90(2)

3.2K 299 5
                                    

Unicode
မုန်းမာန်ဖွဲ့ရန်ငြှိုး

Part 104

အခန်း - ၉၀ အပိုင်း (၂)

ကျန်းယွမ်ပြုံးလိုက်တယ်။ ဒါက သူမ ‘အမေက အရမ်းစိတ်ပူလို့ပါ’ ဆိုတဲ့ စကားကို ရှယန်ဆီကနေ ပထမဆုံး ကြားရတာပဲ။

ကျန်းရှင်းကျီက ကျန်းယွမ်ရဲ့ ခေါင်းကို သာသာလေး ပုတ်လိုက်တယ်။

“ကျန်းအိမ်တော်ရဲ့ မိန်းမပျိုလေးတွေက အကုန် ညီအစ်မတွေဆိုတော့ ကျန်းယွမ်ကို သူ့အတွက် သီးသန့်ရထားလုံး စီစဉ်ပေးတာက အကြံကောင်း မဟုတ်လောက်ဘူး။ အဖေက အမြဲတမ်း ကြင်နာပြီးတော့ ။”

ရှယန်က ‘အကြီးဆုံး သားသမီးတွေနဲ့ အငယ်ဆုံး သားသမီးတွေ ကြားမှာ ခွဲခြားခွဲခြား မဆက်ဆံဖူးဘူး’ ဆိုတဲ့ စကားကိုကြားတော့ သူမ မျက်နှာက အစိမ်းရောင်ပြောင်းသွားတယ်။ ကျောက်မိန် အသက်ရှင်နေပြီးတော့ ကျန်းမာရေးကောင်းတုန်းကတောင် ကျန်းချွမ်က ကျန်းစုစုနဲ့ ကျန်းချောင်တို့ကို ကျန်းယွမ်နဲ့ ကျန်းရှင်းကျီတို့ထက်ပိုပြီး ကောင်းကောင်း ဆက်ဆံသေးတယ်။ အခုလက်ရှိမှာတောင် သူတို့က အဆင့်မြင့်နေတယ်လို့ အမြင့်ခံနေရတယ်။ ဒါ့ကြောင့် ကျန်းရှင်းကျီက ဒါကိုပြောတဲ့ အချိန်မှာ သူမရဲ့ နှလုံးသားက တင်းကျပ်သွားတယ်။ သူမက ကျန်းရှင်းကျီကို ကြည့်လိုက်တော့ ထေ့ငေါ့ခြင်း မရှိဘဲ သူ့ရဲ့ သင့်တော်ပြီး ငြိမ်းချမ်းနေတဲ့ မျက်နှာထားကို တွေ့တယ်။
ရှယန် စိတ်ထဲမှာ ကျိန်ဆဲလိုက်တယ်။ ကျန်းရှင်းကျီနဲ့ ကျန်းယွမ်တို့က သူတို့ရဲ့ ပါးစပ်တွေကို ဆွဲဖြဲစေချင်တဲ့ ဒီလို သည်းမခံနိုင်တဲ့ အပြောတွေ ပြောတတ်ကြတယ်။
“ဒါပေမဲ့ အခုအချိန်မှာ နောက်ထပ် ရထားလုံး တစ်လုံး ရှာဖို့က တကယ် ခက်ခဲတယ်။”

ရှယန်က ခိုကိုးရာမဲ့စွာ ပြောလိုက်တယ်။
ကျန်းရှင်းကျီ ပြုံးလိုက်ပြီး ပြောလိုက်တယ်။

“ကိစ္စမရှိပါဘူး။”

သူက လက်ခါပြလိုက်တော့ ရထားလုံးတွေ အများကြီး သူတို့နားကို ရောက်လာတယ်။ စုစုပေါင်း ရထားလုံး သုံးလုံး ရှိပြီးတော့ အဲ့ရထားလုံးတွေ အကုန်လုံးက ကျန်းယွမ်အတွက် ‘အထူး’ ရွေးချယ်ထားတဲ့ ရထားလုံးနဲ့ အတူတူပဲ။ ကျန်းရှင်းကျီက ပြောလိုက်တယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now