part 81

3.3K 361 1
                                    

unicode

Part 87

အခန်း-၈၁ အပိုင်း(၁)

စုရှီက သူမရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ဘူး။  မရေမတွက်နိုင်တဲ့ ခံစားချက်တွေက သူမရဲ့ နှလုံးသားထဲကနေ ပေါ်ထွက်လာပြီးတော့ သူမက ကျန်းယွမ်ကို ဖက်ရင်းပြောလိုက်တယ်။

“အမေ့ရဲ့ သနားစရာကောင်းတဲ့ မိန်အာလေးက ခါးသီးတဲ့ ဘဝနဲ့ စောစောဆုံးသွားရရှာတယ်။  ယွမ်အာက တော်တော်ကြီးလာတာပဲ။  ပြီးတော့ တော်တာ်ခံစားခဲ့ရမှာပဲ။  ဒါတွေ အကုန်လုံးက ဒီအဘွားကြီးရဲ့ အပြစ်တွေပါ။ ”

စုရှီက ထပ်ပြီး ငိုနေတာကို မြင်တော့ ကျောက်ကွမ်းက သူမဆီ အမြန်လာပြီးတော့ သူမကိုရဲ့ ပုခုံးကို ဖွဖွလေးပုတ်ပြီးတော့ နှစ်သိမ့်ပေးနေတယ်။ 

“မိန်းမ ယွမ်အာပြန်လာတာ ကောင်းတဲ့ အရာ မဟုတ်ဘူးလား။  မင်းဘာလို့ ဝမ်းနည်းစရာကောင်းတဲ့ အရာတွေကိုပဲ စဉ်းစားနေတာလဲ။ ”

ကျောက်ရီကလည်း သူမကို နှစ်သိမ့်လိုက်တယ်။

“အဘွား အခု ကျွန်တော်တို့ရဲ့ ဝမ်းကွဲကလည်း ပြန်လာပြီးတော့ ဒါက ပျော်ရွှင်စရာ အချိန်အခါ ဖြစ်သင့်တယ်။ ”

ကျောက်မိသားစုက သခင်မ နှစ်ယောက်ကလည်း သူမကို နှစ်သိမ့်ပေးကြတယ်။  စုရှိက သူမရဲ့ မျက်ရည်တွေကို သုတ်လိုက်ပြီးတော့ ပြုံးပြီးပြောလိုက်တယ်။

“ကြည့်ပါဦး။  ဒီလိုတန်ဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းနေတာ။  ယွမ်အာ ဒီအဘွားကြီးကို ဗွေမယူပါနဲ့နော်။ ”

ကျန်းယွမ် ပြုံးလိုက်ပြီးတော့ ဘာမှမပြောခဲ့ဘူး။

စုရှီရောက်လာတော့ ကျောက်ကွမ်းနဲ့ ကျောက်ရီတို့က ဆက်ပြီး ကျန်းမိသားစုရဲ့ ကိစ္စတွေကို ဆွေးနွေးနေလို့ မဖြစ်တော့ပေမဲ့ စုရှီနဲ့ အတူ ကျန်းယွမ် ဒီနှစ်တွေမှာ ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာကို စပြီးမေးလာတယ်။  ကျန်းယွမ်က သူတို့ကို အသေးစိတ်ပြောပြခဲ့ပေမဲ့ ကျန်းမိသားစု သူမကို ကောင်းကောင်းမဆက်ဆံတာကိုတော့ ဖုံးကွယ်ထားခဲ့တယ်။  ဒါ့အပြင် သူမက သူတို့အပေါ် ဉပေက္ခာပြုမှုက ထင်ရှားပြီးတော့ စုရှီက ဒါကို သတိပြုမိသွားတယ်။  ကျန်းယွမ်က မပြောချင်တော့ သူမက သူမကို အသေးစိတ်တွေ အတွက် မမေးတော့ပေမဲ့ ကျန်းယွမ်ကို မေတ္တာတရားတွေနဲ့ နောင်တရခြင်းတွေနဲ့ ကြည့်နေတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now