အခန်း-၃၀ ကျန်းစုစု
နောက်တစ်နေ့ နံနက်ခင်းမှာ နေက မြင့်တက်လာပြီး
ဘုရားကျောင်းခြံဝန်းအပြင်မှာ ဆူညံသံတွေက ဖုံးလွှမ်းနေတယ်။
ဘုရားကျောင်း တစ်ခုလုံး ပျာယာခတ်နေပြီး လီမိရဲ့ စိုးရိမ်စွာ ခေါ်နေတဲ့အသံကို
ကြားနိုင်တယ်။
“မိန်းကလေးကျန်း မိန်းကလေးကျန်း”
ကျန်းယွမ် အိပ်ရာပေါ်ကနေ ထလိုက်တယ်။ သူမ အလျင်အမြန် အဝတ်အစားလဲလိုက်ပြီး
ပိုင်ကျီကို အပြင်က အခြေအနေကို ကြည့်ဖို့ အမိန့်ပေးလိုက်တယ်။ သူမ
အင်္ကျီဝတ်ပြီးတော့ တံခါးကို တွန်းဖွင့်လိုက်တယ်။
ပြီးတော့ သွေးညှီနံ့က အထဲကို ပြန့်လာတယ်။
လီမိက ကျန်းယွမ် ဘာမှမဖြစ်တာကိုတွေ့မှ အသက်ပြင်းပြင်း ရှူလိုက်တယ်။
သူမကို မေးခွန်းထုတ်တဲ့ သူအသံက ပူပန်မှုတွေ ပြည့်နေတယ်။
“မိန်းကလေး မင်းအဆင်ပြေရဲ့လား”
ကျန်းယွမ်သူ့ကို မသင်္ကာတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
“ဘာတွေဖြစ်နေလို့ လူကြီးမင်းက ဒီလိုမေးခွန်းမျိုး မေးရတာလဲ”
သူမပြောပြီးတာနဲ့ သူမ လီမိရဲ့ နောက်ကို ဘာတွေဖြစ်နေလဲဆိုတာ
သိရအောင် တစ်ချက်ကြည့်လိုက်တယ်။ ထိန့်လန့်တကြားနဲ့ သူမ ခေါင်းကို
လှည့်လိုက်ပြီး ကြောက်လန့်တကြားပြောလိုက်တယ်။
“ဒါ…”
အလောင်းတွေ အများကြီး နှင်းတွေ ဖုံးနေတဲ့ မြေပြင်ပေါ်မှာ
ပုံနေတယ်။ ရှိုးရာကွင်းပြင်မှာ အစုလိုက်အပြုံလိုက်
သတ်ထားသလို သွေးက နေရာအနှံ့ ပျံ့နှံ့နေတယ်။ ပိုင်ကျီနဲ့ အခြား
သူတွေက ကျန်းယွမ်ရဲ့ ကျက်သရေရှိတဲ့ အမြင်ကို ကာဖို့ သူမအရှေ့မှာ ပိတ်ရပ်နေတယ်။
လီမိက ခေါင်းယမ်းပြီး ပြောလိုက်တယ်။
“မနေ့ညက သူခိုးတစ်အုပ် ရောက်လာပြီး ဒီနေ့မနက်ကျ
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...