part 53

3K 256 1
                                    

unicode
Part-43

အခန်း - ၅၃
ပြီးတော့ အကုန်လုံးကို ဆုံးဖြတ်ပြီးသွားခဲ့ပြီ။  နောက်သုံးရက်နေရင်
ကျန်းအိမ်တော်က အမျိုးသမီးငယ်လေးတွေက လင်းလောင်လှေပေါ်ကို
သွားကြရမှာဖြစ်တယ်။  ကျန်းသခင်မကြီးက ဒီကိစ္စအပေါ်ကို
ဆုံးဖြတ်ချပြီးပြီဆိုတာ အကုန်လုံးက သတိပြုမိကြပြီးပြီဖြစ်တယ်။  ကျန်းစုစုရဲ့
မျက်နှာထားက အရင်အတိုင်းပဲ ဖြစ်တယ်။  ဒါပေမဲ့ သူမရဲ့ မျက်ဝန်းတွေထဲမှာ
သူမက နောက်ထပ် လူအများရဲ့ အာရုံစိုက်မှုကို ခံရလိမ့်မယ်လို့ ယုံကြည်နေတာကို
မဖုံးကွယ်နိုင်ဘူး။  အဲ့အချိန်မှာ သူ မျှော်လင့်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ
ကျန်းချွမ်က ကျန်းလီကို သူ့ခြံထဲမှာပဲ ချုပ်ချယ်ထားတာကို
ဖယ်ရှားလိုက်တယ်။  ပြီးတော့ သူမက ကျန်းလီကို ကွေးလန်ယွမ်မှာ
တွေ့လိုက်ရတဲ့ အချိန်မှာ သူမကလည်း သူမရဲ့ မောက်မာတဲ့ ပုံစံကို
ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတတ်လာတယ်လို့ ထင်ရတယ်။
ဒုတိယကိုယ်လုပ်တော်က ဒီအခွင့်အရေးကို အမိဖမ်းလိုက်တာနဲ့ သူမက
ထုံးစံအတိုင်း ပျော်မြူးနေတယ်။  သက်သောင့်သက်သာမရှိစွာနဲ့ ကျန်းတန်က
တစ်နေရာတည်းမှာပဲ ရပ်နေပြီး သူမရဲ့ မျက်နှာက မဝံ့မရဲ ဖြစ်နေလို့ သူမစိတ်ကို
သူမ ဘယ်လို စုစည်းရမလဲဆိုတာ မသိဖြစ်နေပြီး သူမရဲ့ လက်တွေက
အေးစက်နေတယ်။ ကျန်းယွမ်က သူမကို ထပ်ပြီး မကြည့်ဘဲ မနေနိုင်ခဲ့ဘူး။  သူမရဲ့
အတိတ်ဘဝမှာ ခံစားရတဲ့ လုံးဝနိမ့်ကျစွာ ခံစားနေရတဲ့ အခြေအနေနဲ့စာရင် သူမက အခု သူမရဲ့ လမ်းကြောင်းကို သတိသေချာထားပြီး
ကျန်းတန်ကိုလည်း ဂရုစိုက်ကြည့်နေတယ်။  အခု သူမကို အကဲခတ်ကြည့်လိုက်တဲ့
အချိန်မှာ ဒီကျန်းအိမ်တော်က သူမရဲ့ ညီမငယ်လေးက
အရမ်းကြောက်တတ်တာပဲ။
ကျန်းသခင်မကြီးက သူတို့ မှတ်စရာ အချို့ကို ပြောပြီးတော့ သူတို့ကို ပြန်ဖို့
လက်ကို ဝှေ့ပြလိုက်တယ်။  ထွက်မသွားခင်မှာ ရှယန်က ကျန်းယွမ်ကို
တားလိုက်တယ်။
“ယွမ်နင် အမေ သမီးကိုယ်စား အစေခံတချို့ ရွေးပေးထားတယ်နော်။ 
နောက်ကျရင် သူတို့ကို သမီးခြံထဲကို ပို့လိုက်မယ်။  ပြီးတော့ သမီး
အဲ့အစေခံမလေးတွေကို အရင်ကြည့်ပြီးတော့ သူတို့က သမီးအတွက်
အသုံးဝင်လားကြည့်လိုက်ဦး။  သူတို့က သမီး လိုချင်တာနဲ့ မကိုက်ဘူးဆိုရင်
အမေတို့ အခြား အစေခံမလေးတွေနဲ့ ပြန်လဲလို့ရတယ်နော်”
ကျန်းယွမ်က ကျေးဇူးတင်တဲ့ အနေနဲ့ပေါ့ပါးစွာ ပြုံးလိုက်ပြီး
စိတ်ဆိုးနေပုံ တစ်စက်ကလေးမှ မပေါ်ဘူး။  ရှယန်ရဲ့ အပြုံးက သူတို့
တစ်ယောက်နဲ့ တစ်ယောက် အချင်းချင်း စကားပြောရင်း တစ်ဖြည်းဖြည်း
ပိုနက်နဲလာပြီး သူတို့ လမ်းခွဲသွားကြတယ်။
ရှယန်နဲ့ ကျန်းစုစုတို့ အဝေး ထွက်သွားတာကို စောင့်ပြီးတော့
လုကျူးက ပြောလိုက်တယ်။ 
“သခင်မကို ကြည့်ရတာ နည်းနည်း စိုးရိမ်နေပုံပဲ။  သူမကို ကြည့်ရတာ
သူမက နောက်ထပ် အရှက်ရအောင် မလုပ်ရင်ပေါ့”
“တကယ်လို့ အပြင်လူတွေသာ ဒီမြင်ကွင်းကို မြင်ရရင် ဒါတွေက ကျွန်မအတွက်
ဒီသမီးရဲ့ ကောင်းကျိုးအတွက် လုပ်ပေးတာလို့ သူတို့ထင်သွားမှာ။ 
ပြီးတော့ သူမက ပိုပြီး အပြစ်တင်နေဦးမှာ”
ကျန်းယွမ်က ဒါကို စိတ်ထဲမှာ မှတ်မထားပါဘူး။ အခု လုကျူးက
လန်ချောင်နဲ့ နေနေတာ နည်းနည်းကြာပြီဆိုတော့ သူမက သူမရဲ့ စကားတွေကို
ဖော့မပြောတတ်တော့ဘူး။  သူမက ပွင့်ပွင့်လင်းလင်းပြောလိုက်တယ်။
“သူမ ဒီစကားလုံးတွေကို ပြောပြီး ဘယ်သူ့ကို စည်းရုံးနေတာလဲ။  ဒီ
အစေခံတောင် သူမ ဘာလုပ်ဖို့ ကြံနေလဲဆိုတာကို သိတယ်။  ဒီအိမ်တော်မှာ
အဲဒါကို သတိမပြုမိတာ ဘယ်သူရှိတုန်း။ ကျန်းသခင်မကြီးက အဲ့ကိစ္စနဲ့
ပတ်သက်ပြီး ဘာမှမပြောပေမဲ့ ဒီအိမ်တော်မှာ နေတာ
ဒီလောက်ကြာနေပြီဆိုတော့ သူမရဲ့ ပင်ကိုစရိုက်ကတော့ အတွေ့အကြုံ
မရှိတာတော့ မဟုတ်လောက်ပါဘူး။
တစ်ခစ်ခစ်နဲ့ ကျန်းယွမ်က ရယ်လိုက်တယ်။  လုကျူးက ကျေးလက်အိမ်ကနေ
ခေါ်လာခဲ့တဲ့ အစေခံဖြစ်ပေမဲ့ သူမ အပေါ်မှာ ထားတဲ့ သူမရဲ့ သစ္စာရှိမြုက
လန်ချောင်နဲ့ ပိုင်ကျီတို့ထက် ပိုသာနေတယ်။  သူတို့က အိမ်တော်ရဲ့ ကိစ္စတွေ
ဆွေးနွေးနေတုန်းမှာ သူမက တခြားအိမ်ကိစ္စတွေ ပြောနေသလိုပဲ။ 
ကျန်းယွမ်ရယ်လိုက်တော့ လုကျူးက သူ့ကိုယ်သူထိန်းလိုက်ပြီး
မျက်နှာနီရဲသွားတယ်။ 
“ဒီအစေခံက ပြောသင့်တာထက် ပိုပြောနေမိပါတယ်။  သခင်မလေးရဲ့
အပြစ်ပေးမှုကို တောင်းဆိုပါတယ်”
“နင်ပြောတာလည်း အမှန်တွေပါပဲ”
ကျန်းယွမ်က ပြောလိုက်တယ်။  လုကျူးက ကျန်းအိမ်တော်ရဲ့
တစ်စိတ်တစ်ပိုင်း မဟုတ်ပေမဲ့ သူမအတွက်တော့ ကောင်းတဲ့ အရာဖြစ်တယ်။ 
ပြီးတော့ ကျန်းယွမ်လုပ်ဖို့ စီစဉ်ထားတာက ကျန်းအိမ်တော်ရဲ့ ရပ်တည်ချက်နဲ့
ပတ်သက်ပြီး ကွဲပြားနေတယ်။  လန်ချောင်နဲ့ ပိုင်ကျီတို့အတွက် အဲဒါက ဒီလို
လုပ်ရပ်တွေကို လက်ခံဖို့ ခက်ခဲလိမ့်မယ်။  ဒါ့ကြောင့် ဒီလိုကိစ္စအချို့မှာ သူမက
လုကျူးကို ပဲ ခိုင်းနိုင်တယ်။ 
သူတို့ လျှောက်လာတာနဲ့ အချို့လူတွေက သူတို့ရဲ့ လမ်းအတိုင်း
လျှောက်လာကြတယ်။  အေးအေးဆေးဆေးနဲ့ အဲ့ နွဲ့လျတဲ့ခါးလေးနဲ့
ချစ်စဖွယ် ယိမ်းနွဲ့ပြီး သူတို့ဆီကို လျှောက်လာတယ်။  အဲ့လူက သူတို့ အရင်
မရောက်ပေမဲ့ သူတို့ရဲ့ နှာသီးဖျားမှာ မွှေးကြိုင်တဲ့ ရနံ့က
အရင်ရောက်လာတယ်။  အဲ့လူက လေထဲမှာ လှုပ်ရမ်းနေတဲ့ သစ်ခွပန်းလိုပဲ သံလွင်ရောင်ဖျော့ဖျော့ ဂါဝန်နဲ့ ချည်အင်္ကျီလေးကို ဝတ်ဆင်ထားတယ်။ 
အဲ့လူက ငါးယောက်မြောက် ကိုယ်လုပ်တော် ဟုန်ရင်းပဲ။ 
ကျန်းယွမ်ကို မြင်တာနဲ့ ဟုန်ရင်းက အရိုအသေပေးပြီး
နှုတ်ဆက်လိုက်တယ်။
“အကြီးဆုံးသခင်မလေး”
ကျန်းယွမ် ပေါ့ပါးစွာပြုံးလိုက်ပြီး
“ငါးယောက်မြောက်ကိုယ်လုပ်တော်က ပိုပိုပြီး လှလာတယ်နော်”
ဟုန်ရင်းရဲ့ ဆွဲဆောင်မှုရှိတဲ့ မျက်နှာလေးက နီမြန်းသွားပြီး
“အကြီးဆုံးသခင်မလေးက တကယ်စတတ်တာပဲ။  ကျွန်မက ဒီလို
မချီးမွှမ်းထိုက်ပါဘူး”
ကျန်းယွမ်ရဲ့ အပြုံးက ပိုပြီး ဖော်ရွေလာတယ်။  ဟုန်ရင်းက
ပြောတတ်ဆိုတတ်တဲ့ သူဖြစ်တယ်။  ပြီးတော့ သူမ မျှော်လင့်ထားတာနဲ့
ဆန့်ကျင်ဘက်ပဲ တော်တော်လေးကို ပြောတတ်ဆိုတတ်တယ်။  အနည်းဆုံးတော့
သူမက သူမရဲ့ ကောင်းတဲ့ စိတ်ထားကို မဆန့်ကျင်လောက်ဘူး။  သူမက
ဟုန်ရင်းနားကို ကပ်ပြီး ပြောလိုက်တယ်။
“ဒါပေမဲ့ ကျွန်မရဲ့ စကားတွေက တကယ်အမှန်တွေပါ။ 
ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ ပြေပြစ်တဲ့ အမူအရာတွေနဲ့ အဖေက
ရှင့်အပေါ် အရမ်း သဘောကျတာ မဆန်းပါဘူး”
ပြီးတော့ သူမရဲ့ အသံကို တိုးလိုက်တယ်။
“အခု ကျွန်မက ကျန်းအိမ်တော်ကို ပြန်ရောက်လာပြီဆိုတော့ အိမ်တော်ရဲ့
ကိစ္စတွေက ကျွန်မနဲ့ ဆိုင်လာပြီလေ။  ငါးယောက်မြောက်ကိုယ်လုပ်တော်ကို
ကြည့်ရင်း ကျွန်မတို့ကြားမှာ ဆက်နွယ်မှုရှိတယ်လို့ ခံစားရတယ်။  ဒီရက်တွေမှာ
ကျွန်မ ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ သွန်သင်ဆုံးမမှုကို
တောင်းဆိုပါတယ်။  တကယ်လို့ တစ်နေ့နေ့ကျ ကျွန်မ ပြုမူတာ မှားပြီး အဖေက
ကျွန်မကို စိတ်ဆိုးရင် ငါးယောက်မြောက်ကိုယ်လုပ်တော်က ကျွန်မကို ကူပြီး
စကားနည်းနည်းပြောပေးပါစေ လို့ ကျွန်မ မျှော်လင့်ပါတယ်”သူမ ဒါကို ပြောရင်း ငါးယောက်မြောက်ကိုယ်လုပ်တော်ကို
မတုန်မလှုပ်စိုက်ကြည့်နေတယ်။
ဒါက တစ်ခုခုကို အကြံပေးနေသလို လေသံနဲ့ ပြောနေတယ်ဆိုတာ
ထင်ရှားတယ်။  ခဏကြာတော့ ဟုန်ရင်းက ခဏ လန့်သွားပြီး
ခေါင်းမော့လိုက်တယ်။  ပြီးတော့ သူမက ကျန်းယွမ်ရဲ့ အပြုံးတွေ ပြည့်နေတဲ့
အကြည့်ကို တွေ့လိုက်ရတယ်။  ဟုန်ရင်းက သူမရဲ့ အကြည့်က မြူတွေနဲ့ ဖုံးနေတယ်လို့
ခံစားလိုက်ရတယ်။  အဲဒါက ‌အောက်ခြေမရှိတဲ့ ရေကန်လို ကြည်လင်ပြီူ
သန့်ရှင်းတယ်လို့ တင်စားနိုင်တယ်။  မမျှော်လင့်ထားတာက အဲဒါက သူမရဲ့
နှလုံးသားကို မသေချာတဲ့ ခံစားချက်ကို ရစေတယ်။  သူမရဲ့ နှလုံးသားရဲ့
အနက်ဆုံးနေရာမှာ နက်နဲတဲ့ အလှည့်အပြောင်းကို ခဏလောက် မျှော်လင့်ရင်း
သူမရဲ့ မျက်နှာပေါ်မှာ ကြောက်ရွံ့တဲ့ ခံစားချက်ပေါ်ပေါက်လာတယ်။ 
“အကြီးဆုံးသခင်မလေးက ဘာကို ဆိုလိုချင်တာလဲ။  ကျွန်မက
အကြီးဆုံးသခင်မလေးကို ကူညီနိုင်ရင် သေချာပေါက် အားထုတ်ပြီး
ကူညီပါ့မယ်”
ကျန်းယွမ် ပေါ့ပါးစွာ ပြုံးလိုက်တယ်။
“ဒီတော့ ကျွန်မက ငါးယောက်မြောက်ကိုယ်လုပ်တော်ကို ကြိုပြီး
ကျေးဇူးတင်ထားရမယ်။  ကျွန်မပြောနိုင်တာက ဒီအိမ်တော်မှာ ကျွန်မ
အားကိုးနိုင်တာ ငါးယောက်မြောက် ကိုယ်လုပ်တော်ပဲ။ 
ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ အသွင်အပြင်၊ ကျက်သရေနဲ့
ကိုယ်နေဟန်ထားက ပထမမိန်းမ ကျန်းအိမ်တော်ရဲ့ သခင်မတောင်
မယှဉ်နိုင်ပါဘူး”
သူမ ဒါကို ကြားလိုက်ရ‌တော့ သူမရဲ့နှသားသားထဲမှာ ဟုန်ရင်းက
မအံ့ဩဘဲ မနေနိုင်ခဲ့ဘူး။  ပြီးတော့ ကျန်းယွမ်ကို ပြုံးပြရင်း
“အကြီးဆုံး သခင်မလေး ကျွန်မကို မလှောင်ပါနဲ့။  သခင်မက
ရွှေရောင်သစ်ကိုင်းပေါ်က ကျောက်စိမ်းသစ်ရွက်တွေနဲ့ တူပြီး သန့်ရှင်းတဲ့ သွေးနဲ့
ပြိုင်ဘက်ကင်းအောင်လှပပါတယ်။  ဒီကိုယ်လုပ်တော်ကတော့ မိသားစု
အသိုင်းအဝိုင်းက နိမ့်ကျပါတယ်။  တကယ်ဆိုရင် ကျွန်မတို့က မိုးနဲ့
မြေလိုကွာခြားပါတယ်။  ဒီကွာခြားချက်က ဒီထက်ပိုပြီး
မကြီးနိုင်တော့ပါဘူး”
“ကံကြမ္မာက နိမ့်လိုက်မြင့်လိုက်နဲ့ပဲလေ။  ဒီလိုပဲ အချိန်ကလည်း
ကုန်ဆုံးနေတယ်။  ချိန်သီးကလည်း ရှေ့နောက် ရွေ့လျားနေတယ်။  ဒါကို
အရင်က ကိုယ်လုပ်တော်ကြားဖူးမယ်လို့ ကျွန်မထင်တယ်”
ကျန်းယွမ်က ပြောလိုက်တယ်။ 
“ဘယ်သူက အနာဂတ်က ကိစ္စတွေကို ခန့်မှန်းနိုင်မှာလဲ။  ဒီတော့
ငါးယောက်မြောက်ကိုယ်လုပ်တော်က ဘာလို့ အရမ်း ကိုယ့်ကိုယ်ကိုယ်
နှိမ့်ချနေတာလဲ။  အဲ့ဒီ သန့်စင်တဲ့ သွေးတွေ၊ နိမ့်ကျတဲ့
မိသားစုနောက်ခံတွေရှိတာက အနာဂတ်မှာ
ကောင်းတာတွေဖြစ်လာဖို့အတွက် လိုမှမလိုတာ”
ဟုန်ရင်းက ခဏ ကြက်သေသေသွားပြီးတော့ ခေါင်းငုံ့လိုက်တယ်။ 
ပြီးတော့ သူမက ပြောလိုက်တယ်။
“နောက်သုံးရက်နေရင် မီးပုံးပွဲတော်ကျင်းပတော့မှာ
အကြီးဆုံးသခင်မလေးက ကျန်းသခင်မကြီးဆီ သွားပြီပြီလား”
သူမအတွက် ဒီလိုကိစ္စတွေကို ရုတ်တရက် သူမနဲ့ ပြောရတာက အနောက်ကနေ
ဘာမှမပြောဘဲ လိုက်လာတဲ့ လုကျူးတောင် ကျန်းယွမ် ရုတ်တရက်
ပြောလိုက်တာကြောင့် လန့်သွားတယ်။
“အင်း ဟုတ်တယ်။  ကျွန်မတို့ ညီအစ်မတွေနဲ့ သွားပြီးပြီ”
“အကြီးဆုံး သခင်မလေးက ရိုးသားပြီး ပွင့်လင်းတာပဲ။ 
အချို့ကိစ္စတွေမှာ သတိထားသင့်တယ်။  အခုနောက်ပိုင်း သခင်မနဲ့
ဒုတိယသခင်မလေးက ထူးဆန်းနေတယ်။  အကြီးဆုံး သခင်မလေး ဂရုစိုက်ပါ”
ဒီစကားတွေကို ပြောပြီးတာနဲ့ ဟုန်ရင်းက ကျန်းယွမ်ရဲ့
မျက်နှာထားကို တောင် မကြည့်တော့ဘဲ အမြန်ထွက်သွားခဲ့တယ်။  သူမရဲ့
အစေခံ လုကျူးက သူမနောက်ကနေ လေးလေးနက်နက် ကြည့်နေရင်း
“သခင်မလေး ငါးယောက်မြောက်ကိုယ်လုပ်တော်ရဲ့ စကားတွေထဲမှာ
အဓိပ္ပာယ်တစ်ခုခု ဖွက်ထားပုံပဲ”
“သူက ထက်မြက်တဲ့ သူတစ်ယောက်ပဲ”
ကျန်းယွမ်က ဆက်ပြောလိုက်တယ်။
“သူသာ ဒီကိစ္စကို ငါ့ရဲ့ အရင်ဘဝမှာ လာပြောခဲ့ရင်
ဘယ်လောက်ကောင်းခဲ့မလဲ”
သူမ တိုးတိုးလေးပြောခဲ့တဲ့ နောက်ဆုံးစကားကို လုကျူးက သေချာ
မကြားလိုက်ဘူး။
“ဘာပြောလိုက်တာလဲ သခင်မလေး”
ကျန်းယွမ်က တစ်ခစ်ခစ်ရယ်လိုက်ရင်း
“ဘာမှမဟုတ်ပါဘူး ပြန်ကြစို့”
သူတို့ ယွမ်ကျူးကို ပြန်ရောက်တာနဲ့ ရှယန်ပြောသလိုပဲ အစေခံ
အသစ်တချို့က ခြံထဲမှာ ရောက်နေပြီဖြစ်တယ်။  ကျန်းယွမ် ပြန်လာတာကို
မြင်တော့သူတို့က ညီညီညာညာနဲ့ သူမကို အရိုအသေပေးကြတယ်။
ပိုင်ကျီနဲ့ လန်ချောင်တို့က ပထမတန်းစားအစေခံတွေ ဖြစ်ပြီး သူမကို
အလုပ်အကျွေးပြုနေချိန်မှာ လုကျူးက ဒုတိယတန်းစား အစေခံမလေး
ဖြစ်နေတုန်းပဲ။  ကျန်းအိမ်တော်မှာ အမျိုးသမီးငယ်လေးတိုင်းက
ပထမတန်းစား အစေခံမလေးနှစ်ယောက်၊ ဒုတိယတန်းစား အစေခံမလေး
လေးယောက်၊ တတိယတန်းစား အစေခံမလေး ခြောက်ယောက် ရှိတယ်။ 
ရန်ဟွားယွမ် ကနေ အစေခံမလေး လေးယောက်ပို့လိုက်ပြီး ကျန်းယွမ်ကို
ကိုယ်တိုင်ရွေးဖို့တောင် ပြီးခဲ့တဲ့ရက်က ဖျောင်းဖျလိုက်သေးတယ်။
အစေခံမလေး လေးယောက်က ညီညီညာညာ တန်းစီပြီး
သူတို့အကုန်လုံးက ကြည့်ကောင်းကြတယ်။  ဒါပေမဲ့ ကျန်းယွမ် ခြံထဲကို
ဝင်လာတာနဲ့ သူမက သူတို့ကို တစ်ချက်တောင် လှည့်မကြည့်ဘဲ ထိုင်ခုံပေါ်ကို
တန်းသွားလိုက်ပြီး စာအုပ်ကို လှန်လိုက်တယ်။
လန်ချောင်နဲ့ ပိုင်ကျီတို့က ဘာမှမပြောဘဲ ကျန်းယွမ်ဘေးမှာ တိတ်တိတ်လေးရပ်နေကြတယ်။  ပြီးတော့ သူတို့က သူမကို
လက်ဖက်ရည်ငှဲ့ပေးကြတယ်။  သူတို့က ခြံထဲက အစေခံမလေးတွေကို
တကယ်မေ့နေပုံပဲ။
ဒီတိုင်းပဲ နောက်ထပ် နှစ်နာရီ ကုန်သွားတယ်။  နောက်ဆုံးမှာ
တစ်ယောက်ယောက်က သည်းမခံနိုင်တော့ဘဲ တော့ ရှေ့ကို
လျှောက်လာပြီးတော့ ညင်သာစွာ ပြောလိုက်တယ်။
“ကျွန်မတို့ အစေခံတွေက အကြီးဆုံးသခင်မလေးကို နှုတ်ဆက်ပါတယ်”
အဲ့ကျမှာ ကျန်းယွမ်က ခေါင်းမော့လိုက်ပြီး သောင်းကျန်းတော့မယ့်
ပုံပေါ်နေပြီးတော့ သူမက အဲ့ဒီအစေခံမလေးတွေဆီကို တစ်ချက်ကြည့်လိုက်တယ်။ 
ဒါပေမဲ့ အဲ့ဆွဲဆောင်မှုရှိတဲ့ မျက်ဝန်းတွေက ရှေ့က အစေခံမလေးတွေကို
ကြည့်လိုက်တာနဲ့ စိတ်အားထက်သန်တဲ့ပုံပေါ်နေပြီး တောက်ပနေတယ်။ 
အဲ့အစေခံမလေးက ပန်းပွင့်မျက်နှာထားနဲ့ လနဲ့တူတဲ့ မျက်နှာရှိတယ်။ 
သူမက လှပပြီး စာတတ်တဲ့ ပုံပေါ်တယ်။  ဒါက သူမကို ပိုပြီး ကြည့်ကောင်း 
ပြီးတော့ သူမက သူမရဲ့ ခေါင်းကို ငုံ့လိုက်ပြီး နှိမ့်ချတဲ့ ပုံနဲ့ နေနေတယ်။
“နင့်နာမည် ဘယ်သူလဲ”
ကျန်းယွမ်က ပေါ့ပါးစွာ ပြုံးလိုက်တယ်”
“ကျွန်မနာမည် ရှုရှန်းပါ”
အစေခံမလေးက ပြန်ပြောလိုက်တယ်။
ရှုရှန်း ကျန်းယွမ်က လက်ဖက်ရည် တစ်ခွက်သောက်လိုက်တယ်။ 
ဒီအစေခံမလေးက သူမအရင် ဘဝတုန်းက နန်းတွင်းထဲကို အတူလိုက်ခဲ့တဲ့သူပဲ။ 
သူမရဲ့ အသင့်အတင့် နဲ့ ရိုသေတဲ့ အသွင်အပြင်ကြောင့် သူမက ကောင်းတဲ့၊
ရိုးသားတဲ့၊ ဖော်ရွေတဲ့ပုံပေါ်တယ်။  အဲ့အချိန်တုန်းက အဲဒါက သူမရဲ့
စာဖတ်တတ်တဲ့ အရည်အချင်းကြောင့် ကျန်းယွမ်က သူမကို ခေါ်သွားပြီး
သူမဘေးမှာ ထားထားတာ ဖြစ်တယ်။  ဒါပေမဲ့ အဲ့နေ့တုန်းက သူမ
လူသားသစ်တုံး မဖြစ်ခင် သူမရဲ့ နောက်ဆုံး သဘောထားက 
အကျဉ်းထောင်ထဲမှာ ကျန်းစုစုက သူမဆီလာတဲ့ အချိန်တုန်းမှာ သူမက
ဘေးမှာရပ်နေပြီး ရှုရှန်းက သူမရဲ့ ကိုယ်ပိုင် အစေခံဖြစ်နေတယ်။
အခု သူမက နောက်တစ်ခေါက် သူမရဲ့ ဘေးကို ပြန်ရောက်လာပြီ။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now