Unicode
တစ်ရက်ကိုတစ်ပိုင်းနှုန်းနဲ့ နေ့တိုင်းတင်ပေးပါ့မယ်။အခန်း-၁၃
နေရောင်ခြည်ဖြာကျနေတဲ့ နေ့လယ်ခင်းမှာ လျန်ချောင်က စောင်တွေကို ခြံဝန်းထဲမှာ လှမ်းဖို့ ထွက်လာခဲ့တယ်။ စောင်အစုတ်တွေက ဝါဂွမ်းတွေ ကျဲလာပြီးတော့ အလွှာပါးလေးပဲ ကျန်တော့တယ်။ ပင်မအိမ်တော်က ထူထဲတောက်ပတဲ့ စောင်တွေနဲ့ ယှဉ်ရင် သိပ်ကို အရုပ်ဆိုးလွန်းတယ်။
ချိုင်ရင်းက ကျန်းလန်အခန်းထဲက စောင်တွေကို နေလှန်းဖို့ အဆင့်နိမ့်အစေခံတွေကို စေခိုင်းထားတာ ဖြစ်တယ်။ လန်ချောင်လက်ထဲက အရောင်လွှင့်နေတဲ့ စောင်နဲ့ ချိုင်ရင်းရှေ့က စောင်က နှိုင်းယှဉ်ကြည့်လိုက်ရင် ပျိုးပန်းနီပုံစံ ပန်းထိုးထားတဲ့ စောင်က ပိုပြီးတော့ ပေါ်လွင်ထင်ရှားနေတယ်။ အဲဒီစောင်က ဒီနှစ်မှ ချုပ်လုပ်ထားတာ ဖြစ်ပြီးတော့ ဝါဂွမ်းသားအပြည့်နဲ့ တင်းကျပ်ဖောင်းထွက် နေတယ်။ ညွှတ်ကျနေတဲ့ အဝတ်ကြိုးတန်းကို ကြည့်လိုက်ရုံနဲ့ ဂွမ်းစောင်က ထူပြီးလေးတယ် ဆိုတာကို သိနိုင်တယ်။ ချိုင်ရင်းက အော်ပြောလိုက်တယ်။
“ဂရုစိုက်နော်၊ အနောက်ဘက်ကို မခြစ်မိစေနဲ့။ အဲဘက်မှာ အဆင့်မြင့် ပန်းထိုးထားတဲ့လက်ရာ ရှိတယ်”
လန်ချောင်က သူမကို တစ်ချက်လေးတောင်မှ မကြည့်ဘဲ ခြံဝန်းရဲ့တစ်ခြားဘက်ကို လျှောက်သွားလိုက်ကာ အဝတ်တန်းပေါ်မှာ စောင်ကို လှမ်းဖို့ လက်မြောက်လိုက်တယ်။ ပေါ့ပါးတဲ့ ဂွမ်းစောင်က မလေးတော့ မရတာ မခက်ဘူး။ လန်ချောင်ကို ကြည့်ပြီးတဲ့နောက် ချိုင်ရင်းက ရယ်မောလိုက်တယ်။
“ကောင်းလိုက်တာ မမလန်ချောင်က စောင်တွေကို ကိုယ်တိုင်လာလှမ်းတယ်”
သူမက လှန်းထားတဲ့ စောင်တွေကို ငုံ့ကြည့်လိုက်ရင်း၊
“အားလုံးပဲ မမလန်ချောင်ဆီကနေ သင်ယူသင့််တယ်။ သူမက ဘယ်လောက် အရည်အချင်း ရှိသလဲဆိုတာကို တွေ့လား။ သူမက စောင်တွေကို တစ်ယောက်တည်း လှန်းနိုင်ပြီးတော့ အားတောင် သိပ်စိုက်ဖို့ မလိုဘူး။ ငါတို့နဲ့မတူတာများ ငါတို့က စောင်တွေကို သယ်ပြီးသွားရင် ပင်ပန်းသွားတော့တာပဲ”
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...