အခန်း-၁၂
ကျန်းယွမ်က စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို မယူလိုက်ပြီး ဘေးနားမှာ ရပ်နေတဲ့ ချန်ဖန်းကို မကြည့်ခင် နှုတ်ခမ်းနဲ့ ထိလိုက်ပြီး စိုစွတ်စေလိုက်တယ်။
ချန်ဖန်းက သူမနှုတ်ခမ်းတွေကို တင်းတင်း ကိုက်လိုက်တယ်။ ဒီနှစ်တွေအတွင်း သူမက ကျေးလက်အိမ်တော်ထဲမှာ ကျန်းယွမ်ရဲ့ စိတ်ပျက်ဖွယ်အခြေအနေကို ကောင်းကောင်းသိခဲ့ရတယ်။ သူမက ရေကန်ထဲ ပြုတ်ကျသွားပြီး အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားမယ်လို့ ဘယ်သူက မျှော်လင့်ထားမှာလဲ။ ဒီပြောင်းလဲသွားခြင်းက တဖြည်းဖြည်း ညှိုးနွမ်းလာတဲ့ ပန်းလေးတစ်ပွင့်က အကန့်အသတ်မဲ့တဲ့ ရှင်သန်နိုင်ဖို့ နောက်တစ်ကြိမ် ပွင့်လန်းခြင်းနဲ့ ဆင်တူနေလေရဲ့။ ချန်ဖန်းက လှုပ်ရှားမှုတိုင်းမှာ အလှတရားတွေ ဖြစ်ပေါ်နေတဲ့ တရားရေးအရာရှိရဲ့ တရားဝင်သမီး ကျန်းယွမ်ရဲ့ ယခင်က ပုံစံနဲ့ မရင်းနှီးဘူး။ ဧကရီတစ်ပါးရဲ့ မြင့်မြတ်တဲ့ အမူအကျင့်ကို ပြသနေတဲ့ တော်ဝင်မျိုးနွယ်လိုမျိုးပဲ။
တကယ်တမ်းတော့ ကျန်းယွမ်ရဲ့ အရင်ဘဝမှာ ကြံစည်မှုနဲ့ ပူးပေါင်းမှုတွေ မရှိဘဲ နန်းတော်ထဲကို ပို့ခံလိုက်ရတော့ ချန်ဖန်းက သတိမထားခဲ့မိဘူး။ သတိမထားမိတဲ့ အခိုက်အတန့်လေးမှာဘဲ တစ်ယောက်ယောက်က အပြစ်ကျူးလွန်ဖို့ အခွင့်အရေးကို ရရှိသွားနိုင်တယ်။ အကြောင်းကတော့ တစ်ယောက်ယောက်ရဲ့ အပြုအမူနဲ့ အမူအကျင့်တွေမှာ အမှားအယွင်းတွေနဲ့ ပတ်သတ်ပြီးတော့ နေစရာမရှိဘူး။ နန်းတော်က တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ အုပ်ချုပ်ထားတာ ဖြစ်ပြီး ကျန်းယွမ်ရဲ့အစေခံများကလည်း တင်းကျပ်လေတယ်။ အဲဒီ သင်ခန်းစာတွေကနေ ကျန်းယွမ်က ပြီးပြည့်စုံတဲ့ ကျင့်ဝတ်ကို ကျွမ်းကျင်လာတယ်။ အဲဒီနှစ်တွေ တစ်လျှောက်လုံး နန်းတော်ရဲ့ ဝန်းကျင်ထဲမှာ မြင့်မြတ်တဲ့အမူအကျင့်ကို အလိုအလျောက် မွေးမြူခဲ့ရတယ်။ အဲဒီကျင့်ဝတ်စံနှုန်းက နန်းတော်ရဲ့ ကိုယ်လုပ်တော်တစ်ဦးအနေနဲ့ ဆိုရင် အထူးပြောဖို့ မရှိပေမဲ့ ကျေးလက်က အပယ်ခံ မိန်းမငယ်လေးအတွက်ကတော့ ထူးကဲတဲ့ဂုဏ်သရေ တစ်မျိုး ရှိနေလေတယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...