part 52

3.3K 286 0
                                    

unicode
Part 42

အခန်း - ၅၂
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး နွေဦးက စတင်လာတယ်။ 
ရာသီဉတုကလည်း ပိုပြီးသာယာလာတယ်။  ရာသီဉတု သာယာလာသလို
လူတွေရဲ့ စိတ်တွေကလည်း ရွှင်မြူးလာကြတယ်။  ကျန်းစုစုနဲ့ ရှယန်တို့
ကျန်းယွမ်အပေါ်ကို ဆက်ဆံတဲ့ပုံက ပိုပြီး ရည်မွန်လာတယ်။  သူမက သူမရဲ့
ခြံဝန်းထဲမှာပဲ နေနေကတည်းက ကျန်းလီအကြောင်းကို
မကြားရတော့ပါဘူး။  တစ်ခါတစ်လေမှာ ဒုတိယကိုယ်လုပ်တော်က ပတ်ပြီး
အပြစ်တင်နေတာကလွဲလို့ သူမရဲ့ နေ့တွေက အေးအေးချမ်းချမ်းပဲ။ အမြဲတမ်း
ဒီလို တည်ငြိမ်ပြီး အေးချမ်းသင့်တယ်။ 
လုကျူးက အာဟာရတစ်ခွက်ကို ငှဲ့လိုက်တယ်။  အဲ့ထဲမှာ မီးဖိုကနေ ပို့ခဲ့တဲ့
Sophora japonica[2] (Chinese scholar tree) nectar အချို့ပါတယ်။  အဲဒါက
ရောင်ပြန်ဟပ်နေပြီး နှစ်သက်စဖွယ်ဖြစ်နေတယ်။  သူမ မေးထောက်လိုက်ပြီး
ကျန်းယွမ်က စာရွက်ကို သတိမမူစွာ လှန်လိုက်တယ်။ 
Red dates and lotus seed tea
Chinese Scholar tree flower
“သခင်မလေး စာဖတ်တာ ရပ်သင့်ပြီ။  ပြီးတော့ ခဏလောက်
နားလိုက်ပါဦး တစ်မနက်ခင်းလုံး စာဖတ်နေတာကို”
လုကျူးက ပြုံးလိုက်တယ်။ 
“မသိတဲ့သူတွေက သခင်မလေးကို အင်ပါယာစာမေးပွဲမှာ လူရည်ချွန်ဖြစ်ဖို့
ကြံနေတယ်လို့ ထင်နေကြဦးမယ်”
ပိုင်ကျီက ရယ်လိုက်တယ်။
“နင်က ငါတို့ရဲ့ သခင်မလေးကိုတောင် စရဲနေပြီပေါ့။  နင်က
တစ်ဖြည်းဖြည်း ထိန်းမနိုင်သိမ်းမရဖြစ်လာပြီပဲ”
လုကျူးက ကျန်းယွမ်ကို ကြည့်လိုက်ပြီး ရယ်ရုံပဲ ရယ်လိုက်တယ်။ 
“ဒါပေမဲ့ အဲဒါ အမှန်ပဲလေ။  သခင်မလေး ကျွန်မ ပြောတဲ့ထဲမှာ အမှား
ပါလို့လား”
ကျန်းယွမ်က သူမရှေ့မှာ ယောင်ချာချာဖြစ်နေတဲ့
အစေခံမလေးနှစ်ယောက်ကို ကြည့်လိုက်ပြီး တစ်ခုခုပြောမလို့ ကြံနေတုန်းမှာ
လန်ချောင်က အေးစက်တဲ့ မျက်နှာထားနဲ့ ဝင်လာတာကို သူမတွေ့လိုက်ရတယ်။ 
ပုံမှန်ဆိုရင် လန်ချောင်က အကြောင်းပြချက်မရှိလည်း ပြုံးနေမှာပဲ။  ဒီလို
မျက်နှာထားမျိုးကို တွေ့ရတာ သူမဆီမှာ အကြောင်းတစ်ခုခု ရှိကိုရှိရမယ်။ 
ထင်တဲ့အတိုင်းပဲ ကျန်းယွမ်ပြောမှာကို မစောင့်ဘဲ လန်ချောင်က
ကြိုပြီးပြောလိုက်တယ်။
“အခုလေးတင် ကျွန်မ ရန်ဟွားယွမ်နားကနေ ဖြတ်လျှောက်လာတုန်း
သခင်မရဲ့ အစေခံ လီမော့မော့က ခေါ်လိုက်တာကို ကြားလိုက်ရတယ်။  သူမက
ကျွန်မတို့ ယွမ်ကျူးက လူနည်းနေလို့ သခင်မကိုယ်တိုင် အစေခံမလေး နည်းနည်း
ရွေးထားတယ်တဲ့။  ခဏကြာရင် သူတို့ကို ပို့လိုက်မယ်ပြောတယ်။ အဲ့ဒါကြောင့်
သူမကဒီရက်ပိုင်းအတွင်း သဘောကောင်းသလို ဟန်နေဆောင်ပြီး ငြိမ်နေတာကိုး။ ပြီးတော့ သူမဒီလို လုပ်တာ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့တော့
မဟုတ်လောက်ဘူး။  ဒီတော့ သူမ က ကျွန်မတို့ ခြံထဲကို တစ်ခုခုကြံစည်ဖို့
လွှတ်လိုက်တာနေမှာ”
“နင် စကားကို တိုးတိုး ပြောလို့မရဘူးလား”
ပိုင်ကျီက ချက်ချင်း သတိပေးလိုက်တယ်။
“နံရံတွေမှာ နားတွေရှိတယ်”
လုကျူးကလည်း မျက်မှောင်ကြုတ်လိုက်တယ်။
“ဒီလိုဆိုရင် ဒါက တော်တော်လွန်သွားပြီ”
ကျန်းယွမ်ရယ်လိုက်ပြီး ခွက်ကို မလိုက်တယ်။  သူမအတွက် ဒီလိုမျိုးတွေ
လုပ်ပေးတာက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မဖြစ်နိုင်ဘူးဆိုတာ သူမသိပေမဲ့ သူမ
ငြင်းလည်း မငြင်းနိုင်ပါဘူး။  ကိစ္စတွေကို စီမံတဲ့ ရှယန်က အမြဲဒီလိုပဲ။  သူမရဲ့
ရဲတင်းလွန်းတဲ့ တောင်းဆိုချက်တွေနဲ့ လွှမ်းခြုံထားတယ်။  ကံမကောင်းစွာနဲ့
အဲ့တောက်တောက်ပြောင်ပြောင် ထုတ်ပိုးထားတဲ့ အထုပ်အပိုးက အပြင်ပန်းပဲ
ဖြစ်ပြီး အဲ့အောက်မှာ ဘယ်လိုမျိုး ရည်ရွယ်ချက်တွေရှိနေလဲဆိုတာ ဘယ်သူမှ
မသိဘူး။ 
ချက်ချင်းပဲ သူမရဲ့ နားထဲမှာ ကျိုးမော့မော့ ပြောခဲ့တာတွေကို သူမ
ပြန်ပြီး သတိရသွားတယ်။
“အကြီးဆုံး သခင်မလေး သေရမယ်ဆိုရင်တောင် ဒီအစေခံအိုကြီး ပြောကို
ပြောရမယ့် စကားတစ်ခွန်းရှိပါတယ်။  သခင်မဆုံးသွားတဲ့ အချိန်တုန်းက
အဲဒါက ရောဂါကြောင့် မဟုတ်ဘဲ ရန်ဟွားယွမ်က မိန်းမနဲ့ တစ်နည်းနည်း
ပတ်သက်လိမ့်မယ်ဆိုတာ သေချာပါတယ်။  ဒီအစေခံအိုကြီးက အိမ်တော်မှာ
ဆက်နေပြီး သက်သေတွေ ရှာချင်ပေမဲ့ ဒီလို အခြေအနေရောက်သွားလိမ့်မယ်လို့
ဘယ်ထင်ထားပါ့မလဲ။  ကျွန်မရဲ့ စကားတွေကို သခင်မလေး
ယုံချင်မှယုံလိမ့်မယ်ဆိုပေမဲ့ ဒီအစေခံအိုကြီးက သခင်မနဲ့ အကြာကြီး နေခဲ့ရတာပါ။
သခင်မရဲ့ ကျန်းမာရေး အခြေအနေကို ကျွန်မသေချာသိပါတယ်။ 
အဲ့အချိန်တုန်းက ဖြစ်ခဲ့တဲ့ အဖျားက မသင်္ကာစရာကောင်းတယ်။  ပြီးတော့ သခင်က အဲ့အကြောင်းကို မေးလည်းမမေးဘူး။  အကြီးဆုံး သခင်မလေး
သခင်မက တစ်ယောက်ယောက်ရဲ့ လုပ်ကြံတာကို ခံခဲ့ရတာပါ”
သူမရဲ့ လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားရင်းနဲ့ ကျန်းယွမ်ရဲ့ အကြည့်က
အေးစက်လာတယ်။  ရှယန်က ကျောက်မိန်ရဲ့ သေဆုံးခြင်းနဲ့ တစ်နည်းနည်း
ပတ်သက်နေတယ်။  ကျိုးမော့မော့ရဲ့ စကားတွေကို သူမ မှားတယ်ဆိုတာ
မယုံဘူး။  ကျန်းချွမ်က ဒီကိစ္စကို သိတယ်ဆိုရင်တောင် သူက သူမ နောက်ပိုင်း
လုပ်မယ့်ရက်စက်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူမကို အပြစ်မတင်ဖို့
ကြိုးစားရလိမ့်မယ်။
သူမ ဒါကို တွေးလိုက်တာနဲ့ အပြင်ကနေ လှမ်းပြောတာကို
သူမကြားလိုက်ရတယ်။
“သခင်မလေး ကွေးလန်ယွမ်က မမတုကျွမ်း ရောက်လာပါတယ်”
တုကျွမ်းက ပြုံးပြီး ဝင်လာတယ်။
“သခင်မကြီးက ကျွန်မကို သခင်မလေးကို ဖိတ်ဖို့ လွှတ်လိုက်တာပါ။  အဲ့မှာ
ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိလို့ပါတဲ့”
ကျန်းယွမ် မတ်တပ်ရပ်ပြီး နွေးထွေးတဲ့ လေသံနဲ့ ပြောလိုက်တယ်။
“ကျွန်မ မမတုကျွမ်းကို ဒုက္ခပေးမိပြီ ကျွန်မတို့ အခုပဲ သွားရအောင်။ 
ဘာကိစ္စလဲဆိုတာ မမတုကျွမ်း သိလား”
တုကျွမ်းက ရယ်လိုက်တယ်။
“အကြီးဆုံး သခင်မလေး ကျွန်မကို အဲ့လောက် ယဉ်ကျေးစရာမလိုပါဘူး
ပြီးတော့  ဒီအစေခံက ဘာကိစ္စလဲဆိုတာ မသိပါဘူး။  ဒီ
အစေခံထင်တာကတော့ နောက်သုံးရက်နေရင် မီးပုံးပွဲတော်က
ကျင်းပတော့မယ်ဆိုတော့ အဲ့အကြောင်းကို ပြောမယ်ထင်တယ်”
မီးပုံးပွဲတော်
  ကျန်းယွမ်ရဲ့ မျက်နှာထားက တင်းမာလာတယ်။  သူမ လက်သီးတွေကို
တင်းတင်းကျပ် ဆုပ်လိုက်ပြီး သူမက‌ ကျောက်တုံးတစ်တုံးလိုပဲ သူမ ရပ်နေတဲ့
နေရာမှာ တစ်စက်ကလေးမှ မလှုပ်ပဲ ရပ်နေတယ်။
ပိုင်ကျီက စိတ်ပူစွာနဲ့ ကြည့်လိုက်တယ်။
“သခင်မလေး ဘာဖြစ်လို့လဲ”
ဒီချိန်ကျမှ ကျန်းယွမ်က သတိပြန်ဝင်လာပြီး ရယ်လိုက်တယ်။
“ဘာမှမဖြစ်ပါဘူး”
ဒါပေမဲ့ သူမရဲ့ လက်သီးက ကျစ်ကျစ်ပါအောင် ဆုပ်ထားတုန်းပဲ။
မီးပုံးပွဲတော်...  မီးပုံးပွဲတော်...  သူမရဲ့ အတိတ်ဘဝမှာ သူမ မြို့တော်ကို
ပြန်ရောက်ပြီး မကြာသေးခင်မှာပဲ သူမကို နွေဦးပွဲတော်မှာ
နာမည်ပျက်စေခဲ့တာပဲ။  အဲ့နေ့ကနေ စပြီး အကုန်လုံးရဲ့ လှောင်ပြောင်မှုတွေနဲ့
သရော်တဲ့ အကြည့်တွေ၊ ရှယန်နဲ့ သူ့သမီးရဲ့ စိုးရိမ်မှုတွေ၊ ကျန်းချွမ်ရဲ့
ဉပေက္ခာပြုခြင်းတွေက သူမရဲ့ စိတ်ထဲမှာ အထင်းသား ပေါ်လာတယ်။  အခု
သူက သူမရဲ့ ဘဝကို အသစ်တဖန် ပြန်စနိုင်ပေမဲ့ သူမက အရင်က ဖြစ်ခဲ့တဲ့
အချိန်ထက်စောနေတော့ အရင်က ဖြစ်ခဲ့တာတွေ အခုအချိန်မှာ ထပ်ဖြစ်ပါ့မလား
မသိဘူး။  ဘာပဲဖြစ်ဖြစ် အဲ့ကိစ္စတွေ ဖြစ်ဖြစ် မဖြစ်ဖြစ် သူမက အခုအချိန်မှာ
စကားမပြောတတ်တဲ့ အ အ တစ်ယောက်လို သည်းခံပြီး  ငြိမ်ခံနေမှာ
မဟုတ်ဘူး။  သူမကို ပြဿနာရှာရဲတဲ့ ဘယ်သူ့ကိုမဆို သူမက အဲ့အတွက်
အဆတစ်ထောင် မဟုတ်သေးဘူး အဆတစ်သောင်း ပြန်ခံစားရအောင်
လုပ်မှာဖြစ်တယ်။
တုကျွမ်းက ကျန်းယွမ်ကို ပြုံးပြီး ကြည့်နေရင်း သူမရဲ့ စိတ်ထဲမှာ မလန့်ဘဲ
မနေနိုင်ခဲ့ဘူး။  ကျန်းယွမ်ရဲ့ အကြည့်က ဘုရားကျောင်းမှာ ရေးဆွဲထားတဲ့
ဆယ့်ရှစ်ထပ်မြောက်ငရဲက မကောင်းဆိုးဝါးနဲ့ တူသလိုပဲ။  သူမက
ကြောက်မက်ဖွယ်ကောင်းပြီး ဆိုးဝါးအေးစက်တဲ့ လေထုကို
ပေးစွမ်းနိုင်တယ်။  ဒါပေမဲ့ နောက်တစ်စက္ကန့်အတွင်း သူမက ကျန်းယွမ် သူမကို
ပြုံးပြနေတာကို တွေ့ရပြီးတော့ သူမရဲ့ မျက်ဝန်းတွေက တောက်ပပြီး
စိမ့်စမ်းရေလို ကြည်လင်နေတယ်။  ပျော့ပြောင်းတဲ့ အသံလေးနဲ့ သူမက
ပြောလိုက်တယ်။
“ဒါဆိုလည်း ကျွန်မတို့ အဘွားရဲ့ ခြံကို သွားကြတာပေါ့”
ကွေးလန်ယွမ်မှာ ကျန်းစုစုနဲ့ ရှယန်တို့က ရောက်နေတာကြာပြီ။  ကျန်းယွမ်
တုကျွမ်းနဲ့ ဝင်လာတာကို တွေ့ရတော့ ကျန်းစုစုက ကျန်းသခင်မကြီးရဲ့
ထိုင်ခုံပေါ်ကနေ ထလာတယ်။  သူမရဲ့ အသံက စိတ်လှုပ်ရှားမှုကို
မချုပ်တည်းနိုင်သလိုပဲ
“မမ နောက်သုံးရက်နေရင် မီးပုံးပွဲတော် ကျင်းပြတော့မှာ။ 
ဘွားဘွား က သမီးတို့ ညီအစ်မတွေကို လင်းလောင်လှေပေါ်မှာ
အတူတူသွားပြီး ပျော်ခိုင်းမှာတဲ့။  ဟုတ်သားပဲ မမက အဲ့ကို
မ‌ရောက်ဖူးဘူးမလား။  အဲ့မှာ အရမ်းပျော်စရာကောင်းတယ်”
ရှဘန်က ဆက်ပြောလိုက်တယ်။
“ယွမ်နင်က မြို့တော်ကို ပြန်ရောက်လာတာ မကြာသေးဘူး။  ပြီးတော့
မီးပုံးပွဲတော်က တော်တော်လေး လူစည်တယ်ဆိုတော့ ဘာလို့
တူတူမသွားရမှာလဲ။  အဲ့မှာ ပျော်ရွှင်တဲ့ လေထုကနေ အပျော်တွေ
ကူးစက်မှာကလည်း ကောင်းတာပဲ”
ကျန်းယွမ်ရဲ့ မျက်တောင်လေးတွေက ပင့်တက်လာပြီး သူမက
အေးစက်စွာရယ်လိုက်တယ်။  ထင်တဲ့အတိုင်းပဲ သူမရဲ့ အတိတ်ဘဝပဲ ဖြစ်ဖြစ်
လက်ရှိဘဝပဲ ဖြစ်ဖြစ် အဲ့ သားအမိ နှစ်ယောက်က သူမကို
ချောက်ချချင်တာကတော့ မပြောင်းလဲသွားဘူးပဲ။
မြင့်မြတ်တဲ့ကျင်းနန်းဆက်မှာ မီးပုံးပွဲတော်က ချစ်သူတွေအတွက် အထူး
အပျော်ခရီးဖြစ်တယ်။  အဲဒါထက်တောင် ပိုရင်ပိုအုန်းမယ်။  လက်ထက်သင့်တဲ့
အရွယ်ရောက်တဲ့သူ တွေအတွက်တော့ ယောက်ျားနဲ့ မိန်းမ နှစ်ယောက်လုံးက
ဒီရက်မှာ သွားပြီး ပျော်ပါးကြတယ်။  ပြီးတော့ မိန်းမလှလေးတွေနဲ့
ကြည်နူးဖွယ်ရာ ပုံပြင်တွေက မီးပုံးပွဲတော်ကနေ စတင်လာတာဖြစ်တယ်။ 
ပြီးတော့ အဲ့နေ့မှာ မြို့တော်ထဲက မြင့်မြတ်တဲ့ အသိုင်းအဝိုင်းက သားတွေနဲ့
သမီးတွေက သူတို့ရဲ့ ဖျော်ဖြေမှုတွေကို ပြုလုပ်တယ်။  အဲ့မှာ ကြီးမားတဲ့
လှေနှစ်ခုရှိတယ်။  နှစ်ခုလုံးက ကျောက်လွှာတွေနဲ့ အလှဆင်ထားတယ်။  တစ်ခုက
နဂါးပုံဖော်ထားပြီး နောက်တစ်ခုက ဇာမဏီငှက်ပုံဖော်ထားတယ်၊။  နှစ်စင်းလုံးက အရမ်း ကျက်သရေရှိစွာ အလှဆင်ထားတယ်။  အဆင့်မြင့်
အမျိုးသမီးငယ်လေးတွေနဲ့ မြင့်မြတ်မင်းသမီးတွေက လင်းလောင်လှေပေါ်မှာ
နေရတယ်။  အဆင့်မြင့် အမျိုးသားတွေ၊ သခင်လေးတွေနဲ့ မင်းသားတွေက
ကျင်းဆောင်းလှေပေါ်မှာ နေရတယ်။  ဒီလှေနှစ်စင်းက ရေကန်ထဲမှာ
ဘေးချင်းကပ်ပြီး လှည့်နေပြီးတော့ အမျိုးသားနဲ အမျိုးသမီးတို့ ကြားက
ကျင့်ဝတ်ထုံးတမ်းကို အလျှော့မပေးစေဖို့ လှေနှစ်စင်းကို
ကပ်ပေးထားတာဖြစ်တယ်။
မီးပုံးပွဲတော်က လှေတွေက အထက်တန်းစာတွေနဲ့ မြင့်မြတ်တဲ့သူတွေ
အတွက် ပွဲကျင်းပတဲ့နေရာဖြစ်တယ်။  အမျိုးသမီးငယ်လေးတွေက သူတို့ရဲ့
အရည်အချင်းတွေကို ဒီလူကြီးလူကောင်းတွေရှေ့မှာ ပြသပြီးတော့ သူတို့က
တကယ်အရည်အချင်းရှိရင် သူတို့ကို မြင့်မြတ်တဲ့ ဂုဏ်သတင်းရရှိမှာဖြစ်တယ်။ 
ညရောက်ရင် သူတို့ရဲ့ နာမည်တွေက မြို့တော်အနှံ့ပြန့်သွားမှဦ ဖြစ်တယ်။ 
ဒါ့ကြောင့် ဒီနေ့က သူတို့ရဲ့ အနာဂတ် သတို့သားလောင်းအတွက် သူတို့ရဲ့
အဆင့်ကို ဂုဏ်သတင်းကြီးတဲ့ အိမ်တော်တွေက အမျိုးသမီးတွေက
ပြိုင်ဆိုင်ခြင်းဖြစ်တယ်။
ကျန်းစုစုက မြို့တော်မှာ အထူးချွန်ဆုံး မိန်းကလေးအဖြစ်
သတ်မှတ်ခြင်းခံရပြီး သူမက နှစ်တိုင်း မီးပုံးပွဲမှာ အမြဲ လူတွေ အာရုံစိုက်တာ
ခံရတယ်။  သူမရဲ့ အတိတ်ဘဝမှာ ကျန်းယွမ်က ဒီပွဲတော်ကကြောင်း မသိဘဲ
ကျန်းစုစုလှည့်စားတာ ခံလိုက်ရတာ သနားစရာကောင်းတာပဲ။  သူမက
လင်းလောင်လှေပေါ်မှာ အပြအမူအမှားတွေ အပြောအဆိုအမှားတွေ ပြုမိပြီး
အဲ့လို ကိစ္စတွေလည်း ဖြစ်ခဲ့တယ်။  မီးပုံးပွဲကျင်းပတဲ့ နေ့ပြီးတော့
ကောလဟာလတွေနဲ့ အတင်းစကားတွေက မြို့တော်အနှံ့ပြန့်သွားပြီး
ကျန်းယွမ်ရဲ့ ဂုဏ်သတင်းကလည်း ကျဆင်းသွားတယ်။  ပြီးတော့ မြို့တော်ရဲ့
လူရယ်စရာကိစ္စကြီး တစ်ခုလည်း ဖြစ်သွားတယ်။
ဒါတွေကြောင့်ဆိုရင် ဒီကိစ္စက ဘာမှမဖြစ်သလို ယူဆလို့ရတယ်။  ဒါပေမဲ့
သူမရဲ့ စိတ်ထဲမှာ သူမရဲ့ မှတ်ဉာဏ်ထဲမှာ စွဲစွဲမြဲမြဲရှိနေတဲ့ မြင်ကွင်းတစ်ခုရှိတယ်။  အဲ့နေ့မှာ အကုန်လုံးက သူမကို လှောင်နေကြပြီး သူမကို ရှုံ့ချနေကြတယ်။ 
ပြီးတော့ မင်းသားရှစ်တစ်ယောက်တည်း သူမကို ကြင်ကြင်နာနာပြောပြီး
သူမကို ဂရုစိုက်ခဲ့တယ်။ 
ဒီဘဝမှာတော့ သူမက ဒီသူငယ်ချင်းဟောင်းကို ပြန်တွေ့ရရင်
ပစ္စည်းတွေက ဒီတိုင်းပဲဆိုပေမဲ့ လူတွေက ပြောင်းလဲသွားပြီ။  သူမက သူ့ရဲ့
ညင်သာတဲ့ မျက်နှာဖုံးအောက်က ရက်စက်မှုတွေကို တွေ့ခဲ့ပြီးပြီ။ 
နောက်သုံးရက်နေရင် ကျင်းပမယ့် မီးပုံးပွဲတော်ကျရင် သူမရဲ့ ဘဝသစ်မှာ
ဘယ်လိုမျိုး အရာတွေ စောင့်မျှော်နေမလဲ။

မုန်းမာန်ဖွဲ့ ရန်ငြိုးحيث تعيش القصص. اكتشف الآن