unicode
Part 86
အခန်း-၈၀ အပိုင်း(၂)
“ဘာ ကျိန်စာသင့်ကြယ်အောက်မှာ မွေးဖွားလာတာလဲ "
ကျောက်ကွမ်းက အေးစက်စွာ မေးလိုက်တယ်။
"ဗိုလ်ချုပ်က ကျန်းမိသားစုရဲ့ ကိစ္စတွေကို အာရုံမစိုက်တော့ မသိဘူး။ ဒါပေမဲ့ ကျွန်မက မြို့စောင့်တပ်ဗိုလ်ချုပ်တောင် ရှူကုန်တာအိုဆရာကို မသိတာကို မယုံနိုင်ဖြစ်နေတယ်။
ကျောက်ရီက ကျန်းယွမ်ကို အံ့အားသင့်စွာ ကြည့်လိုက်တယ်။ သူက အပြင်မှာ တစ်ချိန်လုံး လျှောက်ပတ်သွားနေပြီးတော့ ကျန်းမိသားစုနဲ့ ရှူကုန်တာအိုဆရာ အကြောင်းကို သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ သောက်တုန်းမှာ ကြားခဲ့တယ်။ အဲ့အချိန်တုန်းက သူက အပြစ်မရှိတဲ့ အကြီးဆုံးကျန်းသခင်မလေးကို သနားခဲ့ပြီးတော့ သူမက သူ့အဒေါ်ရဲ့ သမီး သူ့ရဲ့ ဝမ်းကွဲဆိုတာကို မသိခဲ့ဘူး။
“အဲဒါက ယုတ္တိမရှိတာပဲ။ ”
ကျောက်ကွမ်းက စားပွဲကို ထိုးလိုက်တယ်။ သူ့ရဲ့ နှလုံးသားက သွေးထွက်တော့မလိုပဲ။ သူက မှားသွားတယ်။ ကျန်းယွမ် ပြောသလိုပဲ မိန်အာက ကောင်းမွန်တဲ့ ဘဝကို မနေထိုင်ခဲ့ရပေမဲ့ ဘာလို့ သူမက အိမ်ကနေ အကူအညီမတောင်းတာလဲ။ ဘာလို့ သူမက သူပို့ခဲ့တဲ့ လူတွေကို ခက်ထန်တဲ့ စကားတွေနဲ့ နှင်ထုတ်ခဲ့တာလဲ။ သူမက ကျောက်မိသားစု ပါဝင် ပတ်သက်လာမှာကို စိုးရိမ်ခဲ့တယ်။ သူက သူ ကျောက်မိန် သူတို့ တံခါးကို သတို့သမီးအနေနဲ့ လာခဲ့တုန်းက လက်မခံခဲ့တာကို နောင်တ ရနေတယ်။ ဒီတော့ တကယ်လို့ ကျောက်မိသားစုရဲ့ အာဏာကို အသုံးပြုဖို့ ကြိုးစားရင် ဘယ်လိုလုပ်မလဲဆိုပြီးတော့။ အနည်းဆုံးတော့ ကျန်းချွမ်က မိန်အာကို ဒီလိုမျိုး အနိုင်ကျင့်ရဲမှာ မဟုတ်ဘူး သူမရဲ့ ကလေးတွေကို ဒိလိုအဆုံးသတ်နဲ့ အတင်းဖြစ်ခိုင်းမှာ မဟုတ်ဘူး။
“အမေက ကျန်းမိသားစု အတင်းသတ်တာ ခံလိုက်ရတယ်။ ကျွန်မက သက်သပြေဖို့ ရှာမတွေ့သေးပေမဲ့ အဲဒါက သဲလွန်စပြန်ပေါ်လာမှာ သေချာတယ်။ ”
ကျန်းယွမ်က ဆက်ပြောတယ်။
“ကျွန်မရဲ့ အမေက ဘယ်တုန်းကမှ ကျောက်မိသားစုကို မမုန်းခဲ့ပါဘူး။ ကျွန်မ ငယ်ငယ်ကတည်းက သူမက ကျောက်မိသားစုနဲ့ ပတ်သက်တဲ့ ပုံပြင်တွေကို မကြာခဏပြောပြတယ်။
YOU ARE READING
မုန်းမာန်ဖွဲ့ ရန်ငြိုး
Historical Fictionဘာသာပြန်သူ- ညိမ်းမြတ် ဇာတ်လမ်းအကျဉ်း "ယွမ်ယွမ် မင်းက ကမ္ဘာကြီးကို မုန်းရင် ကိုယ် မင်းနဲ့အတူ နယ်မြေတွေကို သိမ်းပိုက်မယ်။" "ကျွန်မက ကမ္ဘာကြီးကို ချစ်တယ်ဆိုရင်ရော။" သူမက မေးခဲ့တယ်။ "ကိုယ်က ကမ္ဘာကြီးဘဲ ဒါမှ မင်း ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်နိုင်မှာ။" သူ...