Unicode
မုန်းမာန်ဖွဲ့ရန်ငြှိုး
Part 117
အခန်း -၉၇ အပိုင်း(၁)
အဝေးကနေ ကြည်ရင် အနီရဲရဲနံရံတွေနဲ့ အမိုးကြွေပြားအလွှာတွေက အထည်အလိပ်တွေလိုပဲ။ ခမ်းနားထည်ဝါတဲ့ နန်းတော်ရဲ့ အပြင်ပိုင်းက ပြိုးပြိုးပြက်ပြက်နဲ့ ခမ်းနားထည်ဝါတဲ့ အသွင်အပြင်ရှိတယ်။ ဒါပေမဲ့ လူသေအရိုးဘယ်နှစ်ခုလောက် အဲ့အတွင်းမှာ မြှုပ်နှံထားလဲဆိုတာ ဘယ်သူမှ မသိကြဘူး။
စီမန်နန်းတော်က အင်ပါယာနန်းတော်ရဲ့ အရှေ့တောင်ထောင့်မှာ ရှိတယ်။ အဲ့ပတ်ဝန်းကျင်က တစ်သီးတစ်ခြားနဲ့ အေးချမ်းပြီးတော့ အဲ့တစ်လျှောက်က ဝေးလံတဲ့ သစ်ပင်ပန်းပင် ဉယျာဉ်တစ်ခုဖြစ်တယ်။ ဒီပျိုနီပင်တွေကို လောင်ယန်းက ဧကရာဇ်ရဲ့ အမိန့်ကြောင့် အထူးရှာဖွေထားရတာ ဖြစ်တယ်။ ကျွမ်းကျင်တဲ့ ရှုခင်းသမားတွေကို ဒီပျိုနီပင်တွေကို အသေးစိတ်လိုက်ပြီး နေရာပြောင်းစိုက်ပြီး၊ ဂရုစိုက်ဖို့နဲ့ စောင့်ရှောက်ဖို့ ခန့်အပ်ထားတာဖြစ်တယ်။ ပျိုနီပင်တွေရဲ့ ရာသီရောက်တိုင်း ပန်းတွေက ပွင့်လာပြီးတော့ ဉယျာဉ်က လှပတဲ့ ခရမ်းရောင်နဲ့ တောက်ပတဲ့ အနီရောင် ပန်းပွင့်တွေနဲ့ ပြည့်နေပြီးတော့ ကြည့်ရတာ အရမ်းခမ်းနားတဲ့ မြင်ကွင်းဖြစ်ပေါ်စေတယ်။
ဒီနန်းတော်က တော်ဝင်ကြင်ရာတော် လေးယောက်ထဲက တစ်ယောက်ရဲ့ အိမ်တော်ပဲ။ သူမက လက်ရှိမှာ ဧကရာဇ် သဘောအကျဆုံး တစ်ယောက်ဖြစ်နေတဲ့ တော်ဝင်ကြင်ရာတော်ချန် မင်းသားရှစ်ရဲ့ အမေအရင်းပဲ။
အစကတည်းက ဧကရာဇ်က နန်းတက်တာနဲ့ သူ့ရဲ့ အခြေခံနဲ့ အင်အားက မတည်ငြိမ်ဘူး။ အဲ့အချိန်မှာ တော်ဝင်ကြင်ရာတော်ချန်ရဲ့ အဖေက စစ်တပ်အင်အားကို ပိုင်ဆိုင်ပြီးတော့ သူက ဧကရာဇ်ကို သူ့ရဲ့ အထောက်အပံ့ပေးတဲ့ အနေနဲ့ သူမကို တောင်ဝင်ကိုယ်လုပ်တော်အဖြစ်နဲ့ ဆက်သခဲ့တယ်။ ဧကရာဇ်အတွက် ထီးနန်းကို စိတ်ချရပြီး တည်ငြိမ်မှုရှိဖို့က အရေးကြီးဆုံးဖြစ်ခဲ့တယ်။ ဒါ့ကြောင့် ချန်မိသားစုနဲ့ ဧကရာဇ်ကြားမှာ ကျေးဇူးတရားက အတိုင်းအတာတစ်ခု ထိရှိတယ်။ ဒါ့အပြင် တော်ဝင်ကြင်ရာတော်ချန်က သိမ်မွေ့တယ်၊ ထိန်းချုပ်နိုင်ပြီးတော့ ယဉ်ကျေးသိမ်မွေ့တဲ့ ပင်ကို စရိုက်ရှိတယ်။ သူမက လှပပြီး သူမရဲ့ အရည်အချင်းကြောင့် လူသိများတယ်။ သူမက သဘောထားမသေးသိမ်ဘဲ သဝန်လည်း မတိုတတ်ဘူး။ ပြီးတော့ ဒီပူပင်ကြောင့်ကြမဲ့ပြီး ခပ်တန်းတန်းနေတဲ့ သဘောထားနဲ့ ဧကရာ်အပေါ်ကို သာမာန်ဆက်ဆံလို့ ဧကရာဇ်ရဲ့ အချစ်ဆုံးနဲ့ ရည်ရွယ်ချက်ရှိရှိ မြတ်နိုးပြီး ကာကွယ်ခံထားရတာဖြစ်တယ်။ နောက်ပိုင်း တော်ဝင်ကြင်ရာတော်ချန်က မင်းသားရှစ်ကို မွေးဖွားခဲ့တော့ မင်းသားတစ်ယောက်ရဲ့ အမေအဖြစ် သူမရဲ့အဆင့်အတန်းက တော်ဝင်ကြင်ရာတော် လေးယောက်ထဲမှာ အရေးပါတဲ့ တော်ဝင်ကြင်ရာတော်နေရာအဖြစ် တွန်းပို့ခံခဲ့ရတယ်။
ဧကရီက အိမ်ရှေ့စံကို မွေးဖွားခဲ့တဲ့ အချိန်မှာ တော်ဝင်ကြင်ရာတော်ရှန်းက မင်းသားလေးကို မွေးဖွားခဲ့ပြီး တောင်ဝင်ကြင်ရာတော်ဒီက မင်းသားငါးကို မွေးဖွားခဲ့ပြီး တော်ဝင်ကြင်ရာတော်ရှုက မင်းသမီး ဟဲရီကို မွေးဖွားခဲ့တယ်။
မင်းသားရှစ်ရွှမ်းလီက ထက်မြက်ပြီး ရည်မွန်တယ်ဆိုတာကို အရာရှိအသိုင်းအဝိုင်းက သတိထားမိပြီးတော့၊ မင်းသားငါး ရွှမ်းဟွာက ဂုဏ်သရေရှိတယ်၊ ရဲရင့်ပြီး ဇွဲကြီးပေမဲ့ မင်းသားလေး ရွှမ်းလန်ကတော့ အရည်အချင်း အသင့်အတင့်ပဲ ရှိတယ်။ မင်းသမီးဟဲရီ အတွက်ကတော့ သူမက ချစ်ဖို့ကောင်းတယ်၊ ဆွဲဆောင်မှုရှိပြီးတော့ လှပတယ်။ အိမ်ရှေ့စံက သာမာန်မျှပဲ၊ နယ်ပယ်တိုင်းမှာ ချို့တဲ့ပြီး ကျွမ်းကျင်မှုလည်း အများကြီး မရှိခဲ့ဘူး။ မင်းသားလေး ရွှမ်းလန်ရဲ့ အကျင့်က အရမ်းဖော်ရွေပြီးတော့ ဘာရည်မှန်းချက် ဒါမှမဟုတ် ဘာအကြံအစည်မှ မရှိဘူး။ ဒါ့ကြောင့် နန်းတွင်းထဲမှာ သူတို့ရဲ့ သဘောထားတွေက ရွှမ်းလီနဲ့ ရွှမ်းဟွာတို့ကြားမှာ ရေပန်းစားနေတယ်။ ဒါပေမဲ့ ဧကရာဇ်က တော်ဝင်ကြင်ရာတော်ချန်ကို သဘောကျတော့ ရွှမ်းဟွာမှာ များပြားတဲ့ အင်အားနဲ့ အာဏာ ရှိနေရင်တောင် သူ့ရဲ့ မွေးမိခင် တော်ဝင်ကြင်ရာတော်ဒီက ထင်ထားသလောက် သဘောကျမခံရဘူး။
တကယ်လို့ ရုံးတော်တွေက ဆူပူမှုတွေနဲ့ လှိုင်းထန်မှုတွေနဲ့ ဒုက္ခရောက်နေရင်တောင် စီမန်နန်းတော်က အမြဲတမ်း နွေးထွေးပြီးတော့ ကြိုဆိုနေတဲ့နေရာဖြစ်တယ်။ ရုံးတော်တွေရဲ့ ပြင်းထန်တဲ့ အကြံအစည်တွေ၊ ရန်ပွဲတွေနဲ့ အာဏာပြိုင်ဆိုင်မှု၊ သေးငယ်တဲ့ မနာလိုမှုတွေနဲ့ စကားများမှုတွေကနေ ဝေးကွာတဲ့အေးချမ်းတဲ့ နေရာတစ်ခုနဲ့ တူတယ်။ စီမန်နန်းတော်ထဲမှာ အားလပ်ချိန် အများအပြားသာ ရှိပြီးတော့ အုံ့မှိုင်းနေတဲ့ မိုးရဲ့ အချစ်ဇာတ်လမ်းကို ဆင်ခြင်အောက်မေ့ပြီး အေးချမ်းချိုမြိန်တဲ့ အိပ်မက်တို့ ခိုလှုံရာတစ်ခုလိုပဲ။
အဆောက်အဦးထဲမှာ အဖြူရောင် ကျောက်စိမ်းကြမ်းခင်းပေါ်မှာ ထူထဲတဲ့ ပါရှန်သိုးမွှေး ကော်ဇောတွေကို အဖြူရောင် ခေါင်းအုံးတွေနဲ့ နူးညံ့ပျော့ပျောင်းတဲ့ ပိုးသားတုံးတွေ ခင်းထားတယ်။ အဲဒါကို ကြည့်ရတာ ကောင်းကင်ရတနာတွေထဲက ကျက်သရေနဲ့ တောက်ပမှုတွေ အကုန်လုံးကို ကြည့်နေရသလိုပဲ။ သိမ်မွေ့ပြီး လှပတဲ့ အစေခံမလေးလေးယောက်က ပါးလွှာတဲ့ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းငုံ့ပြီး ငြိမ်သက်စွာ ရပ်နေကြတယ်။ လေပြေလေးက လိုက်ကာထောင့်ကို မပြီးတော့ ဝင်ရောက်လာပြီးတော့ ကောင်းကင်ဘုံ ကိုးထက်ရဲ့ နန်းတော်ကနေ ဆင်းသက်လာတဲ့ နတ်မိမယ်လေးကို ငေးနေသလိုပဲ။
ထိုင်နေတဲ့သူက အမျိုးသမီးတစ်ဦး ဖြစ်ပြီးတော့ တရုတ်ကြိုးထုံးကို စိတ်ဝင်တစား ကြိုးစားလုပ်နေသလိုပဲ။ သူမရဲ့ နုနုလှလှလက်လေးတွေက လက်သည်းအရောင်တင်ထားတဲ့ အရိပ်အမြွတ်ရှိပေမဲ့ သူမရဲ့ လက်သည်းတွေက ပန်းရောင်သန်းနေပြီးတော့ အဲ့အချိန်မှာ အဲ့လက်လေးတွေက ကျွမ်းကျွမ်းကျင်ကျင်နဲ့ မြန်မြန်ဆန်ဆန် ရက်လုပ်နေတယ်။ သူမက နန်းတွင်းထဲက တခြားအမျိုးသမီးတွေနဲ့ အရမ်းကွာခြားတယ်။ ပုံသဏ္ဌာန်အားဖြင့် သူမက မာနကြီးမှုနဲ့ သူမကိုယ်သူမ ဘယ်တုန်းကမှ မပြုမူဖူးဘူး။ သူမ ပိုးချည်မျှင်ကို ကိုက်ချလိုက်ပြီး ဖြူဖွေးပြီး ဆွဲဆောင်မှုရှိတဲ့ မျက်နှာကို ပေါ်လွင်စေတယ်။ သူမရဲ့ မျက်မှာ အသွင်အပြင်တွေက သိမ်မွေ့ပြီး လှပတယ်။ ပိုင်စိုးပိုင်နင်းနဲ့ ဗိုလ်ကျတဲ့ မျက်နှာထားမရှိဘဲ အဲ့အစား ချမ်းမြေ့စေပြီးတော့ ရေလိုပဲ နူးညံ့သိမ်မွေ့တယ်။ သူမက နန်းတော်ရဲ့ အရမ်းလေးစားခံရတဲ့ တော်ဝင်ကြင်ရာတော် မဟုတ်ဘဲ ကျန်းနန်ရဲ့ စာပေမိသားစုက ရိုးရိုးသားသား၊ ယဉ်ကျေးဖော်ရွေပြီး၊ နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်တဲ့၊ ချစ်စရာကောင်းတဲ့ မိန်းမပျိုလေးတစ်ယောက်လိုပဲ။
တကယ်တော့ ကျန်းစုစုကလည်း တကယ်ပဲ အရမ်းလှပပေမဲ့ သူမရဲ့ ဆွဲဆောင်မှုက ဒီလိုအပြုအမူကို တမင်ရယူထားတဲ့ အရိပ်အရောင်နည်းနည်းပါနေတယ်။ ဒါက ဒီအမျိုးသမီးနဲ့ အရမ်းကွဲပြားတယ်။ သူမက ကောင်းကင်ဘုံကိုးထပ်ရဲ့ နန်းတော်ထဲကလို့ ထင်ရရင်တောင် သူမထဲမှာ နှိုင်းယှဉ်လို့မရတဲ့ နူးညံ့သိမ်မွေ့မှုနဲ့ ကျက်သရေ ရှိနေတယ်။ ရေက သူမရဲ့ အရိုးတိုင်းကို ရေနဲ့ ထုဆစ်ထားသလို သူမရဲ့ ကိုယ်နှုတ်အမူအရာတွေက တည်ငြိမ်ပြီး သိမ်မွေ့တယ်။
သူမရဲ့ နှုတ်ခမ်းဖျားက ပြုံးရိပ်တစ်ခု သယ်ဆောင်ထားပြီးတော့ တစ်ယောက်ယောက်က ဖြတ်သွားပြီးတော့ ဒီမြင်ကွင်းကို မြင်ခဲ့ရင် သူတို့က ဒီဝန်းကျင်က ဒီနန်းတော်ရဲ့ နာမည်နဲ့ လိုက်တယ်လို့ သေချာပေါက် ကောက်ချက်ချကြမှာဖြစ်တယ်။
ချထားတဲ့ ခန်းဆီးက ရုတ်တရက် တစ်ယောက်ယောက် မတာခံလိုက်ရပြီးတော့ မျက်နှာပေါ်မှာ အပြုံးနဲ့ လူတစ်ယောက်ဝင်လာတယ်။
“မယ်တော်”
တော်ဝင်ကြင်ရာတော်ချန်က သူမလက်ထဲက တရုတ်ကြိုးထုံးကို ချပြီးတော့ ဝင်လာတဲ့သူကို ကြည့်လိုက်တယ်။
“ရောက်လာတာကို ဘာလို့ တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ အကြောင်းမကြားခိုင်းတာလဲ။”
ကမ္ဘာကြီးရဲ့ ဖရိုဖရဲနဲ့ ရှုပ်ထွေးတဲ့ ကိစ္စတွေက သူမရဲ့ လက်ထဲကို ရောက်သွားရင် သူတို့က များပြားပြီး တင်းကျပ်စွာ ချည်နှောင်ထားတဲ့ ပိုးချည်မျှင်တွေ ဖြစ်လာမှာဖြစ်တယ်။ ပြီးတော့ သူတို့က လွယ်လွယ်ကူကူနဲ့ ပြေပြစ်ပြီး တောက်ပလှပတဲ့ အနုစိတ်တရုတ်ကြိုးထုံးလေးတွေ အဖြစ် ပြောင်းလဲသွားမှာဖြစ်တယ်။
ရွှမ်းလီက သူ့ရှေ့က အမျိုးသမီးကို ကြည့်လိုက်တော့ စောစောက သူ့ရင်ထဲက ဝရုန်းသုန်းကားဖြစ်နေတာတွေက တဖြည်းဖြည်းနဲ့ ငြိမ်သက်သွားတယ်။ တကယ်ပဲ တော်ဝင်ကြင်ရာတော်ချန်က အရမ်းထူးခြားတဲ့ မှော်ရောင်ဝါ ရှိတာပဲ။
ရွှမ်းလီက မေးလိုက်တယ်။
“မယ်တော် မယ်တော် မဟာကောင်စီဝင်အိမ်တော်နဲ့ ပတ်သက်တဲ့ သတင်းကို သတိပြုမိမယ်ထင်တယ်။”
တောင်ဝင်ကြင်ရာတော်ချန်ရဲ့ မျက်နှာထားက သူမ မတုံ့ပြန်ခင် ခဏလောက် ရပ်သွားတယ်။
“မယ်တော် သတိပြုမိပါတယ်။”
တော်ဝင်နန်းတော်က ကြီးမားပေမဲ့ အရာရှိတွေ နေ့စဉ် ဝင်ထွက်သွားလာနေတာမို့လို့ တစ်ခုခုဖြစ်တာကို မသိချင်ရင်တောင် သူမဆီကို နည်းလမ်းအမျိုးမျိုးနဲ့ ရောက်လာကြသေးတယ်။ တော်ဝင်ကြင်ရာတော်ချန်က မဟာကောင်စီဝင်အိမ်တော်ရဲ့ အခြေအနေကို သတိထားမိချိန်မှာ သူမက ရွှမ်းလီကို စိတ်မပူခဲ့ဘူး။ သူက အခြေအနေနဲ့ ပတ်သက်ပြီး စိတ်ဓာတ်ကျမှာ မဟုတ်ဘူးဆိုတာ သိလို့ဖြစ်တယ်။
သူက ဆက်ပြောတယ်။
“ကျွန်တော် မယ်တော့်ကို ကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး အကူအညီတောင်းစရာ ရှိလို့ပါ။”
“ဘယ်လိုအကူအညီ မျိုးလဲ။”
တော်ဝင်ကြင်ရာတော်ချန်က ပြုံးလိုက်တယ်။
“မယ်တော့်ကို ကျွန်တော်နဲ့ ကျန်းမိသားစုရဲ့ အကြီးဆုံးသခင်မလေးကြားမှာ လက်ထပ်ခွင့်ပေးဖို့ ခမည်းတော်ကို သိမ်းသွင်းစေချင်တာပါ။”
ရွှမ်းလီက တောင်းဆိုလိုက်တယ်။
တောင်ဝင်ကြင်ရာတော်ချန်ရဲ ပုံမှန်သိမ်မွေ့ပြီး တိတ်ဆိတ်တဲ့ အမူအရာက သူ့စကားတွေကို ကြားလိုက်တဲ့ အချိန်မှာ ခဏလောက် ကြက်သေသေသွားတယ်။ မျက်မှောင်ကြုတ်လိုက်ပြီးတော့ သူမက ပြောလိုက်တယ်။
“ဘာ။”
“မဟာကောင်စီဝင်အိမ်တော်နဲ့ ပတ်သက်ပြီးတော့ ခမည်းတော်က ကျွန်တော့်ကို စပြီးတော့ သံသယရှိနေပြီ။”
ရွှမ်းလီက ရှင်းပြတယ်။
“ဒါပေမဲ့ ဒါက မယ်တော် ကျွန်တော့်ကို ကူညီနိုင်မယ့် ကိစ္စမဟုတ်ဘူး။”
တော်ဝင်ကြင်ရာတော်ချန်က လက်ရှိအတောအတွင်း နန်းတော်ထဲမှာ သဘောအကျခံရဆုံး ကြင်ရတော်ဖြစ်နေတာက ချန်လူကြီးမင်းကြောင့်ပဲ မဟုတ်ဘူး။ သူမက လိမ္မာပါးနပ်ပြီး သိမ်မွေ့ပြီးတော့ ယဉ်ကျေးသိမ်မွေ့တဲ့ ကိုယ်နှုတ်အမူအရာ ရှိတယ်။ သူမရဲ့ အရေးကြီးဆုံးအရည်အချင်းက တော်ဝင်ကြင်ရာတော် လေးယောက်ထဲမှာ သူမက အထက်မြက်ဆုံးဖြစ်တယ်။ သူမက အမြဲတမ်း သူမကိုယ်သူမ ကောင်းကောင်း ဂရုစိုက်ပြီးတော့ လောကီရေးရာတွေမှာ မပတ်သက်ဘူး။ သူမက သူမကိုယ်သူမ ရုံးတော်ထဲက ကိစ္စတွေကြောင့်နဲ့ မပတ်သက်သလို ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်ဘက်ကိုမှ ယိမ်းထိုးစေဖို့ မကြိုးစားဘူး။ ဘယ်အချိန်မဆို ဧကရာဇ်က စီမန်နန်းတော်ထဲကို လာဖို့ နှစ်သက်ပြီးတော့ လှပပြီး စွဲမက်ဖွယ်ကောင်းတဲ့ အိပ်မက်ကို အမြဲတမ်း မက်မောမိနေသလိုပဲ။ ဒါ့အပြင် ဧကရာဇ်ရဲ့ အာရုံကို တကယ်ပဲ ဖမ်းစားမိတာက သူမက အာဏာနဲ့ အာရုံစိုက်ခံရမှုအတွက် ပြိုင်တဲ့သူ တစ်ယောက် မဟုတ်တဲ့အတွက်ပဲ။ ဒါ့ကြောင့် တကယ်လို့ သူမက ရွှမ်းလီကိုယ်စား အလျှင်စလို ဝင်ပါလိုက်ရင် ဒါမှမဟုတ် အဲ့လို သဘောထားကို ထုတ်ဖော်လိုက်ရင်တောင် ဧကရာဇ်ရဲ့ သံသယက မြင့်တက်သွားမှာ သေချာတယ်။ ပြီးတော့ ဧကရာဇ်ကို သူနဲ့ ဝေးကွာစေမှာဖြစ်ပြီးတော့ သူ့ရဲ့ သဘောကျမှုကို ပြန်ရုပ်သိမ်းသွားနိုင်တယ်။
တော်ဝင်ကြင်ရာတော်ချန်က ဒီအချက်ကို ရှင်းရှင်းလင်းလင်း သိပြီးတော့ ရွှမ်းလီကလည်း နားလည်တယ်။ ဒီတိုင်းတော့ သူက တော်ဝင်ကြင်ရာတော်ချန်ကို သူ့ကိုယ်စား အလျှင်စလို ကြားဝင်ခိုင်းမှာ မဟုတ်ဘူး။ ဧကရာဇ်က သူ့အပေါ်မှာ စပြီး သံသယရှိနေတာကို သူသတိပြုမိနေပေမဲ့ တော်ဝင်ကြင်ရာတော်ချန်က ဧကရာဇ်ရဲ့ သဘောကျမှုကို ခံနေရသ၍ ဧကရာဇ်က သူ့ကို တကယ်စွန့်လွှတ်ပြီး ပစ်ထားမှာ မဟုတ်ဘူး။
“ကျန်းမိသားစုနဲ့ ရှမိသားစုတို့က ပါဝင်ပတ်သက်ခဲ့ပြီးတော့ မဟာကောင်စီဝင်အိမ်တော် ဖြစ်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရုံးတော်ထဲမှာ ရေပန်းစားနေတယ်။ ကျွန်တော့်ရဲ့ အာဏာကို ထိန်းထားဖို့ လိုပြီးတော့ ရှမိသားစုအပေါ်မှာ ထားတဲ့ ကျွန်တော်ရဲ့ ရပ်တည်ချက်ကို အပြင်ပန်းကနေ ပြသရမယ်။ တကယ်လို့ ကျွန်တော် အလျင်စလိုပြုမူလိုက်ရင် အဖေက ချက်ချင်းသံသယရှိမှာ ဖြစ်တယ်။ ဒါပေမဲ့ အကြီးဆုံးသခင်မလေးကျန်းက သဘောကျမခံရဘူး။ ပြီးတော့ သူမရဲ့ နာမည်ကို သုံးရင် ခမည်းတော်က သတိကြီးကြီး ထားမှာမဟုတ်ဘူး။ ပြီးတော့ ရှအိမ်တော်နဲ့ ဆက်ဆံရေးတွေကလည်း လုံးဝ ပြတ်တောက်သွားမှာ မဟုတ်ဘူး။”
တော်ဝင်ကြင်ယာချန်က ရွှမ်းလီကို အကဲခတ်လိုက်တယ်။
“အရှင်မင်းသား ဒီကြင်ရာတော်နဲ့ မပွင့်မလင်း မလုပ်ပါနဲ့။”
ရွှမ်းလီရဲ့ အကြည့်က ပျင်းရိပုံ ပေါ်သွားတယ်။ ကြင်ရာတော် သူ့မယ်တော်က အမြဲတမ်း ထက်မြက်ပြီး လိမ္မာပါးနပ်တယ်ဆိုတာကို အပြည့်အဝ သတိထားမိတယ်။ မဟုတ်ရင် သူမက ဘယ်လိုလုပ်ပြီးတော့ ဒီအမြတ်ထုတ်ပြီးတော့ ဖိနှိပ်ချုပ်ချယ်တဲ့ အင်ပါယာမောင်းမဆောင်ထဲမှာ တော်ဝင်ကြင်ရာတော် လေးယောက်ရဲ့ ထိပ်မှာ ခိုင်မြဲစွာ ထိုင်နိုင်စရာ အကြောင်းရှိမှာ မဟုတ်ဘူး။ ဧကရာဇ်ကလည်း သူမက ဆန္ဒတွေ ဒါမှမဟုတ် အကြံအစည်တွေ လုံးဝမရှိဘူးဆိုတာ သိပေမဲ့ သူမကို အလိုလိုက်ထားရတာနဲ့တင် ပျော်နေတာဖြစ်တယ်။ ဒါကလည်း သူမ လူတစ်ယောက်ရဲ့ နှလုံးသားကို ဆုပ်ကိုင်ထားနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုတာကို သက်သေပြတာပဲ။
တကယ်တော့ သူ့ရဲ့ အိမ်ရှေ့စံနေရာကို လုယူဖို့ လမ်းကြောင်းမှာ တော်ဝင်ကြင်ရာတော်ချန်က အကြံပြုချက်တွေနဲ့ အကြံတွေ အများကြီးပေးခဲ့တယ်။ နန်းတွင်းထဲမှာ မင်းသားခုနစ်နဲ့ မင်းသားကိုးတို့ရဲ့ တိတ်တဆိတ် ဖယ်ရှားခြင်းမှာလည်း တော်ဝင်ကြင်ရာတော်ချန်က သူမကိုယ်တိုင် အများဆုံး ဆောင်ရွက်ခဲ့တာဖြစ်တယ်။
ဒါပေမဲ့ အဲဒါ ဘာကိစ္စလဲ။ လက်ရှိမှာ အဲ့လူတွေက ပျိုနီပန်းပင်တွေရဲ့ မြေဩဇာဖြစ်လာတဲ့အချိန်မှာ တော်ဝင်ကြင်ရာတော်ချန်က သူမရဲ့ နေရာမှာပဲ ခိုင်မှာစွာ ဆက်ပြီးတော့ ထိုင်နေရတုန်းပဲ။
သူက ခဏလောက် စဉ်းစားလိုက်တယ်။
“အကြီးဆုံးကျန်းသခင်မလေးက သာမာန်လူတစ်ယောက် မဟုတ်ဘူး။ မဟာကောင်စီဝင်အိမ်တော်ရဲ့ အလောင်းတွေ အများစုက သူမရဲ့ အားထုတ်မှုကြောင့်ပဲ။ လီအန်းက အရင်က သူမက ထက်မြက်ပြီး လိမ္မာပါးနပ်တဲ့သူလို့ သတိပေးခဲ့ပြီးတော့ တကယ်လို့ သူမကို ထိန်းချုပ်နိုင်ရင် သူမက တန်ဖိုးမဖြတ်နိုင်တဲ့ ကျွမ်းကျင်လိမ္မာသူဆိုတာ သေချာပေါက်ပဲ။ သူမက အရမ်း ထိုးထွင်းအမြင်ရှိပြီးတော့ ကောင်းကင်ဘုံကိုတောင် ခန့်မှန်းနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ကျွန်တော် တွေးမိတယ်။ သူမကို ကောင်းကောင်းအသုံးချရတာ တန်တယ်။”
“ထိုးထွင်းအမြင်ရှိပြီးတော့ ဟောကိန်းထုတ်နိုင်တဲ့ အရည်အချင်းရှိတယ် ဟုတ်လား။”
တော်ဝင်ကြင်ရာတော်ချန်က ခေါင်းခါလိုက်တယ်။
“လီအန်းက ခေါင်းမာပြီးတော့ ကိုယ့်ကိုယ်ကို အထင်ကြီးတဲ့သူတစ်ယောက်ပဲ။ သူက သူ့ကိုယ်သူ တစ်ခြားသူတွေ အပေါ်မှာလို့ တွေးထားတော့ သူတခြားသူရဲ့ အကြံထဲကို ကျတာ မဆန်းပါဘူး။ ဒီကြင်ရာတောင်က ဒီနေ့လိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ခန့်မှန်းပြီးသားပါ။ ဒါပေမဲ့ သူ့ကို ကောင်မလေးတစ်ယောက်က ရှင်းပစ်လိုက်တာကတော့ အခု အဲဒါက အံ့ဩစရာပဲ။”
ရွှမ်းလီက တုံ့ပြန်လိုက်တယ်။
“အမှန်ပဲ။ အဲဒါကကြောင့်ကျွန်တော် စဉ်းစားနေတာ။ တကယ်လို့ကျွန်တော် လက်ထပ်ခြင်းနဲ့ မဟာမိတ်ဖွဲ့နိုင်ရင် ကျွန်တော်သူမကို ကျွန်တော့်ရဲ့ အကျိုးအတွက် အသုံးပြုနိုင်မှာပဲ။”
တော်ဝင်ကြင်ရာတော်ချန်က ရယ်လိုက်တယ်။
“အရှင်မင်းသားက ငယ်သေးပြီးတော့ လီအန်းကို အရမ်းအားကိုးနေပြိး သူ့စကားတွေ အပေါ်ကို အရမ်းယုံလွန်းနေတယ်။ ဒါပေမဲ့ ဒီကြင်ရာတော်က ဒီကောင်မလေးက အမြော်အမြင်ရှိပြီးတော့ ကောင်းကင်ဘုံကို ခန့်မှန်းနိုင်တာက ချဲ့ကားပြောတယ်လို့ ထင်တယ်။ ဒါပေမဲ့ အရှင်မင်းသားက ဒီလောက်ပြောနေမှတော့ အရှင်မင်းသားရဲ့ အမြင်မှာ ပေါ်နေတော့ ဒီကောင်မလေးက တစ်ခြားကောင်မလေးတွေထက် တော်တော်ကလေး ထူးခြားလောက်တယ်။ ဒီကြင်ရာတော်နဲ့ အရှင်မင်းသားက သားအမိဆိုတော့ နောက်ထပ် ရပ်နည်းနည်းကြာရင် နန်းတွင်းဧည့်ခံပွဲမှာ ဒီကြင်ရာတော်ကိုယ်တိုင် ဒီကိစ္စကို ပြောပေးပါ့မယ်။ ဒီကြင်ရာတော်က သူမကို အချိန်တစ်နှစ်ပေးမယ်။ တကယ်လို့ သူမက သူမရဲ့ ဟောကိန်းတွေနဲ့ ထိုးထွင်းမြင်ရှိတဲ့ အကျင့်က မျှော်လင့်ထားသလို မဟုတ်ရင် သူမက အရှင်မင်းသားရဲ့ စေ့စပ်ထားသူ ဖြစ်ဖို့ မထိုက်တန်ဘူး။ စေ့စပ်ထားသူတွေက ပြောင်းလဲနိုင်ပေမဲ့ အကြီးဆုံးကျန်းသခင်မလေးကတော့ ပျော်ကွယ်သွားရမှာ ဖြစ်ပြီးတော့ အမွှေးရနံ့အမျှင်လို ပျောက်ကွယ်သွားရမှာဖြစ်တယ်။ အရှင်မင်းသားရော ဘယ်လိုထင်လဲ။”
သူမက လူတစ်ယောက်ရဲ့ သေခြင်းနဲ့ ရှင်ခြင်းကို ပေါ့ပေါ့တန်တန် ပြောနေချိန်မှာတောင် သူမရဲ့ ပုံစံက ကြာပန်းတစ်ပွင့်လို သိမ်မွေ့ပြီး တည်ငြိမ်နေတယ်။ သဒ္ဒါတရားကြီးမားပြီး ကြင်နာတဲ့ မသေမျိုးလိုပဲ။ ရွှမ်းလီက ခေါင်းမမော့ခင် ကိစ္စကို ပြန်စဉ်းစားလိုက်တယ်။ အဲ့မျက်နှာက တော်ဝင်ကြင်ရာတော်ချန်ရဲ့ မျက်နှာနဲ့ အရမ်းဆင်ပြီး ရက်စက်မှု တစ်စွန်းတစ်စ ထွက်ပေါ်လာပြီးတော့ သူက ပြောလိုက်တယ်။
“ကောင်းပြီ။ တကယ်လို့ ကျွန်တော့်အတွက် အသုံးမဝင်တော့ရင် ကျွန်တော် သင့်တော်သလို ဖြေရှင်းလိုက်ပါ့မယ်။အနာဂတ်မှာ ကြီးကြီးမားမား ဆုံးရှုံးရတာထက် ရှင်းပစ်လိုက်တာက ပိုပြီးကောင်းမှာ သေချာပါတယ်။”
တောင်ဝင်ကြင်ရာတော်ချန်က ကျေနပ်တဲ့ အပြုံးနဲ့
“အရှင်မင်းသားက တကယ်ပဲ ထက်မြက်ပါပေတယ်။”
သူမက အပြီးသတ်ထားတဲ့ တရုတ်ကြိုးထုံးလေး တစ်ချို့ထည့်ထားတဲ့ ခြင်းတောင်းလေးကို သူမဘေးနားကို ပြန်ယူလိုက်တယ်။
“မနေ့က ဒီကြင်ရာတော် တရုတ်ကြိုးထုံးလေး တချို့ လုပ်ထားပါတယ်။ သူတို့က ကောင်းမကောင်း လာကြည့်ပါဦး။”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...