part 72(2)

3.6K 390 13
                                    

unicode
Part 71

အခန်း- ၇၂ အပိုင်း (၂)

အိမ်ရှေ့စံရဲ့ အစ်ကိုတွေက နှစ်ဦးနှစ်ဖက် သဘောထား ကွဲလွဲမှုတွေနဲ့ ချပ်နှောင်ခံထားရတယ်။ ကြံစည်ခြင်းက သူ့အတွက် သည်းမခံနိုင်ဆုံးသော အရာဖြစ်ပြီး မကောင်းတဲ့အကြံတွေနဲ့ ပြည့်နေတဲ့ မိသားစုတစ်ခုလုံးကိုသူ သည်းမခံနိုင်ခဲ့ဘူး။ ဒါ့ကြောင့် သူက မိသားစုတွေအတွင်းက ရန်ပွဲကို မြင်တိုင်း သူက အရမ်း ရက်စက်တယ်။ သူမရဲ့ အရင်ဘဝမှာ ရွှမ်းလီက ဒါကို အခွင့်ကောင်းယူပြီးတော့ အန္တရာယ်မရှိတဲ့ ပုံနဲ့ မင်းသားလေးကို အိမ်ရှေ့စံဆီ ချည်းကပ်ခိုင်းခဲ့တယ်။ အဆုံးမှာတော့ အိမ်ရှေ့စံက သူတို့နှစ်ယောက် အကွက်ချတာ ခံလိုက်ရပြီး ထောင်နန်းစံသွားရတယ်။

ရွှမ်းလီက ဒီကိစ္စကို နောက်ဆုံးမှာ ပြောခဲ့တယ်။ သူက သူအရင်ကလောက် မသိမ်မွေ့တော့ပဲ မောက်မာမှုတချို့ကို ပြသခဲ့တယ်။ သူက သူ့အစ်ကိုရဲ့ ယုံကြည်မှုကို ရယူပြီးတော့ ရှုတ်ချခဲ့တယ်။ ကျန်းယွမ်က အိမ်ရှေ့စံကို နားလည်ပေးနိုင်ပါတယ်။ သူက အရမ်း တော်ဝင်မိသားစု ပြသနာတွေကြားမှာ အထီးကျန်နေပြီးတော့ သူ့ရဲ့ ယုံကြည်မှုကို လူမှားပြီး အပ်နှံခဲ့မိတယ်။ ဒါပေမဲ့ သူမနဲ့ တူတာက သူလည်း သစ္စာဖောက်ခံခဲ့ရတယ်။

အိမ်ရှေ့စံက ရှမိသားစုက သူမကို ဆန့်ကျင်နေတဲ့ အပြုအမူတွေကိုမြင်တော့ သူ့ရဲ့ အခြေအနေကို ပြန်မြင်ယောင်မိမှာ သေချာတယ်။ ရှမိသားစုက သူမကို ပိုပြီးဆိုးဆိုးဝါးဝါး ဆက်ဆံလေလေ။ အိမ်ရှေ့စံရဲ့ နှလုံးသားက ပိုပြီး ရက်စက်လာလေလေပဲ။ ရွှမ်းလီသာ ဒီမှာမရှိရင် ရှမိသားစုက အရိုက်ခံရတဲ့ ရိုးရိုးအပြစ်ဒဏ်ကိုပဲ ခံစားရမှာ မဟုတ်ဘူး။

ဒါပေမဲ့ ရွှမ်းလီကလည်း ရှမိသားစုဘက်ကနေ ရပ်တည်ပေးနေတာ့ ကျန်းယွမ်ရဲ့ အကြည့်တွေက မည်းမှောင်လာတယ်။ သူမက ဒီဘဝမှာလည်း အရင်ဘဝကလို အဆုံးမှာ ကျန်းစုစုကိုပဲ လက်ထပ်မှာလား မသိဘူး။ သူမက အဲ့အချိန်ကို မျှော်လင့်နေတယ်။

အချက်နှစ်ဆယ် အရိုက်ခံရပြီးတော့ ရှကျောင်းကျောင်းက သတိလစ်သွားတယ်။

မုန်းမာန်ဖွဲ့ ရန်ငြိုးWhere stories live. Discover now