အခန်း-၂၅ နောက်ဆုံးဝှက်ဖဲ
ဒီစကားတွေ ပြောပြီးတာနဲ့ ခန်းမထဲက လူတွေအကုန်လုံး
အံ့အားသင့်သွားကြတယ်။
“မင်းဘယ်လိုလုပ် ဒီလိုပြောနိုင်ရတာလဲ”
တော်ဝင်လူကြီးမင်းဝမ်က မေးလိုက်တယ်။
လန်ချောင်က အဲနေ့က ချန်ကျောက် ကျန်းယွမ်နဲ့ စကားပြောတဲ့အခါမှာ
စကားလုံးတွေကို လက်လွတ်စပယ် ပြောပြီး သူမ ရေကန်ထဲကို ဘယ်လိုခုန်ချဖို့
အတင်းတွန်းအားပေး ခံခဲ့ရကြောင်း ပြောပြခဲ့တယ်။ သူမသည် ကျန်းယွမ်
အိပ်ရာပေါ်မှာ အပြင်းဖျားတုန်းက ကုသဖို့ ဆေးမရှိဘူးလို့ ပြောတဲ့အချိန်မှာ
လန်ချောင် စကားတွေကို ထိန်းလိုက်တယ်။
“ဘယ်ဟာက မှန်တယ် ဘယ်ဟာက မှားတယ်ဆိုတာကို လူတိုင်းကို
ဆုံးဖြတ်ခိုင်းလိုက်ကြရအောင်။ သာမန်မိသားစုက ကလေးတွေကတောင် ဒီလို
ခံစားရတာမျိုးက ရှားတယ်။ ဒါ့ကြောင့် သူများအသက်ကို ယူဖို့
ဒီလိုအကြံမျိုးထုတ်ဖို့ သတ္တိရှိတဲ့ အစေခံက အရမ်းရက်စက်တာပဲ”
ဒီစကားလုံးတွေက အမှန်ပဲ။ လူတွေ ထိခိုက်ခံရတဲ့ နေရာမှာ ဆူပူမှုက ရှိစမြဲပဲ။ ဒါပေမဲ့
အစေခံက သူ့သခင်ကို ဒီလိုနှိပ်စက်တာက ဒါ ပထမဆုံးပဲ။ လူအုပ်ကြီးထဲမှာ ကျန်းလန်က
သတိမေ့နေပြီးတော့ လူတွေက သူမအပေါ် တံတွေးထွေးကြတော့တယ်။
သူမဘေးက အစေခံမလေးက လူအုပ်က ကြီးလွန်းတော့ သွားပြီး မကူညီရဲဘူး။
ချန်းဝမ်လီက အသံမထွက်ရဲဘူး။ အခြေအနေ ပိုရှုပ်ထွေးလေ အဲဒါရဲ့ အရေးပါမှုနဲ့
အနာဂတ်အပေါ် သက်ရောက်တာက ပိုကြီးမားလေပဲ ဖြစ်တယ်။ ဒီရေတွေက
သူဖြတ်ကူးချင်တဲ့ ရေတွေမဟုတ်လို့ သူက
အခြေအနေတစ်ခုလုံးကို တော်ဝင်လူကြီးမင်းဝမ်ဆီ လွှဲပေးလိုက်ဖို့
ဆုံးဖြတ်ခဲ့တယ်။ သူကတော့ ပွဲကို တစ်ဖက်ကနေ ကြည့်နေလိုက်တယ်။
တော်ဝင်လူကြီးမင်းဝမ်က မေးလိုက်တယ်။
“ကျန်းယွမ် မင်းရဲ့ အစေခံမလေးပြောတာ အဲဒါအမှန်ပဲလား”
“အမှားတစ်လုံးမှ မပါပါဘူး” ကျန်းယွမ်က သိမ်မွေ့စွာ ပြောလိုက်တယ်။
“ဒါပေမဲ့ ဒီကိစ္စအပေါ်မှာ ကျွန်မရဲ့အတွေးတွေက လန်ချောင်နဲ့ မတူပါဘူး”
“ဘယ်လိုမတူတာလဲ”
တော်ဝင်လူကြီးမင်းဝမ်က သူမကို ကြည့်လိုက်တယ်။
“အဆုံးမှာ အန်တီလန်က ခြံဝင်းကို ကြီးကြပ်တဲ့ သူတစ်ယောက်ပဲ။ သူ့ကို ဘယ်သူက
ကျွန်မကို အနိုင်ကျင့်ဖို့ အခွင့်အာဏာပေးခဲ့တာလဲ။ သူ ကျွန်မကို
အနိုင်ကျင့်ခဲ့ရင်လည်း လူတစ်ရာလောက် ခြံဝင်းထဲမှာ ရှိနေတာကို ဘယ်သူကမှ ကျွန်မ
အခက်အခဲတွေ ရင်ဆိုင်နေရတာကို လာမကူညီကြဘူး။ သူတို့က ကျွန်မကို သူတို့ရဲ့
သခင်မလေးအဖြစ် အလုပ်အကျွေးမပြုဖို့ ကြိုတိုင်ပင်ပြီး သဘောတူထားသလိုပဲ။
ကျွန်မရဲ့အမြင်မှာ အန်တီလန်က ဒီအိမ်မှာပဲ မွေးပြီး သူ့ရဲ့ မိသားစုတစ်စုလုံးကလည်း
ဒီအိမ်မှာပဲနေကြတယ်။ တစ်ယောက်ယောက်ကသာ
သူ့ကို ကျောထောက်နောက်ခံမပေးရင် သူ့မှာ ကျွန်မကို အနိုင်ကျင့်ဖို့ သတ္တိမရှိဘူး”
တော်ဝင်လူကြီးမင်းဝမ်ရဲ့ မျက်လုံးတွေက အရောင်လက်သွားတယ်။ “အဲဒါ
ဘယ်သူလဲ”
ကျန်းယွမ် ခေါင်းခါလိုက်ပြီး ပြောလိုက်တယ်။
“ဒါက အစိုးရ စစ်ဆေးရမယ့် ကိစ္စပါ။ ကျွန်မလည်း ဘယ်သူမှန်းမသိဘူး”
ဒါကို ကြားလိုက်ရတော့ ခန်းမထဲက လူအုပ်ကြီးက
စိတ်လှုပ်ရှားစွာ ဆွေးနွေးမှုတွေနဲ့ ပြန်ပြီး
ဆူညံသွားတယ်။ ကျန်းယွမ်ပြောခဲ့တာက အကျိုးအကြောင်းသင့်တယ်လို့
သူတို့လည်း ခံစားခဲ့ကြရတယ်။ ဒါပေမဲ့ သူမက ထက်မြတ်ပြီး ချင့်ချိန်တတ်တဲ့
မိန်းကလေးဖြစ်တယ်။ ဘယ်သူက သူတို့ရဲ့ နှလုံးသားကို မာကြောစေပြီး
ဒီအမျိုးသမီးငယ်ကို ဒီအတိုင်းအတာအထိ ဒီလိုနည်းလမ်းနဲ့ အနိုင်ကျင့်နိုင်ရတာလဲ။
တော်ဝင်လူကြီးမင်းဝမ်က ခေါင်းညိတ်လိုက်တယ်။
“ငါ မင်းပြောတာတွေ အကုန်လုံးကို သေချာဂရုတစိုက် စစ်ဆေးလိုက်မယ်။ ဒါပေမဲ့
ငါ သိပ်ပြီး နားမလည်တာလေးတွေ ရှိသေးတယ်။ မင်းက ဒီအိမ်ရဲ့
သခင်မလေးဖြစ်ပြီး ဘယ်လိုလုပ်ပြီး အစေခံတွေ မင်းကို ဒီလိုမျိုး အနိုင်ကျင့်တာ
ခံရတာလဲ။ ပြီးတော့ မင်းရဲ့မိသားစုကရော မင်းကို စိတ်မပူဘူးလား။
ဒီကိစ္စနောက်မှာ လျှို့ဝှက်ထားတဲ့ မကျေနပ်ချက်ရှိရင် ငါ အကုန်လုံးနဲ့အတူ မင်းအတွက်
စီရင်ချက်ချရမှာပဲ။ ပြီးတော့ မင်းအတွက် ငါ့မှာ တာဝန်ရှိတယ်”
တော်ဝင်လူကြီးမင်းဝမ်က သူ့ရဲ့ အစီအစဉ်ကို ကျန်းယွမ်ကို သိစေပြီး တကယ်လို့
သူမက ပါဝင်ပတ်သက်ရင် သူမကို တာဝန်ယူခိုင်းစေတယ်။ လူအုပ်ကြီးက
ဒီအကြမ်းထည်ဝတ်ထားတဲ့ အဆင့်မြင့်အရာရှိက တစ်ယောက်ယောက်ကို
တာဝန်ယူခိုင်းနိုင်တဲ့ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတော့ သူ့ရဲ့ အရည်အချင်းက နယ်နယ်ရရတော့
မဟုတ်ဘူး ဆိုပြီး ခန့်မှန်းမိကြတယ်။
ဒါပေမဲ့ ကျန်းယွမ်က ဖြည်းဖြည်းလေး ခေါင်းယမ်းလိုက်ပြီး၊
“အဲဒါက ရွံစရာကောင်းတဲ့ အစေခံတွေ သူတို့ရဲ့သခင်ကို အနိုင်ကျင့်တဲ့ ကိစ္စပါပဲ။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...