အခန်း-၂၆
အကောင်းဆုံးကျားတစ်ကွက်
လူတွေရဲ့ သက်ပြင်းချသံတွေနဲ့ တီးတိုးပြောသံတွေကြောင့် နောက်ဆုံးမှာ
ကန့်လန့်ကာနောက်က
အလှည့်အပြောင်းတွေနဲ့ မြင်ကွင်းကျယ်ကြီး ဖြစ်လာတယ်။
ချန်ကျောက်နဲ့ကျန်းလန်တို့က ရုံးမှာ ထိန်းသိမ်းခံထားရပြီး ကျန်းယွမ်က
ကျန်းအိမ်တော်ကို ပြန်နိုင်ခဲ့တယ်။ တရားရုံးက အမှုတွေကို စီရင်ချက်ချနေတုန်း
ဆိုပေမဲ့ လန်ချောင်နဲ့ပိုင်ကျီတို့က ကျန်းယွမ်ဆီကို ပြေးမသွားဘဲ မနေနိုင်ခဲ့ဘူး။
သူတို့က စိတ်လှုပ်ရှားလွန်းလို့ စကားကို ရှင်းရှင်းလင်းလင်းတောင်
မပြောနိုင်ကြတော့ဘူး။
လန်ချောင်က ပြောတယ်။
“သခင်မလေးရဲ့ အစေခံတွေက ကျွန်မတို့
သခင်မလေးကို ကောင်းကင်ဘုံက လေးစားထိုက်တယ်လို့
သဘောထားတယ်ဆိုတာ သိပြီးသားပါ။ ပြီးတော့ ကောင်းကင်ဘုံကနေ
ကျွန်မတို့ သခင်မကြီးက သခင်မလေးကို ကာကွယ်မှာပါ။ နောင်ကျ
သခင်မကြီးအတွက် အမွှေးနံ့သာအချို့ ပူဇော်ရအောင်”
ကျန်းယွမ်က ခေါင်းယမ်းလိုက်တယ်။
“အဲလိုဆိုရင် ကျွန်မကို ဒီအမှုကနေ တရားမျှတမှုကို ရှာပေးခဲ့တဲ့
လူကြီးမင်းနှစ်ယောက်ကို ကျွန်မတို့ရဲ့ ကျေးဇူးတင်မှုကို ပြလိုက်ကြရအောင်။
ပြီးတော့ ကျွန်မတို့ လုကျူးနဲ့ ကျွန်မအတွက် လာပြီး ပြောပေးကြတဲ့
သူတွေ၊ အထူးသဖြင့် ကျူးရင်ကိုလည်း ကျေးဇူးတင်သင့်တယ်။ ကျွန်မ
သူ့ကို ကျေးဇူးကြွေးတွေ အများကြီးတင်တယ်”
သူမပြောပြီးတာနဲ့ ကျူးရင်ဆီ အပြုံးလေးနဲ့ သွားပြီးတော့
“ကျေးဇူးအများကြီး တင်ပါတယ် ကျူးရင်”
ကျူးရင်က သူမရှေ့မှာ ရပ်နေတဲ့ ကျန်းယွမ်ကို မှင်သက်စွာ ကြည့်နေပြီး
သူမရဲ့မျက်လုံးထဲမှာ ကြောက်ရွံ့မှု အရိပ်အမြွတ် ပေါ်လာတယ်။ အပြင်ဘက်က
ကြည့်နေတဲ့သူတွေရဲ့ မျက်လုံးထဲမှာ ဒီနေ့အဖြစ်အပျက်မှာဆိုရင် ကျန်းယွမ်က
ဘာမှမလုပ်လိုက်ရဘူး။ အဲဒါ ဖြစ်ပေါ်တာနဲ့ အိမ်ကအစေခံတွေက အရင်လာခဲ့ကြတယ်။
ဒါပေမဲ့ တကယ်က သူတို့ပြောခဲ့တာတွေ အကုန်လုံးက ကျန်းယွမ်က
ကြိုးကိုင်ထားခြင်းသာ ဖြစ်တယ်။ အစကတည်းက ကျန်းယွမ်က
ခမ်းနားထည်ဝါစွာ အလှဆင်ထားတဲ့ ကျင်းတစ်ခု တူးထားပြီး ချန်ကျောက်
ခုန်ဆင်းသွားတာကို ဘေးကနေ ပြုံးပြုံးကြီး
ကြည့်နေတာ ဖြစ်တယ်။ သနားစရာကောင်းတဲ့ ချန်ကျောက် ခုန်ဆင်း
သွားတဲ့အချိန် သူ့ဘာသာ ထောင်ထားတဲ့ ထောင်ချောက်က
ပိုကြီးနေသေးတယ် ဆိုပြီး ခံစားနေရသေးတယ်။
ကျန်းလန်မိသားစုရဲ့ အဆင့်အတန်းက အိမ်ထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေတယ်။
ကျန်းမိသားစု မပြိုကွဲရင်၊ ရှယန်က ကျန်းချွမ်ရဲ့မိန်းမ မဖြစ်ရင် သူတို့က သူတို့ရဲ့
အမှားတွေကို အိမ်မှာ အလွယ်တကူ ဖုံးကွယ်နိုင်မှာ မဟုတ်ဘူး။ ကျန်းယွမ်က
ဒီလိုအခြေအနေမျိုးနဲ့ သူတို့ရဲ့ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ အချိတ်အဆက်တွေနဲ့
စွမ်းအားတွေကို သုတ်သင် ဖယ်ရှားနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီလူတွေကို
ရှင်းမပစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျန်းလန်က
သူမမှာ ကျောထောက်နောက်ခံရှိတယ် ဆိုတဲ့ အသိနဲ့ လုံခြုံတယ်လို့ ခံစားရတယ်။
သူမက ဒီလို ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေကို ဖြတ်တောက်ဖို့ အကြံရှိလိမ့်မယ်လို့
သူမ တစ်ခါမှ မတွေးမိခဲ့ဘူး။ သူမရဲ့ ရည်ရွယ်ချက်က ကျန်းလန်နဲ့ သူမရဲ့သားကို သန့်ရှင်း၊
ထိရောက်ပြီး ပြတ်သားတဲ့ နည်းလမ်းတွေနဲ့
ပစ်မှတ်ထားဖို့ပဲ။ နောက်ဆုံးတော့ သူမ ပြင်းထန်တဲ့ ပမာဏနဲ့ သူတို့ရဲ့အောက်က
အလွှာကို ဆွဲထုတ်နိုင်ခဲ့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာ သူမက
ကျန်းအိမ်တော်ကို ပြန်ဖို့ဆိုတဲ့ အဓိကအချက်ကို ရရှိခဲ့တယ်။ ပြီးတော့ ဘယ်သူကမှ သူမကို
အနိုင်မကျင့် နိုင်တော့ဘူး။ ဒါက တကယ်ပြောင်မြောက်တဲ့ အကြံပဲ။
ဒါပေမဲ့ ဒီလို အကြံအစည်မျိုးက လွန်ခဲ့တဲ့ငါးနှစ်က ဖွံ့ဖြိုးမှုနှေးကွေးတယ်၊
ခုခံနိုင်မှု အားနည်းပြီးတော့ တိတ်ဆိတ်စွာ သည်းခံနိုင်တာတွေနဲ့ အတူ ဒီလို
မိန်းကလေးဆီကနေ ထွက်ပေါ်လာနိုင်တာ အမှန်တကယ် ကြောက်ရွံ့ထိတ်လန့်
သွားစေတယ်။ ကျူးရင်ရဲ့စိတ်ထဲမှာ နောင်တလှိုင်း တစ်လှိုင်း ပေါ်လာတယ်။ ဒီရွာရဲ့
အရေးပါတဲ့ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်က အရေးမပါဘူး ထင်ရတဲ့
ဒီမိန်းကလေး ဖြစ်မယ်မှန်း ဘယ်သူက တွေးမိမှာလဲ။ သူမ
ကျန်းအိမ်တော်ကို ပြန်ရောက်ရင် ရှယန်နဲ့သူ့သမီးက အဲကနေ အကျိုးအမြတ်မရမှာ
စိုးရိမ်စရာပဲ။ ကျန်းယွမ်က နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိစွာ နှုတ်ဆိတ်နေခဲ့ပေမဲ့
သူမက ဒီလိုနည်းနဲ့ ပြန်ပြီး တိုက်ခိုက်တယ်။
ကျန်းအိမ်တော်က ဇောက်ထိုး ဖြစ်သွားလိမ့်မယ်။
ကျူးရင်က သူမခေါင်းကို လေးစားစွာ ငုံ့လိုက်ပြီး ပြောလိုက်တယ်။
“သခင်မလေးက ကျွန်မရဲ့သခင်မလေးပါ။ ဒီအစေခံက
သခင်မလေးအတွက် ပြောပေးရတာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပါပဲ။ သခင်မလေး
ကျွန်မကို ဒီလိုပြောတာက ကြောက်ရွံ့မှုတွေ ပေးနေသလိုပါပဲ”
ကျန်းယွမ်က ပြုံးလိုက်တယ်။
“အကုန်လုံးက မင်းလို မဟုတ်ဘူး။ ဒါ့ကြောင့် ကျေးဇူးအများကြီး တင်ပါတယ်”
သူမ ကျူးရင်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်တယ်။ သူမလက်တွေက နည်းနည်း
တုန်ယင်နေတာကို တွေ့လိုက်ရတော့ မသိနိုင်တဲ့ ရယ်သံ အရိပ်အမြွတ်က
သူမရဲ့မျက်လုံးထဲမှာ ပေါ်လာတယ်။
တကယ်က ကျူးရင် ထင်ထားသလိုပဲ ဒီနေ့ သူမအကြံရဲ့ ပထမဆုံးခြေလှမ်း
စတင်ခဲ့ပြီဖြစ်တယ်။ သူမရဲ့အရင်ဘဝမှာ ကျန်းလန်နဲ့ သူ့သားနဲ့က သူမရဲ့ဘဝကို
ဖျက်ဆီးရာမှာ အရေးပါတဲ့အပိုင်းမှာ ပါဝင်တယ်။ အဲအချိန် သူမက သူမကိုယ်သူမ
မကူညီနိုင်ဘဲ သူမကို သူများတွေ နင်းချေသွားတာကိုပဲ ခွင့်ပြုပေးခဲ့ရတယ်။ အခု
သူမက သူမရဲ့ဘဝကို ပန်းကန်ပေါ်မှာတင်ပြီး ဆက်သတော့မှာ မဟုတ်ဘူး။
ဆန့်ကျင်ဘက်အနေနဲ့ ဘယ်သူကမှ သူမကို အနိုင်ကျင့်လို့ရမှာ မဟုတ်ဘူး။
ကျန်းအိမ်တော်ကို ပြန်ခြင်းက သူမ ကလဲ့စားရဲ့အစပဲ ရှိဦးမှာဖြစ်တယ်။ ပိုပြီး
အရေးကြီးတာက ဒီနေ့ အမှုပြီးတော့ အဓိကပြောင်းလဲသွားတာက
ကျန်းချွမ်ရဲ့ ဂုဏ်သိက္ခာက ကျဆင်းသွားတာပဲ ဖြစ်တယ်။ လူတွေရဲ့ စကားတွေက
သူ့ရဲ့နာမည်ကောင်းကို ဖယ်ရှားနိုင်ခဲ့ရင် တော်ဝင်တရားရေးအဖွဲ့ရဲ့
အကျင့်ပျက်ချစားမှု စွပ်စွဲချက်က သူ့ရဲ့ တရားဝင်အလုပ် တိုးတက်မှုမှာ
အမည်းစက်တစ်ခု ဖြစ်လာမှာ သေချာတယ်။
သူမ အရင်ဆုံး လုပ်ချင်တဲ့အရာက ကျန်းချွမ်ရဲ့ အလုပ်ကို အခက်အခဲ ဖြစ်စေချင်တာပဲ။
တရားရုံးက လူအုပ်ကြီးက မကြာခင်မှာပဲ လူစုကွဲသွားတယ်။ ကျန်းယွမ်ရဲ့
အကြည့်တွေက သူမကို ဖြည်းညင်းစွာ ကြည့်နေတဲ့လူဆီ ရောက်သွားတယ်။
သူမက သူ့နားကို ရောက်တဲ့အချိန်ထိ စောင့်လိုက်ပြီး
ယဉ်ကျေးသိမ်မွေ့စွာ အရိုအသေ ပေးလိုက်ပြီး ပြောလိုက်တယ်။
“ဝမ်လူကြီးမင်း”
တော်ဝင်လူကြီးမင်းဝမ်က သူရဲ့ မုတ်ဆိတ်ဖြူကြီးကို အဓိပ္ပာယ်ပါပါ
သပ်လိုက်ပြီး ပြောလိုက်တယ်။ “မိန်းကလေး ငါတို့ ထပ်တွေ့ကြပြန်ပြီနော်”
ကျန်းယွမ်က ပြုံးပြလိုက်ပြီး မေးလိုက်တယ်။
“လူကြီးမင်းရဲ့ ဇီးပွင့်လေးတွေ ဒီနေ့ ဘယ်လို ရှိပါသေးသလဲ”
“အဲဒါတွေက သိမ်ငယ်တဲ့ ပုံစံမပြဘူး။ မြှောက်ပင့်တဲ့ ပုံစံတွေလည်း မပြဘူး။
အဲဒါက မြင့်မြတ်ပြီး အလျှော့မပေးတဲ့ စရိုက်ဆိုတာ သေချာတယ်။ အဲဒါက
အင်အားအပြည့်ပဲ။ ကောင်းကောင်း ပွင့်ပါတယ်”
တော်ဝင်လူကြီးမင်းဝမ်က သူမရဲ့မျက်ဝန်းတွေကို ကြည့်လိုက်တယ်။
“အဲဒါ နည်းနည်း ခေါင်းမာတာလေးတစ်ခုပါပဲ”
ကျန်းယွမ် ပေါ့ပါးစွာ ပြုံးလိုက်ပြီး ကောက်ချက်မချခဲ့ဘူး။
တော်ဝင်လူကြီးမင်းဝမ်က သူမကိုယ်စား ဆုံးဖြတ်ချပေးမယ်လို့
သူမဘာကြောင့် သေချာနေခဲ့လဲဆိုတာ သူမရဲ့ အရင်ဘဝက
မှတ်ဉာဏ်များကြောင့် ဖြစ်တယ်။ သူမ အရင်ဘဝက အိမ်မှာ နေတုန်း တစ်နေ့မှာ
ပိုင်ကျီက အဘိုးအိုတစ်ယောက် အနောက်လမ်းမှာ
ပိုက်ဆံအလိမ်ခံရတဲ့အကြောင်း ပြောနေတာကို အပြင်ထွက်ပြီး နားထောင်တယ်။
ပြီးတော့ အဘိုးအိုက ဒေါသထွက်ပြီး ဒေသဆိုင်
အာဏာပိုင်တွေဆီ သွားခဲ့တယ်။ ဒါပေမဲ့ သူတို့က သူ့ကို
ဂရုမစိုက်ဘဲ ငြင်းဆိုရုံတင်မကဘဲ အရာရှိတစ်ယောက်ကို ခေါ်ပြီး သူ့ကို
နှင်ထုတ်လိုက်လို့ သူက ပိုပြီး ဒေါသထွက်သွားတယ်။ သိပ်မကြာခင်မှာပဲ
မြို့တော်က တော်ဝင်အမိန့်ပြန်တမ်း အဖွဲ့က ရောက်လာပြီး ချန်းဝမ်လီကို
သူ့ရဲ့အရာရှိရာထူးကနေ ထုတ်လိုက်တယ်။ အဘိုးအိုက မမျှော်လင့်ဘဲ မြို့တော်က
အဆင့်မြင့်အရာရှိ တစ်ယောက်ဖြစ်ပြီး ဧကရာဇ်ရဲ့
မျက်နှာသာပေးခံရတဲ့ တော်ဝင်လူကြီးမင်းဝမ်ဖြစ်နေတယ်။
တော်ဝင်လူကြီးမင်းဝမ်က နောင်တမရလောက်အောင် ခေါင်းမာပြီးတော့
ဧကရာဇ်ကိုတောင် တိုက်ရိုက် သတိပေးဝံ့တယ်။ သူ့ရဲ့ နေ့စဉ်လုပ်ဆောင်တဲ့ ကိစ္စတွေရဲ့
တစ်ပိုင်းတစ်စအနေနဲ့ သူက တစ်ခြားသူတွေရဲ့ ကိစ္စတွေကို စွက်ဖက်ရတာ
သဘောကျတယ်။ မတရားမှုအချို့ကို သူ ခံစားမိတာနဲ့ သူက
ဝင်ရောက်စွက်ဖက်ရတာကို ကျေနပ်တယ်။ ဒါကြောင့် အဲနေ့တုန်းက
အနောက်လမ်းကိုသွားဖို့ ကျန်းယွမ်က
အကြံပေးခဲ့တာ ဖြစ်ပြီးတော့ တော်ဝင်လူကြီးမင်းဝမ်ရဲ့
အခြေအနေကို ဖြေရှင်းပေးခဲ့တာ ဖြစ်တယ်။ တော်ဝင်လူကြီးမင်းဝမ်က
အမှားနဲ့အမှန်ကို တကယ်တန်းဖိုးထားလို့ သူက
ချန်ကျောက်ရဲ့အမှုကို သေချာပေါက်ကြည့်မှာ ဖြစ်တယ်။
ဒါ့အပြင် အဲအမှုက သူ ဇီးသီးပွင့် ခင်မင်မှုရှိတဲ့ ကျန်းယွမ်နဲ့ ပတ်သတ်တာကို
သိတာနဲ့ ဘေးကနေ သူမရဲ့ မကျေနပ်မှုတွေကို လျစ်လျူရှူနိုင်မှာ မဟုတ်ဘူး။
အနီရောင်ဇီးပွင့်တွေက တော်ဝင်လူကြီးမင်းဝမ်ရဲ့နှလုံးသားတံခါးကို
ဖွင့်ပေးတဲ့ သော့ဖြစ်တယ်။ တော်ဝင်လူကြီးမင်းဝမ်က
သူ့ရဲ့ တရားမျှတမှု အာရုံကို ကြွားဝါပေမဲ့ လူတို့က သူတို့ရဲ့
နှလုံးသားတွေထဲမှာ ချိန်ခွင်လျှာတစ်ခုရှိတယ်။ သန့်စင်တဲ့သူက ဆန္ဒ ဒါမှမဟုတ်
စိတ်ခံစားမှု ရှိရင် ချိန်ခွင်လျှာက သူနှစ်သက်တဲ့ အရာကို အမြဲတမ်း
ညွှန်ပြလိမ့်မယ်။ တော်ဝင်လူကြီးမင်းဝမ်က သူမအပေါ် အရမ်းခိုင်မာတဲ့
ထင်မြင်ချက်ရှိပြီးသား ဖြစ်တယ်။ ကျူးရင်က သူမ
မှားယွင်းအစွပ်စွဲခံရတယ်လို့ ပြောကတည်းက သူရဲ့ မသိစိတ်က သူမကို
ယုံကြည်ပြီးသား ဖြစ်ပြီးတော့ သူမကို အကျိုးပြုတဲ့ အထောက်အထားရှာအတွက်
အားစိုက်ထုတ်ဖို့ ရည်ရွယ်ထားတယ်။
တော်ဝင်လူကြီးမင်းဝမ်ကို အသုံးပြုတာ တကယ်ကောင်းတဲ့
စစ်တုရင်လှုပ်ရှားမှုတစ်ခု ဖြစ်ပေမဲ့ ဒီလှုပ်ရှားမှုရဲ့ စစ်မှန်တဲ့ အလှတရားက
ပွဲအပြီးမှာ သူ့ရဲ့
သက်ရောက်မှုကို ပေါ်လွင်စေတယ်။ တော်ဝင်လူကြီးမင်းဝမ်ရဲ့ ခေါင်းမာတဲ့
အကျင့်နဲ့ ကျန်းယွမ်ရဲ့ လက်ရှိအခြေအနေကို သူ သတိပြုမိတဲ့အခါမှာ သူက သူ့ရဲ့
အစိုးရအရာရှိ ကျန်းချွမ်အပေါ် မကျေနပ်မှုတွေကို ဖုံးကွယ် ထားနိုင်ခဲ့တယ်။
မြို့တော်ကို ပြန်ရောက်တဲ့အခါ သူက ကျန်းယွမ်ရဲ့ အခြေအနေနဲ့ ပတ်သတ်ပြီး
တုန်လှုပ်ဖွယ် သတင်းတစ်ပုဒ်ကို သေချာပေါက် ရေးခဲ့တယ်။
သူ့စကားကို အလေးအနက် ထားကတည်းက ကျန်းချွမ်ကို ထိုးနှက်တဲ့ လက်သီးကို
တစ်ယောက်ယောက်က မှန်းဆကြည့်နိုင်ပါတယ်။
ကျန်းယွမ် ရယ်ပြီး ပြောလိုက်တယ်။
“ကျန်းယွမ် လူကြီးမင်းရဲ့ စေတနာကို ဘယ်တော့မှ ပြန်ပြီးကျေးဇူးဆပ်နိုင်မှာ
မဟုတ်ပါဘူး”
တော်ဝင်လူကြီးမင်းဝမ်ရဲ့ မျက်နှာက ထူးဆန်းတဲ့ အမူအရာ ပေါ်လာတယ်။
“မင်းက ငါ့ကို ကျေးဇူးတင်တာ ငါမင်းကို တရားမျှတမှု ပြန်ရှာဖို့အခွင့်အရေး
ကမ်းလှမ်းခဲ့လို့လား၊ မင်းကို ကျန်းအိမ်တော်ဆီ ပြန်ပို့လို့လား ဒါမှမဟုတ် ဒီနေ့
ငါ တရားရုံးမှာ ပူးပေါင်းဆောင်ရွက်ခဲ့လို့လား”
အစိုးရထံမှာ နှစ်ပေါင်းများစွာ ဖြောင့်မတ်စွာ ထမ်းဆောင်ခဲ့တဲ့ သူတွေက
အရည်အချင်း ပြည့်မီကြတယ်။ ကျန်းယွမ်က ဖော်ထုတ်ခံရမှာကို စိတ်မပူပဲ
စိတ်အေးအေးနဲ့ ပြန်ဖြေလိုက်တယ်။
“အကုန်လုံးပါပဲ”
တော်ဝင်လူကြီးမင်းဝမ်က သူမကို သေချာ အကဲခတ်တယ်။
“မိန်းကလေး မင်းရဲ့နှလုံးသားကို အရမ်းဝန်မလေးပါစေနဲ့။
မင်းရဲ့ဇီးပွင့်လေးတွေရဲ့ အကိုင်းအခတ်လေးတွေအတွက် ပြန်ကျေးဇူးဆပ်ဖို့
နည်းနည်း အားစိုက်ထုတ်လိုက်တာပါ။ ဒီအဘိုးကြီးက
အနီရောင်ဇီးပွင့်တွေလို မွှေးရနံ့မထွက်ခင်မှာ အေးစက်တယ်လို့
မင်းပြောခဲ့တယ်လေ။ ဒါပေမဲ့ ဒီစကားလုံးတွေက မင်းနဲ့ ပိုလိုက်တယ်လို့
ဒီအဘိုးကြီးက ထင်တယ်”
သူက ခေါင်းယမ်းလိုက်ပြီး ပြောတယ်။
“နောက်ကျ အစောင့်အချို့ကို မင်းနဲ့အတူ ထည့်ပေးလိုက်မယ်။ မင်းရဲ့ ပစ္စည်းတွေ
အကုန်လုံး ပြန်သိမ်းလိုက်ပါ။ အကုန်လုံးကို ပိုင်ရှင်အမှန်ဆီ ပြန်ပေးရမယ်”
ကျန်းယွမ်က ကျေးဇူးတင်တဲ့ အနေနဲ့ ခေါင်းညိတ်လိုက်တယ်။
တော်ဝင်လူကြီးမင်းဝမ်က လမ်းလျှောက်ရင်း ရုတ်တရက် ရပ်လိုက်တယ်။
သူ့အနောက်က ကျန်းယွမ်ကို သူပြောလိုက်တယ်။
“အဲဒါအမှန်ပဲ။ မင်းအဖေက အိမ်သူအိမ်သားတွေကို အုပ်ချုပ်တဲ့နေရာမှာ တင်းကျပ်မှု
သိပ်မရှိဘူး။ သူ ခန့်ထားတဲ့သူတွေက သူ့သမီးကို အနိုင်ကျင့်နေတဲ့ အခြေအနေကို သူ
လျစ်လျူရှူ ထားတယ်။ အကျင့်စာရိတ္တ ကောင်းမွန်ပြီး
မိသားစုတစ်စုကို ကောင်းကောင်း အုပ်ထိန်းနိုင်တာက တိုင်းပြည်အတွက် မှန်ကန်တဲ့
အုပ်ချုပ်မှုနဲ့ သဟဇာတဖြစ်စေမှုကို သေချာစေတဲ့ တစ်ခုတည်းသော
အကြောင်းအရင်း ဖြစ်ပေမဲ့ ကျန်းချွမ်ရဲ့ အိမ်တွင်းရေးက
ရုန်းရင်းဆန်ခတ် ဖြစ်နေတယ်။ ဖြစ်နိုင်တာကတော့
အုပ်ချုပ်ရေးပုံစံက တော်တော်လေး ဘက်လိုက်တာပဲ။ ဒီအဘိုးကြီး
မြို့တော်ကို ပြန်ရောက်ရင် သူ့ရဲ့လုပ်ရပ်တွေကို ရှုတ်ချတဲ့ တရားဝင်အစီရင်ခံစာ
တစ်ခုကို ရေးပြီး အစီရင်ခံစာတင်လိုက်မယ်။ ဒီ မကောင်းတဲ့ ဥပမာကို သုံးပြီး
တခြားသူတွေကို သတိပေးမယ်”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...