြီး သူမက ကျန်းစုစုကို သဘောမကျတာကို ဖော်ပြဖို့
ကြိုးစားရုံတင်မကဘဲ သူမက ငေါ့လိုက်တယ်။
“ဘယ်လိုလူလိမ်လဲ”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...