Unicode
Part 153
အခန်း - ၁၁၅ အပိုင်း(၁)
ကျန်းယွမ်က သူမရဲ့နေ့တွေကို နန်းတော်ထဲမှာပဲ နေပြီးတော့ အေးအေးဆေးဆေးနဲ့ ဖြတ်သန်းနေတယ်။ မယ်တော်ယိတျယ်က ကျန်းချွမ်ကို အေးစက်စွာ ဆက်ဆံနေပြီးတော့ ကျန်းယွမ် ကျန်းအိမ်တော်ကို ပြန်လာမယ့်အကြောင်းကို တစ်ခါမှ မပြောခဲ့ဘူး။ ဒါက မယ်တော်ယိတျယ်ရဲ့ ဟောင်အန်းကျွမ်းကျူ့ကို ထောက်ပံ့တယ်ဆိုတာကို ပြသတာဖြစ်တယ်။ ရလာဒ်အနေနဲ့ မယ်တော်ယိတျယ်က ဟောင်အန်းကျွမ်းကျူ့ကို အရမ်းချစ်တဲ့ သတင်းက ပြန့်သွားခဲ့ပြီဖြစ်တယ်။
ဒါပေမဲ့ ကျန်းအိမ်တော်ထဲက လူတိုင်းက စိုးရိမ်နေပုံပဲ။ ကျန်းချွမ်က ကျန်းယွမ်ကို သူရဲ့ဩဇာနဲ့ ဖိနှိပ်ဖို့ ပြန်လာမှာကို စောင့်နေတယ်။ မမျှော်လင့်စွာနဲ့ မယ်တော်ယိတျယ်က ကျန်းယွမ်ကို နန်းတော်မှာပဲ နေဖို့ ပြောခဲ့ပြီးတော့ သူ့ကို တင်းမာပြီးတော့ မသက်မသာဖြစ်စေခဲ့တယ်။ ဒီရက်ပိုင်းမှာ လူတွေက သူ့နောက်ကွယ်မှာ အတင်းတုပ်နေကြလို့ ကျန်းချွမ်က နေမကောင်းဘူးဆိုပြီးတော့ အိမ်တော်မှာပဲ နေနေတယ်။
ကျန်းစုစုနဲ့ ကျန်းချောင်တို့က အပြင်မှာ သူတို့ မောင်နှမနှစ်ယောက်က ကျန်းချွမ်ရဲ့ သွေးသားအရင်း မဟုတ်ဘဲ တခြားသူရဲ့ ကလေးတွေလို့ ပြောနေကြလို့ အရမ်းစိတ်တိုနေကြတယ်။ ဒီကျန်းအိမ်တော်ရဲ့ သွေးသားတွေက ရှုပ်ထွေးနေပြီးတော့ ကျန်းအိမ်တော်ရဲ့ နောက်ဖေးက ဝရုန်းသုန်းကားဖြစ်နေပြီးတော့ မြို့တော်ရဲ့ လူရယ်စရာဖြစ်လာတယ်။ ရွှမ်းလီနောက်ကို နှစ်နည်းနည်းလိုက်လာခဲ့တဲ့ ကျန်းချောင်က နောက်ဆုံးမှာ သူ့ရဲ့ အရာရှိလုပ်ငန်းမှာ တိုးတက်လာပြီးတော့ အတိတ်က မကောင်းတဲ့ပုံရိပ်ကို စပြီးတော့ ပယ်ဖြတ်နိုင်တော့မှာဖြစ်တယ်။ ဒါပေမဲ့ ဒီကိစ္စထွက်လာတာနဲ့ လူတွေက သူ့ကို ကွဲပြားစွာ ကြည့်လာကြတယ်။
ကျန်းစုစုက ကျန်းချောင်နဲ့ ဘာမှသိပ်မကွာဘူး။ ကျန်းအိမ်တော်ရဲ့ သမီးကြီးတစ်ယောက်အနေနဲ့ သူမက တခြားမြင့်မြတ်တဲ့ သခင်မလေးတွေနဲ့ မကြာခဏ စုဝေးပွဲတွေနဲ့ အခမ်းအနားတွေကို တက်ရတယ်။ ဒါပေမဲ့ သူမက လတ်တလော ဘာဖိတ်စာမှ မရခဲ့ဘူး။ ပြီးတော့ တကယ်လို့ သူမ ဖိတ်စာတစ်စောင် ရခဲ့ရင်တောင် သူမက လူတိုင်း ဝိုင်းကြဉ်ထားတာ ခံရမှာဖြစ်တယ်။ ဒီတော့ သူမက နတ်သမီးလိုလှပပြီး သန့်ရှင်းပြီး မြင့်မြတ်တဲ့စိတ်ထား ရှိရင်တောင်မှ ဘာဖြစ်လဲ။ သူမက တရားမဝင်သမီးတစ်ယောက်ပဲ။
ကျန်းတန်က ခြံထဲမှာ ဘာဖြစ်နေလဲဆိုတာကို ကြားတဲ့အချိန်မှာ သူက အရမ်းပျော်ခဲ့ပြီးတော့ အပြုံးလေးနဲ့
“မမမှာ တကယ်ကောင်းတဲ့ အကြံရှိတာပဲ။ သူမက မယ်တော်ယိတျယ်ရဲ့ သဘောကျမှုကို ခံရတာ မဆန်းပါဘူး။”
သူမရဲ့ အစေခံက စူးစမ်းစွာနဲ့ ပြောလိုက်တယ်။
“သခင်မလေး နောက်ထပ် ရက်နည်းနည်းကြာရင် တတိယသခင်မလေးက လက်ထပ်တော့မှာပါ။”
ကျန်းလီရဲ့ လက်ထပ်ပွဲက မကြာခင် ရောက်လာတော့မှာဖြစ်တယ်။ အခု ရှယန်က လုံးဝအာဏာမရှိတော့ဘူး။ ဟုန်ရင်းကလည်း ကိုယ်ဝန်ရှိနေပြီးတော့ အိမ်မှုကိစ္စတွေကို မမျှော်လင့်စွာနဲ့ ဒုတိယကိုယ်လုပ်တော်ဆီကိုပဲ အပ်ထားခဲ့တယ်။ ကျန်းလီက ဒုတိယကိုယ်လုပ်တော်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်တယ်။ အစက ကျိုးလန်ကျောင်းက ကျန်းတန်နဲ့ လက်ထပ်ဖို့ ဖြစ်ပေမဲ့ အခု သူက ကျန်းလီကို လက်ထပ်ရတော့မှာဖြစ်တယ်။
ကျန်းတန်က လက်ခါပြလိုက်ပြီး
“ထားလိုက်။”
အစေခံက ကျန်းတန်က ဘာမှမဖြစ်ပုံရလို့ သူမက အကြံပေးလိုက်တယ်။
“သခင်မလေး သခင်မလေး သခင်မလေးအတွက် အကြံတစ်ခုခု ရှိသင့်တယ်။ တတိယသခင်မလေး လက်ထပ်သွားတာနဲ့ အဲဒါ သခင်မလေးအလှည့်ဖြစ်မှာ။ ဒါပေမဲ့…”
ဒါပေမဲ့ အခုထိ ဘယ်သူကမှ အိမ်တော်ကို လာပြီးတော့ လက်ထပ်ဖို့ ခွင့်မတောင်းကြသေးဘူးဖြစ်တယ်။
ရှယန်ရှိသေးတုန်းက သူမက အမြဲတမ်းကျန်းစုစုနဲ့ပဲ အလုပ်များနေတာဖြစ်ပြီးတော့ ကျန်းတန်ရဲ့ ကိစ္စတွေကို မလုပ်ခဲ့ဘူး။ အခု ဒုတိယကိုယ်လုပ်တော်က ဦးစီးနေတာဖြစ်ပြီးတော့ သူမကလည်း ကျန်းတန်ကို မတွေးပေးခဲ့ဘူး။ ဒါ့အပြင် ကျန်းချွမ်က ဒီသမီးရှိနေတာကိုတောင် မမှတ်မိဘူး။ ဒီလိုမျိုး အိမ်ကြီးထဲမှာ အမေဆုံးရှုံးခဲ့တဲ့ ကိုယ်လုပ်တော်တစ်ယောက်ရဲ့ သမီးက ထောင့်မှာပဲ အမေ့ခံဖြစ်ရတာ ပုံမှန်ပါပဲ။
ကျန်းစုစုဆီမှာ သူမရဲ့ အစ်ကိုအနေနဲ့ ကျန်းချောင်ရှိပြီးတော့ ကျန်းယွမ်က အခု ဟောင်အန်းကျွမ်းကျူ့ဖြစ်သွားပြီဖြစ်တယ်။ ဒီအိမ်တော်မှာ ကျန်တော့တာက သူမပဲ ရှိတော့တယ်။ တကယ်လို့ သူမက ဒီလိုမျိုး စောင့်ပဲစောင့်နေရင် သူမက သူမရဲ့ လူငယ်ဘဝကို ကုန်ဆုံးသွားမှာဖြစ်ပြီးတော့ နောက်ကျကောင်းမွန်တဲ့မိသားစုရှာဖို့ အရမ်းခက်ခဲမှာဖြစ်တယ်။
“ဘာကြောက်စရာလိုလို့လဲ။”
ကျန်းတန်က သူမအစေခံရဲ့ စကားတွေကို မကြားသလိုပဲ ဟန်ဆောင်လိုက်တယ်။
“နောက် ရှစ်လကြာရင် နန်းတော်ထဲမှာ ကိုယ်လုပ်တော်ရွေးတဲ့ပွဲ ကျင်းပမှာမလား။”
အစေခံက အံ့အားသင့်သွားတယ်။
“သခင်မလေးက အဲ့အကြောင်းတွေး…”
ဒါပေမဲ့ ကျန်းတန်ရဲ့ ကျန်းအိမ်တော်ထဲက အဆင့်အတန်းအရ သူမက အရွေးခံရဖို့ အခွင့်အရေး အရမ်းနည်းတယ်။
ဒါပေမဲ့ ကျန်းယွမ်က ဟောင်အန်းကျွမ်းကျူ့ ဖြစ်လာပြီးတော့ ကျန်းလီက လက်ထပ်ရတော့မှာဖြစ်ပြီးတော့ ကျန်းချွမ်က ကျန်းစုစုကို နန်းတော်ထဲကို ပို့မှာမဟုတ်ဘူး။ ကျန်းတန်တစ်ယောက်တည်းကပဲ ကျန်းအိမ်တော်ကနေ ဝင်ဖို့ ရှိမှာ မဟုတ်ဘူးလား။
ဒါပေမဲ့ နန်းတော်ကို ဝင်တာက ဝင်တဲ့သူကို ချမ်းသာမှုနဲ့ ဂုဏ်သတင်းပေးတယ်ဆိုတာကို လူတိုင်းသိပေမဲ့ အဲဒါက တကယ်ပဲ ကောင်းတဲ့အရာ မဟုတ်ဘူး။ တကယ်လို့ ပြောရမယ်ဆိုရင် ဧကရာဇ်က ကျန်းတန်ရဲ့ အဖေအရွယ်ရှိနေပြီဖြစ်တယ်။ ဒါ့ကြောင့် တကယ်ပဲ သမီးကို ဂရုစိုက်တဲ့ မိသားစုက ဆိုရင် သူတို့က သူတို့သမီးကို နန်းတော်ကို ဝင်စေချင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ကျန်းတန်က ကျန်းအိမ်တော်မှာ သဘောမကျခံရဆုံးဖြစ်ပြီးတော့ အမေလည်း မရှိတော့ဘူးဖြစ်တယ်။ တကယ်လို့ သူမ နန်းတော်ထဲကို ဘာထောက်ပံ့မှုမှ မရှိဘဲ ဝင်ရင် သူမကို တစ်ယောက်ယောက်က အရိုးပါမကျန် ဝါးစားပစ်မှာ မဟုတ်ဘူးလား။
အစေခံက သူမရင်ထဲမှာ ဒီအတွေးရှိပေမဲ့ သူမက ခေါင်းငုံ့ပြီး ဘာမှမပြောနိုင်ခဲ့ဘူး။ ကျန်းတန်က အပြုံးလေးနဲ့ သူမရဲ့ မျက်ဝန်းထဲမှာ ထူးခြားတဲ့ အကြည့်ရှိနေတယ်။
* * *
ဗိုလ်ချုပ်အိမ်တော်ထဲမှာ ကျောက်ကွမ်းက ကျန်းယွမ် မှားယွင်းစွပ်စွဲခံရတာကို ကြားတော့ ဒေါသအရမ်းထွက်သွားတယ်။ ဘယ်လိုလုပ်ပြီးတော့ ကျန်းအိမ်တော်က လူတွေက သူ့မြေးကို ဒီလိုမျိုး ပြောနိုင်ရတာလဲ။ သူတို့က ဗိုလ်ချုပ်အိမ်တော်က အနိုင်ကျင့်ရ လွယ်တယ်လို့ တွေးနေကြတာလား။
ကျောက်ကွမ်းက တည်ငြိမ်စွာနဲ့ ပြောခဲ့တယ်။
“အဖေ ဘာလို့ ဒီလောက်တောင် စိတ်တိုနေရတာလဲ ယွမ်အာက နန်းတော်ကို သွားပြီးတော့ မယ်တော်ယိတျယ်ကို သွားလည်တာကို မသိဘူးလား မယ်တော်ယိတျယ်ရဲ့ ထောက်ပံ့မှုနဲ့ ဘယ်သူကမှ သူမကို အနိုင်ကျင့်မှာ မဟုတ်ဘူး။
ဒါကိုပြောလိုက်တော့ ကျောက်ကွမ်းက ဒေါသထွက်သွားတယ်။ မြို့တော်ကို ပြန်လာပြီးတော့ ကျွမ်းကျူ့ဘွဲ့ကို ရပြီးကတည်းက ကျန်းယွမ်က ဗိုလ်ချုပ်အိမ်တော်ကို တစ်ခါမှ မလာသေးဘူး။ သခင်မလီက ကျန်းယွမ်ဆီကို ဖိတ်စာတွေပို့ပေမဲ့ သူမက အကုန်လုံးကို ငြင်းခဲ့တယ်။ ကျောက်ယုလောင်က ကျောက်ယွမ်ပင်းရဲ့ စိတ်ကို သိတယ်။ ဘာလို့လဲဆိုတော့ သူကိုယ်တိုင်က အရင်က ကျန်းယွမ်က ကျောက်မိသားစုကို အသုံးချခဲ့လို့ဆိုပြီး အရမ်းမကျေမနပ်ဖြစ်ခဲ့တယ်။ ဒါပေါ့ အခု သူမက မယ်တော်ယိတျယ်လို့ အာဏာရှိတဲ့ အဆက်အသွယ်ရှိပြီဆိုတော့ သူမက ဗိုလ်ချုပ်အိမ်တော်နဲ့ ဆက်ပတ်သက်တော့မှာ မဟုတ်ဘူး။
ကျောက်ကွမ်းက ကျောက်ယုလောင်ရဲ့ စကားတွေကို လက်မခံခဲ့ဘူး။ကျန်းယွမ်က အင်အားကြီးတဲ့ အဆက်အသွယ်တွေကို တစ်ချိန်လုံး အားကိုးနေတာ မဟုတ်ပေမဲ့ သူက ဘာလို့ ကျန်းယွမ်က စိမ်းကားနေလဲ ဆိုတာကို နားမလည်ခဲ့ဘူး။ သူက သူ့ရဲ့ မြေးမလေးကို အချိန်အတော်ကြာ မတွေ့ရသေးလို့ စိတ်ဆင်းရဲနေတာ ဖြစ်တယ်။ ကျန်းယွမ်က ဗိုလ်ချုပ်အိမ်တော်ကို အကူအညီမတောင်းဘဲ မယ်တော်ယိတျယ်ကို အကူအညီတောင်းခဲ့တာက မြင့်မြတ်တဲ့ဗိုလ်ချုပ်ကို အရမ်းနာကျင်စေခဲ့တယ်။ ကျောက်ယွမ်ပင်းရဲ့ ဂရုမစိုက်တဲ့ မျက်နှာကိုမြင်တော့ သူက ပိုဒေါသထွက်လာပြီးတော့ သူ့ကို စောင့်ကန်လိုက်တယ်။
“မင်းအိမ်ထဲမှာ ဘာလုပ်နေတာလဲ။ စိတ်ပျက်စရာကောင်းလိုက်တာ။”
တတွတ်တွတ် ပြောရင်းနဲ့ သူက နံရံပေါ်က ချိတ်ထားတဲ့ ဓားကို ယူပြီးတော့ ခြံထဲမှာ ဓားရေးသွားကျင့်တော့တယ်။
ကျောက်ယွမ်ပင်းက ဘာမှမပြောခဲ့ဘူး။ သူ့အဖေက သူ စိတ်ဆိုးလာရင် လျှောက်ရမ်းတော့တာပဲ။ အဲဒါကို ပိုတွေးပြီးတော့ သူက ကျန်းယွမ်က ဘာလို့ ဗိုလ်ချုပ်အိမ်တော်နဲ့ စိမ်းစိမ်းကားကား နေနေတာလဲဆိုတာကို နားမလည်နိုင်ခဲ့ဘူး။ အဲဒါ ဘာအကြောင်းပြချက်မှ မရှိလို့ သခင်မလီနဲ့ သူ့အစ်ကိုတွေက အရမ်းနာကျင်နေခဲ့တဲ့ပုံပေါ်တယ်။ ဒီကောင်မလေးက အစကတည်းက ခန့်မှန်းရခက်ပြီးတော့ သူ့လိုမျိုး ထက်မြက်တဲ့သူကတောင် သူမရဲ့ ရည်ရွယ်ချက်တွေကို နားမလည်နိုင်ခဲ့ဘူး။
* * *
ကျန်းယွမ်နဲ့ လုကျူးတို့က မယ်တော်ယိတျယ်ကို နေ့လည်စာအတွက် အဖော်ပြုခဲ့တာ ဖြစ်ပြီးတော့ အခု မယ်တော်ယိတျယ်က အနားယူနေပြီဖြစ်တယ်။ ကျန်းယွမ်က စာကြည့်ခန်းထဲမှာ စာအုပ်သွားရှာတော့မယ့်အချိန်မှာ လုကျူးက မေးလိုက်တယ်။
“သခင်မလေး ဘာလို့ လတ်တလောမှာ ဗိုလ်ချုပ်အိမ်တော်ကို သွားမလည်တာလဲ။”
လုကျူးက အရမ်းစိတ်ဝင်စားနေတယ်။ ကျန်းယွမ်က ပုံမှန်ဆိုရင် အေးစက်နေပေမဲ့ သူမက အမြဲတမ်း သင့်တင့်တဲ့ အပြုပမူနဲ့ နေနေတာဖြစ်ပြီးတော့ သူများတွေ သူမကို ဘုကလန့်ပြောလို့မရအောင် ဘယ်တော့မှ အဖြစ်မခံဘူး။ ဒီတောတကယ်လို့ သူမက တခြားသူတွေကိုလည်း ဒီလိုမျိုး ရင်းရင်းနှီးနှီး ဆက်ဆံရင် သူမက သူမ ချစ်တဲ့ အဘိုးနဲ့အဘွားကိုလည်း ဘယ်လိုဆက်ဆံတယ်ဆိုတာကို ပြောပြီးသား ဖြစ်သွားမှာဖြစ်တယ်။ အဲ့နှစ်က ရေကြီးတုန်းက ကျန်းယွမ်က သူမ ဝယ်ခဲ့တဲ့ ဂျုံတွေကို ကျောက်မိသားစုကို ကာကွယ်ဖို့တောင် သုံးခဲ့တယ်။ ဒီတော့ လုကျူးက ကျန်းယွမ်က ကျောက်မိသားစုကို မချစ်တာ မဟုတ်ဘူးဆိုတာကို သိခဲ့တယ်။ ဒါပေမဲ့ အခု သူမက အရမ်းစိမ်းကားနေတယ်။ အဲဒါက တကယ်ပဲ သူမအတွက် ထူးဆန်းနေခဲ့တယ်။
ကျန်းယွမ်က ခေါင်းခါလိုက်ပေမဲ့ စိတ်ထဲမှာတော့ အဲဒါက မှန်ကြည့်နေရသလို ထင်ရှားတယ်။ တကယ်လို့ ဗိုလ်ချုပ်အိမ်တော်က ကျန်းအိမ်တော်နဲ့ ပတ်သက်ရင် ဧကရာဇ်ရဲ့ မျက်လုံးထဲမှာ သူတို့က ရွှမ်းလီဘက်က ပါတယ်လို့ ထင်မှာဖြစ်တယ်။ ဧကရာဇ်က ရွှမ်းလီကို သဘောကျပေမဲ့ သူ့စိတ်ကို သူပဲ သိမှာဖြစ်တယ်။ မဟုတ်ရင် ရွှမ်းလီက သူမရဲ့ အရင်ဘဝမှာ ဧကရာဇ်ကို အဆိပ်ခတ်မှာ မဟုတ်ဘူး။ အခု သူမရဲ့ ကျောက်မိသားစုနဲ့ ဆက်ဆံရေးက ပိုပြီး ဝေးကွာလေလေ သူတို့ ပိုပြီးလုံခြုံလေလေပဲ။ တကယ်လို့ ကျောက်မိသားစုက သူမနဲ့ အရမ်းနီးနေရင် သူတို့ ဧကရာဇ်ရဲ့ သံသယကို ရှောင်ဖို့ ခက်ခဲမှာဖြစ်တယ်။ ဧကရာဇ်ရဲ့ သဘောထားက ဘယ်လိုလဲဆိုတာ သိရတာ ခက်လို့ ကျောက်မိသားစုကို ဘယ်လိုမျိုး အရာတွေက စောင့်နေလဲဆိုတာကို ဘယ်သူသိမှာလဲ။
ပိုပြီးအရေးကြီးတာက သူမ ကျောက်မိသားစုကို ပိုပြီးတော့ အေးစက်စွာ ဆက်ဆံလေလေ ကျောက်မိသားစုကို သူမကို ခြိမ်းခြောက်ဖို့ အသုံးပြုမယ်လို့ တွေးတဲ့သူတွေကို နှစ်ခါပြန်စဉ်းစားရလေလေပဲ။
ဒါပေမဲ့ သူမက ဒီကိစ္စတွေကို တခြားသူတွေနဲ့ မဆွေးနွေးနိုင်ဘူး။ ပြီးတော့ သူမရဲ့ ရင်ထဲမှာပဲ ဖုံးကွယ်ထားနိုင်တယ်။ ပြီးတော့ သူမက စင်္ကြံလမ်းဘက်ကို လှည့်လိုက်တဲ့အချိန်မှာ လူတစ်ယောက်လျှောက်လာတာကို သူမ တွေ့လိုက်ရတယ်။ သူက ခရမ်းရင့်ရောင်နဲ့ ကျောက်စိမ်းရောင် အင်္ကျီကို ဝတ်ထားပြီး ရွှေရောင် ခါးပတ်ကို ပတ်ထားတယ်။ အဲ့လူက ခေါင်းကနေ ခြေထိ ရွှေရောင်တောက်ပနေပေမဲ့ အဲ့လောက်လည်း အရမ်းကြီးမတောက်ပဘူး။ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ရေမွှေးနံ့ကို အဝေးကြီးကနေတောင် ရနိုင်တယ်။ အနားကို ကပ်လာတော့ သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ လှလှပပ ပန်းထိုးထားတဲ့ ရနံ့အိတ်တွေ အများကြီး ချိတ်လာတာကို တွေ့ရတယ်။ တစ်ချက်ကြည့်ရုံနဲ့ အဲဒါတွေ အကုန်လုံးက အမျိုးသမီးတွေ အများကြီး ဝတ်ထားတဲ့ အရာတွေ ဆိုတာကို ပြောနိုင်တယ်။
ဒီလူက ရွှမ်းလီနဲ့ ရုပ်ချင်းဆင်တယ်။ သူက ရုပ်မဆိုးပေမဲ့ သူ့ရဲ့ မျက်ကွင်းညိုနေတာတွေကို တစ်ချက်ကြည့်လိုက်တာနဲ့ သူက ကာမရာဂလိုက်စားတယ်ဆိုတာကို ချက်ချင်းသိနိုင်တယ်။ သူက ကျန်းယွမ်ကို တွေ့တော့ ကြက်သေသေသွားပြီးတော့ ရပ်လိုက်တယ်။
ကျန်းယွမ်က ဒီနေ့ ပန်းပုံ ပန်းထိုးထားတဲ့ အနီဖော့ရောင် ဂါဝန်ကို ဝတ်ဆင်ထားတယ်။ သူက နန်းတော်ထဲမှာ မယ်တော်ယိတျယ်ကို အဖော်ပြုနေနေရတာဆိုတော့ ရန်ကုကုက သူမကို နန်းတော်ထဲမှာ နာမည်ကြီးနေတဲ့ ဇီးပန်းမိတ်ကပ် ပေးထားတယ်။ ဒါ့ကြောင့် သူမရဲ့ အသွင်အပြင်က ပိုပြီးတော့တောင် လှပလာပြီးတော့ သူမရဲ့ အလှက ပိုဆွဲဆောင်မှုရှိလာတယ်။ ဒီလူက သူမကို မြင်တာနဲ့ သူ့အကြည့်တွေက ကျန်းယွမ်းအပေါ်ရောက်သွားပြီးတော့ သူက သူမကို ခေါင်းကနေ ခြေအဆုံးအထိ တဏှာရာဂတွေ ပြည့်နေတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။
လုကျူးက ဒေါသတွေ ပေါက်ကွဲတော့မလိုပဲ။ ဘာမှမတွေးဘဲ သူမက ကျန်းယွမ်ရှေ့မှာ ရပ်လိုက်ပြီးတော့ အော်ပြောလိုက်တယ်။
“ရဲတင်းလိုက်တာ။ ကျွမ်းကျူ့ကိုတောင် ဒီလို ရိုင်းရိုင်းပြပြနဲ့ ပြောရဲတယ်ပေါ့။”
ဒီလူက လုကျူးကို ကြည့်လိုက်တယ်။ တကယ်တော့ လုကျူးကလည်း လှပြီးတော့ သူမရဲ့ စကားပြောတဲ့ အမူအရာက အရမ်းချစ်စရာကောင်းတယ်။ ဒါပေမဲ့ ကျန်းယွမ်က အရမ်းလှလွန်းတယ်။ ဒီလူက လုကျူးကို ကြည့်ရာကနေ ကျန်းယွမ်ကို ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။
“ကျွမ်းကျူ့၊ ဒီကျွမ်းကျူ့က ဘယ်သူများလဲ။”
ဒီလူကို ကျန်းယွမ်က မစိမ်းဘူး။ သူမက ဒီလူကို သူမ အရင်ဘဝတုန်းက နန်းတော်ကို ဝင်ခဲ့တုန်းက ခဏခဏတွေ့ခဲ့တယ်။ ရှကျောင်းကျောင်းက သူမကို ဒီလူကို သူမကို ပြပြီးတော့ ဒုက္ခပေးခဲ့တယ်။ ပြီးတော့ သူက သူမကို ဉယျာဉ်တော်ထဲမှာ မဖွယ်မရာလုပ်ဖို့ ကြိုးစားခဲ့တယ်။ ကံကောင်းစွာနဲ့ ရွှမ်းလီက အမြန်လာခဲ့တယ်။ ဒါပေမဲ့ နောက်ကျ ဒီလူ နန်းတော်ထဲကို ဝင်ဖို့ အခွင့်အရေးရတာနဲ့ သူက သူမကို ထပ်ပြီး အခွင့်ကောင်းယူဖို့ အခွင့်အရေးကို လိုက်ရှာခဲ့တယ်။ သူက ကောလဟာလတွေထဲက အတိုင်းပဲ တကယ်ပဲ ဘာအတွက်မှမကောင်းတဲ့ တတိယမြောက်မင်းသား ရွှမ်းရုံပဲ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...