Part 33

3.7K 336 7
                                    

အခန်း-၃၃ ယွမ်ကျူး
မိန်ချင်းယွမ်က ကျောက်မိန်အရင်က နေခဲ့တဲ့နေရာပဲ။
ပြီးတော့ သူမက စေ့စေ့စပ်စပ် စီစဉ်ပြီး ခြံထဲမှာ ရှိတဲ့ သစ်ပင်တစ်ပင်တိုင်းစီကို
ဂရုစိုက်တယ်။ ခြံထဲက အပြင်နဲ့ လိုက်လျောညီထွေအောင် ပြင်ဆင်ထားတယ်။
ဖုန်းရွှေဆရာက ဒီကိုလာပြီး
နိမိတ်ကောင်းတွေ သေချာပေါက်ရှိမယ်လို့ ပြောခဲ့တယ်။ ကျောက်မိန်
ဆုံးသွားတော့ စံအိမ်နဲ့နာမည်ကို
ရန်ဟွားယွမ်(လှပတဲ့ပန်းခြံ)လို့ ပြောင်းလိုက်တယ်။ ပြီးတော့ ကျန်းစုစုနဲ့
သူ့အမေက ဒီမှာ လာနေကြတော့တယ်။
ရှယန်ရဲ့သစ္စာရှိအစေခံဖြစ်တဲ့ ဝမ်မော့မော့က ကျန်းယွမ်ကို
သူမရဲ့စံအိမ်သစ်ဆီကို ခေါ်လာတယ်။ သူမရဲ့ လိမ္မာပါးနပ်ပြီး စဉ်းလဲတဲ့
အကြည့်တွေက ကျန်းယွမ်နဲ့ သူမရဲ့အစေခံတွေကို အကဲခတ်နေတယ်။ ပြီးတော့
သူမက စကားပြောတာ ရပ်မသွားဘူး။
“အကြီးဆုံးသခင်မလေးက ဒါကို မသိလောက်ဘူး။ ဒါပေမဲ့ ဒီနေ့ လူသစ်တွေက
အိမ်တော်ကို လာနေတယ်တဲ့။ ဒုတိယသခင်မလေးက ကြီးလာပြီဆိုတော့ သူမမှာ
သူမရဲ့စံအိမ် ရှိရတော့မယ်။ ဒီတော့ ဒီနေ့ ပစ္စည်းတွေ ပြတ်လတ်နေလို့
သခင်မကိုယ်တိုင် အထူးစီစဉ်ပေးထားတာ။ အကြီးဆုံးသခင်မလေး
သဘောကျမကျတော့ မသိဘူး”
လုကျူးက သူတို့နဲ့အတူ လျှောက်လာပြီး ဘေးကို
စိတ်ဝင်တစားကြည့်လိုက်တယ်။ သူမက
အစေခံအသစ်မို့ ဘေးကကြည့်နေတဲ့သူတွေက သူမကို အပြင်လောကကို
တစ်ခါမှမမြင်ဖူးတဲ့ တောသူမလေးလို့ ထင်ကြမှာဖြစ်ပြီး ကျန်းအိမ်တော်ရဲ့
အိမ်မှုကိစ္စတွေကို အံ့အားသင့်စွာ လေ့လာမှာ ဖြစ်တယ်။
ဝမ်မော့မော့က ခြံဝန်းရှေ့မှာ ရပ်ပြီး အပြုံးနဲ့ ပြောလိုက်တယ်။
“ဒီစံအိမ်ပဲ”
ကျန်းယွမ်က ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်။ ခြံဝန်းက အရမ်းမကြီးပေမဲ့
သူမမှာ အစေခံတွေ အများကြီး မရှိ‌တော့ အဲဒါက လိုနေတာထက်တောင်
ပိုနေတယ်။ ခြံဝန်းက သန့်ရှင်းသပ်ရပ်တယ်။ သူမ အခန်းထဲဝင်ဖို့ အပေါက်ဖွင့်
လိုက်တဲ့အခါမှာ သန့်ရှင်းသပ်ရပ်နေတာကို တွေ့လိုက်ရတယ်။
ပရိဘောဂတွေနဲ့ နေ့စဉ်သုံးပစ္စည်းတွေက အသင့်ရှိနေတယ်။ အခြားစံအိမ်တွေနဲ့
ယှဉ်ရင် ဒီစံအိမ်က အတိုင်းမသိ ပိုကောင်းတယ်။
ဒါကို မြင်ရတော့ ပိုင်ကျီနဲ့လန်ချောင်တို့ သက်ပြင်းချလိုက်တယ်။ ပြီးတော့
သူတို့ရဲ့ပစ္စည်းတွေကို နေရာချလိုက်တယ်။ ဝမ်မော့မော့က ကျန်းယွမ်
အခန်းအလယ်မှာ မတ်တပ်ရပ်နေပြီး အတွေးထဲမှာ နစ်မြုပ်နေတာကို သတိထား
မိသွားတယ်။ သူက ပြုံးပြီး ပြောလိုက်တယ်။
“ဒီခြံဝန်းက အစွန်နားကျပေမဲ့ အရမ်းသန့်ရှင်းပါတယ်။ ဒါ့အပြင် ခြံဝန်းက
စတုတ္ထမြောက်သခင်မလေးရဲ့ ခြံဝန်းနဲ့ သိပ်မဝေးဘူး။ သခင်မလေး အားရင်
အဖော်ရှိတော့ မပျင်းရတော့ဘူး”
ကျန်းတန်လား။ ကျန်းယွမ် ပြုံးပြီး ပြောလိုက်တယ်။
“ဒီခြံဝန်းက ကောင်းတယ်လို့ ကျွန်မထင်တယ်။ ကျေးဇူးပြုပြီး အမေ့ကို
ကျွန်မက ကျေးဇူးတင်တယ်လို့ ပြောပေးပါ။
ဒါပေမဲ့ ဒီမှာ ကျွန်မနေမှာ ဆိုတော့ ကျွန်မ
ခြံဝန်းရဲ့နာမည် ပြင်ချင်တယ်။ မော့မော့
ရှင့်ကို ဒုက္ခပေးရဦးမယ်၊ ဒီအကြောင်းလေး အမေ့ကို ပြောပေးပါ့လား”
ဝမ်မော့မော့က ပြုံးပြီး သဘောတူလိုက်တာနဲ့ ကျန်းယွမ်က အခန်းထဲကနေ
ခြံဝန်းတံခါးနားကို သွားလိုက်တယ်။ အဝင်ဝအပေါ်က ကျောက်ပြားပေါ်မှာ
စာလုံးသုံးလုံး ရေးထားတယ်။
‘ဖုဖျင်းယွမ်’
ဖုပင်းယွမ်’ ဘယ်လောက် ကောင်းလိုက်လဲ။ ရှယန်က လူတွေရဲ့စိတ်ကို
ဘယ်လိုလေ့လာရမလဲ ဆိုတာ တကယ်သိတာပဲ။ တကယ်လို့ ဒီစကားလုံးသုံးလုံးကို
သူမရဲ့အတိတ်ဘဝမှာ သုံးခဲ့ရင် သူတို့က သူမရဲ့ကြာမြင်တဲ့ နှိပ်စက်ခံရမှုကို
နိမိတ်ပြမှာ ဖြစ်တယ်။ ဒါပေမဲ့ အခုအချိန်မှာ ဒီ ဖုပင်းယွမ်ဆိုတဲ့
နာမည်ကို ပြောင်းကို ပြောင်းသင့်တယ်။
ညနေခင်းမှာ ဝမ်မော့မော့က ထပ်လာခဲ့တယ်။ ပထမက သူက ရှယန်က ဒီခြံဝန်းကို
ကျန်းယွမ်ကို ပေးတာဖြစ်လို့ သူမက ဒီခြံဝန်းနာမည်ကို
စိတ်ရှိသလို ပြောင်းလို့ရယ်ဆိုတာ လာပြောတာ ဖြစ်တယ်။ ဒုတိယက ကျန်းချွမ်နဲ့
ကျန်းချောင်တို့ ညဉ့်နက်မှ ရောက်မယ်ဆိုတာ သူမကို လာပြောတာဖြစ်တယ်။
ဒါ့ကြောင့် သူတို့က ညစာအတူတူ စားလို့ရမှာ မဟုတ်ဘဲ ကျန်းယွမ်ကို
သူမဘာသာစားဖို့ လာပြောတာ ဖြစ်တယ်။
တရားဝင်သမီးကြီးက အိမ်ပြန်ရောက်လာပေမဲ့ သူမရဲ့အဖေက သူမကိုတောင်
သိပ်ပြီးမတွေ့ချင်ဘူး။ အဲ့ဒီဆုံးဖြတ်ချက်မှာ ဘယ်လောက် အေးစက်စွာ
ဥပေက္ခာပြုထားလဲ ဆိုတာ တွေးကြည့်နိုင်တယ်။
ဝမ်မော့မော့ရဲ့စကားကို ကြားပြီးတော့ ပိုင်ကျီနဲ့လန်ချောင်က အေးစက်မှုကို
ခံစားလိုက်ရတယ်။ လက်ရှိအချိန် ကျန်းအိမ်တော်မှာ
ကျန်းယွမ်ရဲ့ ဆွေမျိုးသားချင်းဆိုလို့ ကျန်းချွမ်ပဲရှိတာ ဖြစ်တယ်။ အဲဒါကို
ကျန်းချွမ်က ကျန်းယွမ်ကို ဒီနေ့ ဒီလိုမျိုး ပစ်ထားတော့ ကျန်းယွမ်ရဲ့
အနာဂတ်မှာ မျှော်လင့်ထားတာထက် ပိုခက်ခဲဖို့ ဖြစ်နိုင်ခြေများတယ်။
ပိုင်ကျီနဲ့ လန်ချောင်တို့က သူတို့အတွေးတွေနဲ့ လွင့်မျောနေတယ်။
တစ်ဖက်မှာတော့ လုကျူးက စာရေးနေတဲ့ ကျန်းယွမ်နားမှာ ရပ်နေတယ်။
သူမက ပျော်ရွင်စွာနဲ့ မှတ်ချက်ပေးလိုက်တယ်။
“သခင်မလေး၊ သခင်မလေး လက်ရေးက အရမ်းလှတာပဲ”
ယွမ်ကျူးဆိုတဲ့ စာလုံးကြီးနှစ်လုံးက နှင်းလို ဖြူဖွေးတဲ့ စာရွက်ပေါ်မှာ
ခံ့ညားထည်ဝါတဲ့ နဂါးတွေလို ကွေ့ကောက်သွားတယ်။ ဒီစာလုံးတွေက
တကယ်အံ့ဩလောက်အောင် ခမ်းနားစွာ ရေးထားတယ်။ လူတွေက
လူတစ်ယောက်ရဲ့ အကျင့်ကို သူတို့ရဲ့လက်ရေးကနေ သိနိုင်တယ်လို့
ခဏခဏ ပြောကြတယ်။ ကျန်းယွမ်ရဲ့ စုတ်ချက်တွေက ချောမွေ့ပြီး ကျစ်လျစ်တယ်။
ဒါပေမဲ့ အဲဒါတွေက သူမ စာလုံးတွေရဲ့ ပြတ်သားကြည်လင်မှုကို
အရိပ်အမြွတ် ပေးနေတယ်။ ငြိမ်သက်နေတဲ့ ဟန်ဆောင်မျက်နှာပြင်အောက်မှာ
သူမရဲ့ နှလုံးသားထဲက လွမ်းဆွေးခြင်းကို ဖုံးကွယ်ထားသလိုပဲ
တစ်ချက်ကြည့်ရုံနဲ့ လှိုင်းမရှိဘဲ ကြည်လင်နေတဲ့ ရေကန်လိုပဲ အေးချမ်းပုံရတယ်။
တကယ်တမ်းတော့ အဲဒါက အဝေးကနေ ကြောက်စရာကောင်းတဲ့ အကြည့်နဲ့

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now