အခန်း-၂၄
ပြတ်တောင်းတဲ့ အသံက ဆွေးနွေးနေတာကို နှောင့်ယှက်ပြီး
ရုတ်တရက် ထွက်ပေါ်လာတယ်။ တော်ဝင်ရုံးတော်လူကြီးမင်းဝမ်က
သူ့လက်ကို ယမ်းလိုက်ပြီး အမိန့်ပေးလိုက်တယ်။
“သူ့ကို ခေါ်လာခဲ့”
နှောင့်ယှက်တဲ့သူကို ရုံးတော်အစောင့်က
ဦးဆောင်ပြီးခေါ်လာတယ်။ သူမက သေသေသပ်သပ်ဝတ်စားထားတဲ့
အစေခံမိန်းမငယ်လေး ဖြစ်တယ်။ သူမက ဝင်လာပြီးတာနဲ့
အရိုအသေပေးပြီး ပြောလိုက်တယ်။
“လူကြီးမင်းကို ဖြေကြားရမယ်ဆိုရင် ကျွန်မ ဒီကို
သခင်မလေးကျန်းက ချောက်ချခံရတာဆိုတာ အတည်ပြုဖို့ လာခဲ့တာပါ”
“ကျေးဇူးပြပြီး မင်းကိုယ်တိုင်
အသေးစိတ်ရှင်းပြပေးပါ” တော်ဝင်ရုံးတော်လူကြီးမင်းဝမ်က
ခပ်မြန်မြန် ပြန်ပြောလိုက်တယ်။
အစေခံမိန်းကလေးက
အပြစ်ကင်းစင်တဲ့ပုံသဏ္ဌာန်နဲ့ ခေါင်းမော့လိုက်တယ်။ အဲဒါကလန်ချောင်နဲ့ သိတဲ့ လုကျူးပဲ။ သူမ ခေါင်းကို ပြင်းပြင်းထန်ထန်
အလုပ်ပေးလိုက်ပြီး ပြန်ဖြေလိုက်တယ်။
“ချန်ကျောက်က မမချိုက်ရင်းရဲ့သေဆုံးမှုကို အသိပေးတဲ့ညမှာ ကျွန်မက
အပြင်ကနေ အဝတ်ခြင်းတောင်းကို သယ်ပြီးတော့နဲ့ သခင်မလေးကျန်းရဲ့
ခြံကို ဖြတ်သွားခဲ့တယ်။ အဲ့အချိန်မှာ ရေတွင်းကနေ ထူးဆန်းတဲ့ အသံအချို့
ထွက်လာတာကို ကြားလိုက်ရလို့ ကျွန်မ လန့်သွားတယ်။
ဒါပေမဲ့ ကြောင်အော်သံဖြစ်မှာပါ ဆိုပြီးတော့
ကျွန်မသွားမကြည့်ခဲ့ဘူး”
လုကျူး ပြန်တွေးဖို့ ခဏနားလိုက်တယ်။
“ဒါပေမဲ့ အဲ့အချိန်မှာ ကျွန်မ မမလန်ချောင်နဲ့ စကားပြောဖို့
BINABASA MO ANG
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...