unicode
Part 93အခန်း-၈၄ အပိုင်း(၂)
ရှယန်က လူအုပ်က သူမကို ကြည့်နေလို့ သတိရှိနေပြီးတော့ အရမ်း ဒေါသထွက်နေတာ ပေါက်ကွဲထွက်တော့မလိုပဲ။ ပြီးတော့ ရုတ်တရက် သူမက အသံတိုးတိုးလေးတစ်ခု ကြားလိုက်ရတယ်။
“ရှင်းကျီ”
ကျန်းယွမ်က မော့ကြည့်လိုက်တယ်။ မမျှော်လင့်စွာနဲ့ အဲဒါက ကျန်းချွမ်ပဲ။ သူ့နောက်မှာ ကျန်းချောင်နဲ့ ကျန်းစုစု၊ ကျန်းလီနဲ့ ကျန်းမိသားစုက မိသားစုဝင်တွေ အကုန်လုံးက မတ်တပ်ရပ်နေကြတယ်။ အဲ့ထဲမှာ ကျန်းသခင်မကြီးတော့ မပါဘူး။
ကျန်းရှင်းကျီက ကျန်းချွမ်ကို အရမ်း ယဉ်ကျေးစွာ ကြည့်နေပေမဲ့ yet with an air of awkwardness which belied a lack of practice, nodded his head and said,
“အဖေ”
သူ့ကို ဒီလိုခေါ် ကျန်းချွမ်ရဲ့ ရင်ထဲမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။ ဒီသားက ရင့်ကျက်ပြီး ထင်ထားတာနဲ့ တလွဲဖြစ်ခဲ့ပေမဲ့ အဲဒါကလည်း သူ့ကို ထိန်းချုပ်ဖို့ ပိုခက်မယ်လို့ ဆိုလိုတာဖြစ်တယ်။ သူက ကျန်းရှင်းကျီဘေးမှာ ရပ်နေတဲ့ ကျန်းယွမ်ကို ကြည့်လိုက်တယ်။ ဒီမောင်နှမ နှစ်ယောက်လုံးက အသွင်အပြင်မှာရော စိတ်ထားမှာရော ထူးချွန်ပေမဲ့ သူတို့က ကံမကောင်းစွာနဲ့ ကျောက်မိန် ဗိုက်ထဲက ထွက်လာတာဖြစ်တယ်။
ကျန်းစုစုရဲ့ မျက်နှာထားက ဖတ်လို့မရဘူး။ တစ်ဖက်မှာလည်း ကျန်းချောင်ရဲ့ မျက်နှာက တင်းမာနေပြီးတော့ ကျန်းရှင်းကျီကို ကြည့်တဲ့အကြည့်က အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လိုပဲ။ ကျန်းယွမ်က သူ့ရဲ့ မျက်ဝန်းထဲက သဘောထားကို သတိထားမိသွားပြီးတော့ သူ့ကို ဟိတ်ဟန်မပါဘဲ ခပ်ယဲ့ယဲ့ အပြုံးတစ်ခုကို ပေးလိုက်တယ်။
ကျန်းချောင်ရဲ့ မြင်ကွင်းမှာ ဒီအပြုံးပေါ်လာတာနဲ့ သူက အဲဒါက ဘာမှမဟုတ်ဘဲ တိုက်ရိုက်ရန်စတာကို သတိထားမိတယ်။ သူက ဖြည်းဖြည်းချင်း လက်သီးဆုပ်လိုက်ပြီးတော့ အဖြတ်ခံထားရတဲ့ သူ့ရဲ့ လက်သန်းက တင်းတင်းကြပ်ကြပ် ဆုပ်ထားတာကြောင့် နာကျင်နေတယ်။ ကြည့်နေတဲ့သူတွေ အကုန်လုံးက သူ့ကို လှောင်နေသလိုမျိုး သူခံစားနေရတယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...