unicode
Part 101အပိုင်း ၂(ခ)
ဘာလို့ အမြဲတမ်း တိတ်ဆိတ်နေပြီးတော့ အာဏာလုတဲ့ ကိစ္စတွေနဲ့ အမြဲရှောင်နေတဲ့ ဗိုလ်ချုပ်အိမ်တော်က ဒီလို ရုတ်တရက်ကြီး ထူးထူးခြားခြား ပြုမူရတာလဲ။ အထက်တန်းစားရဲမက်တွေက အရင်ညက ပျောက်ကွယ်သွားတာက သူတို့လုပ်ရပ်ဖြစ်ရမယ်။ ဗိုလ်ချုပ်အိမ်တော်ရဲ့ နည်းတွေက ဘယ်တုန်းက ဒီလောက် ရက်စက်သွားတာလဲ။
ပြီးတော့ ကွမ်လင်းဟန်ကရော။ ဘာလို့ ကွမ်လင်းဟန်က ဒီကိစ္စထဲမှာ ပါလာတာလဲ။
လီအန်းက ဒီဗိုလ်ချုပ်အိမ်တော်နဲ့ ကွမ်လင်းဟန်တို့ ကြားမှာ ဆက်ဆံရေးကို လျင်မြန်စွာနဲ့ အချိတ်အဆက်လုပ်မိသွားပြီးတော့ …. ရုတ်တရက် သူ့စိတ်ထဲမှာ နာမည်တစ်ခု ပေါ်လာတယ် - ကျန်းရှင်းကျီ။
ဗိုလ်ချုပ်အိမ်တော်က ကျန်းရှင်းကျီရဲ့ အမေအရင်းရဲ့ မိသားစုလည်းဖြစ်ပြီးတော့ ကျန်းရှင်းကျီက ကွမ်လင်းဟန်ရဲ့ လက်ထောက်ဗိုလ်ချုပ်လည်းဖြစ်တယ်။
သူ့စိတ်ထဲမှာ မိန်းမပျိုလေးတစ်ယောက်ရဲ့ အပြုံးလေးက ပေါ်လာပြီးတော့ အေးစက်တဲ့ အကြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့ မိန်းမပျိုလေး၊ မပြတ်သားတဲ့ မျက်နှာထားရှိတဲ့ မိန်းမပျိုလေးကို ပြန်မြင်ယောင်လာတယ်။
သူ လီတုန် သူ့ကို အရင်ရက်က ပြောခဲ့တာကို ရုတ်တရက် မှိတ်မိသွားတယ်။
“မင်းရဲ့ အစ်ကိုက အဲ့ ခွေးမ ကျန်းယွမ်ကို လက်ထပ်ချင်နေပြီးတော့ ကျန်းမိသားစုကလည်း ပြင်ဆင်ဖို့ လက်ထပ်ဖိတ်စာကို ပို့ပြီးပြီ။”
အဲ့အချိန်တုန်းက သူက ရေလှောင်ကန်နားမှာ စစ်ဆေးနေရပြီးတော့ ဘာမှမမှားအောင် သေသေချာချာ လုပ်နေတာဖြစ်ပြီးတော့ လီတုန်နဲ့ ငြင်းခုံဖို့ ဆန္ဒ မရှိခဲ့ဘူး။
ဒါပေမဲ့ အခု သူ အဲ့အကြောင်းကို တွေးကြည့်လိုက်တော့ အဲ့စကားတွေက ရုတ်တရက်ကြီး မိုးကြိုးပစ်ချလိုက်သလို သူ့ရင်ထဲမှာ အောင့်သွားတယ်။
တကယ်လို့ လီရန်က ကျန်းယွမ်ကို လက်ထပ်ချင်တာက ကျန်းယွမ်က သူ့ကို သင်းကွပ်ခဲ့လို့ သူက သူမကို ညညှ်းဆဲဖို့ပဲ ဖြစ်နိုင်တယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...