အခန်း-၃၉ ဘယ်သူကအရံလဲ။
လျုရုရီက ကျန်းယွမ်ကို ထူးဆန်းစွာ ကြည့်လိုက်တယ်။ သူမက
အတောက်ဆုံးပိတ်စကို ရွေးလိမ့်မယ်လို့ ထင်မထားတာ ဖြစ်နိုင်တယ်။ သူမ
ခဏရပ်ပြီး တွေးနေတယ်။ ပြီးတော့ ပြုံးပြီး ပြောလိုက်တယ်။
“အကြီးဆုံးသခင်မလေး သခင်မလေးရဲ့ ဖြူတဲ့အသားအရေနဲ့ အနီရောင်နဲ့က
ဆန့်ကျင်ဘက်အနေနဲ့ မလိုက်ဘူး”
ကျန်းယွမ်က ယဲ့ယဲ့ပြုံးလိုက်တယ်။
“ဆိုင်ရှင်လျို စုနင်က အဖြူရောင် ပိတ်စကို ရွေးထားတယ်လို့ ကျွန်မထင်တယ်”
“အိုး ဟုတ်တယ်၊ ဒုတိယသခင်မလေးက အမြဲတမ်း တိတ်ဆိတ်ပြီး ထင်းမနေတဲ့
အရောင်တွေ ကြိုက်တယ်”
သူမ ဒါကို ပြောပြီးတော့ လျိုရုရီက ရုတ်တရက် သဘောပေါက်သွားတယ်။ သူမ
ကျန်းယွမ်ကို ထပ်ကြည့်လိုက်တဲ့ အချိန်မှာ သူမရဲ့မျက်လုံးတွေက
မတူညီတဲ့အမူအရာကို တွေ့လိုက်တယ်။
“ဒုတိယသခင်မလေးက တိတ်ဆိတ်စွာနဲ့ ကြော့ရှင်းပြီး နတ်သမီးတမျှ လှပတယ်လို့
မြို့တော်က လူတွေက ပြောကြတယ်။ ဒါပေမဲ့ ကျွန်မ ဒီနေ့တွေ့တဲ့
အကြီးဆုံးသခင်မလေးကျန်းက ပိုပြီး အားကျစရာ ကောင်းပါတယ်”
လျိုရုရီ စိတ်ထဲမှာ သက်ပြင်းချလိုက်တယ်။ အကြီးဆုံးသခင်မလေးကျန်းနဲ့ သူမရဲ့
‘အလင်းဝင်ပေါက် ခုနှစ်ခုပါတဲ့ နှလုံးသား’…..။ ပုံမှန်ဆိုရင် ကျန်းစုစုရဲ့ရိုးရှင်းတဲ့
ကျက်သရေရှိမှု လန်းဆန်းပြီးတက်ကြွတဲ့ အရောင်တွေနဲ့ နှိုင်းယှဉ်ရင် အများအားဖြင့် ပေါ်လွင်နေတယ်။ ဒါပေမဲ့ မေးခွန်းထဲက အရောင်က
အနီရဲရဲဖြစ်နေရင် အဲအဝတ်ကို ဝတ်တဲ့သူက ပင်ကိုထူးခြားနေရင် အဲဒါက သူမကို
ထင်ရှားကျော်ကြားမှုကနေ တားဆီးဖို့ အရမ်းခက်ခဲမှာ ဖြစ်တယ်။
ဒုတိယသခင်မလေးကျန်းက အာရုံစူးစိုက်မှု ခံရချင်တယ်။ ဒါပေမဲ့ နည်းနည်းတောင်
သတိမထားမိဘဲ သူက သူများရဲ့မြေဩဇာဖြစ်တော့မှာ ဖြစ်တယ်။
လျိုရုရီက ပွင့်လင်းပြီး တည့်တိုးပြောတတ်တဲ့လူစား ဖြစ်တယ်။ အရင်က သူမက
ကျန်းယွမ်အပေါ် အကောင်းမြင်ပြီးသား ဖြစ်တယ်။ အခု သူမက ကျန်းယွမ်ကို
အရမ်းလေးစားကြောင်း ထပ်ပြောလိုက်တယ်။ ဒါ့ကြောင့်
သူမက ပြောလိုက်တယ်။
“အကြီးဆုံးသခင်မလေး စိတ်မပူပါနဲ့။ ရူရီလိုက အဝတ်အစားက သခင်မလေးကို
စိတ်ကျေနပ်စေမှာပါလို့ ကျွန်မ အာမခံပါတယ်။ သခင်မလေး လူတွေကြား
သွားတဲ့အချိန်ကျရင် သခင်မလေးက ပွဲတိုးပြီး အထင်ကြီးလောက်မှာပါ။
ပြီးတော့ လူတွေကရဲ့အကြည့်တွေက သခင်မလေးပေါ်ပဲ ကျရောက်လာမှာပါ”
ကျန်းယွမ်က ပြုံးလိုက်တယ်။
“ကျေးဇူးအများကြီး တင်ပါတယ် မမလျို”
ပြီးနောက် အဝတ်အစားချုပ်ဖို့ ကိုယ်တိုင်းတွေ ယူလိုက်တယ်။ နောက်ထပ်
ရက်အနည်းငယ်ကြာပြီး ရူရီလိုကနေ အင်္ကျီတွေ ပို့လိုက်တယ်။ ကျန်းအိမ်တော်က
အမျိုးသမီးငယ်လေးတွေရဲ့ ကိုယ်တိုင်းတွေကို တစ်ပြိုင်နက်တည်း ယူခဲ့လို့
အဝတ်တွေကို အတူတူ ပို့လိုက်တာဖြစ်ပြီး အဝတ်တွေ အကုန်လုံးကို
ကျန်းသခင်မကြီးရဲ့ကွေးလန်ယွမ်ကို ပို့ခဲ့တယ်။
ကျန်းယွမ်နဲ့လန်ချောင်တို့ ကွေးလန်ယွမ်ကိုရောက်တော့
ကျန်းစုစုက ရောက်ပြီးနေပြီ။ သူမက
ကျန်းယွမ်ကို မြင်တော့ ပြုံးပြီး ပြောလိုက်တယ်။
“မမလည်း ဒီကို အဝတ်ကို ကြည့်ဖို့ လာတာလား”
ကျန်းယွမ်က ခေါင်းညိတ်လိုက်တယ်။ ကျန်းစုစုက ဆက်ပြောလိုက်တယ်။
“ဒါပေမဲ့ အဲဒါတွေက အဝတ်အချို့ပဲကို အဘွားက ဘာလို့ ညီမလေးတို့ကို
အမြဲလာပြီး စုဝေးခိုင်းတာလဲ မသိဘူး။ အချိန်တိုင်းပဲ အဝတ်တွေက
နည်းတာနဲ့များတာပဲ ကွာသွားပြီး ဘာမှကြည့်စရာ မရှိဘူး”
သူမက အပြစ်ကင်းပြီး ဂရုမစိုက်တဲ့လေသံနဲ့ ပြောလိုက်တယ်။ လက်ဝတ်ရတနာတွေ
ဒါမှမဟုတ် အဝတ်အစားတွေကို တစ်စက်ကလေးမှ စိတ်မဝင်စားဘဲ တောင့်တမှု
တစ်စက်ကလေးမှု မရှိဘဲ အရမ်းသိမ်မွေ့နူးညံ့ပြီး ဝဲပျံနေတဲ့ နတ်သမီးလိုပဲ။ ဒီလိုမိန်းကလေးမျိုးက ဒီကြမ်းတမ်းတဲ့ ကမ္ဘာကြီးမှာ ရှိမနေသင့်ဘူး။ အဲ့ဒီအစား
သူမက အပြစ်ကင်းစင်တဲ့ဘဝနဲ့ ရှင်သန်နေထိုင်ဖို့
အရမ်းမြတ်နိုးတန်ဖိုးထားပြီး မွေးကတည်းက တစ်ယောက်ယောက်ရဲ့ လက်ထဲမှာ
ဝှက်ထားသင့်တယ်။
ကျန်းယွမ်ရဲ့အတိတ်ဘဝမှာ ကျန်းစုစုရဲ့အရည်အချင်းတွေနဲ့ ဂုဏ်သတင်းက မြို့တော်မှာ
လူသိများပေမဲ့ သူမက ဂုဏ်သတင်းနဲ့ ချမ်းသာမှုကို အခြားမိန်းကလေးတွေလို
မက်တဲ့ပုံ မပေါ်ဘူး။ အကုန်လုံးက သူမကို အထင်ကြီးကြပြီး ကျန်းယွမ်ကလည်း
ဒီညီမငယ်လေးကို လောကီကိစ္စတွေကို နားမလည်ဘူးလို့ ထင်ခဲ့တယ်။ သူမရဲ့
အတိတ်ဘဝမှာ နောက်ဆုံးအချိန်ကို ရောက်မှပဲ
ကျန်းစုစုက တောင့်တမှုမရှိတာမဟုတ်တာကို သူမ သဘောပေါက်ခဲ့တယ် ဒါမှမဟုတ်
သူမကလည်း ဂုဏ်သတင်းနဲ့ ချမ်းသာမှုကို လွှင့်ပြစ်ထားတဲ့ ဖိနပ်လို မလိုချင်တာ
မဟုတ်ဘဲ သူမက ကမ္ဘာပေါ်က အမြင့်ဆုံး အခြေအနေကို ရည်ရွယ်ခဲ့တာဖြစ်တယ်။
သူမရဲ့ရှုတ်ချမှုအောက်မှာ ဘာတွေရှိလဲ။ ဒီဘဝမှာ ကျန်းစုစုက ငယ်သေးပြီး သူမမှာ
တူညီတဲ့ ရည်ရွယ်ချက် ရှိသေးလားဆိုတာ မသေချာဘူး။
ကျန်းသခင်မကြီး က ကျန်းစုစုပြောတာ ကြားလိုက်တဲ့ အခါမှာ ရယ်ရင်း သူမကို
ဆူလိုက်တယ်။
“ဘယ်မိန်းကလေးက လှလှပပ မဝတ်ချင်လို့လဲ။ မင်းက အရမ်းကောင်းတယ်။
တစ်နေ့လုံး အဝတ်အစား ရိုးရိုးလေးတွေပဲ ဝတ်ပြီး အစေခံနဲ့တောင် တူနေပြီ။
ဒီအချိန် မင်းအတွက်က ဖွံ့ဖြိုးတဲ့အရွယ်ဖြစ်ပေမဲ့ မင်းက အရောင်တောက်တောက်တွေ
မဝတ်ချင်ဘူး”
ဒါက သူမရဲ့မှတ်ချက်ဖြစ်ပေမဲ့
ကျန်းသခင်မကြီးရဲ့မျက်နှာမှာ ကျေနပ်မှုတွေ မြင်နေရတယ်။
ကျန်းစုစုရဲ့ ထင်းမနေတဲ့ အဝတ်အစားတွေက သူမ ပတ်ဝန်းကျင်က လူတွေနဲ့မတူဘဲ
သန့်စင်မှုကို ဖော်ပြတယ်လို့ သူမ ယူဆထားတာ ထင်ရှားတယ်။
ကျန်းစုစုက မျက်မှောင်ကြုတ်ပြီး
“သမီးက အဲ့လိုအရောင်တွေ မကြိုက်ဘူး။ မမက အနီရဲရဲပိတ်စကို ရွေးထားတယ်လို့
သမီးကြားတယ်။ အဲဒါ အမှန်ပဲလားဟင်”
ကျန်းယွမ်က ခေါင်းညိတ်လိုက်တယ်။
“ဟုတ်တယ် နှစ်သစ်ကူးနဲ့ နီးနေပြီဆိုတော့ အရောင်တောက်တောက်လေးတွေ
မမ ဝတ်ချင်လို့”
ဒါက လက်ခံလို့ရတဲ့ အကြောင်းပြချက်ဖြစ်ပြီး ကျန်းစုစုက ဘာမှမပြောနိုင်ခဲ့ဘူး။သူတို့ စောင့်နေတုန်းမှာ ကျန်းလီနဲ့
ကျန်းတန်တို့လည်း ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့တယ်။
သူတို့က ကျန်းသခင်မကြီးကို အရိုအသေပေးပြီး ဘေးချင်းကပ် ရပ်နေကြတယ်။
ကျန်းလီက ကျန်းသခင်မကြီးရှေ့မှာ လိမ္မာပြီး ကျန်းယွမ်ကို
ကြည့်တဲ့အချိန်မှာ မောက်မာတဲ့ အရိပ်အမြွတ်ကလွဲပြီး သူမကို အပြစ်ပြောစရာ
မရှိဘူး။ ဆန့်ကျင်ဘက်အနေနဲ့ ကျန်းတန်ရဲ့မျက်နှာက ရှက်နေတဲ့ အမူအရာနဲ့ သူမက ဒီလို
အကုန်လုံး အတူရှိနေတာကို မသက်မသာ ဖြစ်နေသလိုမျိုး ခိုကိုးရာမဲ့စွာနဲ့
သူမရဲ့ဂါဝန်အောက်ပိုင်းကို ဆုပ်ထားတယ်။
ခဏကြာတော့ ကျန်းသခင်မကြီးရဲ့ယုံကြည်ရတဲ့ အစေခံ ချိုက်ချွဲက
သစ်သားစည်ပိုင်း အသေးလေးတစ်ခုကို သယ်ရင်းဝင်လာတယ်။ ပြုံးရင်းနဲ့
သူမက ပြောလိုက်တယ်။
“ရူရီလိုက အမျိုးသမီးလျိုက ဒီအဝတ်အစားလေးထည်ကို
အမြန်ချုပ်လိုက်တယ်တဲ့။ နောက်လေးရက်ကြာရင် သူက နွေဦးရာသီ
အဝတ်အစားတွေကို အမြန်ချုပ်ပြီး သခင်မလေးတို့ကို အဲ့အချိန်ကျရင်
ဘယ်ပိတ်စယူမလဲ ရွေးခိုင်းလိမ့်မယ်”
ကျန်းအိမ်တော်က မိန်းကလေးလေးယောက်ထဲမှာ ကျန်းယွမ်က
အဝတ်အနည်းဆုံးရှိတာဖြစ်ပြီး အဲဒါတွေက ကျေးလက်က ပြန်ယူလာတဲ့
အဝတ်တွေ ဖြစ်တယ်။ ပုံမှန်ဆိုရင် ကျန်းသခင်မကြီးက သူမကို ဒီလိုအဝတ်တွေ ဝတ်ခိုင်းမှာ
မဟုတ်ဘူး။ ပထမဆုံး လုပ်ခိုင်းမှာက အသင့်လုပ် အထည်ဆိုင်ကနေ အဝတ်အစားအချို့ကို
ဝယ်ခိုင်းမှာဖြစ်တယ်။ ရာသီဉတုသာယာရင် သူမအတွက် ချုပ်ပေးတဲ့
အဝတ်တွေက လေးရာသီလုံးအတွက် သင့်တော်နိုင်တယ်။
ကျန်းလီရဲ့အကြည့်က ကျန်းယွမ်အပေါ် ခဏရောက်သွားပြီး သူမကို
ရက်စက်တဲ့အကြည့်တွေနဲ့ ကြည့်လိုက်တယ်။ သူမမျက်နှာပေါ်မှာ မကျေနပ်မှုက
ထင်ရှားနေပေမဲ့ ကျန်းသခင်မကြီး ရှိနေလို့ နောက်ဆုံးမှာ သူမက
ဘာမှမပြောခဲ့ဘူး။
ချိုက်ချွဲက စည်ပိုင်းလေးကို ဖွင့်လိုက်တယ်။
“သခင်မလေးတို့ ကိုယ့်အဝတ်အစားကို လာယူကြပါ”
အဝတ်တွေက ရူရီလိုကနေ လုပ်ထားတဲ့ သစ်သားစည်ပိုင်းလေးထဲ
ထည့်ထားတာဖြစ်တယ်။ ကျန်းစုစုက ကျန်းယွမ်ကို ကြည့်လိုက်ပြီး
“မမ အရင်သွားပါ”
ကျန်းယွမ်က ခေါင်းယမ်းလိုက်ပြီး“မမက အကြီးဆုံးလေ။ တန်နင် အရင်ရွေးသင့်တယ်”
ချိုက်ချွဲက ပြုံးပြီး ပြောလိုက်တယ်။
“အကုန်လုံးက အဝတ်တွေပါ ဘယ်သူ အရင်ရွေးရွေး အရေးမကြီးပါဘူး”
ဒါနဲ့ ကျန်းစုစုက ရှက်ရွံ့မှု အချို့နဲ့ ပြောလိုက်တယ်။
“မမက မရွေးတော့ ညီမလေးပဲ အရင်သွား ရွေးလိုက်မယ်”
သေချာတာကတော့ ကျန်းစုစု စည်ပိုင်းထဲကနေ အရင်ယူလိုက်တဲ့ ဖီဖာကျင်းပုံစံ
နှင်းရောင်ဘရိုကိတ်အင်္ကျီက မြေခွေးသားရေနဲ့
အနားကွပ်ထားတာ ဖြစ်တယ်။ အောက်ဘက်က
ဘရိုကိတ်နဲ့ ချည်ထိုးထားတဲ့ အဖြူရောင် ဂါဝန်တစ်ထည်နဲ့ ငွေရောင်ဖျော့ထားတဲ့
ခါးပတ်အင်္ကျီကို အပြင်ဝတ်အနေနဲ့ ခံထားတယ်။ ဒီပုံစံက လက်ရာမြောက်ပြီး
ထူးခြားတယ်။ ရှုပ်ထွေးတဲ့ အသေးစိတ် အချက်အလက်တွေ ရှိပေမဲ့ အင်္ကျီက
အဲ့အရာတွေကို ဖုံးကွယ်ထားခြင်း မရှိဘူး။ ပြီးတော့ အဲ့ဒီအစား ကြည့်လို့
အရမ်းခမ်းနားတယ်။ ကျန်းစုစုက အဝတ်အစားတွေကို ဂရုမစိုက် အရေးမစိုက်ဟန်ရှိပေမဲ့
သူမအတွက် ချုပ်ထားတဲ့ အဝတ်တွေကို ကြည့်ရင်း ခပ်ယဲ့ယဲ့ မပြုံးဘဲ မနေနိုင်ခဲ့ဘူး။
ကျန်းစုစုရဲ့အင်္ကျီကို ကြည့်ပြီး ကျန်းလီရဲ့မျက်ဝန်းက မမျှော်လင့်စွာနဲ့
လက်သွားတယ်။ ကျန်းအိမ်တော်မှာ အငယ်ဆုံးသမီးထက်
အကြီးဆုံးတရားဝင်သမီးအတွက်ပဲ အဝတ်အစားကို အမြဲတမ်း ပိုပေးခဲ့တယ်။
ကျန်းစုစုက အကြီးဆုံးတရားဝင်သမီး မဟုတ်ပေမဲ့
သဘောအကျခံရဆုံးသမီး ဖြစ်နေသေးတယ်။ ဒါ့ကြောင့် ကျန်းလီက သူမကိုယ်သူမ
ဒီအခြေအနေကို လုံးဝကြိတ်မှိတ် လက်ခံထားပေမဲ့ သူမက ဘာမှမပြောရဲဘူး။
ကျန်းလီရဲ့ အဝတ်တွေက ခရမ်းဖျော့ရောင်ဖြစ်ပြီး ရွှေရောင်ကြယ်သီးနဲ့
ဘရိုကိတ်အကျပ်အင်္ကျီ ဖြစ်ပြီး ကြာပန်းစိမ်းရောင် ခရစ်ဂါဝန်ဖြစ်တယ်။
ဒီအဝတ်အစား အစုံလိုက်တွေက အရမ်းဆွဲဆောင်မှုရှိတယ်။
ကျန်းတန်ရဲ့အဝတ်တွေက ဖယောင်းပန်း အဝါရောင်ပါဝင်တဲ့ အိစက်တဲ့
ချည်သားအင်္ကျီနဲ့ အစိမ်းရင့်ရောင် နှစ်ဖက်လှ ပုံဖော်ရက်ထားတဲ့
ချည်ထည်ဂါဝန်ဖြစ်တယ်။ အဝတ်အစားတွေက ကျန်းတန်ရဲ့ရှက်တတ်တဲ့ပုံစံနဲ့
သူမရဲ့နှစ်သက်မှုနဲ့ အချစ်ကို တောင့်တတာကို ဖုံးကွယ်ထားနိုင်တယ်။ တကယ်တော့
ကျန်းလီနဲ့ ကျန်းတန်ရဲ့အဝတ်တွေက အရမ်းလှပတယ်။ ဒါပေမဲ့ အဲ့အဝတ်တွေက
ကျန်းစုစုရဲ့အဝတ်တွေနဲ့ နှိုင်းယှဉ်လိုက်ရင် ချက်ချင်း နိမ့်ကျသွားတယ်။
သူတို့သုံးယောက် အတူတူရပ်နေရင် အပြင်လူတွေက ကျန်းစုစုရဲ့ကျက်သရေရှိပြီး
ခံ့ညားတဲ့ပုံစံကိုပဲ ကြည့်ကြမှာ ဖြစ်တယ်။ ကျန်းလီက ဒါကို သိတယ်။ ဒါ့ကြောင့်
အဝတ်အစားတွေကို ကြည့်ပြီး မပျော်နိုင်တာ ဖြစ်တယ်။ အံ့အားသင့်စွာနဲ့ ကျန်းတန်က ပျော်ရွှင်သွားပြီး ဒီပျော်ရွှင်မှုက
သူမရဲ့မျက်ဝန်းတွေမှာ မြင်တွေ့နိုင်တယ်။
ကျန်းယွမ်ရဲ့အဝတ်တွေက စည်ပိုင်း အောက်ဆုံးမှာ ဖြစ်တယ်။
ချိုက်ချွဲက သူမကို ကူပြီး ယူပေးလိုက်ပြီး
ထုတ်လိုက်တယ်။ ရွှေရောင်လိပ်ပြာဖြူတွေနဲ့ အလှဆင်ထားပြီး ပန်းပုံစံ
ထိုးထားတဲ့ ကြက်သွေးရောင်
ကိုယ်ကျပ်အင်္ကျီ၊ ကျောက်စိမ်းရောင်ပန်းပွင့်တွေ ဖြန်းထားတဲ့
ဖဲသားဂါဝန်နဲ့ ရွှေချည်နဲ့ တိမ်ပုံစံ ချုပ်ထားတဲ့ အနီရောင် သိုးသား
သားရေဖိနပ်တစ်ရံတို့ ဖြစ်တယ်။ လူတိုင်းက
အဝတ်တွေကို သေချာကြည့်လိုက်တဲ့အချိန်မှာ ကျန်းစုစုက အံအားသင့်သွားတယ်။
“အရမ်း တောက်ပနေတာပဲ”
အမျိုးသမီးငယ်လေးတွေက အရောင်တောက်တောက်လေးတွေ ကြိုက်ပေမဲ့
သူတို့က အပန်းရောင်ဖျော့ဖျော့ ဒါမှမဟုတ် မက်မွန်ရောင် အဝတ်တွေ ဒါမှမဟုတ်
ပုံစံတူ အင်္ကျီတွေပဲ ဝတ်ကြတယ်။ ဒီလို အနီရောင်တောက်တောက်ကို စမ်းဝတ်တာ
ရှားတယ်။ တစ်စုံတစ်ယောက်အတွက် ဒီလိုအရောင်က
ပင်ကိုစရိုက်က ပြင်းပြပြီး ဒေါသကြီးတဲ့မိန်းကလေးတွေက
သင့်လျော်စွာ ဝတ်ဆင်ကြတယ်။ ဒါ့အပြင် ကျန်းအိမ်တော်မှာ ကျန်းစုစုက
အဖြူရောင်အဝတ်အစားတွေကို သဘောကျလို့ သူမဘေးမှာ
အနီရောင်တောက်တောက် အဝတ်တွေ ဝတ်ပြီး
မတ်တပ်ရပ်ရင် ပြတ်သားတဲ့ ခြားနားမှုကို ပြသမှာ ဖြစ်တယ်။
ကျန်းလီနဲ့ ကျန်းတန်က ကျန်းစုစုလောက် မလှလို့ ဒီလို အရောင်ကို ဝတ်ပြီး သူမဘေးမှာ
ရပ်လိုက်ဖို့ ရွေးတာက အမှားကြီးတစ်ခု ဖြစ်သွားလိမ့်မယ်။
ပြီးတော့ ကျန်းယွမ်က အနီရောင်တောက်တောက်ကို
တမင်ရွေးလိုက်တာဖြစ်တယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...